တခါက တောတွင်းတနေရာမှာ သစ်ခက်တဲလေး ထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါး ရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေး တကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေ စားလေ့ရှိပါတယ်။

ဒီထမင်းလေးစား (ထမင်းလုံး အလေ အလွင့်ကို စားသော) ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာ ကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့ အပြင် သံယောဇဉ် ဖြစ်လာပြီး လူအဖြစ်ကို ဖန်ဆင်းပေးလိုက် ပါတော့တယ်။

ဒီလိုနဲ့ ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေးဘဝကို ပြောင်းသွားတာပေါ့။ ရသေ့ကြီး ဖန်ဆင်းထားတဲ့ မိန်းကလေးဆိုတော့လည်း ရုပ်ရည် ရူပကာဟာ အလွန် လှပချောမွေ့ နေပါတော့တယ်။ ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ တနေ့တော့ တောကစား ထွက်လာတဲ့ ဘုရင်ကြီးတပါးက တွေ့သွား ပါလေရော။

ဘုရင်ကြီးဟာ ထုံးစံအတိုင်း နှစ်သက်သဘောကျတေ ာ်မူတာပေါ့။ သူတို့နှစ်သက်ပြီ ဆိုမှဖြင့် ပိုင်ရှင် ရှိမရှိ မေးမြန်းပြီး (မေးလို့ တော်သေးတာပေါ့) ဖခင်ဖြစ်သူ ရသေ့ကြီးထံမှာ တောင်းရမ်းပါတော့တယ်။

ဘုရင်မင်းမြတ် ကိုယ်တိုင်က တော်ကောက်တာ ဆိုတော့ ရသေ့ကြီးကလည်း ရုတ်တရက် ဒီမိန်းကလေးဟာ ခွေးမလေးပါ လို့ ပြောမထွက်ဘူးပေါ့။ ဒါပေမဲ့ အခုလို မင်းကြီးကို လျှောက်တင် မှာကြားပါတယ်။

"မြတ်သောမင်းကြီး အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းကလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ်။ ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်း ရောက်တဲ့အခါ တစုံတရာ အပြစ် ကျူးလွန်မိခဲ့ပါလျှင် သနားသော အားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ"

ဘုရင်ကြီးကလည်း နောင်ခါလာ နောင်ခါဈေး အခု လောလောဆယ် ဒီမိန်းကလေးကို ရရင် ပြီးရော ဆိုပြီး ခွင့်လွှတ်မှာဖြစ်ကြောင်း ပြောပြီး ခွေးမိန်းကလေးကို ခေါ်သွားပါလေရော။ ရသေ့ကြီးက ဘုရင်ကြီးကို မှာကြားပြီးတဲ့နောက် ခွေးမိန်းကလေးကို "ချစ်သမီး မြင့်မြတ်တဲ့ နေရာရောက်ရင် မြင့်မြတ်တဲ့စိတ် မွေးပါ" ဆိုပြီး မှာကြားရ ပြန်ပါတယ်။

ခွေးမိန်းကလေးကလည်း "ကောင်းပါပြီ အဘရသေ့ကြီး" ဆိုပြီး ဘုရင်ကြီးခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပါသတဲ့။

နန်းတော်ထဲ ရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာ အထူးအဆန်းတွေ ချည်းမို့ အံ့ဘနန်း ဖြစ်နေတာပေါ့။ ဘုရင်ကြီးကလဲ သူ့ကို သင်ကြားစရာရှိတာ သင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရား မြှောက်လိုက်သတဲ့။ ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးမိဖုရားကြီး ဖြစ်သွားတာပေါ့။

ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံးအဆင်ပြေပေမဲ့ တစုံတခုကြောင့် စိတ်ထဲ နေမထိ ထိုင်မထိ ဖြစ်နေပါတယ်။ ဘာလဲဆိုတော့ သူဟာ ခွေးဘဝကလာသူ ဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင်နေပြီး ဖိနပ်သားရေတွေကို ကိုက်ချင်စိတ်ကို မနည်း အောင့်အီးထားရလို့ပါပဲ။

ဒီလိုနဲ့ လူခြေတိတ်တဲ့ ညရောက်တော့ သူ့စိတ်ကို မထိမ်းနိုင်တော့တာနဲ့ ခြေနင်းဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေ တရံပြီး တရံ ကိုက်ဝါးပါလေရော။ မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ နန်းတော်ထဲမှာ ကြွက်စီကြွက်စီ နဲ့ပေါ့။

