ဟင်းချက်တဲ့အခါ အချို့သော ဖြတ်လမ်းနည်းလေးတွေက အချိန်ကုန်၊ လူပင်ပန်းသက်သာစေပါတယ်။ ဒါ့အပြင် ပြုလုပ်ရတာလည်း ပျော်စရာကောင်းနေမှာပါ။

ဘယ်လိုဖြတ်လမ်းနည်းတွေက နေ့စဉ်ဟင်းချက်တဲ့အခါ လွယ်ကူစေမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဇွန်း

မုန့်ဖုတ်တဲ့အခါမှာ အချိန်ကုန်သက်သာဖို့ ဇွန်းတစ်ချောင်းပဲ လိုအပ်ပါတယ်။ ဂျုံတွေကို ပုံထားပြီး အပေါ်ကနေ ဇွန်းနဲ့ ဇွန်းခွက်ရာလေးထင်အောင် ပြုလုပ်လိုက်ပါ။ ဇွန်းခွက်ရာထဲမှာ မုန့်ဖုတ်ရာမှာလိုအပ်တဲ့ပစ္စည်းတွေကို ထည့်လိုက်ရုံပါပဲ။ ဂျုံနယ်ရတာ အဆင်ပြေသွားမှာပါ။

၂။ ငရုတ်သီး

ငရုတ်သီး၊ ငရုတ်ကောင်းတို့ကို အသုံးပြုပြီးနောက် အသားအရေနဲ့ မျက်လုံးတို့ကို မတော်တဆထိမိသွားတတ်ပါတယ်။ အဲဒီအခါ မျက်လုံးက အရမ်းစပ်လာပါတယ်။ လက်မှာ ဆီသုတ်ထားပြီးမှ ငရုတ်သီး၊ ငရုတ်ကောင်းတို့ကို ကိုင်ရင် အသားအရေမပူတော့ပါဘူး။

၃။ ဂတ်စ်

ဂတ်စ်တွေကို ဈေးကြီးပါတယ်။ အဲဒါကြောင့် ဟင်းအိုးနှစ်အိုးကို သေချာဆင့်ပြီး တစ်ပြိုင်နက်တည်းချက်ရင် ဂတ်စ်အကုန်အကျ သက်သာသွားမှာပါ။

၄။ သွားကြားထိုးတံ

အချို့သောဟင်းရည်တွေက ပွက်ပြီး ဝေကျလာတတ်ပါတယ်။ အဲဒီအခါ ဟင်းအိုးနဲ့ ဟင်းအိုးအဖုံးကြားထဲမှာ သွားကြားထိုးတံလေး ညှပ်ထားလိုက်ပါ။

၅။ အသီးအနှံ

အသီးအနှံ၊ အသီးအရွက်တွေကို မြန်မြန်မှည့်လာစေဖို့ အလွယ်ဆုံးနည်းလမ်းရှိပါတယ်။ စက္ကူအိတ်ထဲမှာ ထောပတ်သီး၊ သစ်တော်သီး၊ ခရမ်းချဉ်သီးတို့ကို ၂ ရက်ခန့်ကြာအောင် ထည့်ထားရင် ခပ်မြန်မြန်မှည့်လာပါတယ်။

၆။ အာလူးနဲ့ ကြက်သွန်နီ

အာလူးနဲ့ကြက်သွန်နီကို အချို့တွေက အတူတူရောထားပါတယ်။ အာလူးကနေ ထွက်တဲ့အငွေ့တစ်မျိုးကြောင့် ကြက်သွန်နီတွေက အပင်ပေါက်လာတဲ့အပြင် မြန်မြန်ပုပ်လွယ်ပါတယ်။ အဲဒါကြောင့် အာလူးနဲ့ ကြက်သွန်နီကို တစ်ကန့်စီ ခွဲထားသင့်ပါတယ်။

၇။ အာလူးကြော်

အာလူးကြော်ကို အများစုက အိတ်ရဲ့အပေါ်ပိုင်းကနေ ဖောက်ကြပါတယ်။ အဲဒီအခါ အာလူးကြော်ထဲ ထည့်ထားတဲ့အရသာမှုန့်တွေက အောက်ကို ရောက်သွားပါတယ်။

အာလူးကြော်ကို မဖောက်ခင် အထုတ်ကို လှုပ်ခါလိုက်ပြီး အိတ်ရဲ့အောက်ပိုင်းကနေ ဖောက်ပါ။ အာလူးကြော်က အရသာပိုရှိနေပါတယ်။

Zombie (lovemedia)