အဲဒီနေ့က သမီးက သမီးချစ်သူကို အိမ်ခေါ်လာပြီး "အဖေ ဒါ သမီးချစ်သူ သမီး သူနဲ့လက်ထပ်မယ်" လို့ ပြောခဲ့တယ်နော် သမီး။ နောက်တော့ သမီးကို အဲဒီလူနဲ့ သဘောမတူနိုင်ဘူးလို့ အဖေပြောခဲ့တယ်။ ဘာကြောင့်လဲလို့ သမီးမေးတော့ "ဆင်းရဲလို့" လို့ အဖေ ဖြေတယ်။ အဲဒီတုန်းက အဖေ့ကိုကြည့်တဲ့ သမီးရဲ့အကြည့်ကို အဖေမမေ့ခဲ့ပါဘူး။

သမီးရဲ့အကြည့်ထဲမှာ ငါ့အဖေက ငွေမက်လိုက်တာ၊ ကြီးကျယ်လိုက်တာ ဆိုတာ ပါနေတယ်။ အဖေ ဘယ်လိုရှင်းပြရမလဲ။ ကိုယ့်သမီး အထင်လွဲသွားတာလောက် ခံစားရတာ မရှိပါဘူး သမီး။

"သူ ပိုက်ဆံမရှိလို့ပေါ့ ဟုတ်လား ဖေဖေ" လို့ သမီးပြန်မေးခဲ့တယ်နော်။ မဟုတ်ဘူး သမီး။ သူဆင်းရဲတာက ပိုက်ဆံ ဆင်းရဲတာ မဟုတ်ဘူး။ သူဆင်းရဲတဲ့အချက် လေးချက်ကို အဖေတွေ့လိုက် တယ်။

(၁) ရည်မှန်းချက် ဆင်းရဲတယ်

အဲဒီနေ့က အဖေ့ရှေ့မှာ သမီးတို့ ရပ်နေတဲ့အချိန် သမီးဘေးမှာရပ်နေတဲ့ သူက မျက်စိကလယ်ကလယ်နဲ့ ကြည့်ရတာ စိတ်ဓာတ်မခိုင်သလိုပါပဲ။ သမီးတို့ရဲ့ အနာဂတ်အကြောင်း အဖေမေးတော့ သူ့မှာ စကားထစ်ထစ်အအနဲ့ ဦးတည်ရာ မရှိခဲ့ဘူး။

အခုချိန်မှာ သူ့မှာ အိမ်ဝယ် ကားဝယ်ဖို့ ပိုက်ဆံမရှိတာမို့ အဖေ သူ့ကို မလိုလားမှာစိုးတယ်လို့ သူပြောတယ်။ တကယ်တမ်းပြောရရင် သူ့ပိုက်ဆံမရှိလို့ သူ့ကို အဖေ မလိုလားတာ မဟုတ်ဘူး။ သူ့မှာ ငွေကြေးဥစ္စာရှာဖို့ "ရည်မှန်းချက်မရှိ" တာကို အဖေ မလိုလားတာပါ။

သူဌေးသားတယောက်နဲ့ တောင်သူလယ်သမား ဆင်းရဲသားတယောက် ဘယ်သူ့ကိုရွေးမှာလဲလို့ အဖေ့ကို သမီးမေးခဲ့ရင် အဖေမဖြေတတ်ဘူး။ ဆင်းရဲတော့ ဘာဖြစ်လဲ လူတိုင်း ဆင်းရဲဖူးတာပဲ။ ဒါပေမယ့် အသက်ငယ်ရွယ်ချိန်မှာ ဘဝကို ဖြစ်သလို ရေလိုက်ငါးလိုက်ပဲ ဖြတ်သန်းချင်တဲ့ စိတ်ဆန္ဒ မရှိရဘူး။

လူတိုင်းက ဖြူစင်လှပတဲ့ အချစ်တခုကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါပေမယ့် ဘဝတခုကို ထူထောင်တဲ့အခါ သူနဲ့အတူ ထမင်းရည်လျက်၊ တဲအိုပျက်မှာ သမီး တသက်မနေနိုင်ပါဘူး။ ဘဝတခုကို သမီးတို့ လက်တွေ့ကျကျ ရင်ဆိုင်ကြရမှာပါပဲ။

