အက်စကီးမိုးတွေက ဝံပုလွေတွေကို ဖမ်းဖို့ ဖျံသွေးကို သုံးကြပါတယ်။ ပထမဦးဆုံး သူတို့ရဲ့ ထက်ပြီး မြနေအောင် သွေးထားတဲ့ အမဲဖျက်တဲ့ ဓားကို ဖျံသွေးတွေ သုတ်လိမ်းထားတယ်။

ပြီးတော့ အဲဒီဓါးကို ဝံပုလွေတွေ ကျက်စားတဲ့ ရေခဲတောင်ပေါ် တက်ပြီး ဓားကို မြဲနေအောင် စိုက်ကြတယ်။ ပြီးမှ အိမ်ပြန်ပြီး ဝံပုလွေအလာကို စောင့်ကြတာပေါ့။

ဝံပုလွေက ဖျံသွေးတွေ သုတ်လိမ်းထားတဲ့ ဓားကိုမြင်တော့ ပထမ အနံ့ ခံကြည့်တယ်။ ညှီနံ့လေး ရတော့မှ ဘာလဲဆိုပြီး လျက်ကြည့်တယ်။

ဒီအခါမှာ လတ်လတ်ဆတ်ဆတ် ဖျံသွေးက ကောင်းတော့ အကြိုက်တွေ့ပြီး တရစပ် လျက်တော့တာပဲ။ ဒီလိုနဲ့ သွေးတွေ ပေနေတဲ့ ဓားလေးကို တခါလျက်တိုင်း ဓားသွားက သူ့လျှာကို တချက်ချင်း မွန်းနေတော့တာပဲ။

ဒါပေမယ့် သနားစရာ ဝံပုလွေလေးခမျာ သူ့လျှာကို ဓားရှနေတယ် ဆိုတာ လုံးဝမသိဘူး။ ပတ်ဝန်းကျင် အအေးဓာတ်ကြောင့် လျှာက ထုံနေတာကိုး။

နောက်ဆုံးဖျံသွေးသာ အကုန် ကုန်သွားတယ်။ သူက လျက်နေတုန်းပဲ။ ဘာကြောင့်လဲ သိလား။ သူ့လျှာက ထွက်လာတဲ့ သွေးတွေက ဓားသွားမှာ လျက်တိုင်း ပေနေပြီး မကုန်တော့ဘူးကိုး။

ဒီအခါ ဘယ်ကသွေးလဲ ဆိုတာ ဝံပုလွေက သတိမထားမိတော့ဘူး။ သူ စလျက်ခဲ့တဲ့ သွေးအထင်နဲ့ ကိုယ့်သွေးကို အငမ်းမရ စားသုံးနေခဲ့တယ်။

သိပ်မကြာခင်မှာ ဝံပုလွေဟာ သွေးထွက်လွန်ပြီး မောလာတယ်။ ဒါကို ဝံပုလွေလေးခမျာ မသိသေးဘူး။

သနားစရာ ဝံပုလွေဟာ သူ့ခန္ဓာကိုယ်က "တော်ပြီ ရပ်တော့" ဆိုသယောင် အထပ်ထပ် သတိပေးနေတဲ့ သွေးစီးချောင်းတွေကို သတိမပြုမိပဲ တရိပ်ရိပ် ဖြစ်လာတဲ့ ခန္ဓာကိုယ်က ခံစားမှုတွေ အားလုံးကို လစ်လျူရှုလို့ လောဘအတော မသတ်နိုင်ပဲ နောက်ဆုံးမှာ သွေးထွက်လွန်ပြီး သေသွားရှာတယ်။

နောက်တနေ့ ရောက်တော့မှ အက်စကီးမိုးတွေက ဝံပုလွေအသေကို လာသယ်သွားကြတယ်။ ပုံပြင်လေးကတော့ ဒါပါပဲ။

ပုံပြင်လေးထဲက ဝံပုလွေကို သင်ခန်းစာယူလို့ မိမိ လောဘတခုခု အနောက်ကို လွန်လွန်ကျူးကျူး လိုက်မိတဲ့အခါ ပတ်ဝန်းကျင်က သတိပေးတာတွေ ဒါမှမဟုတ်ပဲ ဒီထက်ဆိုးလာလို့ အသွေးအသားကပါ သတိပေးတာတွေကို လက်ခံဆန်းစစ်လို့ လမ်းဆိုးကနေ ဉာဏ်ရှိစွာ ရှောင်နိုင်ကြပါစေ။ phoomyatchal

for zawgyi

ဝံပုေလြႏွင့္ ဖ်ံေသြး

အက္စကီးမိုးေတြက ဝံပုေလြေတြကို ဖမ္းဖို႔ ဖ်ံေသြးကို သုံးၾကပါတယ္။ ပထမဦးဆုံး သူတို႔ရဲ႕ ထက္ၿပီး ျမေနေအာင္ ေသြးထားတဲ့ အမဲဖ်က္တဲ့ ဓားကို ဖ်ံေသြးေတြ သုတ္လိမ္းထားတယ္။

