တခါက ဆောက်လုပ်ရေးလုပ်သားကြီး တဦးဟာ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း လက်မကို မတော်တဆ တူနဲ့ ထုမိပါသတဲ့။ အဲဒီလို မတော်တဆ ထိခိုက်မိတဲ့အတွက် သူဟာ အလုပ်ကို ခေတ္တခဏ ခွင့်တောင်းပြီး အနီးဆုံး ဆေးခန်းတခုကို သွားရောက်ခဲ့တယ်။

သူဆေးခန်းထဲကို ဝင်လိုက်တဲ့ အခါမှာတော့ ဆေးခန်းဟာ အင်မတန် စနစ်တကျ စီမံခန့်ခွဲထားတဲ့ ဆေးခန်းဖြစ်ကြောင်းကို သူတွေ့လိုက်ရတယ်။ အကြောင်းကတော့ ဆေးခန်းဝင်ဝင်ချင်းမှာတင် စံနစ်တကျ ခွဲခြားထားတဲ့ ရွေးချယ်စရာ တံခါးပေါက် နှစ်ခုကို တွေ့လိုက်ရလို့ပဲ ဖြစ်တယ်။ တံခါးတချပ်မှာ "ရောဂါဘယကုသခန်း" လို့ ရေးထားပြီး အခြားသော တံခါးတချပ် မှာတော့ "မတော်တဆ ထိခိုက်ဒဏ်ရာများကုသခန်း" လို့ ရေးထားတာကို သူတွေ့လိုက်ရတယ်။

အဲဒီလို တံခါးနှစ်ပေါက်ကို တွေ့တဲ့အခါ လုပ်သားက ဒီလို စဉ်းစားတယ် "အင်း ငါက ဖျားတာလည်း မဟုတ်၊ နေထိုင်မကောင်းတာလဲ မဟုတ်ဘူး။ မတော်တဆ တူနဲ့ ထုမိတာ ဆိုတော့ မတော်တဆထိခိုက်ဒဏ်ရာများ ဆိုတဲ့ အခန်းကို ဝင်ရမယ်" အဲဒီနောက် လုပ်သားကြီးဟာ မတော်တဆ ထိခိုက်ဒဏ်ရာများ ကုသခန်း ဆိုတဲ့ တံခါးကနေ ဝင်ရောက်လိုက်တယ်။

အဲဒီမှာတင် သူ့အတွက် ရွေးချယ်စရာ တံခါးနှစ်ခု ထပ်မံပြီး တွေ့ပြန်တယ်။ တချပ်မှာတော့ "အတွင်းဒဏ်ရာ" လို့ ရေးသားထားပြီး နောက်တချပ်မှာတော့ "ပြင်ပဒဏ်ရာ" လို့ ရေးထားတာကို တွေ့လိုက်ရ ပြန်တယ်။ အဲဒီအခါမှာလည်း လုပ်သားကြီးက ဒီလိုတွေးပြန်တယ်။ ငါထိခိုက်မိတာ လက်မ ဆိုတော့ အပြင်မှာ ဖြစ်တာပေါ့။ အဲဒီလိုနဲ့ လုပ်သားကြီးဟာ ပြင်ပဒဏ်ရာဆိုတဲ့ အခန်းထဲကို ဝင်ရောက်လိုက် ပြန်တယ်။

အဲဒီမှာလည်း သူ့အတွက် တံခါးနှစ်ပေါက် ထပ်မံပြီး တွေ့လိုက်ပြန်တယ်။ လုပ်သားကြီးက "ဟ တွေ့ပြန်ပြီဟ" လို့ ရေရွတ်ပြီး တံခါးနှစ်ချပ်ရဲ့ စာကို ဖတ်ရှုပြန်တယ်။ ပထမတံခါးရဲ့ အထက်မှာတော့ "ခွဲစိတ်ကုသရန်" လို့ ရေးထားပြီး ဒုတိယတံခါးမှာတော့ "သာမန်ကုသမှု" ရယ်လို့ ရေးထားတာကို တွေ့ရပြန်တယ်။

အဲဒီအခါမှာလည်း လုပ်သားကြီးက ဒီလိုတွေးပြန်တယ်။ "ငါ့ဒဏ်ရာက ခွဲဖို့မှ မလိုတာ သာမန်ပဲ" လို့ လုပ်သားကြီးဟာ တွေးတောပြီး သာမန်ကုသမှုဆိုတဲ့ တံခါးကို ဝင်ရောက်ခဲ့ပြန်တယ်။ အဲဒီလို သာမန်ကုသခန်းထဲကို ဝင်ရောက်လိုက်စဉ်မှာလည်း လုပ်သားကြီးအတွက် နောက်ထပ် ရွေးချယ်စရာ တံခါးနှစ်ပေါက် တွေ့လာပြန်တယ်။ လုပ်သားကြီးဟာ ခါတိုင်းလိုပဲ တံခါးနှစ်ချပ်ရဲ့စာကို မတ်တပ်ရပ်ပြီး ဖတ်ရှုပြန်တယ်။