(၂) အတွေးအခေါ်ဆင်းရဲတယ်

လူ့ဘဝရဲ့ ဒီတသက်မှာ လူဆင်းရဲပေမယ့် အတွေးအခေါ် မဆင်းရဲရဘူး သမီး။ ယောက်ျားလေး ဆိုတဲ့အမျိုးက နဂိုတည်းက နောက်ကျမှ ရင့်ကျက်ကြတယ်။ သမီးက အရွယ်မရောက်ခင်ကတည်းက အရာရာ သိတတ်နေပြီ။ သမီးတို့ နှစ်ယောက် အိမ်ထောင်ဘဝ ထူထောင်ကြမယ့် အဖြစ်ကို အဖေယောင်လို့တောင် မတွေးရဲခဲ့ဘူး။

သူက ကွန်ပျူတာဂိမ်းဆော့တာ ကြိုက်တယ်တဲ့။ ဒါက ဘာမှတော့ မဟုတ်ပါဘူး။ အဖေလည်း ဂိမ်းဆော့တာပဲလေ။ ဒါပေမယ့် အလုပ်ကပြန်ရောက်တာနဲ့ ဖိနပ်တဖက်၊ ခြေအိတ်တဖက် ပစ်ထုတ်ပြီး ဘာအရေးအကြောင်းကိစ္စမှ စိတ်မဝင်စားတော့ဘဲ ဂိမ်းထဲ ထိုးဝင်သွားတာမျိုးက မရဘူး။ သူ့အတွက် သမီးက ထမင်းကမ်း ရေကမ်းပေးနေရဦးမှာ။

သမီးက စာဖတ်တာကိုကြိုက်တယ်၊ ထက်တယ်။ လူကြီးသူမ တွေ့ဆုံပွဲတွေမှာ သူတို့နဲ့ သမီး စကားဝင်ဆန့် ပြောဆိုနိုင်တယ်။ လူတိုင်းက သမီးကို သွက်သွက်လက်လက် ရှိတယ်လို့ ပြောကြတယ်။ ဟိုနေ့က အဖေ့ရှေ့မှာထိုင်နေတဲ့ အဲဒီကောင်လေးက အမှန်အတိုင်း ပြောရရင် ခေါင်းဗလာ၊ ဦးနှောက်ဗလာ၊ စကားလုံးဗလာပဲ သမီး။

ဘဝဆိုတာ သမီးရည်းစားတုန်းကလို ပျော်ရွှင်နေမှာ မဟုတ်ဘူးသမီး။ ပျင်းရိငြီးငွေ့ဖွယ်ရာပါ။ ဘဝကို ပျော်ရွှင်စေဖို့၊ သက်ဝင်လှုပ်ရှားဖို့ဆိုတာ လူတဦးတယောက်တည်းရဲ့ အတွေးအခေါ်နဲ့မရဘူး သမီး။ သူ့အတွေး၊ ကိုယ့်အတွေးတွေ ဖလှယ်မျှဝေကြမှ ဘဝက စိတ်ဝင်စားစရာကောင်းတာ။

အဖေမှတ်မိပါသေးတယ်။ အမေ့ဝမ်းထဲကနေ ထွက်လာတုန်းက တခြားကလေးတွေက ငိုပေမယ့် သမီးက ပြုံးရယ်ပြီး ထွက်လာတယ်။ သမီးက ငယ်ငယ်လေးတည်းက အရယ်သန်တယ်။ ဘယ်ရောက်ရောက် လူတကာ နှစ်သက်တာကို ခံရတယ်။ သမီး တသက်လုံး ပြုံးပျော်ရယ်မောနိုင်ဖို့ အဖေမျှော်လင့်တယ် သမီး။

