အစွန့်ပစ်ခံ မိန်းမသားတို့၏ ဘုန်းကံ ဆိုတာ ယောကျ်ား ဖြစ်သူက ထားခဲ့လို့ဖြစ်စေ၊ ချစ်သူက ထားခဲ့လို့ ဖြစ်စေ၊ အငယ်အနှောင်း ယူသွားလို့ ဖြစ်စေ၊ အပြစ်ရှာ ထွက်ခွာလို့ ဖြစ်စေ စွန့်ပစ်ခဲ့ရင် မိန်းမ တချို့ ဘဝ ပျက်မတတ် ဖြစ်တတ်ကြ ပါတယ်။ အမှန်က ပျော်ရမှာပါ။ လက်ခုပ် တီးပြီးကို ကျေနပ် ဝမ်းမြောက်စွာ ပျော်နေရ မှာပါ။

ကိုယ်က ငယ်ရွယ် ကျန်းမာတုန်း သန်စွမ်းနေတုန်း ရှာဖွေနိုင်တုန်းမှာ သိလိုက်ရတဲ့ အတွက် ကိုယ့်တန်ဖိုးကို နားမလည်တဲ့ လူရဲ့ ဘေးနားမှာ နေပြီး အဓိပ္ပါယ်မဲ့ ဖြတ်သန်းရ ခြင်းထက် နှောင့်ဖွဲ့ခြင်း မဲ့စွာ ဘဝကို လွတ်လပ်စွာ တည်ဆောက်ရ ခြင်းက ပိုကောင်းတယ် ဆိုတာကို နားလည်ခဲ့ရင် ဒီမိန်းမဟာ ပျော်သင့်ပါတယ်။

တခါက ဘုရင်ကြီး တပါးမှာ သမီး ၃ ယောက် ရှိသတဲ့။ ဘုရင်ကြီးက သမီးတော်တို့ ဒီလို နေနေရတာ ဘာကြောင့်လဲ လို့ မေးတဲ့အခါ သမီးအကြီး (၂) ယောက်က "ခမည်းတော် ကျေးဇူးကြောင့်" လို့ အမြဲ လျှောက်ပြီး အငယ်ဆုံး သမီးတော် ကတော့ "သမီးတော်ရဲ့ ဘုန်းကံကြောင့်" လို့ လျှောက်သတဲ့။

တိုတို ပြောရရင် ဘုရင်ကြီးက အငယ်ဆုံး သမီးတော်ကို စိတ်ဆိုးပြီး အဆင်းရဲဆုံး ထင်းခုတ်သမားနဲ့ ပေးစားလွှတ် လိုက်တယ်။ အငယ်ဆုံး သမီးတော်ရဲ့ ယောက်ျား သူဆင်းရဲဟာ တောစပ်မှာ ထင်းခုတ်ဖို့ သွားတော့ ချောင်းတခု အကူးမှာ စိန်တွေ တွေ့တော့ သူ့မိန်းမအတွက် ဆော့ကစား ရအောင် ယူလာရာက မင်းသမီးက နေရာ လိုက်ပြ ခိုင်းပြီး ခမည်းတော်ထံ အပ်တော့ ခမည်းတော့်ဘဏ္ဍာ ဆိုရင် မီးသွေးတုန်းပဲ ဖြစ်နေလို့ သမီးတော့် ဥစ္စာဆိုမှ စိန်ပြန်ဖြစ် ပါတယ်။

ကဲ ဒီတော့ ပြောချင်တာက မိန်းမ တိုင်းမှာ သူ့ဘုန်း သူကံ ဆိုတာ ရှိတယ်။ ယောက်ကျား တယောက် ဘုန်းကံ နိမ့်လာပြီ ဆိုရင်၊ မိန်းမ တယောက်ရဲ့ ဘုန်းကံ ရှိမြဲ ရှိနေတယ် ဆိုရင် အကြောင်း အမျိုးမျိုး ပေါ်လာပြီး အဲ့ဒီ ယောက်ျားဟာ ဘုန်းကံရှိတဲ့ မိန်းမနားမှာ မနေနိုင်ပဲ စွန့်ပြေးချင်စိတ် ပေါက်လာလိမ့်မယ်။

