PISA ရဲ့ ranking တွေအရ ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံတို့ရဲ့ ပညာရေးစနစ်က အခြားနိုင်ငံတွေထက် ရှေ့ရောက်နေပါတယ်။ သင်္ချာ၊ အဖတ်စွမ်းရည်နဲ့ သိပ္ပံဘာသာရပ်တို့မှာလည်း ပိုပြီးထူးချွန်ကြပါတယ်။

အဲဒါကြောင့် အရှေ့နိုင်ငံတွေမှာ ပညာရေးတိုးတက်အောင် ကလေးတွေကို ဘယ်လိုနည်းတွေနဲ့ ပြုစုပျိုးထောင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

ပညာရေးက ဘဝမှာ အရေးအကြီးဆုံးလို့ မယူဆကြပါဘူး။

ကလေးရဲ့ပထမ ၂ နှစ်အတွင်းမှာ စိတ်ခံစားချက်တွေက အရေးကြီးတယ်လို့ ယူဆကြပါတယ်။ အဲဒါကြောင့် ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေကို ပိုပြီး ဦးစားပေးကြပါတယ်။

မိဘတွေက ကလေးကို အချိန်ပေးပြီး ပြုစုပျိုးထောင်ကြပါတယ်။ ကလေးတွေ ငယ်စဉ်ကတည်းက မိဘတွေက စံပြဖြစ်အောင် နေထိုင်ကြပါတယ်။

အတွေအကြုံက တန်ဖိုးရှိပါတယ်။

ဘဝရဲ့အချို့သော အတွေ့အကြုံတွေဟာ ငွေနဲ့ ဝယ်ယူလို့မရနိုင်ပါဘူး။ အရှေ့တိုင်းမှာတော့ ကလေးတွေကို အတွေ့အကြုံရစေဖို့ အချို့သော အခြေအနေတွေမှာ လွှတ်ထားလိုက်ကြပါတယ်။

အဲဒီအခါ ကောင်းတာ၊ ဆိုးတာတွေကို အများကြီးပြောနေစရာမလိုတော့ဘဲ ကလေးက အတွေ့အကြုံကနေ တစ်ဆင့်သိသွားပါတယ်။ ရရှိလာတဲ့အတွေ့အကြုံတွေကနေ ဖန်တီးတွေးခေါ်မှုတွေ ကောင်းလာပါတယ်။

အခြားသူတွေကို လေးစားတတ်အောင် သင်ကြားပေးလေ့ရှိပါတယ်။

ကလေးတွေကို ငယ်စဉ်ကတည်း အခြားသူတွေကို လေးစားတတ်အောင်၊ တိရစ္ဆာန်လေးတွေအပေါ် ကြင်နာတတ်အောင် မိဘတွေက သွန်သင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိစေဖို့အပြင် သဘာဝတရားကို ချစ်တတ်အောင်လည်း မိဘတွေက သင်ပေးတတ်ကြပါတယ်။

အသက် ၃ နှစ်အရွယ်ကတည်းက အားကစားနဲ့ အတန်းပညာရေးကို စတင်သင်ကြားကြပါတယ်။

က‌လေးတွေကို ကိုယ်အမူအရာယဉ်ကျေးအောင် သင်ကြားပေးပြီးနောက်မှာတော့ အတန်းပညာရေးကို စတင်သင်ကြားပါတယ်။ အသက် ၃ နှစ်အရွယ်ကလေးက အချိန်ဇယားတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။

အသက် ၄ နှစ်အရွယ်ရောက်ရင် အခြေခံသင်္ချာနဲ့သဒ္ဒါကို လေ့လာနေနိုင်ပါပြီ။ အသက် ၅ နှစ်မှာတော့ ကျောင်းသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

မူလတန်းကျောင်းကို ကိုယ့်အားကိုယ်ကိုးပြီး သွားတတ်ကြပါတယ်။

ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံက အသက် ၆ နှစ်အရွယ်ကလေးတွေက ကျောင်းကို သူတို့ဘာသာ သွားနိုင်ကြပြီး အမေတွေက ကျောင်းလိုက်မပို့ကြပါဘူး။ ကျောင်းစတက်တဲ့အချိန်မှာ ကလေးတွေက ကိန်းဂဏန်းတွေကို ရေတွက်တာနိုင်ပြီး ဆိုင်းဘုတ်အမှတ်အသားတွေကို ဖတ်နိုင်နေပါပြီ။

ဘဝအတွက် စိတ်ဝင်စားတဲ့လမ်းကြောင်းကို ကိုယ်တိုင်ပဲ ရွေးချယ်လေ့ရှိကြပါတယ်။

အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ်တွေက ကိုယ့်အားကိုယ်ကိုးနိုင်ပြီး ရည်မှန်းချက်တွေကို ရွေးချယ်လာကြပါတယ်။ အရှေ့တိုင်းနိုင်ငံတွေရဲ့ ပညာရေးစနစ်မှာ ကလေးတွေကို ထက်မြက်အောင်၊ ရိုးရာတွေကို လေးစားတတ်အောင်၊ အသင်းအဖွဲ့နဲ့လုပ်ဆောင်တတ်အောင်၊ လေးစားမှုထားတတ်အောင် သင်ကြားပေးလေ့ရှိပါတယ်။

အဲဒါကြောင့် ကလေးတွေက ဆယ်ကျော်သက်အရွယ်တွေဖြစ်ပေမယ့်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ၊ ကိုယ်ပိုင်စည်းကမ်းတွေနဲ့ စိတ်ဝင်စားတဲ့အလုပ်အကိုင်တွေကို အမှီအခိုကင်းကင်း ရွေးချယ်ကြပါတယ်။

Zombie (lovemedia)