နေ့လယ်ဘက် တရေးတမောအိပ်စက်တာက ခန္ဓာကိုယ်ဝလာတတ်တယ်လို့ အချို့တွေက ယူဆကြပါတယ်။ တကယ်တော့ တစ်ပတ်ကို ၂ ရက်ခန့် နေ့လယ်နေ့ခင်း တရေးတမောအိပ်စက်တာက ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။

ဆွစ်ဇာလန်နိုင်ငံက University Hospital of Lausanne ဆေးရုံဟာ နေ့လယ်ခင်းတရေးအိပ်တာနဲ့ ပတ်သက်ပြီး လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့လေ့လာမှုမှာ အသက် ၃၅ နှစ်ကနေ ၇၅ နှစ်အထိရှိတဲ့ လူပေါင်း ၃၄၆၂ ယောက်ပါဝင်ပါတယ်။


သုတေသနမှာ ပါဝင်တဲ့လူဦးရေ ၅၈ ရာခိုင်နှုန်းဟာ နေ့လယ်ခင်းမှာ မအိပ်စက်ကြပါဘူး။ ၁၉ ရာခိုင်နှုန်းကတော့ တစ်ပတ်မှာ နှစ်ရက် နေ့လယ်ခင်း အိပ်ကြပါတယ်။

၁၂ ရာခိုင်နှုန်းက တစ်ပတ်ကို ၅ ရက် နေ့လယ်ခင်း အိပ်ပြီး ၁၁ ရာခိုင်နှုန်းက တစ်ပတ်မှာ ၇ ရက်ခန့် နေ့လယ်ခင်း အိပ်စက်ကြပါတယ်။


သုတေသနပညာရှင်တွေက ၅ နှစ်ကြာလေ့လာပြီး အိပ်စက်မှုပုံစံတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က တစ်ရေးတမောအိပ်တာက နှလုံးရောဂါနဲ့ လေဖြတ်ရောဂါဖြစ်နိုင်ချေ နည်းသွားလားဆိုတာကို လေ့လာနိုင်ဖို့ပါ။

သုတေသနရလဒ်အရ တစ်ပတ်ကိုနှစ်ရက်ခန့် နေ့လယ်ခင်း အိပ်သူတွေဟာ နေ့လယ်ခင်းမအိပ်သူတွေထွက် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်နိုင်ချေ ၄၈ ရာခိုင်နှုန်းအထိ လျော့ကျသွားတာပါ။


ကျန်းမာရေးကောင်းဖို့ဆိုရင် တစ်ရက်ကို အိပ်စက်ချိန် ၇ နာရီခန့် ရှိသင့်ပါတယ်။ အိပ်ချိန်နည်းရင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်နိုင်ချေ တိုးလာပါတယ်။ အိပ်ချိန်များတဲ့အခါမှာလည်း နှလုံးကျန်းမာရေးကို ထိခိုက်လာစေပါတယ်။


တစ်ပတ်ကို ၂ ရက်ခန့် နေ့လယ်ခင်းဘက်မှာ အိပ်တာ ကောင်းပေမယ့် တစ်ပတ်ကို ၃ ရက်ခန့်တော့ မအိပ်သင့်ပါဘူး။

အသက်ကြီးတဲ့အဘိုးအဘွားတွေနဲ့ ကလေးတွေက နေ့လယ်နေ့ခင်းဘက်မှာ တရေးတမောအိပ်ပြီး အနားယူသင့်ပါတယ်။

Zombie (lovemedia)