ဘဝမှာ ဒီမိန်းမကြောင့်သာ ဒီလို နေထိုင် ဒီလို စားသောက်ရပြီး ဒီလို စည်းစိမ်နဲ့ အဆင်ပြေပြေ နေရမယ့် ကံပါလာတယ် ဆိုတာ သူတို့ မသိကြပဲ သူတို့တော်လို့ တတ်လွန်လွန်းလို့ချည်း ထင်တတ်ကြတယ်။

အားပေးချင် တာက သတ္တိရှိကြပါ။ ရဲရဲသာ လုပ်ပြပါ။ မတွန့်ပါနဲ့ မကြောက်ပါနဲ့။ ဝမ်းမနည်းပါနဲ့။ ကွဲကြည့်လိုက် ခွဲနေကြည့်လိုက်ရင် ဘာဖြစ်မလဲ။ တိတ်တိတ်လေး အချိန်တခုသာပေး စောင့်ကြည့် နေလိုက်ပါ။ လူတိုင်း လက်ခံနိုင်တဲ့ ကိုယ်လည်း ကျေနပ် ဝမ်းသာရမယ့် အဖြေတခု ရမှာပါ။

နောက်ထပ် မိန်းမတယောက်ရဲ့ ဘုန်းကံနဲ့ ပတ်သက်ပြီး တပုဒ် ပြောချင်ပါသေးတယ်။ တခါက သိဉ္စည်းမင်းကြီး တောလိုက်ရာမှ အပြန် သစ်ပင်ပေါ်တွင် ကောင်းခြင်း ငါးဖြာနှင့် ပြည့်စုံသော မိန်းမပျိုတဦးကို တွေ့သည်နှင့် မေးမြန်းရာ ဖခင်က ပေးစားသည့် ယောကျ်ားကို ယူ၍ လိုက်ခဲ့စဉ် တောလမ်း တနေရာ၌ ခင်ပွန်းဖြစ်သူက သဖန်းသီးများ ခူးစားနေရာ မိမိက ဆာလှသဖြင့် တောင်းစားသော် "စားလိုလျှင် ကိုယ်တိုင် ခူးစား" ဟု ဆိုလေသည်။

သို့နှင့် ကိုယ်တိုင် တက်ခူးချိန်တွင် ယောကျ်ားက ပြန်မဆင်း နိုင်အောင် သစ်ပင်အောက် ခြေတွင် ဆူးများဖြင့် ကာရံ၍ ထွက်ပြေးတော့သည် ဟူ၏။ မင်းကြီးလည်း ကောင်းခြင်း ငါးဖြာနှင့် လှပတင့်တယ်သော ထိုမိန်းမပျိုကို မိဖုရားခေါင် အဖြစ် တင်မြှောက်ခဲ့လေသည်။ ထို့နောက် မင်းကြီးနှင့် မိဖုရားကြီးတို့ တိုင်းခန်း လှည့်လည်ရင်း တနေရာ အရောက်တွင် မိဖုရားကြီးက ဣန္ဒြေမဆည်နိုင်ဘဲ ခစ်ခနဲ ရယ်တော်မူသည်ကို မင်းကြီး မေးလျှင် ဤသို့ဖြေ၏။

"နှမတော်ကို တောတွင်း၌ ပစ်ပြေး သွားသူသည် ယခုအခါ လမ်းခင်း နေရသည်ကို တွေ့လျှင် နှမတော်ကဲ့သို့ ဘုန်းကျက်သရေ ရှိသူကို ဤလူညံ့ မဆောင်နိုင်ရှာ ဟု တွေးမိ၍ ရယ်မိကြောင်းပါ" ဟု မိဖုရားကြီးက ဖြေသည်။ ဘုရားမင်းကြီးက မယုံကြည်၍ ဘုရားလောင်း မဟော်သဓသုခမိန်ကို မေးရာ ဘုရားလောင်းက ဤသို့ရှင်း၏။

