ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အချို့အမျိုးသားတွေဟာ နှစ်နာရီကနေ လေးနာရီကြာ ခွဲစိတ်မှုခံယူပြီး အိပ်မက်ထဲက six packs ကို ရရှိနေကြပါပြီ။ ခွဲစိတ်မှု ပြုလုပ်ပေးတဲ့ဆေးရုံက Duist စီရင်စုက Masterpiece ဆေးရုံဖြစ်ပါတယ်။ ဝမ်းဗိုက်တစ်ဝိုက်က အဆီတွေကို စုပ်ထုတ်ပြီး six pack ရအောင် ခွဲစိတ်ပေးတာ ဖြစ်ပါတယ်။


ဒီလိုခွဲစိတ်မှုက အတော်ကို စွန့်စားရာရောက်ပါတယ်။ ဆေးရုံရဲ့ CEO လည်း ဖြစ်၊ ခွဲစိတ်ဆရာဝန်လည်းဖြစ်တဲ့ Raweewat က ဒီလိုခွဲစိတ်မှုက အန္တရာယ် မရှိကြောင်း အာမခံတယ်လို့ ပြောပါတယ်။ ဒီခွဲစိတ်မှုမှာ ပလက်စတစ်တွေ၊ ဆီလီကွန်တွေ မသုံးပါဘူး ။ ခန္ဓာကိုယ်ထဲက တစ်ရှူးစ ထည့်ပြီး ကုသတာ မဟုတ်ကြောင်း Reweewat က ရှင်းပြပါတယ်။


Six packs ရအောင် ခွဲစိတ်တာဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ 1990 ခုနှစ်တွေ ကတည်းက ရှိခဲ့ပါတယ်။Texas ပြည်နယ်က ဆရာဝန်တစ်ယောက်က six packs ခွဲစိတ်မှုကို စတင်ခဲ့တာပါ။ ရလဒ်ကတော့ ထင်သလောက် မကောင်းခဲ့ပါဘူး။ လူ 50 မှာ 10 ယောက်က six packs ရအောင် ခွဲစိတ်ချင်ကြပါတယ်။


Reweewat ရဲ့ ဝန်ထမ်းတွေက ခွဲစိတ်ကုသပေးနိုင်ဖို့အတွက် နိုင်ငံခြားမှာ သွားရောက်သင်ယူခဲ့တယ်လို့ ဆိုပါတယ်။ စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ ခွဲစိတ်နိုင်တယ်လို့ ပြောပါတယ်။ Raweewat ဆီမှာ လာခွဲစိတ်တဲ့ သူတွေက ခန္ဓာကိုယ်တောင့်တင်းဖို့ အပြင်းအထန် ဆန္ဒရှိပြီး gym ကို ကြိုးစားကြသူတွေ ဖြစ်ပါတယ်။ ကြိုးစားပြီး gym ကစားပေမယ့် လိုချင်တဲ့ six packs ကိုတော့ မရခဲ့ကြပါဘူး။

ဒါပေမယ့် Raweerat ဆီမှာ ခွဲစိတ်ပြီးနောက်မှာ အိပ်မက်ထဲက six packs ကို ရရှိခဲ့တယ်လို့ ပြောပါတယ်။ Raweewat ဆီမှာ ခွဲစိတ်သွားတဲ့ မော်ဒယ် Ome Pangpaparn ဆိုရင် အရင်က လေ့ကျင့်ခန်း ပုံမှန်လုပ်ပေမယ့်လည်း ဝမ်းဗိုက်အဆီတွေ မကျသွားပါဘူး။ Ome Pangpaparn ဟာ Raweewat ဆီမှာ ခွဲစိတ်ပြီး အိပ်မက်ထဲက six packs ကို ရရှိသွားခဲ့ပါတယ်။

