လေ့လာချက်တစ်ခုအရ ပန်းရောင်အဝတ်အစားတွေကို သဘောကျတတ်တဲ့အမျိုးသားတွေက ပိုပြီးငွေရှာနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ပန်းရောင်အဝတ်အစားကြိုက်နှစ်သက်တဲ့အမျိုးသားတွေရဲ့ စိတ်နေစိတ်ထားကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ပညာရေးမှာ ထူးချွန်ခြင်း

ပန်းရောင်အဝတ်အစားတွေကို အမျိုးသားအများစုက မနှစ်သက်ကြပါဘူး။ ဒါပေမယ့် အရောင်နဲ့ ပညာရေးက ဆက်စပ်နေပါတယ်။ စစ်တမ်းတစ်ခုအရ ပန်းရောင်ကြိုက်နှစ်သက်တဲ့အမျိုးအသားတွေဟာ အခြားအရောင်ဝတ်တဲ့အမျိုးသားတွေထက် Master ဘွဲ့ကို ရရှိနှုန်း နှစ်ဆရှိကြောင်း တွေ့ရပါတယ်။

ငွေလည်း ပိုမိုရှာနိုင်ခြင်း

ပန်းရောင်အဝတ်အစားတွေကို နှစ်သက်တဲ့အမျိုးသားတွေက အလုပ်ကို ကြိုးစားပမ်းစား ပိုလုပ်ကြပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားပြီး ရည်မှန်းချက်ကြီးမားတာကိုလည်း တွေ့ရပါတယ်။ အဝတ်အစားအရောင်ရွေးချယ်မှုက အလုပ်၊ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်မှုနဲ့ ဆက်စပ်နေတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိခြင်း

အမျိုးသားဝန်ထမ်း ၁၅၀၀ ကို စစ်တမ်းကောက်ကြည့်တဲ့အခါ ပန်းရောင်အဝတ်အစား ကြိုက်နှစ်သက်တဲ့အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှီကြောင်း တွေ့ရပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းက အောင်မြင်မှုကို ပိုပြီးတွန်းပို့ပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းရောင်အဝတ်အစားဝတ်ဆင်လေ့ရှိတဲ့အမျိုးသားတွေက အလုပ်အကိုင်မှာ ပုံရိပ်ကောင်းတွေကို ဖန်တီးနိုင်ကြပါတယ်။

ယောက်ျားပီသတဲ့အသွင်အပြင်ကို ရရှိစေခြင်း

ပန်းရောင်အဝတ်အစားကို ဝတ်လိုက်ရင် မိန်းကလေးဆန်သွားတာမဟုတ်ဘဲ နွေးထွေးနူးညံ့တဲ့အသွင်အပြင်ကို ရရှိသွားစေတာပါ။ ရှေးတုန်းကတည်းက အမျိုးသားအဝတ်အစားတွေမှာ ပန်းရောင်တွေကို ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။

Zombie (lovemedia)

for zawgyi

ပန္းေရာင္အဝတ္အစားေတြကို သေဘာက်တဲ့အမ်ိဳးသားေတြက ေငြပိုၿပီး ရွာႏိုင္

ေလ့လာခ်က္တစ္ခုအရ ပန္းေရာင္အဝတ္အစားေတြကို သေဘာက်တတ္တဲ့အမ်ိဳးသားေတြက ပိုၿပီးေငြရွာႏိုင္တာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ ပန္းေရာင္အဝတ္အစားႀကိဳက္ႏွစ္သက္တဲ့အမ်ိဳးသားေတြရဲ႕ စိတ္ေနစိတ္ထားကလည္း စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။

ပညာေရးမွာ ထူးခြၽန္ျခင္း

ပန္းေရာင္အဝတ္အစားေတြကို အမ်ိဳးသားအမ်ားစုက မႏွစ္သက္ၾကပါဘူး။ ဒါေပမယ့္ အေရာင္နဲ႔ ပညာေရးက ဆက္စပ္ေနပါတယ္။ စစ္တမ္းတစ္ခုအရ ပန္းေရာင္ႀကိဳက္ႏွစ္သက္တဲ့အမ်ိဳးအသားေတြဟာ အျခားအေရာင္ဝတ္တဲ့အမ်ိဳးသားေတြထက္ Master ဘြဲ႕ကို ရရွိႏႈန္း ႏွစ္ဆရွိေၾကာင္း ေတြ႕ရပါတယ္။

ေငြလည္း ပိုမိုရွာႏိုင္ျခင္း

ပန္းေရာင္အဝတ္အစားေတြကို ႏွစ္သက္တဲ့အမ်ိဳးသားေတြက အလုပ္ကို ႀကိဳးစားပမ္းစား ပိုလုပ္ၾကပါတယ္။ ဇြဲ၊ လုံ႔လ၊ ဝီရိယႀကီးမားၿပီး ရည္မွန္းခ်က္ႀကီးမားတာကိုလည္း ေတြ႕ရပါတယ္။ အဝတ္အစားအေရာင္ေ႐ြးခ်ယ္မႈက အလုပ္၊ လူမႈေပါင္းသင္းဆက္ဆံေရးမွာ ေအာင္ျမင္မႈနဲ႔ ဆက္စပ္ေနတတ္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ ပိုရွိျခင္း

အမ်ိဳးသားဝန္ထမ္း ၁၅၀၀ ကို စစ္တမ္းေကာက္ၾကည့္တဲ့အခါ ပန္းေရာင္အဝတ္အစား ႀကိဳက္ႏွစ္သက္တဲ့အမ်ိဳးသားေတြက ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈပိုရွီေၾကာင္း ေတြ႕ရပါတယ္။

ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိျခင္းက ေအာင္ျမင္မႈကို ပိုၿပီးတြန္းပို႔ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ပန္းေရာင္အဝတ္အစားဝတ္ဆင္ေလ့ရွိတဲ့အမ်ိဳးသားေတြက အလုပ္အကိုင္မွာ ပုံရိပ္ေကာင္းေတြကို ဖန္တီးႏိုင္ၾကပါတယ္။

ေယာက္်ားပီသတဲ့အသြင္အျပင္ကို ရရွိေစျခင္း

ပန္းေရာင္အဝတ္အစားကို ဝတ္လိုက္ရင္ မိန္းကေလးဆန္သြားတာမဟုတ္ဘဲ ေႏြးေထြးႏူးညံ့တဲ့အသြင္အျပင္ကို ရရွိသြားေစတာပါ။ ေရွးတုန္းကတည္းက အမ်ိဳးသားအဝတ္အစားေတြမွာ ပန္းေရာင္ေတြကို ထည့္သြင္းအသုံးျပဳၾကေလ့ရွိပါတယ္။

Zombie (lovemedia)