ချစ်ခင်ရတဲ့သူတွေနဲ့ အတူတူရှိနေတဲ့အခါ၊ လျှောက်လည်ရတဲ့အခါ ပျော်ရွှင်တဲ့ခံစားချက်ကိုရရှိပါတယ်။ အချို့တွေက လူများများနဲ့ ပျော်တတ်ပြီး တစ်ယောက်တည်းအထီးကျန်မှာကို စိုးရိမ်ကြပါတယ်။

ဒါပေမယ့် အချို့ကလည်း လူများများနဲ့နေရတာကို စိတ်ကျဉ်းကြပ်လာပြီး တစ်ယောက်တည်းနေရတာကို ပိုသဘောကျပါတယ်။

ဗြိတိန်စိတ်ပညာဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနတစ်ရပ်အရ တစ်ယောက်တည်းအေးအေးဆေးဆေး နေတတ်သူက ပိုပြီးတော့ ဉာဏ်ကောင်းကြောင်း တွေ့ရပါတယ်။

သုတေသီ Norman Li နဲ့ Satoshi Kanazawa တို့က စိတ်ကျေနပ်မှု၊ ဉာဏ်ရည်ဉာဏ်သွေး၊ ကျန်းမာရေးအကြောင်းအရာတွေကို သုတေသနပြုလုပ်ကြပါတယ်။

လူပေါင်း တစ်သောင်းငါးထောင်ကို စစ်တမ်းကောက်ပြီးနောက်မှာ ပျော်ရွှင်မှုသီအိုရီအကြောင်းကို ရှာတွေ့လာပါတယ်။ အဲဒီသီအိုရီအရ ဘဝမှာ ပျော်ရွှင်ဖို့ နည်းလမ်းတွေက မျိုးရိုးစဉ်ဆက်ဘိုးဘွားတွေရဲ့ အတွေ့အကြုံတွေပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ယနေ့ခေတ်လူနေမှုပုံစံက ဘိုးဘွားတွေခေတ်ကထက် လူတွေနဲ့ ပိုပြီးရောရောထွေးထွေးနေတာကို တွေ့ရပါတယ်။

စစ်တမ်းတွေအရ ဉာဏ်ရည်ဉာဏ်သွေးမြင့်သူတွေဟာ တစ်ယောက်တည်းသီးသန့်နေထိုင်ရတာကို သဘောကျပြီး အေးအေးဆေးဆေးပဲ နေလေ့ရှိပါတယ်။ သဘာဝတရားကို သဘောကျပြီး ဆူညံနေတဲ့အရာတွေကို ရှောင်လေ့ရှိပါတယ်။

ဉာဏ်ရည်ဉာဏ်သွေးမြင့်သူတွေက အမြဲတမ်းသီးသန့်နေထိုင်တာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးရဲ့အရေးပါပုံကိုလည်း သိရှိကြပါတယ်။

လူအများကို မမှီခိုဘဲ တစ်ယောက်တည်းသာ အေးအေးဆေးဆေးနေလိုတဲ့ဆန္ဒဟာ ဉာဏ်ရည်မြင့်မားသူတွေမှာ တွေ့ရပါတယ်။

ဒါပေမယ့် အပေါင်းအသင်းများများနဲ့ နေထိုင်တတ်သူတွေဟာ ဉာဏ်ရည်မမြင့်သူများ မဟုတ်ကြပါဘူး။ ကိုယ်ပိုင်အချိန်ကို ဘယ်လိုကုန်ဆုံးလဲဆိုတဲ့အပေါ်မှာသာ မူတည်ပါတယ်။