Zombie(LoveMedia)

for zawgyi

Six packs ရရွိေအာင္ ပလက္တစ္ဆာဂ်ရီ ျပဳလုပ္ေပးတဲ့ေဆး႐ုံ

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ အခ်ိဳ႕အမ်ိဳးသားေတြဟာ ႏွစ္နာရီကေန ေလးနာရီၾကာ ခြဲစိတ္မႈခံယူၿပီး အိပ္မက္ထဲက six packs ကို ရရွိေနၾကပါၿပီ။ ခြဲစိတ္မႈ ျပဳလုပ္ေပးတဲ့ေဆး႐ုံက Duist စီရင္စုက Masterpiece ေဆး႐ုံျဖစ္ပါတယ္။ ဝမ္းဗိုက္တစ္ဝိုက္က အဆီေတြကို စုပ္ထုတ္ၿပီး six pack ရေအာင္ ခြဲစိတ္ေပးတာ ျဖစ္ပါတယ္။

ဒီလိုခြဲစိတ္မႈက အေတာ္ကို စြန႔္စားရာေရာက္ပါတယ္။ ေဆး႐ုံရဲ႕ CEO လည္း ျဖစ္၊ ခြဲစိတ္ဆရာဝန္လည္းျဖစ္တဲ့ Raweewat က ဒီလိုခြဲစိတ္မႈက အႏၲရာယ္ မရွိေၾကာင္း အာမခံတယ္လို႔ ေျပာပါတယ္။ ဒီခြဲစိတ္မႈမွာ ပလက္စတစ္ေတြ၊ ဆီလီကြန္ေတြ မသုံးပါဘူး ။ ခႏၶာကိုယ္ထဲက တစ္ရႉးစ ထည့္ၿပီး ကုသတာ မဟုတ္ေၾကာင္း Reweewat က ရွင္းျပပါတယ္။

Six packs ရေအာင္ ခြဲစိတ္တာဟာ အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ 1990 ခုႏွစ္ေတြ ကတည္းက ရွိခဲ့ပါတယ္။Texas ျပည္နယ္က ဆရာဝန္တစ္ေယာက္က six packs ခြဲစိတ္မႈကို စတင္ခဲ့တာပါ။ ရလဒ္ကေတာ့ ထင္သေလာက္ မေကာင္းခဲ့ပါဘူး။ လူ 50 မွာ 10 ေယာက္က six packs ရေအာင္ ခြဲစိတ္ခ်င္ၾကပါတယ္။

Reweewat ရဲ႕ ဝန္ထမ္းေတြက ခြဲစိတ္ကုသေပးႏိုင္ဖို႔အတြက္ ႏိုင္ငံျခားမွာ သြားေရာက္သင္ယူခဲ့တယ္လို႔ ဆိုပါတယ္။ စိုးရိမ္စရာမလိုဘဲ စိတ္ခ်လက္ခ် ခြဲစိတ္ႏိုင္တယ္လို႔ ေျပာပါတယ္။ Raweewat ဆီမွာ လာခြဲစိတ္တဲ့ သူေတြက ခႏၶာကိုယ္ေတာင့္တင္းဖို႔ အျပင္းအထန္ ဆႏၵရွိၿပီး gym ကို ႀကိဳးစားၾကသူေတြ ျဖစ္ပါတယ္။ ႀကိဳးစားၿပီး gym ကစားေပမယ့္ လိုခ်င္တဲ့ six packs ကိုေတာ့ မရခဲ့ၾကပါဘူး။

ဒါေပမယ့္ Raweerat ဆီမွာ ခြဲစိတ္ၿပီးေနာက္မွာ အိပ္မက္ထဲက six packs ကို ရရွိခဲ့တယ္လို႔ ေျပာပါတယ္။ Raweewat ဆီမွာ ခြဲစိတ္သြားတဲ့ ေမာ္ဒယ္ Ome Pangpaparn ဆိုရင္ အရင္က ေလ့က်င့္ခန္း ပုံမွန္လုပ္ေပမယ့္လည္း ဝမ္းဗိုက္အဆီေတြ မက်သြားပါဘူး။ Ome Pangpaparn ဟာ Raweewat ဆီမွာ ခြဲစိတ္ၿပီး အိပ္မက္ထဲက six packs ကို ရရွိသြားခဲ့ပါတယ္။

Zombie(Lovemedia)