ဘဝမှာ ကျွမ်းကျင်မှုတွေ၊ အသိပညာဗဟုသုတတွေ ကလည်း အရေးကြီးသလို တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးတွေ့တဲ့ အချိန်ကလည်း အရေးကြီးပါတယ်။

ပထမဆုံးတွေ့တဲ့ အချိန်မှာ ကိုယ့်ရဲ့အခြေအနေကို မူတည်ပြီး ကိုယ့်ကို အများကြီး ထင်မြင်ယူဆ သွားနိုင်ပါတယ်။ အဲဒါကြောင့် လူတစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးအကြိမ် အဖြစ်တွေ့တော့မယ် ဆိုရင် ဒီ (6) ချက်ကို မမေ့သင့်ပါဘူး။

1. သဘောထား


ပထမဆုံးတွေ့တဲ့ အကြိမ်မှာ သင့်ပုံစံက သက်တောင့်သက်သာ ဖြစ်နေဖို့ လိုပါတယ်။ မျက်နှာအမူအရာ၊ ကိုယ်ဟန် အမူအရာတွေကို သတိထားသင့် ပါတယ်။ နောက်ပြီး နှစ်လိုဖွယ်ရာ အပြုံးရဲ့စွမ်းအားကလည်း ပထမဆုံး တွေ့တဲ့ အကြိမ်မှာ အရေးပါ ပါတယ်။

2. နေရာ ရွေးချယ်မှာ


နေရာက အလုပ် အင်တာဗျူးတွေမှာ အလွန်အရေးကြီး ပါတယ်။ သင်ရွေးချယ်ပြီး ထိုင်လိုက်တဲ့ နေရာကနေ သင့်အကြောင်းကို အကဲခတ်နိုင် လို့ပါ။ အင်တာဗျုး မေးမယ့်သူက ထိုင်ခုံပေးရင် ခါးမတ်မတ်ထားပြီး သက်တောင့်သက်သာ ဖြစ်အောင် ထိုင်ပါ။ ဒါပေမယ့် အင်တာဗျူး မေးမယ့်သူနဲ့ မဝေးလွန်း၊ မနီးလွန်းတဲ့ နေရာမှာ ထိုင်ပါ။ အင်တာဗျူးမေးတဲ့ သူက ထိုင်ခုံကို မညွှန်ပြဘူး ဆိုရင် သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ပါ။ ခြေထောက်ချိတ်ထိုင်တာ၊ လက်ပိုက် ထိုင်တာက သင့်ကို အထင်သေးသွားစေမှာပါ။

3. အဝတ်အစား


သင်ဝတ်လာတဲ့ အဝတ်အစားနဲ့ သင့်အမူအရာက ကိုက်ညီမှု ရှိသင့်ပါတယ်။ ပထမဆုံးတွေ့တဲ့ အချိန်မှာ အထင်ကြီးမှု ရချင်ရင် သွားမယ့်နေရာနဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဝတ်သွားသင့်ပါတယ်။

4.လက်ဝတ်တန်ဆာ


လက်ဝတ်တန်ဆာတွေကို နည်းနည်း ဝတ်သွားလေ ကောင်းလေပါပဲ။ ရှုပ်ယှက်နေတာက မကောင်းပါဘူး။ ဖိနပ်ကလည်း အလွန် အရေးပါ ပါတယ်။

5. ဆံပင်


ဆံပင်က သင့်ပုံရိပ်ကို တန်ဖိုး တက်သွားစေသလို သင့်ပုံရိပ်ကိုလည်း လုံးဝ ဖျက်ဆီးသွားနိုင် ပါတယ်။ ဆံပင်တွေရှုပ်ပွနေတာ၊ အဆီထွက်နေတာ၊ မလိုက်ဖက်တဲ့ အရောင်တွေ ဆိုးထားတာ၊ ဆံပင်ကို အလွန်အကျွံ ပြင်ထားတာကသင့်ကို အထင်သေးသွားစေ မှာပါ။ ဆံပင်နဲ့လက်သည်း၊ ခြေသည်းကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်သွားသင့် ပါတယ်။

6. မိတ်ကပ်


မိတ်ကပ်က သင့်ကိုပိုပြီး ယုံကြည်မှုရှိစေ မှာပါ။ ဒါပေမယ့် ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်မယ့် မိတ်ကပ်ပြင်ဆင်မှု ကလည်း လိုအပ်ပါတယ်။ အလုပ်အင်တာဗျုး အတွက် သွားမယ်ဆိုရင် မိတ်ကပ်ကို အရမ်းကြီး ပြင်သွားစရာ မလိုပါဘူး။ အရောင်လင်းပြီး သဘာဝဆန်တဲ့ မိတ်ကပ်က သင့်ရဲ့ ပင်ကိုအလှကို ပေါ်လွင်စေပါတယ်။

သင့်ရဲ့ ကိုယ်ပိုင်ပုံစံက အောင်မြင်တဲ့ ကမ္ဘာကြီးဆီကို ခေါ်သွားမှာဖြစ်လို့ ပထမဆုံးတွေ့တဲ့ အကြိမ်ကို  ဂရုစိုက်သင့် ပါတယ်။

Zombie(Lovemedia)

for zawgyi

စေတြ႔လိုက္တာနဲ႔ သင့္ကိုအထင္ၿကီးသြားေစဖို႔ လုပ္သင့္တဲ့အခ်က္ (၆) ခ်က္

ဘဝမွာ ကြၽမ္းက်င္မႈေတြ၊ အသိပညာဗဟုသုတေတြ ကလည္း အေရးႀကီးသလို တစ္ေယာက္နဲ႔ တစ္ေယာက္ ပထမဆုံးေတြ႕တဲ့ အခ်ိန္ကလည္း အေရးႀကီးပါတယ္။