Zombie (lovemedia)

for zawgyi

တစ္ေယာက္တည္းသီးသန႔္ေနထိုင္တတ္သူေတြဟာ ဉာဏ္ရည္ျမင့္မားသူမ်ားျဖစ္ေၾကာင္း

ခ်စ္ခင္ရတဲ့သူေတြနဲ႔ အတူတူရွိေနတဲ့အခါ၊ ေလွ်ာက္လည္ရတဲ့အခါ ေပ်ာ္႐ႊင္တဲ့ခံစားခ်က္ကိုရရွိပါတယ္။ အခ်ိဳ႕ေတြက လူမ်ားမ်ားနဲ႔ ေပ်ာ္တတ္ၿပီး တစ္ေယာက္တည္းအထီးက်န္မွာကို စိုးရိမ္ၾကပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ကလည္း လူမ်ားမ်ားနဲ႔ေနရတာကို စိတ္က်ဥ္းၾကပ္လာၿပီး တစ္ေယာက္တည္းေနရတာကို ပိုသေဘာက်ပါတယ္။

ၿဗိတိန္စိတ္ပညာဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ သုေတသနတစ္ရပ္အရ တစ္ေယာက္တည္းေအးေအးေဆးေဆး ေနတတ္သူက ပိုၿပီးေတာ့ ဉာဏ္ေကာင္းေၾကာင္း ေတြ႕ရပါတယ္။

သုေတသီ Norman Li နဲ႔ Satoshi Kanazawa တို႔က စိတ္ေက်နပ္မႈ၊ ဉာဏ္ရည္ဉာဏ္ေသြး၊ က်န္းမာေရးအေၾကာင္းအရာေတြကို သုေတသနျပဳလုပ္ၾကပါတယ္။

လူေပါင္း တစ္ေသာင္းငါးေထာင္ကို စစ္တမ္းေကာက္ၿပီးေနာက္မွာ ေပ်ာ္႐ႊင္မႈသီအိုရီအေၾကာင္းကို ရွာေတြ႕လာပါတယ္။ အဲဒီသီအိုရီအရ ဘဝမွာ ေပ်ာ္႐ႊင္ဖို႔ နည္းလမ္းေတြက မ်ိဳး႐ိုးစဥ္ဆက္ဘိုးဘြားေတြရဲ႕ အေတြ႕အႀကဳံေတြေပၚမွာ မူတည္တယ္လို႔ ဆိုပါတယ္။

ခြဲျခမ္းစိတ္ျဖာၾကည့္တဲ့အခါ ယေန႔ေခတ္လူေနမႈပုံစံက ဘိုးဘြားေတြေခတ္ကထက္ လူေတြနဲ႔ ပိုၿပီးေရာေရာေထြးေထြးေနတာကို ေတြ႕ရပါတယ္။

စစ္တမ္းေတြအရ ဉာဏ္ရည္ဉာဏ္ေသြးျမင့္သူေတြဟာ တစ္ေယာက္တည္းသီးသန႔္ေနထိုင္ရတာကို သေဘာက်ၿပီး ေအးေအးေဆးေဆးပဲ ေနေလ့ရွိပါတယ္။ သဘာဝတရားကို သေဘာက်ၿပီး ဆူညံေနတဲ့အရာေတြကို ေရွာင္ေလ့ရွိပါတယ္။

ဉာဏ္ရည္ဉာဏ္ေသြးျမင့္သူေတြက အၿမဲတမ္းသီးသန႔္ေနထိုင္တာမဟုတ္ပါဘူး။ ေပါင္းသင္းဆက္ဆံေရးရဲ႕အေရးပါပုံကိုလည္း သိရွိၾကပါတယ္။

လူအမ်ားကို မမွီခိုဘဲ တစ္ေယာက္တည္းသာ ေအးေအးေဆးေဆးေနလိုတဲ့ဆႏၵဟာ ဉာဏ္ရည္ျမင့္မားသူေတြမွာ ေတြ႕ရပါတယ္။

ဒါေပမယ့္ အေပါင္းအသင္းမ်ားမ်ားနဲ႔ ေနထိုင္တတ္သူေတြဟာ ဉာဏ္ရည္မျမင့္သူမ်ား မဟုတ္ၾကပါဘူး။ ကိုယ္ပိုင္အခ်ိန္ကို ဘယ္လိုကုန္ဆုံးလဲဆိုတဲ့အေပၚမွာသာ မူတည္ပါတယ္။

Zombie (lovemedia)