အဲဒီအခါမှာလည်း ပထမတံခါးမှာ "အသေးအဖွဲဒဏ်ရာများ" လို့ ရေးထားပြီး၊ ဒုတိယတံခါးမှာတော့ "ပြင်းထန်သောဒဏ်ရာများ" လို့ ရေးထားတာကို တွေ့ပြန်တယ်။ အဲဒီအခါမှာလည်း လုပ်သားကြီးက စဉ်းစားပြန်တယ်။ "အင်း ငါ့ဒဏ်ရာက သာမန်ထိခိုက်မိတာလေးပဲ။ အသေးအဖွဲထဲကို ဝင်မှ"

အဲဒီလိုနဲ့ လုပ်သားကြီးဟာ အသေးအဖွဲခန်းထဲကို ဝင်ရောက်လိုက်တယ်။ အဲဒီမှာတင် သူ့အထွက် အံ့အားသင့်စရာ တခုကို တွေ့လိုက်ရတယ်။ အဲဒါကတော့ သူဟာ ဆေးခန်းရဲ့ အပြင်ကို ပြန်လည်ရောက်ရှိသွားတာပဲ ဖြစ်တယ်။ အဲဒီအခါမှာတော့ လက်သမားကြီးဟာ တစုံတရာကို တွေးတောပြီး ပြုံးရယ်ခဲ့ပြန်တယ်။ အဲဒီနောက်မှာတော့ ခေါင်းတညိမ့်ညိမ့် လုပ်ခါ အလုပ်ခွင်ကို ပြန်သွားပါတော့သတဲ့။

ကျွန်တော်တို့ လူသားတွေရဲ့ စိုးရိမ်ပူပန်မှုကို သုတေသီတွေက သိပ္ပံနည်းကျ စစ်တမ်း ကောက်ယူကြည့်တဲ့အခါ ပူပန်ခြင်းရဲ့ ၈၅ ရာနှုန်းဟာ အမှန်တကယ် ဖြစ်မလာတဲ့ အကြောင်းအရာတွေ ဖြစ်နေတာကို အံ့သြဖွယ် တွေ့ခဲ့ကြတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်း ကသာ အပြင်လောကမှာ အမှန်တကယ် အကြပ်အတည်း တွေ့နိုင်တဲ့ အရာတွေပဲ ဖြစ်တယ်လို့သုတေသီတွေက ဆိုကြတယ်။

အဲဒီ ၁၅ ရာခိုင်နှုန်းသော ပူပန်မှုကို စစ်မှန်သော ပူပန်မှုလို့ နာမည်တပ်ခဲ့မယ် ဆိုရင်တောင် ကျွန်တော်တို့တွေဟာ အဲဒီ စစ်မှန်သော ပူပန်မှုရဲ့ ၇၉ ရာနှုန်းဟာ စနစ်တကျ ဖြေရှင်းလွန်မြောက်နိုင်တဲ့ အရာတွေပဲ ဖြစ်ကြတယ်လို့ ဆိုတယ်။ အားလုံးကို ခြုံငုံတွက်ချက်ကြည့်တဲ့ အခါမှာတော့ ကျွန်တော်တို့ပူပန်ခြင်း ၁၀၀ မှာ ၉၇ ရာခိုင်နှုန်းဟာ အမှန်တကယ် မဖြစ်နိုင်တဲ့အရာတွေကို ပူပန်နေကြတာချည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မှန်ကန်တဲ့ အသိပညာ မရှိသေးသ၍ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဝေးနေကြဦးမှာပဲ။ အဲ့ဒီအခါကျရင် မှန်ကန်တဲ့ဘဝနေထိုင်နည်းနဲ့ ဝေးသထက် ဝေးနေကြရ ပါဦးမယ်။ အေးချမ်းပေါ့ပါး၍ ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ။ crd

for zawgyi

အေသးအဖြဲေလးမ်ား

တခါက ေဆာက္လုပ္ေရးလုပ္သားႀကီး တဦးဟာ လုပ္ငန္းခြင္မွာ အလုပ္လုပ္ေနရင္း လက္မကို မေတာ္တဆ တူနဲ႔ ထုမိပါသတဲ့။ အဲဒီလို မေတာ္တဆ ထိခိုက္မိတဲ့အတြက္ သူဟာ အလုပ္ကို ေခတၱခဏ ခြင့္ေတာင္းၿပီး အနီးဆုံး ေဆးခန္းတခုကို သြားေရာက္ခဲ့တယ္။

