လက်ဖဝါးပြင်ပေါ်က အရေးအကြောင်းတွေကို လူတစ်ယောက်အကြောင်းကို ဖော်ပြနိုင်မယ်လို့ အချို့က ယုံကြည်ကြပါတယ်။

အချို့တွေက လက္ခဏာကိုသာမက ခြေထောက်က အရေးအကြောင်းတွေကိုပါ ကြည့်ပြီး အနာဂတ်ကို ဟောကိန်းထုတ်ကြပါတယ်။

သင့်ရဲ့ လက်ဖဝါးပြင်မှာ အင်္ဂလိပ်အက္ခရာ M ပုံစံပါနေတယ်ဆိုရင်တော့ ထူးခြားတဲ့လူတစ်ယောက်ပါ။ လက်ဖဝါးပြင်မှာ M ပုံစံပါဝင်တာက အရမ်းကို ရှားပါးပါတယ်။

လက်ဖဝါးမှာ M ပုံစံ ပါနေသူဟာ ကံကောင်းခြင်းတွေကို မကြာခဏရရှိတတ်ပါတယ်။ ရွေးချယ်တဲ့အလုပ်အကိုင်မှာ အောင်မြင်လေ့ရှိပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အားပေးနေတတ်ပါတယ်။

စည်းကမ်းကြီးသူဖြစ်ပြီး တစ်ဖက်မှာလည်း သဘောထား နူးညံ့သူလည်း ဖြစ်နေပါတယ်။ ဒီလိုလက္ခဏာပိုင်ရှင်တွေက နိုင်ငံရေးနဲ့ ဥပဒေလုပ်ငန်းတို့ လုပ်ကိုင်တဲ့အခါ ထိပ်ဆုံးကို ရောက်နိုင်တဲ့အထိ အောင်မြင်တတ်ပါတယ်။

လက်ဖဝါးမှာ M ပုံစံ ပါဝင်သူတွေက စီးပွားရေးလုပ်တဲ့အခါမှာလည်း စွန့်ဦးတီထွင်သူတွေ ဖြစ်နေတ်ပါတယ်။ လိုအပ်တဲ့အရာတွေကို ပြောင်းလဲနိုင်စွမ်းရှိပြီး အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်သူပါ။

တစ်ယောက်ယောက်က စိတ်ထားမမှန်တဲ့အခါ၊ လိမ်ညာနေတဲ့အခါမျိုးတွေမှာလည်း စိတ်ထဲကနေ အလိုလိုသိနိုင်စွမ်းရှိပါတယ်။

ပါးနပ်ပြီး သူများထက်ကို ရှေ့ပိုမြင်နေတတ်သူတွေပါပဲ။ M ပုံစံပါဝင်သူတွေက ခေါင်းဆောင်းကောင်းတွေ ဖြစ်လာပြီး နာမည်ကျော်ကြားလေ့ရှိပါတယ်။

Zombie (lovemedia)

for zawgyi

လက်ဖဝါးပြင်မှာ အင်္ဂလိပ်အက္ခရာ M ပုံစံပါနေတယ်ဆိုရင် သင်က ဘယ်လိုလူဖြစ်မလဲ









Zombie (lovemedia)