ဘယ်က ခွေးလေခွေလွင့်က ဝင်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော်တခုလုံး အုန်းအုန်းကျက်ကျက်နဲ့ ဖြစ်နေတယ်။ နန်းတော်ထဲ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပစ်ပေမဲ့ နောက်တညမှာလည်း ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ။

ဒီတော့ မဖြစ်ချေဘူး မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြတာပေါ့။ ဒါကိုသိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ်မစားမိအောင် စိတ်ထိန်းတာ ပါပဲ။ ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ရတာမှ မဟုတ်ဘဲ။ ဆန္ဒ ဆိုတာလည်း ထိမ်းချုပ်ဖို့ ခက်သားလား။ ညရောက်တော့ သူ့စိတ်ကို သူ မလွန်ဆန်နိုင် ပြန်ဘူး။

သွားရေတမြားမြား ပါးစပ်တပြင်ပြင်နဲ့ ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ။ ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီး ကိုတော့ ဘယ်သတိထားမိ မှာတုန်း။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေ ကိုက်ခံ လိုက်ရပြန်ပါရော။

ဒီလို ခဏခဏ ဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားတော ဘုရင်ကြီးက ဖိနပ်ကိုက်သော ခွေးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင်ဖမ်းနိုင်ရင်ဖမ်း၊ မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ် လိုက်ပါတယ်။

နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေး ကော်မတီက နေ့ဆိုင်းညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတဲ့အခါ သန်းခေါင်ကျော်လောက်လည်း ရောက်ချိန် ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေက တွေ့သွားတော့ တယောက်မျက်နှာ တယောက် ကြည့်ပြီး ခေါင်းယမ်းကြတယ်။

ဘယ်လိုလုပ်ရပါ့ တကယ့်မီးခဲပဲ ဘုရင်ကြီးကို ဘယ်လို လျှောက်တင်မလဲ။ ဖိနပ်တွေ ကိုက်နေတဲ့ခွေးကို မမိရင်လဲ ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည်။ ဖိနပ်စားတာ မိဖုရားကြီးပါလို့ ပြောရင်လဲ။ မနက်မိုးလင်းတော့ ညီလာခံမှာ ဘုရင်ကြီးက မေးပါတယ်။ ကဲ ဘယ်လိုလဲ ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလားပေါ့။ ခွေးမိဖုရားကလည်း နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများဖြေမလဲလို့ ရင်တထိတ်ထိတ် နဲ့ပေါ့။

မှူးမတ်တယောက်က ပြားပြားဝပ် ခစားနေရင်းက "မှန်လှပါ ဖိနပ်စားတဲ့ ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့ တွေ့သော်လည်း ဖမ်းလို့ မမိပါဘုရား" လို့ လျှောက်တင်တော့ ဘုရင်ကြီးလည်း "ဒါဖြင့် ငါကိုယ်တော်မြတ်ကိုယ်တိုင် ဖမ်းမယ်" လို့ မိန့်တော်မူလိုက် ပါသတဲ့။

အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့ အတူ အိပ်ရာညောင်စောင်း ထက်မှာ လဲလျောင်းနေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့။ ဒီညအဖို့ ဖိနပ်မစားဘဲ နေရ ကောင်းမလားတော့ တွေးမိပါရဲ့။ သို့သော်လည်း ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင် ပေဘူး။

ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေ ရှိရာဆီကို သွားတယ်။ တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင် ဆောင်နေတာပါ။ ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေးလိုက်သွားပြီး ချောင်းကြည့်တဲ့အခါ ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရပါးရ ကိုက်ဝါးနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။

ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး "ဟင်" ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီး လိုက်ချောင်းတာကို ခွေးမိဖုရားကြီးလည်း သိသွားတော့တာပေါ့။ ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲ ပြန်သွားခွေနေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး။

ဒီမိန်းကလေးရဲ့ အကျင့်ဟာ ဆိုးလှချည့်။ ဒါကြောင့် ရသေ့ကြီးက ငါ့ကိုမှာတာ နေမှာ။ ဘယ်လိုလုပ်ရမလဲ။ ဆက်ထားပြန်ရင်လဲ ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်း ဖြစ်ကုန်မဲ့ အပြင် အကြောင်းသိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာ ဖြစ်အုံးမယ်။ ပြစ်ဒဏ်ပေးပြန်ရင်လည်း ရသေ့ကြီးကို ကတိဖျက်ရာ ကျမယ် စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင်ဖြစ်နေပါတော့တယ်။