"ဤမိန်းမမြတ်ကို ယောကျ်ားက စွန့်ပစ်သွားသည် ဟူသော စကားကို သားတော် ယုံကြည်ပါသည်။ ဘုန်းမဲ့သေ ာသူသည် ဘုန်းရှိသော သူနှင့် အတူဆက်ဆံ၍ မနေနိုင်ကြောင်းပါ ဘုရား" ဟူ၏။

ထိုနည်းတူစွာ ဘုန်းကံ မြင့်မားသော မိန်းမကောင်းတွေကို ညံ့ဖျင်း သိမ်နုပ်သော ယောက်ျားယုတ်က တန်ဖိုးကို နားမလည် သောကြောင့် စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်း တို့ကို ဖြစ်စေလျက် မိန်းကလေး ဘက်က စွန့်ခွာ သွားအောင်လည်းကောင်း မိမိကိုယ်တိုင် စွန့်ပစ်၍ သော်လည်းကောင်း သူတို့၏ ဘုန်းကံ နိမ့်ပါးမှု အတိုင်း ဘဝကို ရွေးချယ် ကြရ၏။

သို့ဖြစ်ရာ အမျိုးသမီးတို့သည် မိမိတို့၏ တန်ဖိုး ကို ကောင်းစွာ သိရှိနားလည်ပြီး တန်ဖိုး ထားတတ်သူနှင့် သာလျှင် ကောင်းစွာ ထိုက်တန် ပါပေ၏။ တကယ်တော့ မိမိကို စွန့်ပစ်သွားသူသည် မိမိ၏ ဘုန်းကံ အရှိန်ကို မလွှမ်းမိုးနိုင်တဲ့ ခပ်ညံ့ညံ့ လူသာ ဖြစ်တဲ့အတွက် ဝမ်းနည်းဖွယ် စိုးစဉ်းမျှ မရှိသင့်။ သာလွန် မြင့်မြတ်သူနှင့် ဆုံဆည်းရမည့် မိမိကံကိုသာ တွေးတော ဝမ်းသာသင့်တော့သည် မဟုတ်ပါလား။

ဒါကြောင့် ကိုယ့်ကို စွန့်ခွာသွားလို့ ဝမ်းနည်းပက်လက် မျက်ရည် တစက်စက်နဲ့ ဘဝသေလို ကျန်ခဲ့တဲ့ အမျိုးသမီးတွေကို ပြောချင်တာက သတ္တိရှိပါ၊ ဘဝကို လက်တွေ့ကျကျ အကောင်အထည် ဖော်ပါ၊ သူများ အားမကိုးပါနဲ့။

တနေ့ ကိုယ့်ဘုန်း ကိုယ့်ကံနဲ့တန်တဲ့ လူနဲ့ ကြုံလာခဲ့ရင် ကိုယ့်အခြေအနေ တင့်တယ် လှပနေရမယ် လို့ ခံယူထားပါ။ ပြီးတော့ သန့်ရှင်းစွာ နေထိုင်ပါ။ စိတ်အေးချမ်း ပျော်ရွှင်အောင် နေပါ။ လှပမှု ရှိနေပါက မောင်ကြီးမခွာနိုင် ဖြစ်နေမှာ အသေအချာပါ။ မယ်ဖြိုး

for zawgyi

ဘုန္းကံျမင့္မားေသာ မိန္းမ

အစြန႔္ပစ္ခံ မိန္းမသားတို႔၏ ဘုန္းကံ ဆိုတာ ေယာက်္ား ျဖစ္သူက ထားခဲ့လို႔ျဖစ္ေစ၊ ခ်စ္သူက ထားခဲ့လို႔ ျဖစ္ေစ၊ အငယ္အေႏွာင္း ယူသြားလို႔ ျဖစ္ေစ၊ အျပစ္ရွာ ထြက္ခြာလို႔ ျဖစ္ေစ စြန႔္ပစ္ခဲ့ရင္ မိန္းမ တခ်ိဳ႕ ဘဝ ပ်က္မတတ္ ျဖစ္တတ္ၾက ပါတယ္။ အမွန္က ေပ်ာ္ရမွာပါ။ လက္ခုပ္ တီးၿပီးကို ေက်နပ္ ဝမ္းေျမာက္စြာ ေပ်ာ္ေနရ မွာပါ။

