ကလေးတွေအတွက် စည်းကမ်းတွေချမှတ်ပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမယ့် ကလေးတွေအပေါ် စည်းကမ်းတွေက လိုအပ်တာထက် တင်းကြပ်နေတယ်ဆိုရင် ကလေးတွေက လိမ်ပြောတတ်သူအဖြစ်ကို ပြောင်းလဲသွားတတ်ပါတယ်။

ဒီလေ့လာမှုကို အသက် ၃ နှစ်ကနေ ၄ နှစ်အရွယ်ကလေးတွေ ပါဝင်ပါတယ်။

မိဘတွေရဲ့ စည်းကမ်းတင်းကြပ်မှုက ကလေးတွေရဲ့ ရိုးသားမှုကို ထိခိုက်မှု ရှိစေလားဆိုတာကို သိနိုင်ဖို့ Victoria Talwar နဲ့ Kang Lee က စမ်းသပ်ခဲ့ကြပါတယ်။

ကျောင်းမတူတဲ့ အသက် ၃ နှစ်နဲ့ ၄ နှစ်အရွယ်ကလေးတွေကို ဒီလေ့လာချက်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပထမကျောင်းက အရမ်းစည်းကမ်းတင်းကြပ်တဲ့ ကျောင်းဖြစ်ပြီး နောက်တစ်ကျောင်းကတော့ သက်ညှာပေးတဲ့ကျောင်းပါ။

လေ့လာမှုမပြုလုပ်ခင်မှာ ကလေးတွေရဲ့ မိဘတွေကိုလည်း အင်တာဗျူးတွေ ပြုလုပ်ပြီး ကလေးတွေ အမူအရာမမှန်တဲ့အခါ ဘယ်လိုတုံ့ပြန်လဲဆိုတာကို မေးမြန်းခဲ့ပါတယ်။ မိဘအများစုကတော့ ကလေးတွေကို ဆွဲဆိတ်တာ၊ ထိုင်ထာလုပ်ခိုင်းတာ စတဲ့နည်းတွေကို အသုံးများကြပါတယ်။

စမ်းသပ်မှုတိုင်းမှာ ကလေးတွေကို ဂိမ်းအမည်ခန့်မှန်းခိုင်းပါတယ်။ ကလေးတွေကို အရုပ်လေးတွေကနေ ထွက်တဲ့ ခွေးဟောင်တဲ့အသံနဲ့ ကလေးငိုတဲ့အသံဖွင့်ပြပြီး ခန့်မှန်းစေပါတယ်။

ခန့်မှန်းခိုင်းတဲ့သူက အခန်းထဲကနေ မိနစ်အနည်းငယ်ကြာ ထွက်သွားပြီး သူ မပြန်မလာမချင်း အရုပ်တွေကို ချောင်းမကြည့်ဖို့ကိုလည်း မှာထားပါတယ်။

တတိယအရုပ်ကို ထပ်ထည့်ပြီး ကလေးတွေ ချောင်းကြည့်၊ မကြည့် ထပ်မံစမ်းသပ်ပါတယ်။

တတိယအရုပ်ကတော့ ခြင်္သေ့အရုပ်ပါ။ ခြင်္သေ့အရုပ်ကို စမ်းသပ်သူမရှိတုန်း ချောင်းကြည့်လား၊ မကြည့်လားဆိုတာကို ကလေးတွေကို ကိုယ်တိုင် ဝန်ခံစေပါတယ်။

ချောင်းကြည့်ကြောင်း ဝန်ခံတဲ့သူတွေကို တစ်အုပ်စု၊ ဝန်မခံတဲ့သူတွေကို တစ်အုပ်စု ခွဲထားလိုက်ပါတယ်။ တကယ်တော့ ခြင်္သေ့အရုပ်ကနေ အသံမထွက်ဘဲ အခြားကနေ အသံဖွင့်ပြလိုက်တာပါ။

ချောင်းကြည့်ထားတဲ့သူတွေကတော့ ခြင်္သေ့အရုပ်ကနေ အသံမထွက်ဘဲ အခြားနေရာကနေ အသံထွက်ကြောင်း သိရှိကြပါတယ်။

ရလဒ်အရ စည်းကမ်းတင်းကြပ်တာနဲ့ မုသားတွေ ပြောတာက ဆက်စပ်နေပါတယ်။

စမ်းသပ်မှုမှာပါဝင်တဲ့ကလေး ၈၀ ရာခိုင်နှုန်းက အရုပ်ကို ချောင်းကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် စည်းကမ်းတင်းကြပ်တဲ့ကျောင်းက ကလေးတွေက လိမ်ပြောကြပါတယ်။

ကလေးတွေက လိမ်ပြောရုံသာမက လိမ်ပြောတာကိုပါ အခြားသူတွေမသိအောင် ဖုံးကွယ်ထားပါတယ်။ စည်းကမ်းကို ရှိသင့်သလောက်ပဲ ထားတဲ့ကျောင်းက ကလေးတွေကတော့ အမှန်အတိုင်းပြောတာကို တွေ့ရပါတယ်။

ကလေးတွေဟာ သူတို့ဖြေဆိုလိုက်တဲ့အရာမမှန်ကန်ရင် အပြစ်ပေးခံရမှာကြောက်တာကြောင့် လိမ်ညာပြောတဲ့စကားတွေကို ပြောတတ်လာကြပါတယ်။

အချို့ကလည်း လိမ်ညာပြောတတ်တာက ဉာဏ်ကောင်းတဲ့သူတွေရဲ့လက္ခဏာလို့ ဆိုကြပါတယ်။ လိမ်ပြောဖို့အတွက် ဉာဏ်နီဉာဏ်နက်တွေကို ထုတ်သုံးရတာကြောင့်လို့ အကြောင်းပြလေ့ရှိပါတယ်။

ဒါပေမယ့် ကလေးတွေအတွက် လိမ်ညာပြောတဲ့အကျင့်ကို ငယ်စဉ်ကတည်းက ဖျောက်ပေးထားသင့်ပါတယ်။ စည်းကမ်းကို ရှိသင့်သလောက်သာထားပြီး ပျော်ရွှင်တဲ့ကလေးအဖြစ် ပြုစုပျိုးထောင်ပေးခြင်းက ကလေးရဲ့အနာဂတ်ကိုပါ လှပစေမှာပါ။

Zombie (lovemedia)