အတတ်ပညာဆိုတာ အသိပညာကို အခြေခံတယ်

တရက်မှာ လူကြီးတယောက်ဟာ ပလိုင်းတလုံးလွယ်ပြီး ရေအိုင်ထဲဆင်းပြီ ကွန်ပစ်နေတယ်။ ဒါကို ကုန်းပေါ်က ၅ တန်း အရွယ် ကျောင်းသားလေးတယောက်က စိတ်ဝင်တစား ရပ်ကြည့်နေတယ်။ ကြာလာတော့ ကွန်ပစ်နေတဲ့ လူကြီးက သတိထားမိသွားတယ်။

"ဟိုကလေး မင်း ကျောင်းမသွားဘူးလား"

"ဟုတ်ကဲ့ ကျောင်းမတတ်ချင်လို့ပါ"

လူကြီးက ကုန်းပေါ်ပြန်တက်လာတယ်။ ရေလေး ဘာလေးသောက် ထိုင်ချလိုက်ပြီး

"တကယ် ကျောင်းမတက်ချင်တာလား"

"ဟုတ်ကဲ့"

"မင်းအဖေက ဘာလုပ်လဲ"

"ဆံပင်ညှပ် ဆရာပါ"

"အင်း မင်းရော ဆံပင်ညှပ် တတ်ပြီလား။ မညှပ်တတ်သေးပါဘူး"

"ရော့ ဒါ ငါပုဆိုး မင်းအဝတ်စားတွေချွတ်"

"ဘာလုပ်ဖို့လဲ"

"ငါနဲ့အတူ ကွန်ပစ်လေ"

"တကယ်လားဦး"

"တကယ်ပေါ့ကွ"

"ဟုတ်ကဲ့"

ကျောင်းသားလေးလည်း ပျော်ပျော်ရွှင်ရွှင် အဝတ်တွေ လဲလိုက်တယ်။ ပြီးတော့ လူကြီးနဲ့ ကန်ထဲ ဆင်းလိုက်တယ်။

"ရော့ ကလေး ပိုက်ကွန်ကို လက်ဖျံပေါ် ဒီလိုတင် ပြီးရင် စကောလှည့်သလို ဒီလို ပစ်ပစ်ပြီးတာနဲ့ ပြန်မဆွဲနဲ့။ ခဲသီးလေးတွေ အောက်ရောက်အောင် ခဏစောင့်ပြီးရင် ဖြည်းဖြည်းချင်း ပြန်သိမ်း"

လူကြီးက သုံးလေးခါ ပြတယ်။ ပြီးတော့ ကောင်လေးကို ပစ်ခိုင်းတယ်။ ပထမဆုံး စလုပ်တုန်းကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ။ ဆယ်ခါ ဆယ့်ငါးခါလောက် ကျတော့ ကောင်လေး ချွေးအရမ်း ထွက်လာတယ်။ လူလည်း အရမ်း ပင်ပန်းလာတယ်။ ကျောင်းဆင်းချိန် ရောက်ကာနီးတော့ ကောင်လေးကို ခေါ်ပြီး အိုင်တဖက်ကို ဖြတ်တယ်။

ဟိုဖက်ခြမ်းက ချောင်းကလေးမှာ ရေချိုးသန့်စင်ခိုင်းပြီး ပြန်လွှတ်လိုက်တယ်။ ပြန်ခါနီး ကောင်လေးကို မှာလိုက်တယ်။

"မနက်ဖြန် ကျောင်း မတက်ချင်ရင် လာခဲ့ပါ။ မင်းအတွက် ငါ လက်ဆောင်ပေးမယ်"

နောက်တနေ့ကျတော့ ကောင်လေး ရောက်လာတယ်။ အဖြူအစိမ်းလေးနဲ့။

"လာ ကောင်လေး ထမင်းကြမ်းစား ဒါ မနေ့က မင်းပစ်ခဲ့လို့ မိတဲ့ ငါးတွေ။ ဦးတနေ့ကုန် လုပ်တာ ဒါလေးပဲ ရတယ်နော်။ အေးလေကွာ။ ကွန်ဘယ်လောက်ကြီးကြီး အပြည့်ငြိရိုး မရှိပါဘူး။ ကွန်ဆိုတာ အတတ်ပညာတခုပဲ။ ငါးဆိုတာ ကွန်ပစ်သူရဲ့ မျှော်လင့်ချက်လေ။