ခွေးမိဖုရားကြီးမှာတော့ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ။ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်းသိရင် ငါ့ကို သတ်မှာဘဲ။ ဒီတော့ ငါက အရင် ရသေ့ကြီးဆီ သွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာတွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ အပြေးအလွှား သွားပါတော့တယ်။

ရသေ့ကြီးဟာ ဈာန်အဘိဉာဉ် ရထားသူဆိုတော့ ခွေးမိဖုရားကြီး သူ့ကိုသတ်ဖို့ လာနေတာကို သွားမြင်တယ်။ ဒါနဲ့ပဲ "သြော် ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကို သတ်ဖို့ လာနေပြီ။ မိုက်မဲလေစွ။ အင်း သတ္တဝါတခု ကံတခုပေပဲ" လို့ စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရားအသွင် ကနေ မူလနဂို အတိုင်း ခွေးဘဝ ကူးပြောင်းသွားပြီး ဘဝနှစ်ခုအကူး လမ်းခရီး ချောက်ကမ်းပါးထဲ လိမ့်ကျ သေဆုံးသွားပါတော့တယ်။

မြင့်မြတ်တဲ့ နေရာကို ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင်တဲ့အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ်။

အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဉာဏ် နည်းပါးတဲ့ သူမျိုးကို ဘယ်လို ကြီးမားတဲ့ ကရုဏာနဲ့ မြှင့်တင်ပေးလို့မှ မရဘူး။ အဲဒီလို မြှင့်တင်ပေးရင် ကိုယ်သာ ဒုက္ခတွေ့ရနိုင်တယ် ဆိုတာ မှတ်သားပါ။ ကိုယ်ကအမြင့်ရောက်နေရင် မြင့်မြတ်စိတ် ထားရှိကြပါ လို့ ပုံပြင်လေးဖတ်လို့ မှတ်သားနိုင်ကြပါစေ။ Crd

for zawgyi

ရေသ့ႀကီးႏွင့္ မိဖုရား

တခါက ေတာတြင္းတေနရာမွာ သစ္ခက္တဲေလး ထိုးၿပီး တရားအားထုတ္ေနတဲ့ ရေသ့ႀကီးတပါး ရွိသတဲ့။ ဒီသစ္ခက္ေက်ာင္းသခၤမ္းေလးနားကို ေခြးပိန္မေလး တေကာင္က လာၿပီးေတာ့ ရေသ့ႀကီးဆြမ္းစားၿပီး က်န္တဲ့ ဆြမ္းက်န္ဟင္းက်န္ေလးေတြ စားေလ့ရွိပါတယ္။

ဒီထမင္းေလးစား (ထမင္းလုံး အေလ အလြင့္ကို စားေသာ) ေခြးမေလးဟာ ေန႔စဥ္နဲ႔အမွ် ဆြမ္းက်န္ေလးေတြ လာလာစားေနတာ ၾကာလာေတာ့ ရေသ့ႀကီးဟာ ေခြးမေလးကို သနားတဲ့ အျပင္ သံေယာဇဥ္ ျဖစ္လာၿပီး လူအျဖစ္ကို ဖန္ဆင္းေပးလိုက္ ပါေတာ့တယ္။

ဒီလိုနဲ႔ ေခြးမေလးဟာ အရွင္လတ္လတ္ လူမိန္းကေလးဘဝကို ေျပာင္းသြားတာေပါ့။ ရေသ့ႀကီး ဖန္ဆင္းထားတဲ့ မိန္းကေလးဆိုေတာ့လည္း ႐ုပ္ရည္ ႐ူပကာဟာ အလြန္ လွပေခ်ာေမြ႕ ေနပါေတာ့တယ္။ ဒီလိုနဲ႔ ေခြးမေလး တျဖစ္လဲ မိန္းကေလးဟာ ရေသ့ႀကီးရဲ႕ ေဝယ်ာဝစၥေတြ လုပ္ေပးရင္း ေတာထဲမွာ ေနလာလိုက္တာ တေန႔ေတာ့ ေတာကစား ထြက္လာတဲ့ ဘုရင္ႀကီးတပါးက ေတြ႕သြား ပါေလေရာ။