ပထမဆုံးေတြ႕တဲ့ အခ်ိန္မွာ ကိုယ့္ရဲ႕အေျခအေနကို မူတည္ၿပီး ကိုယ့္ကို အမ်ားႀကီး ထင္ျမင္ယူဆ သြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ပထမဆုံးအႀကိမ္ အျဖစ္ေတြ႕ေတာ့မယ္ ဆိုရင္ ဒီ (6) ခ်က္ကို မေမ့သင့္ပါဘူး။

1. သေဘာထား

ပထမဆုံးေတြ႕တဲ့ အႀကိမ္မွာ သင့္ပုံစံက သက္ေတာင့္သက္သာ ျဖစ္ေနဖို႔ လိုပါတယ္။ မ်က္ႏွာအမူအရာ၊ ကိုယ္ဟန္ အမူအရာေတြကို သတိထားသင့္ ပါတယ္။ ေနာက္ၿပီး ႏွစ္လိုဖြယ္ရာ အၿပဳံးရဲ႕စြမ္းအားကလည္း ပထမဆုံး ေတြ႕တဲ့ အႀကိမ္မွာ အေရးပါ ပါတယ္။

2. ေနရာ ေ႐ြးခ်ယ္မွာ

ေနရာက အလုပ္ အင္တာဗ်ဴးေတြမွာ အလြန္အေရးႀကီး ပါတယ္။ သင္ေ႐ြးခ်ယ္ၿပီး ထိုင္လိုက္တဲ့ ေနရာကေန သင့္အေၾကာင္းကို အကဲခတ္ႏိုင္ လို႔ပါ။ အင္တာဗ်ဳး ေမးမယ့္သူက ထိုင္ခုံေပးရင္ ခါးမတ္မတ္ထားၿပီး သက္ေတာင့္သက္သာ ျဖစ္ေအာင္ ထိုင္ပါ။ ဒါေပမယ့္ အင္တာဗ်ဴး ေမးမယ့္သူနဲ႔ မေဝးလြန္း၊ မနီးလြန္းတဲ့ ေနရာမွာ ထိုင္ပါ။ အင္တာဗ်ဴးေမးတဲ့ သူက ထိုင္ခုံကို မၫႊန္ျပဘူး ဆိုရင္ သူနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ပါ။ ေျခေထာက္ခ်ိတ္ထိုင္တာ၊ လက္ပိုက္ ထိုင္တာက သင့္ကို အထင္ေသးသြားေစမွာပါ။

3. အဝတ္အစား

သင္ဝတ္လာတဲ့ အဝတ္အစားနဲ႔ သင့္အမူအရာက ကိုက္ညီမႈ ရွိသင့္ပါတယ္။ ပထမဆုံးေတြ႕တဲ့ အခ်ိန္မွာ အထင္ႀကီးမႈ ရခ်င္ရင္ သြားမယ့္ေနရာနဲ႔ လိုက္ဖက္တဲ့ အဝတ္အစားကို သန႔္သန႔္ရွင္းရွင္း သပ္သပ္ရပ္ရပ္ ဝတ္သြားသင့္ပါတယ္။

4.လက္ဝတ္တန္ဆာ

လက္ဝတ္တန္ဆာေတြကို နည္းနည္း ဝတ္သြားေလ ေကာင္းေလပါပဲ။ ရႈပ္ယွက္ေနတာက မေကာင္းပါဘူး။ ဖိနပ္ကလည္း အလြန္ အေရးပါ ပါတယ္။

5. ဆံပင္

ဆံပင္က သင့္ပုံရိပ္ကို တန္ဖိုး တက္သြားေစသလို သင့္ပုံရိပ္ကိုလည္း လုံးဝ ဖ်က္ဆီးသြားႏိုင္ ပါတယ္။ ဆံပင္ေတြရႈပ္ပြေနတာ၊ အဆီထြက္ေနတာ၊ မလိုက္ဖက္တဲ့ အေရာင္ေတြ ဆိုးထားတာ၊ ဆံပင္ကို အလြန္အကြၽံ ျပင္ထားတာကသင့္ကို အထင္ေသးသြားေစ မွာပါ။ ဆံပင္နဲ႔လက္သည္း၊ ေျခသည္းကို သန႔္သန႔္ရွင္းရွင္း သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ ျပင္ဆင္သြားသင့္ ပါတယ္။

6. မိတ္ကပ္

မိတ္ကပ္က သင့္ကိုပိုၿပီး ယုံၾကည္မႈရွိေစ မွာပါ။ ဒါေပမယ့္ ကိုယ္သြားမယ့္ေနရာနဲ႔ လိုက္ဖက္မယ့္ မိတ္ကပ္ျပင္ဆင္မႈ ကလည္း လိုအပ္ပါတယ္။ အလုပ္အင္တာဗ်ဳး အတြက္ သြားမယ္ဆိုရင္ မိတ္ကပ္ကို အရမ္းႀကီး ျပင္သြားစရာ မလိုပါဘူး။ အေရာင္လင္းၿပီး သဘာဝဆန္တဲ့ မိတ္ကပ္က သင့္ရဲ႕ ပင္ကိုအလွကို ေပၚလြင္ေစပါတယ္။

သင့္ရဲ႕ ကိုယ္ပိုင္ပုံစံက ေအာင္ျမင္တဲ့ ကမာၻႀကီးဆီကို ေခၚသြားမွာျဖစ္လို႔ ပထမဆုံးေတြ႕တဲ့ အႀကိမ္ကို  ဂ႐ုစိုက္သင့္ ပါတယ္။

Zombie(Lovemedia)