(၃) အသိပညာဆင်းရဲတယ်

သူသုံးတဲ့ဖုန်းနဲ့ ကွန်ပျူတာက နောက်ဆုံးပေါ်တွေ။ သူ့အခု ဝင်ငွေလောက်နဲ့ ဘာလို့ ကိုယ်မတတ်နိုင်လောက်တဲ့ အရာတွေကို ဝယ်သုံးရသလဲ။ မူလဇစ်မြစ်က အရေးပါတယ်တဲ့။ ဟုတ်ပါတယ် မူလဇစ်မြစ်ကောင်းတိုင်း အရာရာ ကောင်းသွားတာတော့ မဟုတ်ဘူး။

အဖေအသက်၅ဝကျော် အတွေ့အကြုံအရ လူတယောက်ရဲ့ မိသားစုဟာ အဲဒီလူရဲ့ အကျင့်စရိုက်နဲ့ မိသားစုအတွေးအမြင်ကို အနည်းအများ သက်ရောက်စေနိုင်တယ် ဆိုတာပါပဲ။ သူ့ကိုယ်ပေါ်မှာ အဲဒီအတွေးအမြင်မျိုးကို စမြင်နေရပြီ သမီး။ အသိပညာဆင်းရဲတဲ့အပြင် "အတွေ့အမြင်လည်း ဆင်းရဲတာ" မို့ သူဟာ အသက် ၂ဝ ကျော်တာတောင် ဘာမှ မဖြစ်ထွန်းသေးတာ မဆန်းတော့ပါဘူး သမီး။

(၄) အမျော်အမြင်ဆင်းရဲတယ်

သူ့အိမ်က ဆင်းရဲတာ အဖေသိတယ်။ ဒါက ကိစ္စမရှိပါဘူး။ ဒီခေတ်ဒီအခါက လူငယ်တွေကို အခွင့်အရေး တော်တော်များများ ပေးထားပါတယ်။ ကြိုးစားလိုစိတ်ရှိရင် သမီးတို့မှာလည်း အနာဂတ်ကောင်းတွေ ပိုင်ဆိုင်မယ်ဆိုတာကို အဖေယုံတယ်။

ဒါပေမယ့် သမီးတို့ မင်္ဂလာဆောင်ပြီးရင် သူက သမီးကို အလုပ် ပေးမလုပ်တော့ဘူး။ အိမ်မှာပဲ လင်မွေး သားမွေး၊ ထိန်းကျောင်းပြုစု ခိုင်းမယ်လို့ ပြောတယ်။ အဖေတယောက်ဖြစ်တဲ့ အဖေဟာ သူတို့ရဲ့ အယူအဆတွေကို နားမလည်ခဲ့ဘူး သမီး။ ငယ်ငယ်လေးတည်းက သမီးကို အဖေကျောင်းပို့၊ ငွေကြေးတွေကုန်ကျပြီး ဟိုသင်တန်းတက်ခိုင်း၊ ဒီသင်တန်းတက်ခိုင်းနဲ့ သမီးကို ဘာမှမခိုင်းခဲ့ဘူး။ ဒါပေမယ့် ဒီလိုနဲ့ပဲ သမီးကို တသက်မကုန်ဆုံးစေချင်ဘူး။

ဘဝဆိုတဲ့ပိုက်ကွန်ကို သမီး အအုပ်ခံပြီး လင်ကျွေးသားမွေး အိမ်ဝေယျာဝစ္စတွေနဲ့ ရောဂါတွေမွေး တနှစ်ပြီးတနှစ် သမီးကုန်ဆုံးနေမယ်ဆိုရင် သမီးကို အဖေ အိမ်ထောင်မပြုစေချင်ဘူး သမီး။ သမီးကို တသက်လုံး ကျွေးမွေးထားရမယ်ဆိုရင်တောင် ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝကို သမီး ဦးညွှတ်ခါးမကုန်းစေချင်ဘူး သမီး။

သမီးကို အဖေ ကျွေးမွေးလာခဲ့တာ၊ သမီးကို အဘက်ဘက်က ပညာတွေ သင်ယူစေခဲ့တာ၊ သမီးကို ပိုထူးချွန်ထက်မြက်သူ ဖြစ်စေခဲ့တာဟာ အနာဂတ်ကောင်းတခုကို သမီးပိုင်ဆိုင်နိုင်ဖို့ပါ။