ဘုရင္ႀကီးဟာ ထုံးစံအတိုင္း ႏွစ္သက္သေဘာက်ေတ ာ္မူတာေပါ့။ သူတို႔ႏွစ္သက္ၿပီ ဆိုမွျဖင့္ ပိုင္ရွင္ ရွိမရွိ ေမးျမန္းၿပီး (ေမးလို႔ ေတာ္ေသးတာေပါ့) ဖခင္ျဖစ္သူ ရေသ့ႀကီးထံမွာ ေတာင္းရမ္းပါေတာ့တယ္။

ဘုရင္မင္းျမတ္ ကိုယ္တိုင္က ေတာ္ေကာက္တာ ဆိုေတာ့ ရေသ့ႀကီးကလည္း ႐ုတ္တရက္ ဒီမိန္းကေလးဟာ ေခြးမေလးပါ လို႔ ေျပာမထြက္ဘူးေပါ့။ ဒါေပမဲ့ အခုလို မင္းႀကီးကို ေလွ်ာက္တင္ မွာၾကားပါတယ္။

"ျမတ္ေသာမင္းႀကီး အကြၽႏ္ုပ္၏ သမီးျဖစ္သူ ဒီမိန္းကေလးဟာျဖင့္ ေတာတြင္းသူ အ႐ိုင္းအစိုင္းကေလး ျဖစ္ပါတယ္။ ဒါေၾကာင့္ အရွင္မင္းႀကီးတို႔ နန္းတြင္း ေရာက္တဲ့အခါ တစုံတရာ အျပစ္ က်ဴးလြန္မိခဲ့ပါလွ်င္ သနားေသာ အားျဖင့္ အျပစ္မွ ခြင့္လႊတ္ေတာ္မူပါ"

ဘုရင္ႀကီးကလည္း ေနာင္ခါလာ ေနာင္ခါေဈး အခု ေလာေလာဆယ္ ဒီမိန္းကေလးကို ရရင္ ၿပီးေရာ ဆိုၿပီး ခြင့္လႊတ္မွာျဖစ္ေၾကာင္း ေျပာၿပီး ေခြးမိန္းကေလးကို ေခၚသြားပါေလေရာ။ ရေသ့ႀကီးက ဘုရင္ႀကီးကို မွာၾကားၿပီးတဲ့ေနာက္ ေခြးမိန္းကေလးကို "ခ်စ္သမီး ျမင့္ျမတ္တဲ့ ေနရာေရာက္ရင္ ျမင့္ျမတ္တဲ့စိတ္ ေမြးပါ" ဆိုၿပီး မွာၾကားရ ျပန္ပါတယ္။

ေခြးမိန္းကေလးကလည္း "ေကာင္းပါၿပီ အဘရေသ့ႀကီး" ဆိုၿပီး ဘုရင္ႀကီးေခၚရာေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားပါသတဲ့။

နန္းေတာ္ထဲ ေရာက္သြားတဲ့ ေခြးမိန္းကေလးဟာ အရာရာ အထူးအဆန္းေတြ ခ်ည္းမို႔ အံ့ဘနန္း ျဖစ္ေနတာေပါ့။ ဘုရင္ႀကီးကလဲ သူ႔ကို သင္ၾကားစရာရွိတာ သင္ၾကားေစၿပီးေနာက္ အခမ္းအနားနဲ႔ မိဖုရား ေျမႇာက္လိုက္သတဲ့။ ကုသိုလ္ကံမ်ား အက်ိဳးေပးခ်င္ေတာ့ ေနရင္းထိုင္ရင္း ေခြးမိဖုရားႀကီး ျဖစ္သြားတာေပါ့။

ေခြးမိဖုရားႀကီးဟာ နန္းေတာ္ထဲမွာ ေနရထိုင္ရ အားလုံးအဆင္ေျပေပမဲ့ တစုံတခုေၾကာင့္ စိတ္ထဲ ေနမထိ ထိုင္မထိ ျဖစ္ေနပါတယ္။ ဘာလဲဆိုေတာ့ သူဟာ ေခြးဘဝကလာသူ ျဖစ္တဲ့အတြက္ နန္းေတာ္ထဲမွာ ခြၽတ္ထားတဲ့ ေျခနင္း ဖိနပ္ေတြကို ျမင္တဲ့အခါ ဒီဖိနပ္ေတြရဲ႕ သားေရနံ႔က သူ႔ကို ဆြဲေဆာင္ေနၿပီး ဖိနပ္သားေရေတြကို ကိုက္ခ်င္စိတ္ကို မနည္း ေအာင့္အီးထားရလို႔ပါပဲ။