လာ ကျောင်းဖွင့်ဖို့ ၁၅ မိနစ် လိုသေးတယ်။ မင်းပုဆိုး ခါးထောင်းကျိုက်လိုက် ပြီးရင် ဒီအိုင်ကို ဖြတ်ပြီး ချောင်းနဲ့ အိုင်ကြားက ကုန်းလေးပေါ်တက် ကောင်လေး။ မင်းကြည့်စမ်း ဒီဘက်က ရေအမြဲ စီးနေတဲ့ ချောင်း၊ ဒီဘက်ကတော့ ငါ့တို့ မနေ့က ကွန်ပစ်ခဲ့တဲ့ အိုင်။ ရော့ ခွက်နှစ်ခွက်၊ ချောင်းထဲက ရေကို ခပ်ခဲ့ပြီးရင် အိုင်ထဲက ရေကိုခပ်ခဲ့။ မင်းသာ ရေအရမ်း ဆာတယ်ဆိုရင် ဘယ်ဟာကို သောက်မလဲ"

"ချောင်းထဲက ရေကို သောက်မှာပေါ့။ သူက စီးဆင်းနေတယ် အေးတယ် ကြည်လင်တယ်။ အိုင်ထဲက ရေကတော့ ဗွက်ပုပ်နံ့တွေ သစ်ရွက်ပုပ်တွေနဲ့ နောက်ကျိနေတယ်"

"အဲဒါ မင်းအတွက် ငါပေးတဲ့ လက်ဆောင်ပဲ ကလေး။ ပညာသင်တယ်ဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ။ စိတ်ကို ကြည်လင်စေတယ်။ ဘဝကို အေးချမ်းစေတယ်။ ကျောက်ဆောင် အခက်ခဲတွေကို ဖြတ်သန်းနိုင်တယ်။ မင်း စီးဆင်းတာကို ရပ်လိုက်တာနဲ့ မင်းဘဝထဲကို သစ်ရွက်ခြောက်တွေ ကျလာမယ်။ ပုပ်လာမယ် အနံ့ဆိုးတွေ ထွက်လာမယ်။

စီးဆင်းခွင့် ရှိနေတဲ့ မင်းဘဝကို ဘာလို့ အပုပ်နံတွေနဲ့ ပြည့်စေမှာလဲ။ မင်း အခုလို နေနိုင် ပညာသင်နိုင်ဖို့ ရုန်းကန်နေရတဲ့ မင်းမိဘရဲ့ အခက်ခဲကို သိချင်ရင် သူ့ဆိုင်မှာ တရက်လောက် လေ့လာကြည့်ပါ။ အတတ်ပညာတိုင်းဟာ အသိပညာနဲ့ အခြေခံရတယ်။

ရေပုံးနှစ်ပုံး ထမ်းတာ အသိပညာ မလိုဘူးလို့ မင်းထင်နိုင်ပါတယ်။ ရှေ့နောက် ဟန်ချက်ညီအောင် တံပိုးကို ထားပြီး ထမ်းတတ်မှ အဆင်ပြေတာပါ။ ဒါဟာ ပညာပါပဲ။ ရှေ့က အသိပညာဆို နောက်က အတတ်ပညာပဲ။ မင်းရဲ့ကြိုးစားမှုက တံပိုးပေါ့။ ဒါကို သေချာ မဖိတ်မစင်အောင် ထိန်းသိမ်းရမှာ ထမ်းပိုးနေတဲ့ မင်းပါ ကလေး။ မင်းငါနဲ့ ကွန်ပစ်ချင်သေးလား" Crd

for zawgyi

အတတ္ပညာဆိုတာ အသိပညာကို အေျခခံတယ္

တရက္မွာ လူႀကီးတေယာက္ဟာ ပလိုင္းတလုံးလြယ္ၿပီး ေရအိုင္ထဲဆင္းၿပီ ကြန္ပစ္ေနတယ္။ ဒါကို ကုန္းေပၚက ၅ တန္း အ႐ြယ္ ေက်ာင္းသားေလးတေယာက္က စိတ္ဝင္တစား ရပ္ၾကည့္ေနတယ္။ ၾကာလာေတာ့ ကြန္ပစ္ေနတဲ့ လူႀကီးက သတိထားမိသြားတယ္။

