မိဘတွေက ကလေးတွေကို အကောင်းဆုံးပြုစုပျိုးထောင်ပေးကြပါတယ်။ ဒါပေမယ့် မိဘတွေကိုယ်တိုင် သတိမထားမိတဲ့ အချို့သော အလွဲအမှားတွေကြောင့် ကလေးရဲ့အနာဂတ်က အပြောင်းအလဲ ဖြစ်သွားလေ့ရှိပါတယ်။

အဲဒါကြောင့် မိဘအများစု ပြုလုပ်မိတဲ့အမှားအချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ငွေရေးကြေးရေးအတွက် မစဉ်းစားခြင်း

မိဘ ၅၀ ရာခိုင်နှုန်းဟာ ငွေကြေးပြဿနာအတွက် စိတ်ဖိစီးမှုတွေ ရှိကြပါတယ်။ ဒါပေမယ့် အချို့သော မိဘတွေက ရှေ့ရေးအတွက် ငွေကြေးကို မပူဘဲ အခြေအနေပေါ်မှာသာ မူတည်ပြီး ဖြစ်သလို ဖြေရှင်းသွားတတ်ပါတယ်။ ဒီနည်းကတော့ အခန့်မသင့်တဲ့အခါ ကလေးရဲ့အနာဂတ်ကို ပိုဆိုးသွားစေနိုင်တာပါ။

၂။ ကလေးတွေ ပိုများလေ အိမ်ထောင်ရေး ပိုခိုင်မြဲလေလို့ ယူဆခြင်း

ကလေးများများမွေးလေ အိမ်ထောင်ရေးက ပိုခိုင်မြဲလေ မဟုတ်ပါဘူး။ အချို့သောမိဘတွေက အိမ်ထောင်ရေးကို မပြိုကွဲချင်တာကြောင့် ကလေးတွေကို မနိုင်မနင်းမွေးလိုက်ကြပါတယ်။ အိမ်ထောင်ရေးပြေလည်ဖို့ ကလေးများများမွေးတာက အဖြေမဟုတ်ပါဘူး။

၃။ ကလေးကို အရာအားလုံးထက် ဦးစားပေးခြင်း

ကလေးတွေကို ပိုဦးစားပေးလေ ကလေးအတွက် အနာဂတ်ပိုကောင်းလေလို့ မိဘအများစုက ယုံကြည်ကြပါတယ်။

ကလေးတွေကို ဦးစားပေးတာ ကောင်းပေမယ့် အရမ်းကို ထူးချွန်စေချင်တဲ့စိတ်ကြောင့် ကလေးမှာ ဖိအားတွေ ပိုဖြစ်လာပါတယ်။ ဖိအားတွေနဲ့ ကြီးပြင်းလာတဲ့ကလေးဟာ စိတ်ကျန်းမာရေးရော ခန္ဓာကိုယ်ကျန်းမာရေးပါ ထိခိုက်လာပါတယ်။

၄။ ကလေးတွေကို တာဝန်ယူလိုစိတ်မရှိခြင်း

စိတ်ဖိအား၊ ဂရုမစိုက်မှု၊ အကြမ်းဖက်မှုတွေကြားမှာ ကြီးပြင်းလာတဲ့ကလေးတွေဟာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားတွေ ရှလာပါတယ်။

ကလေးတွေကို နွေးထွေးမှု၊ ကြင်နာမှု၊ မိသားစုဆိုတဲ့ခံစားမှုတွေ လုံလုံလောက်လောက် မပေးနိုင်ရင် တဖြည်းဖြည်းနဲ့ ဝေးကွာသွားမှာပါ။

၅။ ကြောက်လန့်အောင် ခြောက်ထားခြင်း

အချို့သော မိဘတွေက ကလေးတွေကို အမြဲတမ်းကြောက်အောင်လို့ ကြောက်ိစတ်တွေ သွင်းထားပေးလေ့ရှိပါတယ်။ အဲဒါကြောင့် မိဘနဲ့ သားသမီးကြားမှာ ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ပျောက်ကွယ်သွားပါတယ်။

မိဘတွေကို ချစ်ဖို့၊ ပြန်လည်စောင့်ရှောက်ပေးဖို့၊ အတူတူအချိန်ကုန်ဆုံးပေးဖို့စိတ်တွေမရှိတော့ဘဲ မိဘတွေဟာ ကြောက်စရာလို့ပဲ ယူဆသွားတတ်ပါတယ်။

၆။ ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်မွေးခွင့်မပြုခြင်း

ကလေးတွေကို အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပေးထားရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ မြင့်တက်လာပါတယ်။ ကလေးတွေက ခွေးလေးတွေ၊ ကြောင်လေးတွေကို ကြင်နာတတ်သလို အခြားသူတွေကိုပါ ကြင်နာတတ်လာပါတယ်။

ကလေးတွေကို အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပေးထားတာက လူသားဆန်ဖို့အတွက် သင်ကြားပေးနည်းတစ်မျိုးပါ။

Zombie (lovemedia)