ဒီလိုနဲ႔ လူေျခတိတ္တဲ့ ညေရာက္ေတာ့ သူ႔စိတ္ကို မထိမ္းႏိုင္ေတာ့တာနဲ႔ ေျခနင္းဖိနပ္ေတြ ခြၽတ္ထားတဲ့ ေနရာကို အျမန္သြားၿပီး အာသာေျပေအာင္ ဖိနပ္ေတြ တရံၿပီး တရံ ကိုက္ဝါးပါေလေရာ။ မနက္မိုးလင္းေတာ့ ဖိနပ္ၿမီးတိုေတြ ျမင္တဲ့အခါ နန္းေတာ္ထဲမွာ ႂကြက္စီႂကြက္စီ နဲ႔ေပါ့။

ဘယ္က ေခြးေလေခြလြင့္က ဝင္ၿပီး ငါတို႔ဖိနပ္ေတြ ကိုက္သြားသလဲ ဆိုၿပီး နန္းေတာ္တခုလုံး အုန္းအုန္းက်က္က်က္နဲ႔ ျဖစ္ေနတယ္။ နန္းေတာ္ထဲ ရွိသမွ် ေခြးေလေခြးလြင့္ေတြ ဖယ္ရွားပစ္ေပမဲ့ ေနာက္တညမွာလည္း ဖိနပ္ေတြ ကိုက္ခံရျပန္တာပဲ။

ဒီေတာ့ မျဖစ္ေခ်ဘူး မႉးႀကီးမတ္ရာေတြက ဖိနပ္စားတဲ့ ေခြးကို ညဘက္ ေစာင့္ဖမ္းဖို႔ စီစဥ္ၾကတာေပါ့။ ဒါကိုသိတဲ့ ေခြးမိဖုရားႀကီးဟာ ဖိနပ္မစားမိေအာင္ စိတ္ထိန္းတာ ပါပဲ။ ဒါေပမဲ့ ဗီဇဆိုတာ ေတာ္႐ုံနဲ႔ ေဖ်ာက္လို႔ရတာမွ မဟုတ္ဘဲ။ ဆႏၵ ဆိုတာလည္း ထိမ္းခ်ဳပ္ဖို႔ ခက္သားလား။ ညေရာက္ေတာ့ သူ႔စိတ္ကို သူ မလြန္ဆန္ႏိုင္ ျပန္ဘူး။

သြားေရတျမားျမား ပါးစပ္တျပင္ျပင္နဲ႔ ဖိနပ္ေတြဆီ ေရာက္သြားျပန္တာပဲ။ ေခြးအလာကိုသာ ေစာင့္ေနတဲ့ မႉးမတ္ေတြဟာ ေခြးမိဖုရားႀကီး ကိုေတာ့ ဘယ္သတိထားမိ မွာတုန္း။ ဒီလိုနဲ႔ ေနာက္တည ဖိနပ္ေတြ ကိုက္ခံ လိုက္ရျပန္ပါေရာ။

ဒီလို ခဏခဏ ျဖစ္လာေတာ့ ဘုရင္ႀကီးနားကို ဒီသတင္း ေပါက္ၾကားသြားေတာ ဘုရင္ႀကီးက ဖိနပ္ကိုက္ေသာ ေခြးႏွိမ္နင္းေရးေကာ္မတီ ဖြဲ႕စည္းေစၿပီး ဒီေခြးကို မိေအာင္ဖမ္းႏိုင္ရင္ဖမ္း၊ မဖမ္းႏိုင္ရင္ မင္းတို႔ကို ျပစ္ဒဏ္ေပးမယ္ လို႔ အမိန႔္ခ်မွတ္ လိုက္ပါတယ္။

နန္းေတာ္ထဲမွာ ေခြးႏွိမ္နင္းေရး ေကာ္မတီက ေန႔ဆိုင္းညဆိုင္းနဲ႔ ေခ်ာင္းဖမ္းဖို႔ ကင္းေစာင့္ၾကတဲ့အခါ သန္းေခါင္ေက်ာ္ေလာက္လည္း ေရာက္ခ်ိန္ ေခြးမိဖုရားႀကီးက ကုပ္ကုပ္ ကုပ္ကုပ္နဲ႔ ထြက္လာၿပီး ဖိနပ္ေတြ ကိုက္ဝါးေနတာကို ေခ်ာင္းေနတဲ့ မႉးမတ္ေတြက ေတြ႕သြားေတာ့ တေယာက္မ်က္ႏွာ တေယာက္ ၾကည့္ၿပီး ေခါင္းယမ္းၾကတယ္။