"ဟိုကေလး မင္း ေက်ာင္းမသြားဘူးလား"

"ဟုတ္ကဲ့ ေက်ာင္းမတတ္ခ်င္လို႔ပါ"

လူႀကီးက ကုန္းေပၚျပန္တက္လာတယ္။ ေရေလး ဘာေလးေသာက္ ထိုင္ခ်လိုက္ၿပီး

"တကယ္ ေက်ာင္းမတက္ခ်င္တာလား"

"ဟုတ္ကဲ့"

"မင္းအေဖက ဘာလုပ္လဲ"

"ဆံပင္ညႇပ္ ဆရာပါ"

"အင္း မင္းေရာ ဆံပင္ညႇပ္ တတ္ၿပီလား။ မညႇပ္တတ္ေသးပါဘူး"

"ေရာ့ ဒါ ငါပုဆိုး မင္းအဝတ္စားေတြခြၽတ္"

"ဘာလုပ္ဖို႔လဲ"

"ငါနဲ႔အတူ ကြန္ပစ္ေလ"

"တကယ္လားဦး"

"တကယ္ေပါ့ကြ"

"ဟုတ္ကဲ့"

ေက်ာင္းသားေလးလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အဝတ္ေတြ လဲလိုက္တယ္။ ၿပီးေတာ့ လူႀကီးနဲ႔ ကန္ထဲ ဆင္းလိုက္တယ္။

"ေရာ့ ကေလး ပိုက္ကြန္ကို လက္ဖ်ံေပၚ ဒီလိုတင္ ၿပီးရင္ စေကာလွည့္သလို ဒီလို ပစ္ပစ္ၿပီးတာနဲ႔ ျပန္မဆြဲနဲ႔။ ခဲသီးေလးေတြ ေအာက္ေရာက္ေအာင္ ခဏေစာင့္ၿပီးရင္ ျဖည္းျဖည္းခ်င္း ျပန္သိမ္း"

လူႀကီးက သုံးေလးခါ ျပတယ္။ ၿပီးေတာ့ ေကာင္ေလးကို ပစ္ခိုင္းတယ္။ ပထမဆုံး စလုပ္တုန္းကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ။ ဆယ္ခါ ဆယ့္ငါးခါေလာက္ က်ေတာ့ ေကာင္ေလး ေခြၽးအရမ္း ထြက္လာတယ္။ လူလည္း အရမ္း ပင္ပန္းလာတယ္။ ေက်ာင္းဆင္းခ်ိန္ ေရာက္ကာနီးေတာ့ ေကာင္ေလးကို ေခၚၿပီး အိုင္တဖက္ကို ျဖတ္တယ္။

ဟိုဖက္ျခမ္းက ေခ်ာင္းကေလးမွာ ေရခ်ိဳးသန႔္စင္ခိုင္းၿပီး ျပန္လႊတ္လိုက္တယ္။ ျပန္ခါနီး ေကာင္ေလးကို မွာလိုက္တယ္။

"မနက္ျဖန္ ေက်ာင္း မတက္ခ်င္ရင္ လာခဲ့ပါ။ မင္းအတြက္ ငါ လက္ေဆာင္ေပးမယ္"

ေနာက္တေန႔က်ေတာ့ ေကာင္ေလး ေရာက္လာတယ္။ အျဖဴအစိမ္းေလးနဲ႔။

"လာ ေကာင္ေလး ထမင္းၾကမ္းစား ဒါ မေန႔က မင္းပစ္ခဲ့လို႔ မိတဲ့ ငါးေတြ။ ဦးတေန႔ကုန္ လုပ္တာ ဒါေလးပဲ ရတယ္ေနာ္။ ေအးေလကြာ။ ကြန္ဘယ္ေလာက္ႀကီးႀကီး အျပည့္ၿငိ႐ိုး မရွိပါဘူး။ ကြန္ဆိုတာ အတတ္ပညာတခုပဲ။ ငါးဆိုတာ ကြန္ပစ္သူရဲ႕ ေမွ်ာ္လင့္ခ်က္ေလ။

