နေ့စဉ်အစားအစာထဲမှာ ဆားက မပါမဖြစ်ပါပဲ။ ဆားမပါတဲ့ဟင်းက ဘယ်လိုမှ အရသာမရှိနိုင်ပါဘူး။ ဆားကို ဟင်းချက်တဲ့နေရာမှာအပြင် အခြားသောနေရာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

၁။ အအေးတွေကို မြန်မြန်အေးစေခြင်း

သောက်စရာအချိုရည်တွေကို မြန်မြန်အေးစေလိုတဲ့အခါ ဆားကို အသုံးပြုနိုင်ပါတယ်။ ရေခဲတုံးလေးတွေ၊ ရေ၊ ဆားတို့ကို ဇလုံတစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပြီးနောက် ဇလုံထဲကို အချိုရည်ဘူးလေးတွေ ထည့်ထားရင် ၅မိနစ်အတွင်း အေးသွားပါတယ်။

၂။ နှင်းတွေကို ရေခဲမဖြစ်အောင် ပြုလုပ်ပေးခြင်း

အေးတဲ့နိုင်ငံတွေမှာ နှင်းတွေအရမ်းကျပြီး အချိန်ကြာလာတဲ့အခါ ရေခဲအဖြစ် ခဲသွားပါတယ်။ အဲဒီအခါ လမ်းတွေ ချော်လာနိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ဆားလက်တစ်ဆုပ်စာကို နှင်းတွေပေါ် ပက်ထားလိုက်ရုံပါပဲ။

၃။ ပန်းအတုတွေကို ဖုန်မတင်အောင် ပြုလုပ်ပေးခြင်း

ပလက်စတစ်အိတ်တစ်လုံးထဲမှာ ပန်းတွေကို ထည့်လိုက်ပါ။ ပြီးနောက် ဆားအနည်းငယ်ကို ထည့်လိုက်ပြီး လျုပ်ရမ်းလိုက်ပါ။ ပန်းမှာကပ်နေတဲ့ဖုန်တွေကို ဆားတွေက စုပ်ယူပေးသွားပါတယ်။

၄။ မီးခိုးခေါင်းတိုင်မှာ ကျပ်ခိုးတွေ မများလာအောင် တားဆီးပေးခြင်း

မီးခိုးခေါင်းတိုင်မှာ ကျပ်ခိုးတွေ ရှိနေရင် သန့်ရှင်းရေးလုပ်ရတာ အလုပ်ရှုပ်နေမှာပါ။ တောက်လောင်နေတဲ့ထင်းမီးထဲကို ဆားလက်တစ်ဆုပ်ခန့် ထည့်လိုက်ပါ။ အဲဒီအခါ မီးခိုးနံ့တွေ နည်းပါးပြီး ကျပ်ခိုးတွေလည်း မစုတော့ပါဘူး။

၅။ ကစားစရာ

ဂျုံ၊ ဆား၊ ဆီနဲ့ရေကို ရောပြီး ကလေးတွေအတွက် ကစားစရာဂျုံလုံးလေးတွေ ပြုလုပ်လို့ရပါတယ်။ ကလေးတွေက ဂျုံလုံးလေးနဲ့ ကစားပေးရင် လက်လှုပ်ရှားမှုတွေ သိသိသာသာ တိုးတက်လာမှာပါ။

၆။ အဝတ်လျှော်စက်ကို သန့်ရှင်းပေးနိုင်ခြင်း

ဆားအနည်းငယ်နဲ့ ရှာလကာရည်ကို အဝတ်လျှော်စက်ထဲ ထည့်လိုက်ပါ။ ပြီးနောက် ဘရက်ရှ်တစ်ခုနဲ့ စက်အတွင်းပိုင်းကို သန့်ရှင်းပေးနိုင်ပါတယ်။ အားလုံးပြီးသွားတဲ့အခါ ရေလောင်းချပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

၇။ သစ်သားပေါ်က အစွန်းတွေကို ဖယ်ရှားပေးခြင်း

အချိန်တွေ ကြာလာတဲ့အခါ သစ်သားမျက်နှာပြင်တွေပေါ်မှာ အစွနးတွေ ရှိလာပါတယ်။ ဆားနဲ့ သံလွင်ဆီကို ရောပြီး သစ်သားမျက်နှာပြင်မှာ အဝတ်စတစ်ခုနဲ့ ပွတ်တိုက်ပေးပါ။ အဲဒီအခါ သစ်သားမျက်နှာပြင်က ဂျီးတွေ၊ အစွန်းတွေ သိသိသာသာ ပြောင်စင်သွားပါတယ်။

၈။ ချွေးအစွန်းတွေကို ပြောင်စင်စေခြင်း

အင်္ကျီက ချိုင်းနေရာတွေမှာ ချွေးတွေကြောင့် အစွန်းတွေ ဖြစ်လာပါတယ်။ ဆားတစ်ဇွန်းနဲ့ ဆပ်ပြာမှုန့်တစ်ဇွန်းကို ရောပြီး ချွေးစွန်းတဲ့နေရာမှာ ပွတ်တိုက်ပေးပါ။ တစ်နာရီကြာထားပြီးနောက် ပုံမှန်အတိုင်းလျှော်လိုက်လို့ရပါပြီ.

၉။ ကြွက်တက်တာကို ကာကွယ်ပေးခြင်း

ကြွက်တက်တဲ့အခါမှာ ရေတစ်ခွက်ထဲမှာ ဆားအနည်းငယ်ကို ထည့်ပြီးသောက်ုလိက်ပါ။ အချိန်ခဏလေးအတွင်းမှာ ကြွက်တက်တာ သက်သာသွားပါတယ်။ ဒါပေမယ့် ဒီနည်းကို အမြဲတမ်းတော့ အသုံးမပြုသင့်ပါဘူး။

၁၀။ တံမြက်စည်းကို ကြာရှည်ခံစေခြင်း

တံမြက်စည်းက ဟောင်းပြီး အသစ်လဲဖို့လိုအပ်လာတဲ့အခါ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ ဇလုံတစ်လုံးထဲမှာ ဆားနဲ့ ရေကို ရောလိုက်ပြီး တံမြက်စည်းကို ထည့်စိမ်ထားလိုက်ပါ။ အဲဒီအခါ တံမြက်စည်းရဲ့သက်တမ်းက ပိုပြီးတော့ ကြာရှည်ခံပါတယ်။

Bonus

အစားအသောက်ထဲမှာ ဆားကို လျှော့ပြီးစားတဲ့အခါ မျက်လုံးက မို့ဖောင်းတာတွေလည်း လျော့ပါးလာမှာပါ။

Zombie (lovemedia)