သူေဆးခန္းထဲကို ဝင္လိုက္တဲ့ အခါမွာေတာ့ ေဆးခန္းဟာ အင္မတန္ စနစ္တက် စီမံခန႔္ခြဲထားတဲ့ ေဆးခန္းျဖစ္ေၾကာင္းကို သူေတြ႕လိုက္ရတယ္။ အေၾကာင္းကေတာ့ ေဆးခန္းဝင္ဝင္ခ်င္းမွာတင္ စံနစ္တက် ခြဲျခားထားတဲ့ ေ႐ြးခ်ယ္စရာ တံခါးေပါက္ ႏွစ္ခုကို ေတြ႕လိုက္ရလို႔ပဲ ျဖစ္တယ္။ တံခါးတခ်ပ္မွာ "ေရာဂါဘယကုသခန္း" လို႔ ေရးထားၿပီး အျခားေသာ တံခါးတခ်ပ္ မွာေတာ့ "မေတာ္တဆ ထိခိုက္ဒဏ္ရာမ်ားကုသခန္း" လို႔ ေရးထားတာကို သူေတြ႕လိုက္ရတယ္။

အဲဒီလို တံခါးႏွစ္ေပါက္ကို ေတြ႕တဲ့အခါ လုပ္သားက ဒီလို စဥ္းစားတယ္ "အင္း ငါက ဖ်ားတာလည္း မဟုတ္၊ ေနထိုင္မေကာင္းတာလဲ မဟုတ္ဘူး။ မေတာ္တဆ တူနဲ႔ ထုမိတာ ဆိုေတာ့ မေတာ္တဆထိခိုက္ဒဏ္ရာမ်ား ဆိုတဲ့ အခန္းကို ဝင္ရမယ္" အဲဒီေနာက္ လုပ္သားႀကီးဟာ မေတာ္တဆ ထိခိုက္ဒဏ္ရာမ်ား ကုသခန္း ဆိုတဲ့ တံခါးကေန ဝင္ေရာက္လိုက္တယ္။

အဲဒီမွာတင္ သူ႔အတြက္ ေ႐ြးခ်ယ္စရာ တံခါးႏွစ္ခု ထပ္မံၿပီး ေတြ႕ျပန္တယ္။ တခ်ပ္မွာေတာ့ "အတြင္းဒဏ္ရာ" လို႔ ေရးသားထားၿပီး ေနာက္တခ်ပ္မွာေတာ့ "ျပင္ပဒဏ္ရာ" လို႔ ေရးထားတာကို ေတြ႕လိုက္ရ ျပန္တယ္။ အဲဒီအခါမွာလည္း လုပ္သားႀကီးက ဒီလိုေတြးျပန္တယ္။ ငါထိခိုက္မိတာ လက္မ ဆိုေတာ့ အျပင္မွာ ျဖစ္တာေပါ့။ အဲဒီလိုနဲ႔ လုပ္သားႀကီးဟာ ျပင္ပဒဏ္ရာဆိုတဲ့ အခန္းထဲကို ဝင္ေရာက္လိုက္ ျပန္တယ္။

အဲဒီမွာလည္း သူ႔အတြက္ တံခါးႏွစ္ေပါက္ ထပ္မံၿပီး ေတြ႕လိုက္ျပန္တယ္။ လုပ္သားႀကီးက "ဟ ေတြ႕ျပန္ၿပီဟ" လို႔ ေရ႐ြတ္ၿပီး တံခါးႏွစ္ခ်ပ္ရဲ႕ စာကို ဖတ္ရႈျပန္တယ္။ ပထမတံခါးရဲ႕ အထက္မွာေတာ့ "ခြဲစိတ္ကုသရန္" လို႔ ေရးထားၿပီး ဒုတိယတံခါးမွာေတာ့ "သာမန္ကုသမႈ" ရယ္လို႔ ေရးထားတာကို ေတြ႕ရျပန္တယ္။

အဲဒီအခါမွာလည္း လုပ္သားႀကီးက ဒီလိုေတြးျပန္တယ္။ "ငါ့ဒဏ္ရာက ခြဲဖို႔မွ မလိုတာ သာမန္ပဲ" လို႔ လုပ္သားႀကီးဟာ ေတြးေတာၿပီး သာမန္ကုသမႈဆိုတဲ့ တံခါးကို ဝင္ေရာက္ခဲ့ျပန္တယ္။ အဲဒီလို သာမန္ကုသခန္းထဲကို ဝင္ေရာက္လိုက္စဥ္မွာလည္း လုပ္သားႀကီးအတြက္ ေနာက္ထပ္ ေ႐ြးခ်ယ္စရာ တံခါးႏွစ္ေပါက္ ေတြ႕လာျပန္တယ္။ လုပ္သားႀကီးဟာ ခါတိုင္းလိုပဲ တံခါးႏွစ္ခ်ပ္ရဲ႕စာကို မတ္တပ္ရပ္ၿပီး ဖတ္ရႈျပန္တယ္။

