သိန်းငှက်ဟာ ငှက်မျိုးနွယ်ထဲမှာ ဘုရင်ပဲ ဖြစ်ပါတယ်။ သိန်းငှက်ကို ဘယ်ငှက်ကမှ မယှဉ်ပြိုင်ရဲ ပါဘူး။ ဒါပေမယ့် သိန်းငှက်ကို ကိုက်ရဲတဲ့ ငှက်တကောင် ရှိပါတယ်။ အဲ့ဒီ အကောင်က ကျီးကန်းပဲ။

သိန်းငှက်ရဲ့ အပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်။ အဲဒီလိုမျိုး ဖြစ်လာရင်လည်း သိန်းငှက်ဟာ သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ကျီးကန်းကို ပြန်မတိုက်ခိုက်ပါဘူး။

သိန်းငှက်ဟာ သူ့ရဲ့ အတောင်ပံကို ဖြန့်ပြီး မြင့်သထက် မြင့်အောင် အပေါ်ကို ရောက်အောင် ထပ်ပျံတယ်။ အမြင့် ရောက်သွားတဲ့ အခါ အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ သူ့ဟာသူ ပြုတ်ကျသွားတယ်လို့ ဆိုပါတယ်။

သိန်းငှက်ဆီက သင်ခန်းစာယူပါ။ ကျီးကန်းလို လူနဲ့ ရန်မဖြစ်ပါနဲ့။ အမြင့်ကိုသာ ဆက်တက်ပါ။ ကိုယ့်ကို လာတိုက်ခိုက် သူတွေကို ပြန်တိုက်ခိုက် မနေပါနဲ့။ အမြင့်ဆုံးသာ တက်လှမ်းပါ။ သူ့ဟာသူ ပြုတ်ကျ ကျန်ခဲ့ပါလိမ့်မယ်။

သတိပြုရမှာက ကိုယ်တိုင်က သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့ အရည်အသွေး၊ အရည်အချင်းရှိအောင် ဖြည့်ဖို့ လိုပါတယ်။ သိန်းငှက်လို ကျင့်ကြံ နေထိုင်ပါ။ crd

Zawgyi

သိန္းငွက္ဟာ က်ီးကန္းနဲ႔ ရန္မျဖစ္ဘူး

သိန္းငွက္ဟာ ငွက္မ်ိဳးႏြယ္ထဲမွာ ဘုရင္ပဲ ျဖစ္ပါတယ္။ သိန္းငွက္ကို ဘယ္ငွက္ကမွ မယွဥ္ၿပိဳင္ရဲ ပါဘူး။ ဒါေပမယ့္ သိန္းငွက္ကို ကိုက္ရဲတဲ့ ငွက္တေကာင္ ရွိပါတယ္။ အဲ့ဒီ အေကာင္က က်ီးကန္းပဲ။

သိန္းငွက္ရဲ႕ အေပၚကို တက္ၿပီး ကိုက္ရဲတာ က်ီးကန္းပဲ ရွိတယ္။ အဲဒီလိုမ်ိဳး ျဖစ္လာရင္လည္း သိန္းငွက္ဟာ သူ႔ရဲ႕ အခ်ိန္နဲ႔ အင္အားကို ျဖဳန္းၿပီး က်ီးကန္းကို ျပန္မတိုက္ခိုက္ပါဘူး။

သိန္းငွက္ဟာ သူ႔ရဲ႕ အေတာင္ပံကို ျဖန႔္ၿပီး ျမင့္သထက္ ျမင့္ေအာင္ အေပၚကို ေရာက္ေအာင္ ထပ္ပ်ံတယ္။ အျမင့္ ေရာက္သြားတဲ့ အခါ ေအာက္စီဂ်င္ နည္းသြားတဲ့ က်ီးကန္းဟာ သူ႔ဟာသူ ျပဳတ္က်သြားတယ္လို႔ ဆိုပါတယ္။

သိန္းငွက္ဆီက သင္ခန္းစာယူပါ။ က်ီးကန္းလို လူနဲ႔ ရန္မျဖစ္ပါနဲ႔။ အျမင့္ကိုသာ ဆက္တက္ပါ။ ကိုယ့္ကို လာတိုက္ခိုက္ သူေတြကို ျပန္တိုက္ခိုက္ မေနပါနဲ႔။ အျမင့္ဆုံးသာ တက္လွမ္းပါ။ သူ႔ဟာသူ ျပဳတ္က် က်န္ခဲ့ပါလိမ့္မယ္။

သတိျပဳရမွာက ကိုယ္တိုင္က သိန္းငွက္လိုမ်ိဳး အျမင့္ပ်ံႏိုင္တဲ့ အရည္အေသြး၊ အရည္အခ်င္းရွိေအာင္ ျဖည့္ဖို႔ လိုပါတယ္။ သိန္းငွက္လို က်င့္ႀကံ ေနထိုင္ပါ။ crd