ကိုယ္က ငယ္႐ြယ္ က်န္းမာတုန္း သန္စြမ္းေနတုန္း ရွာေဖြႏိုင္တုန္းမွာ သိလိုက္ရတဲ့ အတြက္ ကိုယ့္တန္ဖိုးကို နားမလည္တဲ့ လူရဲ႕ ေဘးနားမွာ ေနၿပီး အဓိပၸါယ္မဲ့ ျဖတ္သန္းရ ျခင္းထက္ ေႏွာင့္ဖြဲ႕ျခင္း မဲ့စြာ ဘဝကို လြတ္လပ္စြာ တည္ေဆာက္ရ ျခင္းက ပိုေကာင္းတယ္ ဆိုတာကို နားလည္ခဲ့ရင္ ဒီမိန္းမဟာ ေပ်ာ္သင့္ပါတယ္။

တခါက ဘုရင္ႀကီး တပါးမွာ သမီး ၃ ေယာက္ ရွိသတဲ့။ ဘုရင္ႀကီးက သမီးေတာ္တို႔ ဒီလို ေနေနရတာ ဘာေၾကာင့္လဲ လို႔ ေမးတဲ့အခါ သမီးအႀကီး (၂) ေယာက္က "ခမည္းေတာ္ ေက်းဇူးေၾကာင့္" လို႔ အၿမဲ ေလွ်ာက္ၿပီး အငယ္ဆုံး သမီးေတာ္ ကေတာ့ "သမီးေတာ္ရဲ႕ ဘုန္းကံေၾကာင့္" လို႔ ေလွ်ာက္သတဲ့။

တိုတို ေျပာရရင္ ဘုရင္ႀကီးက အငယ္ဆုံး သမီးေတာ္ကို စိတ္ဆိုးၿပီး အဆင္းရဲဆုံး ထင္းခုတ္သမားနဲ႔ ေပးစားလႊတ္ လိုက္တယ္။ အငယ္ဆုံး သမီးေတာ္ရဲ႕ ေယာက္်ား သူဆင္းရဲဟာ ေတာစပ္မွာ ထင္းခုတ္ဖို႔ သြားေတာ့ ေခ်ာင္းတခု အကူးမွာ စိန္ေတြ ေတြ႕ေတာ့ သူ႔မိန္းမအတြက္ ေဆာ့ကစား ရေအာင္ ယူလာရာက မင္းသမီးက ေနရာ လိုက္ျပ ခိုင္းၿပီး ခမည္းေတာ္ထံ အပ္ေတာ့ ခမည္းေတာ့္ဘ႑ာ ဆိုရင္ မီးေသြးတုန္းပဲ ျဖစ္ေနလို႔ သမီးေတာ့္ ဥစၥာဆိုမွ စိန္ျပန္ျဖစ္ ပါတယ္။

ကဲ ဒီေတာ့ ေျပာခ်င္တာက မိန္းမ တိုင္းမွာ သူ႔ဘုန္း သူကံ ဆိုတာ ရွိတယ္။ ေယာက္က်ား တေယာက္ ဘုန္းကံ နိမ့္လာၿပီ ဆိုရင္၊ မိန္းမ တေယာက္ရဲ႕ ဘုန္းကံ ရွိၿမဲ ရွိေနတယ္ ဆိုရင္ အေၾကာင္း အမ်ိဳးမ်ိဳး ေပၚလာၿပီး အဲ့ဒီ ေယာက္်ားဟာ ဘုန္းကံရွိတဲ့ မိန္းမနားမွာ မေနႏိုင္ပဲ စြန႔္ေျပးခ်င္စိတ္ ေပါက္လာလိမ့္မယ္။