အဲဒီအခါမွာလည္း ပထမတံခါးမွာ "အေသးအဖြဲဒဏ္ရာမ်ား" လို႔ ေရးထားၿပီး၊ ဒုတိယတံခါးမွာေတာ့ "ျပင္းထန္ေသာဒဏ္ရာမ်ား" လို႔ ေရးထားတာကို ေတြ႕ျပန္တယ္။ အဲဒီအခါမွာလည္း လုပ္သားႀကီးက စဥ္းစားျပန္တယ္။ "အင္း ငါ့ဒဏ္ရာက သာမန္ထိခိုက္မိတာေလးပဲ။ အေသးအဖြဲထဲကို ဝင္မွ"

အဲဒီလိုနဲ႔ လုပ္သားႀကီးဟာ အေသးအဖြဲခန္းထဲကို ဝင္ေရာက္လိုက္တယ္။ အဲဒီမွာတင္ သူ႔အထြက္ အံ့အားသင့္စရာ တခုကို ေတြ႕လိုက္ရတယ္။ အဲဒါကေတာ့ သူဟာ ေဆးခန္းရဲ႕ အျပင္ကို ျပန္လည္ေရာက္ရွိသြားတာပဲ ျဖစ္တယ္။ အဲဒီအခါမွာေတာ့ လက္သမားႀကီးဟာ တစုံတရာကို ေတြးေတာၿပီး ၿပဳံးရယ္ခဲ့ျပန္တယ္။ အဲဒီေနာက္မွာေတာ့ ေခါင္းတညိမ့္ညိမ့္ လုပ္ခါ အလုပ္ခြင္ကို ျပန္သြားပါေတာ့သတဲ့။

ကြၽန္ေတာ္တို႔ လူသားေတြရဲ႕ စိုးရိမ္ပူပန္မႈကို သုေတသီေတြက သိပၸံနည္းက် စစ္တမ္း ေကာက္ယူၾကည့္တဲ့အခါ ပူပန္ျခင္းရဲ႕ ၈၅ ရာႏႈန္းဟာ အမွန္တကယ္ ျဖစ္မလာတဲ့ အေၾကာင္းအရာေတြ ျဖစ္ေနတာကို အံ့ၾသဖြယ္ ေတြ႕ခဲ့ၾကတယ္။ က်န္တဲ့ ၁၅ ရာခိုင္ႏႈန္း ကသာ အျပင္ေလာကမွာ အမွန္တကယ္ အၾကပ္အတည္း ေတြ႕ႏိုင္တဲ့ အရာေတြပဲ ျဖစ္တယ္လို႔သုေတသီေတြက ဆိုၾကတယ္။

အဲဒီ ၁၅ ရာခိုင္ႏႈန္းေသာ ပူပန္မႈကို စစ္မွန္ေသာ ပူပန္မႈလို႔ နာမည္တပ္ခဲ့မယ္ ဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ေတြဟာ အဲဒီ စစ္မွန္ေသာ ပူပန္မႈရဲ႕ ၇၉ ရာႏႈန္းဟာ စနစ္တက် ေျဖရွင္းလြန္ေျမာက္ႏိုင္တဲ့ အရာေတြပဲ ျဖစ္ၾကတယ္လို႔ ဆိုတယ္။ အားလုံးကို ၿခဳံငုံတြက္ခ်က္ၾကည့္တဲ့ အခါမွာေတာ့ ကြၽန္ေတာ္တို႔ပူပန္ျခင္း ၁၀၀ မွာ ၉၇ ရာခိုင္ႏႈန္းဟာ အမွန္တကယ္ မျဖစ္ႏိုင္တဲ့အရာေတြကို ပူပန္ေနၾကတာခ်ည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

မွန္ကန္တဲ့ အသိပညာ မရွိေသးသ၍ မွန္ကန္တဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ ေဝးေနၾကဦးမွာပဲ။ အဲ့ဒီအခါက်ရင္ မွန္ကန္တဲ့ဘဝေနထိုင္နည္းနဲ႔ ေဝးသထက္ ေဝးေနၾကရ ပါဦးမယ္။ ေအးခ်မ္းေပါ့ပါး၍ ေပ်ာ္႐ႊင္ေသာ ေန႔ရက္မ်ားကို ပိုင္ဆိုင္ၾကပါေစ။ crd