တခါတုန်းက စစ်သူကြီး တယောက်ဟာ စစ်တုရင် ကစားတာ အရမ်းတော်ပါတယ်။ ဘယ်သူကမှ သူ့ကို နိုင်အောင် မကစားနိုင်ပါဘူး။

တရက်မှာ စစ်သူကြီးဟာ သူ့ရဲ့ စစ်တပ်နဲ့အတူ စစ်တိုက် ထွက်လာရင်း ရွာလေးတရွာကို ဖြတ်ကျော်လာကြတော့ အဲ့ဒီရွာက အိမ်သေးသေးလေး တလုံးမှာ "စစ်တုရင် ကစားရာမှာ တနိုင်ငံလုံးရဲ့ နံပါတ်တစ်" ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ကြတယ်။

စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင်က ၃ ကြိမ်စလုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီး ပြောတယ်။

"ဟားဟား မောင်မင်း ဆိုင်းပုဒ်ကြီး ဖြုတ်ပစ်လိုက်တော့" ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက် ထွက်သွားတော့တယ်။

မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကို ပြန်လာကြရာ အဲဒီရွာကို ပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်။

အဲဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ် စိန်ခေါ်စကား ပြောကြရင်း ထပ်ကစားဖြစ် ကြတယ်။ ဒီတခါကျတော့ စစ်သူကြီးက ၃ ပွဲ လုံး ဆက်တိုက်ရှုံးသွားတယ်။

စစ်သူကြီး အရမ်း အံ့သြသွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကို မေးတာ ဘာကြောင့်လဲပေါ့။ အိမ်ပိုင်ရှင် ပြောပြတာက "အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့ တာဝန်ကြီး ရှိနေတယ်။

ကျနော်မျိုးအနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ်ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ပါဘူး။

ဒီတခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျနော်မျိုးလည်း ပညာလျှိုထားစရာ မလိုတော့ဘူးပေါ့" တဲ့။

တကယ်တော်တဲ့သူဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွှတ်နိုင်စွမ်းရှိအောင် စိတ်သဘောထား ကြီးတဲ့သူပါပဲ။

လက်တွေ့ဘဝမှာလည်း အတူတူပါပဲ သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး။ မပြောဘူးဆိုတာက မသိလို့လည်းမဟုတ်ပါဘူး။ Crd