ဘဝမွာ ဒီမိန္းမေၾကာင့္သာ ဒီလို ေနထိုင္ ဒီလို စားေသာက္ရၿပီး ဒီလို စည္းစိမ္နဲ႔ အဆင္ေျပေျပ ေနရမယ့္ ကံပါလာတယ္ ဆိုတာ သူတို႔ မသိၾကပဲ သူတို႔ေတာ္လို႔ တတ္လြန္လြန္းလို႔ခ်ည္း ထင္တတ္ၾကတယ္။

အားေပးခ်င္ တာက သတၱိရွိၾကပါ။ ရဲရဲသာ လုပ္ျပပါ။ မတြန႔္ပါနဲ႔ မေၾကာက္ပါနဲ႔။ ဝမ္းမနည္းပါနဲ႔။ ကြဲၾကည့္လိုက္ ခြဲေနၾကည့္လိုက္ရင္ ဘာျဖစ္မလဲ။ တိတ္တိတ္ေလး အခ်ိန္တခုသာေပး ေစာင့္ၾကည့္ ေနလိုက္ပါ။ လူတိုင္း လက္ခံႏိုင္တဲ့ ကိုယ္လည္း ေက်နပ္ ဝမ္းသာရမယ့္ အေျဖတခု ရမွာပါ။

ေနာက္ထပ္ မိန္းမတေယာက္ရဲ႕ ဘုန္းကံနဲ႔ ပတ္သက္ၿပီး တပုဒ္ ေျပာခ်င္ပါေသးတယ္။ တခါက သိၪၥည္းမင္းႀကီး ေတာလိုက္ရာမွ အျပန္ သစ္ပင္ေပၚတြင္ ေကာင္းျခင္း ငါးျဖာႏွင့္ ျပည့္စုံေသာ မိန္းမပ်ိဳတဦးကို ေတြ႕သည္ႏွင့္ ေမးျမန္းရာ ဖခင္က ေပးစားသည့္ ေယာက်္ားကို ယူ၍ လိုက္ခဲ့စဥ္ ေတာလမ္း တေနရာ၌ ခင္ပြန္းျဖစ္သူက သဖန္းသီးမ်ား ခူးစားေနရာ မိမိက ဆာလွသျဖင့္ ေတာင္းစားေသာ္ "စားလိုလွ်င္ ကိုယ္တိုင္ ခူးစား" ဟု ဆိုေလသည္။

သို႔ႏွင့္ ကိုယ္တိုင္ တက္ခူးခ်ိန္တြင္ ေယာက်္ားက ျပန္မဆင္း ႏိုင္ေအာင္ သစ္ပင္ေအာက္ ေျခတြင္ ဆူးမ်ားျဖင့္ ကာရံ၍ ထြက္ေျပးေတာ့သည္ ဟူ၏။ မင္းႀကီးလည္း ေကာင္းျခင္း ငါးျဖာႏွင့္ လွပတင့္တယ္ေသာ ထိုမိန္းမပ်ိဳကို မိဖုရားေခါင္ အျဖစ္ တင္ေျမႇာက္ခဲ့ေလသည္။ ထို႔ေနာက္ မင္းႀကီးႏွင့္ မိဖုရားႀကီးတို႔ တိုင္းခန္း လွည့္လည္ရင္း တေနရာ အေရာက္တြင္ မိဖုရားႀကီးက ဣေျႏၵမဆည္ႏိုင္ဘဲ ခစ္ခနဲ ရယ္ေတာ္မူသည္ကို မင္းႀကီး ေမးလွ်င္ ဤသို႔ေျဖ၏။

"ႏွမေတာ္ကို ေတာတြင္း၌ ပစ္ေျပး သြားသူသည္ ယခုအခါ လမ္းခင္း ေနရသည္ကို ေတြ႕လွ်င္ ႏွမေတာ္ကဲ့သို႔ ဘုန္းက်က္သေရ ရွိသူကို ဤလူညံ့ မေဆာင္ႏိုင္ရွာ ဟု ေတြးမိ၍ ရယ္မိေၾကာင္းပါ" ဟု မိဖုရားႀကီးက ေျဖသည္။ ဘုရားမင္းႀကီးက မယုံၾကည္၍ ဘုရားေလာင္း မေဟာ္သဓသုခမိန္ကို ေမးရာ ဘုရားေလာင္းက ဤသို႔ရွင္း၏။