ဘယ္လိုလုပ္ရပါ့ တကယ့္မီးခဲပဲ ဘုရင္ႀကီးကို ဘယ္လို ေလွ်ာက္တင္မလဲ။ ဖိနပ္ေတြ ကိုက္ေနတဲ့ေခြးကို မမိရင္လဲ ငါတို႔မွာ ျပစ္ဒဏ္ ခံရေပအုံးမည္။ ဖိနပ္စားတာ မိဖုရားႀကီးပါလို႔ ေျပာရင္လဲ။ မနက္မိုးလင္းေတာ့ ညီလာခံမွာ ဘုရင္ႀကီးက ေမးပါတယ္။ ကဲ ဘယ္လိုလဲ ဖိနပ္ကိုက္တဲ့ ေခြးကို မိၿပီလားေပါ့။ ေခြးမိဖုရားကလည္း နေဘးနားမွာ ခစားရင္း မႉးမတ္ေတြ ဘယ္လိုမ်ားေျဖမလဲလို႔ ရင္တထိတ္ထိတ္ နဲ႔ေပါ့။

မႉးမတ္တေယာက္က ျပားျပားဝပ္ ခစားေနရင္းက "မွန္လွပါ ဖိနပ္စားတဲ့ ေခြးဟာ ကြၽန္ေတာ္မ်ိဳးတို႔ထက္ ဘုန္းကံျမင့္မားတဲ့သူ ျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္မ်ိဳးတို႔ ေတြ႕ေသာ္လည္း ဖမ္းလို႔ မမိပါဘုရား" လို႔ ေလွ်ာက္တင္ေတာ့ ဘုရင္ႀကီးလည္း "ဒါျဖင့္ ငါကိုယ္ေတာ္ျမတ္ကိုယ္တိုင္ ဖမ္းမယ္" လို႔ မိန႔္ေတာ္မူလိုက္ ပါသတဲ့။

အဲဒီညမွာေတာ့ ေခြးမိဖုရားႀကီးဟာ ဘုရင္ႀကီးနဲ႔ အတူ အိပ္ရာေညာင္ေစာင္း ထက္မွာ လဲေလ်ာင္းေနရေပမဲ့ အိပ္မေပ်ာ္ႏိုင္ဘူးတဲ့။ ဒီညအဖို႔ ဖိနပ္မစားဘဲ ေနရ ေကာင္းမလားေတာ့ ေတြးမိပါရဲ႕။ သို႔ေသာ္လည္း ရသတဏွာရဲ႕ အလိုကို မလြန္ဆန္ႏိုင္ ေပဘူး။

ခဏေနေတာ့ ဘုရင္ႀကီး အိပ္ေပ်ာ္သြားၿပီ အထင္နဲ႔ တိတ္တိတ္ေလး အိပ္ရာကထၿပီး ဖိနပ္ေတြ ရွိရာဆီကို သြားတယ္။ တကယ္ေတာ့ ဘုရင္ႀကီးက အိပ္ခ်င္ေယာင္ ေဆာင္ေနတာပါ။ ေခြးမိဖုရားႀကီး ထသြားတာနဲ႔ သူက ေနာက္က အသာေလးလိုက္သြားၿပီး ေခ်ာင္းၾကည့္တဲ့အခါ ေခြးမိဖုရားႀကီးဟာ ဖိနပ္ေတြကို အားရပါးရ ကိုက္ဝါးေနတာ မ်က္ဝါးထင္ထင္ ျမင္လိုက္ရတယ္။

ဒီျမင္ကြင္းေၾကာင့္ အံ့အားသင့္ၿပီး "ဟင္" ခနဲ အာေမဋိတ္ ထြက္သြားေတာ့ ဘုရင္ႀကီး လိုက္ေခ်ာင္းတာကို ေခြးမိဖုရားႀကီးလည္း သိသြားေတာ့တာေပါ့။ ဒါေပမဲ့ ဘုရင္ႀကီးဟာ အသာေလး လွည့္ထြက္ၿပီး အိပ္ရာထဲ ျပန္သြားေခြေနၿပီး သက္မႀကီးေတြ တခ်ခ်နဲ႔ တညလုံး မအိပ္ႏိုင္ေတာ့ဘူး။