လာ ေက်ာင္းဖြင့္ဖို႔ ၁၅ မိနစ္ လိုေသးတယ္။ မင္းပုဆိုး ခါးေထာင္းက်ိဳက္လိုက္ ၿပီးရင္ ဒီအိုင္ကို ျဖတ္ၿပီး ေခ်ာင္းနဲ႔ အိုင္ၾကားက ကုန္းေလးေပၚတက္ ေကာင္ေလး။ မင္းၾကည့္စမ္း ဒီဘက္က ေရအၿမဲ စီးေနတဲ့ ေခ်ာင္း၊ ဒီဘက္ကေတာ့ ငါ့တို႔ မေန႔က ကြန္ပစ္ခဲ့တဲ့ အိုင္။ ေရာ့ ခြက္ႏွစ္ခြက္၊ ေခ်ာင္းထဲက ေရကို ခပ္ခဲ့ၿပီးရင္ အိုင္ထဲက ေရကိုခပ္ခဲ့။ မင္းသာ ေရအရမ္း ဆာတယ္ဆိုရင္ ဘယ္ဟာကို ေသာက္မလဲ"

"ေခ်ာင္းထဲက ေရကို ေသာက္မွာေပါ့။ သူက စီးဆင္းေနတယ္ ေအးတယ္ ၾကည္လင္တယ္။ အိုင္ထဲက ေရကေတာ့ ဗြက္ပုပ္နံ႔ေတြ သစ္႐ြက္ပုပ္ေတြနဲ႔ ေနာက္က်ိေနတယ္"

"အဲဒါ မင္းအတြက္ ငါေပးတဲ့ လက္ေဆာင္ပဲ ကေလး။ ပညာသင္တယ္ဆိုတာ စီးဆင္းေနတဲ့ ေရလိုပဲ။ စိတ္ကို ၾကည္လင္ေစတယ္။ ဘဝကို ေအးခ်မ္းေစတယ္။ ေက်ာက္ေဆာင္ အခက္ခဲေတြကို ျဖတ္သန္းႏိုင္တယ္။ မင္း စီးဆင္းတာကို ရပ္လိုက္တာနဲ႔ မင္းဘဝထဲကို သစ္႐ြက္ေျခာက္ေတြ က်လာမယ္။ ပုပ္လာမယ္ အနံ႔ဆိုးေတြ ထြက္လာမယ္။

စီးဆင္းခြင့္ ရွိေနတဲ့ မင္းဘဝကို ဘာလို႔ အပုပ္နံေတြနဲ႔ ျပည့္ေစမွာလဲ။ မင္း အခုလို ေနႏိုင္ ပညာသင္ႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ မင္းမိဘရဲ႕ အခက္ခဲကို သိခ်င္ရင္ သူ႔ဆိုင္မွာ တရက္ေလာက္ ေလ့လာၾကည့္ပါ။ အတတ္ပညာတိုင္းဟာ အသိပညာနဲ႔ အေျခခံရတယ္။

ေရပုံးႏွစ္ပုံး ထမ္းတာ အသိပညာ မလိုဘူးလို႔ မင္းထင္ႏိုင္ပါတယ္။ ေရွ႕ေနာက္ ဟန္ခ်က္ညီေအာင္ တံပိုးကို ထားၿပီး ထမ္းတတ္မွ အဆင္ေျပတာပါ။ ဒါဟာ ပညာပါပဲ။ ေရွ႕က အသိပညာဆို ေနာက္က အတတ္ပညာပဲ။ မင္းရဲ႕ႀကိဳးစားမႈက တံပိုးေပါ့။ ဒါကို ေသခ်ာ မဖိတ္မစင္ေအာင္ ထိန္းသိမ္းရမွာ ထမ္းပိုးေနတဲ့ မင္းပါ ကေလး။ မင္းငါနဲ႔ ကြန္ပစ္ခ်င္ေသးလား" Crd