သမီးကို သမီးချစ်သူနဲ့ အဖေသဘောမတူတာဟာ ဒီအချက်လေးချက်ကြောင့်ပဲ သမီး။ သမီး ၄နှစ် အရွယ်တုန်းက လူကြီးတွေက စနောက်ပြီး ကြီးလာရင် ဘယ်လိုလူမျိုးကို ယူမလဲလို့ မေးတုန်းက သမီးက "ဖေဖေလို လူမျိုးကို ယူမယ်" လို့ ပြောခဲ့တယ်နော်။ အဖေ့လိုလူမျိုး သမီးကိုမယူစေချင်တာ သမီးမသိခဲ့ဘူးမဟုတ်လား။

အဖေနဲ့ ယူလို့ သမီးအမေ တော်တော် ပင်ပန်းခဲ့ရတယ် သမီး။ သမီးဟာ အဖေ့ရဲ့ ထာဝရနတ်သမီးလေးပါ။ တနေ့နေ့မှာ အဖေခါးကုန်းလို့၊ ခြေလှမ်းတွေလည်း နှေးလာတဲ့ချိန်ရောက်တဲ့အထိ၊ စကားပြော မပီသတော့တဲ့အချိန်ရောက်တဲ့အထိ သမီးဟာ အဖေ့ရဲ့ နတ်သမီးပါပဲ။

အဖေ့ဒီတသက်မှာ ကောင်းတာ ဆိုးတာ၊ ညတာ စားတာတွေ တော်တော်များများ လုပ်ခဲ့ပြီးပြီ။ အောင်မြင်တာ ကျရှုံးတာ၊ ချိုမြိန်တာ ခါးသက်တာတွေလည်း မြည်းစမ်းခဲ့ပြီးပြီ။ မနက်ဖြန်ပဲ လောကကြီးကနေ ထွက်ခွာသွားရမယ် ဆိုရင်တောင် အဖေ့မှာနောင်တမရှိဘူး သမီး။

အဖေ ငွေမက်တာ မဟုတ်ဘူး ကြီးကျယ်တာ မဟုတ်ဘူး သမီး။ သမီး ကောင်းမွန်ပျော်ရွှင်နေဖို့ကိုပဲ အဖေမျှော်လင့်ခဲ့တာပါ။ ဒီအဖေ စိတ်ပူတာက ငွေကြေးမချမ်းသာလို့ ဆင်းရဲတာကို မဟုတ်ပါဘူး။ ရည်မှန်းချက်၊ အတွေးအခေါ်၊ အသိပညာ၊ အမျှော်အမြင်တွေ ဆင်းရဲမှာကို စိုးရိမ်တာပါ။

အရွယ်ရှိချိန်မှာ ငွေကြေးမချမ်းသာရင် ကြိုးစားရှာဖွေလို့ ရနိုင်ပေမယ့် စိတ်ဓာတ်နဲ့ စိတ်နေသဘောထားတွေ ဆင်းရဲရင်တော့ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပဲ ပြုပြင်လို့မှာ ဖြစ်တယ်။ Crd

for zawgyi

သူဆင္းရဲကို မယူပါနဲ႔သမီးရယ္

အဲဒီေန႔က သမီးက သမီးခ်စ္သူကို အိမ္ေခၚလာၿပီး "အေဖ ဒါ သမီးခ်စ္သူ သမီး သူနဲ႔လက္ထပ္မယ္" လို႔ ေျပာခဲ့တယ္ေနာ္ သမီး။ ေနာက္ေတာ့ သမီးကို အဲဒီလူနဲ႔ သေဘာမတူႏိုင္ဘူးလို႔ အေဖေျပာခဲ့တယ္။ ဘာေၾကာင့္လဲလို႔ သမီးေမးေတာ့ "ဆင္းရဲလို႔" လို႔ အေဖ ေျဖတယ္။ အဲဒီတုန္းက အေဖ့ကိုၾကည့္တဲ့ သမီးရဲ႕အၾကည့္ကို အေဖမေမ့ခဲ့ပါဘူး။