"ဤမိန္းမျမတ္ကို ေယာက်္ားက စြန႔္ပစ္သြားသည္ ဟူေသာ စကားကို သားေတာ္ ယုံၾကည္ပါသည္။ ဘုန္းမဲ့ေသ ာသူသည္ ဘုန္းရွိေသာ သူႏွင့္ အတူဆက္ဆံ၍ မေနႏိုင္ေၾကာင္းပါ ဘုရား" ဟူ၏။

ထိုနည္းတူစြာ ဘုန္းကံ ျမင့္မားေသာ မိန္းမေကာင္းေတြကို ညံ့ဖ်င္း သိမ္ႏုပ္ေသာ ေယာက္်ားယုတ္က တန္ဖိုးကို နားမလည္ ေသာေၾကာင့္ စိတ္၏ ဆင္းရဲျခင္း ကိုယ္၏ ဆင္းရဲျခင္း တို႔ကို ျဖစ္ေစလ်က္ မိန္းကေလး ဘက္က စြန႔္ခြာ သြားေအာင္လည္းေကာင္း မိမိကိုယ္တိုင္ စြန႔္ပစ္၍ ေသာ္လည္းေကာင္း သူတို႔၏ ဘုန္းကံ နိမ့္ပါးမႈ အတိုင္း ဘဝကို ေ႐ြးခ်ယ္ ၾကရ၏။

သို႔ျဖစ္ရာ အမ်ိဳးသမီးတို႔သည္ မိမိတို႔၏ တန္ဖိုး ကို ေကာင္းစြာ သိရွိနားလည္ၿပီး တန္ဖိုး ထားတတ္သူႏွင့္ သာလွ်င္ ေကာင္းစြာ ထိုက္တန္ ပါေပ၏။ တကယ္ေတာ့ မိမိကို စြန႔္ပစ္သြားသူသည္ မိမိ၏ ဘုန္းကံ အရွိန္ကို မလႊမ္းမိုးႏိုင္တဲ့ ခပ္ညံ့ညံ့ လူသာ ျဖစ္တဲ့အတြက္ ဝမ္းနည္းဖြယ္ စိုးစဥ္းမွ် မရွိသင့္။ သာလြန္ ျမင့္ျမတ္သူႏွင့္ ဆုံဆည္းရမည့္ မိမိကံကိုသာ ေတြးေတာ ဝမ္းသာသင့္ေတာ့သည္ မဟုတ္ပါလား။

ဒါေၾကာင့္ ကိုယ့္ကို စြန႔္ခြာသြားလို႔ ဝမ္းနည္းပက္လက္ မ်က္ရည္ တစက္စက္နဲ႔ ဘဝေသလို က်န္ခဲ့တဲ့ အမ်ိဳးသမီးေတြကို ေျပာခ်င္တာက သတၱိရွိပါ၊ ဘဝကို လက္ေတြ႕က်က် အေကာင္အထည္ ေဖာ္ပါ၊ သူမ်ား အားမကိုးပါနဲ႔။

တေန႔ ကိုယ့္ဘုန္း ကိုယ့္ကံနဲ႔တန္တဲ့ လူနဲ႔ ႀကဳံလာခဲ့ရင္ ကိုယ့္အေျခအေန တင့္တယ္ လွပေနရမယ္ လို႔ ခံယူထားပါ။ ၿပီးေတာ့ သန႔္ရွင္းစြာ ေနထိုင္ပါ။ စိတ္ေအးခ်မ္း ေပ်ာ္႐ႊင္ေအာင္ ေနပါ။ လွပမႈ ရွိေနပါက ေမာင္ႀကီးမခြာႏိုင္ ျဖစ္ေနမွာ အေသအခ်ာပါ။ မယ္ၿဖိဳး