ၿပီးေတာ့ အဲဒီဓါးကို ဝံပုေလြေတြ က်က္စားတဲ့ ေရခဲေတာင္ေပၚ တက္ၿပီး ဓားကို ၿမဲေနေအာင္ စိုက္ၾကတယ္။ ၿပီးမွ အိမ္ျပန္ၿပီး ဝံပုေလြအလာကို ေစာင့္ၾကတာေပါ့။

ဝံပုေလြက ဖ်ံေသြးေတြ သုတ္လိမ္းထားတဲ့ ဓားကိုျမင္ေတာ့ ပထမ အနံ႔ ခံၾကည့္တယ္။ ညႇီနံ႔ေလး ရေတာ့မွ ဘာလဲဆိုၿပီး လ်က္ၾကည့္တယ္။

ဒီအခါမွာ လတ္လတ္ဆတ္ဆတ္ ဖ်ံေသြးက ေကာင္းေတာ့ အႀကိဳက္ေတြ႕ၿပီး တရစပ္ လ်က္ေတာ့တာပဲ။ ဒီလိုနဲ႔ ေသြးေတြ ေပေနတဲ့ ဓားေလးကို တခါလ်က္တိုင္း ဓားသြားက သူ႔လွ်ာကို တခ်က္ခ်င္း မြန္းေနေတာ့တာပဲ။

ဒါေပမယ့္ သနားစရာ ဝံပုေလြေလးခမ်ာ သူ႔လွ်ာကို ဓားရွေနတယ္ ဆိုတာ လုံးဝမသိဘူး။ ပတ္ဝန္းက်င္ အေအးဓာတ္ေၾကာင့္ လွ်ာက ထုံေနတာကိုး။

ေနာက္ဆုံးဖ်ံေသြးသာ အကုန္ ကုန္သြားတယ္။ သူက လ်က္ေနတုန္းပဲ။ ဘာေၾကာင့္လဲ သိလား။ သူ႔လွ်ာက ထြက္လာတဲ့ ေသြးေတြက ဓားသြားမွာ လ်က္တိုင္း ေပေနၿပီး မကုန္ေတာ့ဘူးကိုး။

ဒီအခါ ဘယ္ကေသြးလဲ ဆိုတာ ဝံပုေလြက သတိမထားမိေတာ့ဘူး။ သူ စလ်က္ခဲ့တဲ့ ေသြးအထင္နဲ႔ ကိုယ့္ေသြးကို အငမ္းမရ စားသုံးေနခဲ့တယ္။

သိပ္မၾကာခင္မွာ ဝံပုေလြဟာ ေသြးထြက္လြန္ၿပီး ေမာလာတယ္။ ဒါကို ဝံပုေလြေလးခမ်ာ မသိေသးဘူး။

သနားစရာ ဝံပုေလြဟာ သူ႔ခႏၶာကိုယ္က "ေတာ္ၿပီ ရပ္ေတာ့" ဆိုသေယာင္ အထပ္ထပ္ သတိေပးေနတဲ့ ေသြးစီးေခ်ာင္းေတြကို သတိမျပဳမိပဲ တရိပ္ရိပ္ ျဖစ္လာတဲ့ ခႏၶာကိုယ္က ခံစားမႈေတြ အားလုံးကို လစ္လ်ဴရႈလို႔ ေလာဘအေတာ မသတ္ႏိုင္ပဲ ေနာက္ဆုံးမွာ ေသြးထြက္လြန္ၿပီး ေသသြားရွာတယ္။

ေနာက္တေန႔ ေရာက္ေတာ့မွ အက္စကီးမိုးေတြက ဝံပုေလြအေသကို လာသယ္သြားၾကတယ္။ ပုံျပင္ေလးကေတာ့ ဒါပါပဲ။

ပုံျပင္ေလးထဲက ဝံပုေလြကို သင္ခန္းစာယူလို႔ မိမိ ေလာဘတခုခု အေနာက္ကို လြန္လြန္က်ဴးက်ဴး လိုက္မိတဲ့အခါ ပတ္ဝန္းက်င္က သတိေပးတာေတြ ဒါမွမဟုတ္ပဲ ဒီထက္ဆိုးလာလို႔ အေသြးအသားကပါ သတိေပးတာေတြကို လက္ခံဆန္းစစ္လို႔ လမ္းဆိုးကေန ဉာဏ္ရွိစြာ ေရွာင္ႏိုင္ၾကပါေစ။ phoomyatchal