သမီးရဲ႕အၾကည့္ထဲမွာ ငါ့အေဖက ေငြမက္လိုက္တာ၊ ႀကီးက်ယ္လိုက္တာ ဆိုတာ ပါေနတယ္။ အေဖ ဘယ္လိုရွင္းျပရမလဲ။ ကိုယ့္သမီး အထင္လြဲသြားတာေလာက္ ခံစားရတာ မရွိပါဘူး သမီး။

"သူ ပိုက္ဆံမရွိလို႔ေပါ့ ဟုတ္လား ေဖေဖ" လို႔ သမီးျပန္ေမးခဲ့တယ္ေနာ္။ မဟုတ္ဘူး သမီး။ သူဆင္းရဲတာက ပိုက္ဆံ ဆင္းရဲတာ မဟုတ္ဘူး။ သူဆင္းရဲတဲ့အခ်က္ ေလးခ်က္ကို အေဖေတြ႕လိုက္ တယ္။

(၁) ရည္မွန္းခ်က္ ဆင္းရဲတယ္

အဲဒီေန႔က အေဖ့ေရွ႕မွာ သမီးတို႔ ရပ္ေနတဲ့အခ်ိန္ သမီးေဘးမွာရပ္ေနတဲ့ သူက မ်က္စိကလယ္ကလယ္နဲ႔ ၾကည့္ရတာ စိတ္ဓာတ္မခိုင္သလိုပါပဲ။ သမီးတို႔ရဲ႕ အနာဂတ္အေၾကာင္း အေဖေမးေတာ့ သူ႔မွာ စကားထစ္ထစ္အအနဲ႔ ဦးတည္ရာ မရွိခဲ့ဘူး။

အခုခ်ိန္မွာ သူ႔မွာ အိမ္ဝယ္ ကားဝယ္ဖို႔ ပိုက္ဆံမရွိတာမို႔ အေဖ သူ႔ကို မလိုလားမွာစိုးတယ္လို႔ သူေျပာတယ္။ တကယ္တမ္းေျပာရရင္ သူ႔ပိုက္ဆံမရွိလို႔ သူ႔ကို အေဖ မလိုလားတာ မဟုတ္ဘူး။ သူ႔မွာ ေငြေၾကးဥစၥာရွာဖို႔ "ရည္မွန္းခ်က္မရွိ" တာကို အေဖ မလိုလားတာပါ။

သူေဌးသားတေယာက္နဲ႔ ေတာင္သူလယ္သမား ဆင္းရဲသားတေယာက္ ဘယ္သူ႔ကိုေ႐ြးမွာလဲလို႔ အေဖ့ကို သမီးေမးခဲ့ရင္ အေဖမေျဖတတ္ဘူး။ ဆင္းရဲေတာ့ ဘာျဖစ္လဲ လူတိုင္း ဆင္းရဲဖူးတာပဲ။ ဒါေပမယ့္ အသက္ငယ္႐ြယ္ခ်ိန္မွာ ဘဝကို ျဖစ္သလို ေရလိုက္ငါးလိုက္ပဲ ျဖတ္သန္းခ်င္တဲ့ စိတ္ဆႏၵ မရွိရဘူး။

လူတိုင္းက ျဖဴစင္လွပတဲ့ အခ်စ္တခုကို ပိုင္ဆိုင္ခ်င္ၾကတာပါပဲ။ ဒါေပမယ့္ ဘဝတခုကို ထူေထာင္တဲ့အခါ သူနဲ႔အတူ ထမင္းရည္လ်က္၊ တဲအိုပ်က္မွာ သမီး တသက္မေနႏိုင္ပါဘူး။ ဘဝတခုကို သမီးတို႔ လက္ေတြ႕က်က် ရင္ဆိုင္ၾကရမွာပါပဲ။