ဒီမိန္းကေလးရဲ႕ အက်င့္ဟာ ဆိုးလွခ်ည့္။ ဒါေၾကာင့္ ရေသ့ႀကီးက ငါ့ကိုမွာတာ ေနမွာ။ ဘယ္လိုလုပ္ရမလဲ။ ဆက္ထားျပန္ရင္လဲ ရွိရွိသမွ် ဖိနပ္ေတြ ၿမီးတိုေတြခ်ည္း ျဖစ္ကုန္မဲ့ အျပင္ အေၾကာင္းသိေနတဲ့ မႉးမတ္ေတြရဲ႕ ကဲ့ရဲ႕စရာ ျဖစ္အုံးမယ္။ ျပစ္ဒဏ္ေပးျပန္ရင္လည္း ရေသ့ႀကီးကို ကတိဖ်က္ရာ က်မယ္ စသျဖင့္ ေတာင္ေတြး ေျမာက္ေတြး စိတ္မေအးႏိုင္ျဖစ္ေနပါေတာ့တယ္။

ေခြးမိဖုရားႀကီးမွာေတာ့ ဘုရင္ႀကီးေတာ့ ငါဖိနပ္ကိုက္တာ သိသြားၿပီ။ ငါ့အေၾကာင္း ရေသ့ႀကီးကို သြားေမးၿပီး ငါဟာ ေခြးမွန္းသိရင္ ငါ့ကို သတ္မွာဘဲ။ ဒီေတာ့ ငါက အရင္ ရေသ့ႀကီးဆီ သြားၿပီး ငါ့အေၾကာင္း မေဖာ္ႏိုင္ေအာင္ သတ္ပစ္ရမယ္ လို႔ မိုက္မဲစြာေတြးၿပီး မိုးမလင္းခင္ဘဲ နန္းေတာ္ထဲက ထြက္ၿပီး ရေသ့ႀကီးရဲ႕ ေက်ာင္းသခၤမ္းဆီ အေျပးအလႊား သြားပါေတာ့တယ္။

ရေသ့ႀကီးဟာ ဈာန္အဘိဉာဥ္ ရထားသူဆိုေတာ့ ေခြးမိဖုရားႀကီး သူ႔ကိုသတ္ဖို႔ လာေနတာကို သြားျမင္တယ္။ ဒါနဲ႔ပဲ "ေၾသာ္ ငါသနားၿပီး ကယ္ထားတဲ့သူက ငါ့ကို သတ္ဖို႔ လာေနၿပီ။ မိုက္မဲေလစြ။ အင္း သတၱဝါတခု ကံတခုေပပဲ" လို႔ စိတ္ထဲ ေတြးလိုက္မိတာနဲ႔ ျဗဳန္းဆို မိဖုရားအသြင္ ကေန မူလနဂို အတိုင္း ေခြးဘဝ ကူးေျပာင္းသြားၿပီး ဘဝႏွစ္ခုအကူး လမ္းခရီး ေခ်ာက္ကမ္းပါးထဲ လိမ့္က် ေသဆုံးသြားပါေတာ့တယ္။

ျမင့္ျမတ္တဲ့ ေနရာကို ေရာက္ရင္ ျမင့္ျမတ္တဲ့ စိတ္ထားတတ္ရမယ္ ဆိုတဲ့ ရေသ့ႀကီးရဲ႕ မိန႔္ၾကားခ်က္ကို နားမေထာင္တဲ့အတြက္ ေခြးမေလးဟာ ခုလို ဒုကၡေရာက္ရတယ္။

အေတြးအေခၚ အေျမာ္အျမင္ ဆင္ျခင္ဉာဏ္ နည္းပါးတဲ့ သူမ်ိဳးကို ဘယ္လို ႀကီးမားတဲ့ က႐ုဏာနဲ႔ ျမႇင့္တင္ေပးလို႔မွ မရဘူး။ အဲဒီလို ျမႇင့္တင္ေပးရင္ ကိုယ္သာ ဒုကၡေတြ႕ရႏိုင္တယ္ ဆိုတာ မွတ္သားပါ။ ကိုယ္ကအျမင့္ေရာက္ေနရင္ ျမင့္ျမတ္စိတ္ ထားရွိၾကပါ လို႔ ပုံျပင္ေလးဖတ္လို႔ မွတ္သားႏိုင္ၾကပါေစ။ Crd