လူတယောက်ဟာ တစ်နေ့ကို ဆား 2300 မီလီဂရမ် (စားပွဲတင်ဇွန်း တစ်ဇွန်း) စားသင့်တယ်လို့ အာဟာရ အညွှန်းတွေမှာ ဖော်ပြကြ ပါတယ်။ ဒါပေမယ့် နေ့စဉ် စားမိနေတဲ့ ဆားပမာဏက ပျမ်းမျှအားဖြင့် 3400 မီလီဂရမ် (တစ်ဇွန်းနဲ့ သုံးပုံတစ်ပုံခန့်) စားမိနေ ပါတယ်။ ဆားတွေကို လိုတာထက်ပိုစားမိတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင် ပါတယ်။

7.ခြေ၊ လက်များ ရောင်လာခြင်း

လက်စွပ်တွေ ကျပ်လာလို့ ခံစားရတာ၊ ခြေထာက် ရောင်လာတာ၊ မနက်အိပ်ရာထတဲ့ အခါ မျက်လုံးတွေ မို့အစ်နေတာက ဆားတွေကို အလွန်စားမိလို့ပါ။ ဆားကို စားတာများတဲ့ အခါ ခန္ဓာကိုယ်ထဲမှာ ရေတွေ ထိန်းသိမ်းရတာ ပိုများလာလို့ ဖြစ်ပါတယ်။ အဲဒါကြောင့် ဆားကို အကန့်အသတ်နဲ့စားသင့်ပါတယ်။

6.ရေအလွန် အမင်းစားခြင်း

ဆားမှာ တွေ့ရတဲ့ ဆိုဒီယမ်က ခန္ဓာကိုယ်ထဲက အရည်တွေကို ညီမျှစေပါတယ်။ ဆားတွေ အစားများရင် ကြွက်သားနဲ့ တခြားအင်္ဂါတွေမှာ ရေတွေ လိုအပ်လာပါတယ်။အဲဒါကြောင့် ဆားကို များများစားပြီးရင် ရေများများသောက်ပါ။

5.ဆီးအရောင်ပြောင်းလာခြင်း

ဆားကို စားသုံးမှု များလာတဲ့ အခါ ဆီးရဲ့အရောင်တွေ ပြောင်းလာပါတယ်။

-ဆားတွေ အစားများလို့ ကျောက်ကပ်က ပိုအလုပ် လုပ်ရပါတယ်။ ရလဒ်အနေနဲ့ ဆီးအရောင်က အကြည် ဖြစ်သွားတတ်ပါတယ်။

-ဆားကို အစားများလို့ ရေဓာတ် ကုန်ခန်းသွားပါတယ်။ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းတဲ့ အခါ ဆီးအရောင်က အဝါရင့်ရောင် ပြောင်းသွားပါတယ်။

4.အရိုးအဆစ်များရောင်ခြင်း

နောက်ထပ်တွေ့ရမယ့် အခက်အခဲတစ်ခုကတော့ အရိုးတွေ ကိုက်ခဲလာတာပါ။ ဆားကို ပုံမှန်လိုတာထက် ပိုစားမိတဲ့အခါ ကယ်လ်ဆီယမ်တွေ အများကြီး ဆုံးရှုံးသွားပါတယ်။ကယ်လ်ဆီယမ် ချို့တဲ့ရင် အရိုးအားနည်းခြင်း၊သွားနဲ့ဆိုင်တဲ့ ပြဿနာများ ဖြစ်ပေါ်ခြင်း၊ အရိုးပွခြင်းတို့ ဖြစ်လာ ပါတယ်။

3.ကြွက်တက်ခြင်း

ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ် ညီမျှခြက်းက ကျန်းမာရေးအတွက် အရေးပါလှ ပါတယ်။ဆားပါဝင်မှု များတဲ့ အစားအစာတွေကို စားတဲ့အခါ ကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ခြင်း တို့ကို ကြုံရမှာပါ။

2.မကြာခဏ ခေါင်းကိုက်ခြင်း

ဆားတွေကို လိုတာထက် ပိုစားမိတဲ့ အခါ သွေးထုထည်က များလာပါတယ်။ အဲဒီအခါ သွေးကြောထဲမှာ များလာတဲ့ သွေးတွေအတွက် နေရာ ပိုလိုလာ ပါတယ်။ သွေးကြောတွေ ကျယ်ပြန့်လာခြင်းက သွေးတိုးခြင်း၊ အလွန်အမင်း ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ် ။

1.သိမြင်မှုများ လျော့ကျလာခြင်း

သွေးတိုးခြင်းက ဦးနှောက်ကို သွားတဲ့သွေးကြောတွေကို ဖျက်ဆီးပစ်ပါတယ်။ အဲဒီအခါ ရှင်းရှင်း လင်းလင်း မစဉ်းစားမတွေးတော နိုင်တော့ဘဲ နေ့စဉ်အလုပ်တွေမှာ အာရုံစိုက်ဖို့ ခက်လာ ပါတယ်။ဒါ့အပြင် ရေဓာတ်ခန်းမှုကြောင့် မှတ်ဉာဏ် အားနည်းလာခြင်း၊မောပန်းလာခြင်းတို့ ဖြစ်လာနိုင် ပါတယ်။

ဆားများများစားမိနေတာကို ဘယ်လို လျှော့ချမလဲ။

-ဆားပါဝင်မှု များတဲ့ ပီဇာ၊ အသားညှပ်ပေါင်မုန့်၊ သံဘူးနဲ့ ထည့်ထားတဲ့ စွပ်ပြုတ်၊ မဆလာများတဲ့အစားအစာတွေကို ရှောင်သင့်ပါတယ်။

-စားသောက်ဆိုင်က အစားအစာတွေမှာလည်း ဆားပါဝင်မှု များပါတယ်။

-အစားအစာ တစ်ခုကို ဝယ်မယ် ဆိုရင် ဆိုဒီယမ်ပါဝင်မှုကို အမြဲတမ်း ကြည့်သင့်ပါတယ်။ ဆိုဒီယမ် 5% နဲ့ အောက် ပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။

-ဟင်းတွေထဲမှာ ဆားလျှော့ထည့် ချက်ပြီး အသီးအရွက်နဲ့ပြုလုပ်ထားတဲ့ ဟင်းခတ်မှုန့်ကို ပိုသုံးသင့်ပါတယ်။

Zombie(LoveMedia)

for zawgyi

ဆားကို လိုအပ်တာထက် ပိုစားမိတဲ့အခါ ဖြစ်ပေါ်လာမယ့် ဆိုးကျိုး (၇) ချက်