(၂) အေတြးအေခၚဆင္းရဲတယ္

လူ႔ဘဝရဲ႕ ဒီတသက္မွာ လူဆင္းရဲေပမယ့္ အေတြးအေခၚ မဆင္းရဲရဘူး သမီး။ ေယာက္်ားေလး ဆိုတဲ့အမ်ိဳးက နဂိုတည္းက ေနာက္က်မွ ရင့္က်က္ၾကတယ္။ သမီးက အ႐ြယ္မေရာက္ခင္ကတည္းက အရာရာ သိတတ္ေနၿပီ။ သမီးတို႔ ႏွစ္ေယာက္ အိမ္ေထာင္ဘဝ ထူေထာင္ၾကမယ့္ အျဖစ္ကို အေဖေယာင္လို႔ေတာင္ မေတြးရဲခဲ့ဘူး။

သူက ကြန္ပ်ဴတာဂိမ္းေဆာ့တာ ႀကိဳက္တယ္တဲ့။ ဒါက ဘာမွေတာ့ မဟုတ္ပါဘူး။ အေဖလည္း ဂိမ္းေဆာ့တာပဲေလ။ ဒါေပမယ့္ အလုပ္ကျပန္ေရာက္တာနဲ႔ ဖိနပ္တဖက္၊ ေျခအိတ္တဖက္ ပစ္ထုတ္ၿပီး ဘာအေရးအေၾကာင္းကိစၥမွ စိတ္မဝင္စားေတာ့ဘဲ ဂိမ္းထဲ ထိုးဝင္သြားတာမ်ိဳးက မရဘူး။ သူ႔အတြက္ သမီးက ထမင္းကမ္း ေရကမ္းေပးေနရဦးမွာ။

သမီးက စာဖတ္တာကိုႀကိဳက္တယ္၊ ထက္တယ္။ လူႀကီးသူမ ေတြ႕ဆုံပြဲေတြမွာ သူတို႔နဲ႔ သမီး စကားဝင္ဆန႔္ ေျပာဆိုႏိုင္တယ္။ လူတိုင္းက သမီးကို သြက္သြက္လက္လက္ ရွိတယ္လို႔ ေျပာၾကတယ္။ ဟိုေန႔က အေဖ့ေရွ႕မွာထိုင္ေနတဲ့ အဲဒီေကာင္ေလးက အမွန္အတိုင္း ေျပာရရင္ ေခါင္းဗလာ၊ ဦးေႏွာက္ဗလာ၊ စကားလုံးဗလာပဲ သမီး။

ဘဝဆိုတာ သမီးရည္းစားတုန္းကလို ေပ်ာ္႐ႊင္ေနမွာ မဟုတ္ဘူးသမီး။ ပ်င္းရိၿငီးေငြ႕ဖြယ္ရာပါ။ ဘဝကို ေပ်ာ္႐ႊင္ေစဖို႔၊ သက္ဝင္လႈပ္ရွားဖို႔ဆိုတာ လူတဦးတေယာက္တည္းရဲ႕ အေတြးအေခၚနဲ႔မရဘူး သမီး။ သူ႔အေတြး၊ ကိုယ့္အေတြးေတြ ဖလွယ္မွ်ေဝၾကမွ ဘဝက စိတ္ဝင္စားစရာေကာင္းတာ။

အေဖမွတ္မိပါေသးတယ္။ အေမ့ဝမ္းထဲကေန ထြက္လာတုန္းက တျခားကေလးေတြက ငိုေပမယ့္ သမီးက ၿပဳံးရယ္ၿပီး ထြက္လာတယ္။ သမီးက ငယ္ငယ္ေလးတည္းက အရယ္သန္တယ္။ ဘယ္ေရာက္ေရာက္ လူတကာ ႏွစ္သက္တာကို ခံရတယ္။ သမီး တသက္လုံး ၿပဳံးေပ်ာ္ရယ္ေမာႏိုင္ဖို႔ အေဖေမွ်ာ္လင့္တယ္ သမီး။

