ယနေ့ခေတ်မှာ ဖုန်းက လူသားတွေအတွက် မရှိမဖြစ် အရေးပါလာပါပြီ။ ဖုန်းက သွားလေရာမှာ အမြဲပါဝင်နေတတ်ပါတယ်။

ဒါပေမယ့် ဖုန်းထားတဲ့နေရာပေါ်မှာမူတည်ပြီး ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဘယ်လိုနေရာမှာ ဖုန်းမထားသင့်ဘူးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နောက်အိတ်ကပ်

လက်ထဲမှာ ဖုန်းကို ကိုင်မသွားချင်ရင် ဘောင်းဘီနောက်အိတ်ကပ်ထဲမှာထည့်ပြီး အပြင်သွားတာက အရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့် အိတ်ကပ်ထဲမှာ ထည့်ထားတာက ဖုန်းရဲ့ မျက်နှာပြင်ကို ထိခိုက်စေတဲ့အပြင် ဖုန်းပျောက်တာလည်း ဖြစ်သွားနိုင်ပါတယ်။

၂။ ရှေ့အိတ်ကပ်

အမျိုးသားတွေက ဖုန်းကို ရှေ့အိတ်ကပ်မှာ ထည့်ထားတတ်ကြပါတယ်။ ဒါပေမယ့် ဖုန်းကနေ ထွက်တဲ့ လျှစ်စစ်သံလိုက်လှိုင်းတွေက အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

၃။ ဘရာ

ဖုန်းကို ဖွက်ပြီး ယူသွားလေ့ရှိတဲ့အခါတွေမှာ အမျိုးသမီးတွေက ဘရာထဲကို ထည့်သွားတတ်ကြပါတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ ဖုန်းကို ဘရာထဲမှာ ထည့်ထားတဲ့အချိန်တွေ များလေလေ ရင်သားကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းများလေပါပဲ။

၄။ ခါးကြားထဲမှာ ထည့်ခြင်း

အချို့တွေကတော့ ဖုန်းကို ခါးကြားထဲမှာထည့်ပြီး သွားလေ့ရှိပါတယ်။ ဒီလိုထည့်သွားတာကလည်း နောက်ကျောကို ထိခိုက်စေတဲ့အပြင် မတော်တဆဖုန်းပျောက်တာ၊ ကြေတာတို့ ဖြစ်ပေါ်စေမှာပါ။

၅။ ဖုန်းကို အချိန်ကြာကြာပြောခြင်း

ဖုန်းရဲ့မျက်နှာပြင်မှာ ဘက်တီးရီးယားတွေ အများကြီး ရှိနေပါတယ်။ ဖုန်းပြောတဲ့အခါ ဖုန်းမျက်နှာပြင်က မျက်နှာအသားအရေနဲ့ အချိန်ကြာကြာထိမိနေပါတယ်။

ဖုန်းမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေဟာ မျက်နှာပေါ်ကို ရောက်ပြီး အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၆။ ဖုန်းကို တစ်ညလုံးအားသွင်းထားခြင်း

ဖုန်းကို အချိန်ကြာကြာအားသွင်းတာက လူရဲ့ကျန်းမာရေးကိုတော့ မထိုက်စေပါဘူး။ ဒါပေမယ့် ဖုန်းကို တစ်ညလုံးအားသွင်းထားတဲ့အခါမှာ ဖုန်းရဲ့ဘက်ထရီသက်တမ်းတိုလာပြီး မကြာခဏအားကုန်လာပါတယ်။

၇။ အေးတဲ့နေရာ

အပူချိန်က သုညအောက်ရောက်နေတဲ့နေရာမျိုးမှာဆိုရင် ဖုန်းကို ဂရုစိုက်သင့်ပါတယ်။ ဖုန်းကို အေးတဲ့နေရာမှာ အချိန်ကြာကြာမထားသင့်ပါဘူး။ အေးတဲ့အပူချိန်က ဖုန်းရဲ့အတွင်းပိုင်းကို ဆိုးဆိုးရွားရွားသက်ရောက်စေတာကြောင့်ပါ။

၈။ ပူတဲ့နေရာ

အပူချိန်မြင့်တာကလည်း ဖုန်းကိုသာမက အခြားသောလျှပ်စစ်ပစ္စည်းတွေကိုပါ ဆိုးကျိုးဖြစ်ပေါ်စေပါတယ်။ ပူတဲ့ရာသီဥတုမှာ ဖုန်းကို ကားထဲမှာ မထားခဲ့သင့်သလို ကမ်းခြေကိုလည်း ယူမသွားသင့်ပါဘူး။ မီးဖိုရဲ့ဘေးမှာလည်း ဖုန်းကို မထားသင့်ပါဘူး။

၉။ ခေါင်းအုံးအောက်

ညအိပ်တဲ့အခါ ဖုန်းကို ခေါင်းအုံးအောက်မှာ ထားပြီး မအိပ်သင့်ပါဘူး။ ဖုန်းကနေ ထွက်တဲ့အလင်းရောင်က ညဘက် အိပ်မပျော်တာဖြစ်စေပါတယ်။ ဖုန်းကနေ ထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ခေါင်းကိုက်တာလည်း ဖြစ်စေပါတယ်။

Zombie (lovemedia)