အာလူးကြော်တွေ၊ ဘာဂါတွေက ကိုယ်အလေးချိန် အများကြီး တက်သွားစေတဲ့ အစားအစာတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် ဘာဂါစားရင်း ကယ်လိုရီတွေ ကျစေမယ့်နည်းကိုတော့ တရုတ်နိုင်ငံက McDonald ဆိုင်က အကြံရသွားပါတယ်။

အဲဒီဆိုင်က ဆိုင်ထဲမှာ ထိုင်ခုံတွေ စားပွဲတွေမထားဘဲ အားကစားစက်ဘီးလေးတွေကို အစားထိုးထား လိုက်တာပါ။ အားကစားစက်ဘီးလေးတွေကို ပြန်လည်သုံးနိုင်တဲ့ ပလက်စတစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ အဲဒါကြောင့် အစားအသောက်တွေစားရင်း လေ့ကျင့်ခန်းလုပ်လို့ ရသွားပါပြီ။

အဲဒီ စားသောက်ဆိုင်ကတော့ တရုတ်နိုင်ငံက Gunagdong မှာ တည်ရှိပါတယ်။ အစားစားရင်း စက်ဘီးစီးနိုင်တာကြောင့် စားလိုက်တဲ့ ကယ်လိုရီမှန်သမျှ လောင်ကျွမ်းသွားစေပါတယ်။ ဒါ့အပြင် ဆိုင်မှာ လာစားသူတွေအတွက် စက်ဘီးစီးရင်း ထွက်လာတဲ့ စွမ်းအင်ကနေ ဖုန်းအားသွင်းလို့ ရပါတယ်။

တရုတ်နိုင်ငံထဲမှာ အစားအသောက် မှာစားရင်း စက်ဘီးစီးလို့ရတဲ့ McDonald ဆိုင်နှစ်ဆိုင် ရှိပါတယ်။ တစ်ဆိုင်က Guangdong နဲ့ တစ်ဆိုင်က Shanghai မှာရှိပါတယ်။ နှစ်ဆိုင်ပေါင်းမှာ စက်ဘီး ၁၀ စီးရှိပါတယ်။

" စက်ဘီးက လျှပ်စစ်ကို ထုတ်လုပ်ပေးတာကြောင့် ဖုန်းအားသွင်းလို့ရတယ်။ ပြီးတော့ ပလက်စတစ်ပစ္စည်းတွေကို recycle ပြန်သုံးထားလို့ရကြောင့် တီထွင်ထားတာပါ" လို့ McDonald's China က ပြောပါတယ်။

ဘာဂါစားရင်း စက်ဘီးစီးနေတဲ့ video တစ်ခုကို အမျိုးသမီး တစ်ယောက်က tiktokမှာ တင်လိုက်တဲ့အခါ လူကြိုက် အရမ်းများသွားပါတယ်။ အခြားစားသောက်ဆိုင်တွေလည်း ဒီနည်းကို သုံးသင့်ကြောင့်လည်း အကြံပြုထားကြပါတယ်။

အစားအသောက်တွေ စားရင်း စက်ဘီးစီးနိုင်တာကြောင့် လာစားသူတွေကလည်း သဘောကျကြပါတယ်။ စက်ဘီးတွေကို စွန့်ပစ်ပလက်စတစ် ပစ္စည်းတွေကနေ ပြန်လည်တီထွင်ထားတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားလည်း ဖြစ်စေပါတယ်။

video

Zombie (lovemedia)

for zawgyi

စားသေလာက္ ကယ္လိုရီေတြက်ေစဖို႔ အားကစားစက္ဘီးေတြ တပ္ဆင္ေပးထားတဲ့ စားေသာက္ဆိုင္ (႐ုပ္သံ)

အာလူးေၾကာ္ေတြ၊ ဘာဂါေတြက ကိုယ္အေလးခ်ိန္ အမ်ားႀကီး တက္သြားေစတဲ့ အစားအစာေတြထဲက တစ္ခုပါပဲ။ ဒါေပမယ့္ ဘာဂါစားရင္း ကယ္လိုရီေတြက်ေစမယ့္နည္းကိုေတာ့ တ႐ုတ္ႏိုင္ငံက McDonald ဆိုင္က အႀကံရသြားပါတယ္။

အဲဒီဆိုင္က ဆိုင္ထဲမွာ ထိုင္ခုံေတြ စားပြဲေတြမထားဘဲ အားကစားစက္ဘီးေလးေတြကို အစားထိုးထား လိုက္တာပါ။ အားကစားစက္ဘီးေလးေတြကို ျပန္လည္သုံးႏိုင္တဲ့ ပလက္စတစ္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားပါတယ္။ အဲဒါေၾကာင့္ အစားအေသာက္ေတြစားရင္း ေလ့က်င့္ခန္းလုပ္လို႔ ရသြားပါၿပီ။

အဲဒီ စားေသာက္ဆိုင္ကေတာ့ တ႐ုတ္ႏိုင္ငံက Gunagdong မွာ တည္ရွိပါတယ္။ အစားစားရင္း စက္ဘီးစီးႏိုင္တာေၾကာင့္ စားလိုက္တဲ့ ကယ္လိုရီမွန္သမွ် ေလာင္ကြၽမ္းသြားေစပါတယ္။ ဒါ့အျပင္ ဆိုင္မွာ လာစားသူေတြအတြက္ စက္ဘီးစီးရင္း ထြက္လာတဲ့ စြမ္းအင္ကေန ဖုန္းအားသြင္းလို႔ ရပါတယ္။

တ႐ုတ္ႏိုင္ငံထဲမွာ အစားအေသာက္ မွာစားရင္း စက္ဘီးစီးလို႔ရတဲ့ McDonald ဆိုင္ႏွစ္ဆိုင္ ရွိပါတယ္။ တစ္ဆိုင္က Guangdong နဲ႔ တစ္ဆိုင္က Shanghai မွာရွိပါတယ္။ ႏွစ္ဆိုင္ေပါင္းမွာ စက္ဘီး ၁၀ စီးရွိပါတယ္။

" စက္ဘီးက လွ်ပ္စစ္ကို ထုတ္လုပ္ေပးတာေၾကာင့္ ဖုန္းအားသြင္းလို႔ရတယ္။ ၿပီးေတာ့ ပလက္စတစ္ပစၥည္းေတြကို recycle ျပန္သုံးထားလို႔ရေၾကာင့္ တီထြင္ထားတာပါ" လို႔ McDonald's China က ေျပာပါတယ္။

ဘာဂါစားရင္း စက္ဘီးစီးေနတဲ့ video တစ္ခုကို အမ်ိဳးသမီး တစ္ေယာက္က tiktokမွာ တင္လိုက္တဲ့အခါ လူႀကိဳက္ အရမ္းမ်ားသြားပါတယ္။ အျခားစားေသာက္ဆိုင္ေတြလည္း ဒီနည္းကို သုံးသင့္ေၾကာင့္လည္း အႀကံျပဳထားၾကပါတယ္။

အစားအေသာက္ေတြ စားရင္း စက္ဘီးစီးႏိုင္တာေၾကာင့္ လာစားသူေတြကလည္း သေဘာက်ၾကပါတယ္။ စက္ဘီးေတြကို စြန႔္ပစ္ပလက္စတစ္ ပစၥည္းေတြကေန ျပန္လည္တီထြင္ထားတာေၾကာင့္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းၿပီးသားလည္း ျဖစ္ေစပါတယ္။

Zombie (lovemedia)