(၃) အသိပညာဆင္းရဲတယ္

သူသုံးတဲ့ဖုန္းနဲ႔ ကြန္ပ်ဴတာက ေနာက္ဆုံးေပၚေတြ။ သူ႔အခု ဝင္ေငြေလာက္နဲ႔ ဘာလို႔ ကိုယ္မတတ္ႏိုင္ေလာက္တဲ့ အရာေတြကို ဝယ္သုံးရသလဲ။ မူလဇစ္ျမစ္က အေရးပါတယ္တဲ့။ ဟုတ္ပါတယ္ မူလဇစ္ျမစ္ေကာင္းတိုင္း အရာရာ ေကာင္းသြားတာေတာ့ မဟုတ္ဘူး။

အေဖအသက္ ၅ဝေက်ာ္ အေတြ႕အႀကဳံအရ လူတေယာက္ရဲ႕ မိသားစုဟာ အဲဒီလူရဲ႕ အက်င့္စ႐ိုက္နဲ႔ မိသားစုအေတြးအျမင္ကို အနည္းအမ်ား သက္ေရာက္ေစႏိုင္တယ္ ဆိုတာပါပဲ။ သူ႔ကိုယ္ေပၚမွာ အဲဒီအေတြးအျမင္မ်ိဳးကို စျမင္ေနရၿပီ သမီး။ အသိပညာဆင္းရဲတဲ့အျပင္ "အေတြ႕အျမင္လည္း ဆင္းရဲတာ" မို႔ သူဟာ အသက္ ၂ဝ ေက်ာ္တာေတာင္ ဘာမွ မျဖစ္ထြန္းေသးတာ မဆန္းေတာ့ပါဘူး သမီး။

(၄) အေမ်ာ္အျမင္ဆင္းရဲတယ္

သူ႔အိမ္က ဆင္းရဲတာ အေဖသိတယ္။ ဒါက ကိစၥမရွိပါဘူး။ ဒီေခတ္ဒီအခါက လူငယ္ေတြကို အခြင့္အေရး ေတာ္ေတာ္မ်ားမ်ား ေပးထားပါတယ္။ ႀကိဳးစားလိုစိတ္ရွိရင္ သမီးတို႔မွာလည္း အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္မယ္ဆိုတာကို အေဖယုံတယ္။

ဒါေပမယ့္ သမီးတို႔ မဂၤလာေဆာင္ၿပီးရင္ သူက သမီးကို အလုပ္ ေပးမလုပ္ေတာ့ဘူး။ အိမ္မွာပဲ လင္ေမြး သားေမြး၊ ထိန္းေက်ာင္းျပဳစု ခိုင္းမယ္လို႔ ေျပာတယ္။ အေဖတေယာက္ျဖစ္တဲ့ အေဖဟာ သူတို႔ရဲ႕ အယူအဆေတြကို နားမလည္ခဲ့ဘူး သမီး။ ငယ္ငယ္ေလးတည္းက သမီးကို အေဖေက်ာင္းပို႔၊ ေငြေၾကးေတြကုန္က်ၿပီး ဟိုသင္တန္းတက္ခိုင္း၊ ဒီသင္တန္းတက္ခိုင္းနဲ႔ သမီးကို ဘာမွမခိုင္းခဲ့ဘူး။ ဒါေပမယ့္ ဒီလိုနဲ႔ပဲ သမီးကို တသက္မကုန္ဆုံးေစခ်င္ဘူး။

ဘဝဆိုတဲ့ပိုက္ကြန္ကို သမီး အအုပ္ခံၿပီး လင္ေကြၽးသားေမြး အိမ္ေဝယ်ာဝစၥေတြနဲ႔ ေရာဂါေတြေမြး တႏွစ္ၿပီးတႏွစ္ သမီးကုန္ဆုံးေနမယ္ဆိုရင္ သမီးကို အေဖ အိမ္ေထာင္မျပဳေစခ်င္ဘူး သမီး။ သမီးကို တသက္လုံး ေကြၽးေမြးထားရမယ္ဆိုရင္ေတာင္ ဒီလိုအသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဘဝကို သမီး ဦးၫႊတ္ခါးမကုန္းေစခ်င္ဘူး သမီး။

သမီးကို အေဖ ေကြၽးေမြးလာခဲ့တာ၊ သမီးကို အဘက္ဘက္က ပညာေတြ သင္ယူေစခဲ့တာ၊ သမီးကို ပိုထူးခြၽန္ထက္ျမက္သူ ျဖစ္ေစခဲ့တာဟာ အနာဂတ္ေကာင္းတခုကို သမီးပိုင္ဆိုင္ႏိုင္ဖို႔ပါ။

သမီးကို သမီးခ်စ္သူနဲ႔ အေဖသေဘာမတူတာဟာ ဒီအခ်က္ေလးခ်က္ေၾကာင့္ပဲ သမီး။ သမီး ၄ႏွစ္ အ႐ြယ္တုန္းက လူႀကီးေတြက စေနာက္ၿပီး ႀကီးလာရင္ ဘယ္လိုလူမ်ိဳးကို ယူမလဲလို႔ ေမးတုန္းက သမီးက "ေဖေဖလို လူမ်ိဳးကို ယူမယ္" လို႔ ေျပာခဲ့တယ္ေနာ္။ အေဖ့လိုလူမ်ိဳး သမီးကိုမယူေစခ်င္တာ သမီးမသိခဲ့ဘူးမဟုတ္လား။

အေဖနဲ႔ ယူလို႔ သမီးအေမ ေတာ္ေတာ္ ပင္ပန္းခဲ့ရတယ္ သမီး။ သမီးဟာ အေဖ့ရဲ႕ ထာဝရနတ္သမီးေလးပါ။ တေန႔ေန႔မွာ အေဖခါးကုန္းလို႔၊ ေျခလွမ္းေတြလည္း ေႏွးလာတဲ့ခ်ိန္ေရာက္တဲ့အထိ၊ စကားေျပာ မပီသေတာ့တဲ့အခ်ိန္ေရာက္တဲ့အထိ သမီးဟာ အေဖ့ရဲ႕ နတ္သမီးပါပဲ။

အေဖ့ဒီတသက္မွာ ေကာင္းတာ ဆိုးတာ၊ ညတာ စားတာေတြ ေတာ္ေတာ္မ်ားမ်ား လုပ္ခဲ့ၿပီးၿပီ။ ေအာင္ျမင္တာ က်ရႈံးတာ၊ ခ်ိဳၿမိန္တာ ခါးသက္တာေတြလည္း ျမည္းစမ္းခဲ့ၿပီးၿပီ။ မနက္ျဖန္ပဲ ေလာကႀကီးကေန ထြက္ခြာသြားရမယ္ ဆိုရင္ေတာင္ အေဖ့မွာေနာင္တမရွိဘူး သမီး။

အေဖ ေငြမက္တာ မဟုတ္ဘူး ႀကီးက်ယ္တာ မဟုတ္ဘူး သမီး။ သမီး ေကာင္းမြန္ေပ်ာ္႐ႊင္ေနဖို႔ကိုပဲ အေဖေမွ်ာ္လင့္ခဲ့တာပါ။ ဒီအေဖ စိတ္ပူတာက ေငြေၾကးမခ်မ္းသာလို႔ ဆင္းရဲတာကို မဟုတ္ပါဘူး။ ရည္မွန္းခ်က္၊ အေတြးအေခၚ၊ အသိပညာ၊ အေမွ်ာ္အျမင္ေတြ ဆင္းရဲမွာကို စိုးရိမ္တာပါ။

အ႐ြယ္ရွိခ်ိန္မွာ ေငြေၾကးမခ်မ္းသာရင္ ႀကိဳးစားရွာေဖြလို႔ ရႏိုင္ေပမယ့္ စိတ္ဓာတ္နဲ႔ စိတ္ေနသေဘာထားေတြ ဆင္းရဲရင္ေတာ့ ကိုယ့္အသိစိတ္နဲ႔ ကိုယ္ပဲ ျပဳျပင္လို႔မွာ ျဖစ္တယ္။ Crd