တခါက မြေးမလေးသုံးယောက်နဲ့ အတူနေပြီး အရာရာကို "ငါမရှိရင် မဖြစ်ဘူး" လို့ ထင်မှတ်နေတဲ့ အဖွားအိုကြီး တယောက်ရှိတယ်။

သူ့မြေးမလေးတွေကိုလည်း အရာရာ စိတ်တိုင်းမကျ ဖြစ်ပြီး "ဒီနေ့ ဟိုဟင်းချက်စမ်း၊ အမှိုက်သိမ်းစမ်း၊ ဒါကိုမစားနဲ့၊ အဲ့ဒီကိုမသွားနဲ့" စသည်ဖြင့် အမြဲဆူပူ ပြောဆိုတာပေါ့။

ပြီးတော့ အဖွားအိုက "ဒီမြေးမလေးတွေ ကတော့ ငါမရှိရင် ဘယ်လိုများနေကြမလဲ။ ငါမရှိရင် ဖြစ်မှာမဟုတ်ဘူး" လို့လည်း အမြဲတဖွဖွ ပြောလေ့ရှိသတဲ့။

တနေ့တော့ အဖွားအိုကြီးဟာ အလုပ်ကိစ္စတခုနဲ့ နှစ်ရက်ကြာမယ့် ခရီးတခုကို သွားဖို့အတွက် ဖြစ်လာခဲ့တယ်။

သူဟာ မြေးမလေးတွေကို စိတ်မချဖြစ်ပြီး ခရီးသွားအံ့ဆဲဆဲမှာလည်း နာရီဝက် တနာရီနီးနီးလောက် ကြာအောင် မှာတမ်းတွေ ခြွေလို့မပြီး ဖြစ်နေတော့တာပေါ့။

အဖွားအိုးခရီးက ပြန်ရောက်တဲ့ အခါမှာတော့ အိမ်ထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ သူအရမ်း အံ့သြတုန်လှုပ် သွားခဲ့ရတယ်။ အခန်းထဲမှာ ဝိုင်းဖွဲ့ပြီး စကားပြောနေတဲ့ သူ့မြေးမလေးတွေရဲ့ စကားသံတွေကြောင့်ပေါ့။

"အဖွားရှိရင် ဘာမှ မလွတ်လပ်ဘူး။ စားချင်တာမစားရ၊ နေချင်သလို မနေရ၊ အမြဲတမ်း အဖွားပြောသမျှပဲ လုပ်ပေးနေရတယ်" နောက်တယောက်ကလည်း "အေး ဟုတ်တယ် ဟိုကိုမသွားနဲ့၊ ဒီဟာ မဝတ်နဲ့ ဆိုပြီးလည်း အရမ်းချုပ်ချယ်တာပဲ"

ကျန်တယောက်ကလည်း "ဟုတ်တယ် အခုဆို အဖွားခရီးသွားနေတော့ အရမ်း စိတ်ချမ်းသာတာပဲ။ အခုမှပဲ လွတ်လွတ်လပ်လပ်နဲ့ နေရတော့တယ်" လို့ ပြောဆိုနေကြသတဲ့။

အဲဒီစကားတွေကို ကြားတော့ အဖွားအိုလည်း "သြော် ငါကသာ ငါမရှိရင် မဖြစ်ဘူးလို့ တွေးနေတာ၊ သူတို့ကတော့ ငါမရှိမှ ကောင်းမယ်လို့ ထင်နေကြပါလား" ဆိုပြီး အသိတရားတွေ ရကာ ရာသက်ပန် တရားအားထုတ်ပြီး နေသွားတော့သတဲ့။

ဘယ်အရာမဆို ကိုယ့်ဘက်က "ငါမရှိလို့ မဖြစ်ဘူး" ဆိုပြီး တွေးပါများလာရင် အခြားတယောက်ရဲ့ အမြင်မှာတော့ "သူမရှိမှ ကောင်းတယ်" လို့ ထင်သွားတတ်ပါတယ်။

ဒါကြောင့် ကိုယ်မရှိရင်မဖြစ်ဘူး ဆိုတဲ့စိတ် မတွေးပါနဲ့။ ကိုယ်မရှိရင်လည်း ကမ္ဘာကြီးက ပျက်မသွားဘူး။ လည်ပတ်မြဲ လည်ပတ်နေမှာပါပဲ။ Crd

for zawgyi

ငါမရွိရင္ မျဖစ္ဘူး

တခါက ေျမးမေလးသုံးေယာက္နဲ႔ အတူေနၿပီး အရာရာကို "ငါမရွိရင္ မျဖစ္ဘူး" လို႔ ထင္မွတ္ေနတဲ့ အဖြားအိုႀကီး တေယာက္ရွိတယ္။

သူ႔ေျမးမေလးေတြကိုလည္း အရာရာ စိတ္တိုင္းမက် ျဖစ္ၿပီး "ဒီေန႔ ဟိုဟင္းခ်က္စမ္း၊ အမႈိက္သိမ္းစမ္း၊ ဒါကိုမစားနဲ႔၊ အဲ့ဒီကိုမသြားနဲ႔" စသည္ျဖင့္ အၿမဲဆူပူ ေျပာဆိုတာေပါ့။

ၿပီးေတာ့ အဖြားအိုက "ဒီေျမးမေလးေတြ ကေတာ့ ငါမရွိရင္ ဘယ္လိုမ်ားေနၾကမလဲ။ ငါမရွိရင္ ျဖစ္မွာမဟုတ္ဘူး" လို႔လည္း အၿမဲတဖြဖြ ေျပာေလ့ရွိသတဲ့။

တေန႔ေတာ့ အဖြားအိုႀကီးဟာ အလုပ္ကိစၥတခုနဲ႔ ႏွစ္ရက္ၾကာမယ့္ ခရီးတခုကို သြားဖို႔အတြက္ ျဖစ္လာခဲ့တယ္။

သူဟာ ေျမးမေလးေတြကို စိတ္မခ်ျဖစ္ၿပီး ခရီးသြားအံ့ဆဲဆဲမွာလည္း နာရီဝက္ တနာရီနီးနီးေလာက္ ၾကာေအာင္ မွာတမ္းေတြ ေႁခြလို႔မၿပီး ျဖစ္ေနေတာ့တာေပါ့။

အဖြားအိုးခရီးက ျပန္ေရာက္တဲ့ အခါမွာေတာ့ အိမ္ထဲကို ဝင္လိုက္တယ္ ဆိုရင္ပဲ သူအရမ္း အံ့ၾသတုန္လႈပ္ သြားခဲ့ရတယ္။ အခန္းထဲမွာ ဝိုင္းဖြဲ႕ၿပီး စကားေျပာေနတဲ့ သူ႔ေျမးမေလးေတြရဲ႕ စကားသံေတြေၾကာင့္ေပါ့။

"အဖြားရွိရင္ ဘာမွ မလြတ္လပ္ဘူး။ စားခ်င္တာမစားရ၊ ေနခ်င္သလို မေနရ၊ အၿမဲတမ္း အဖြားေျပာသမွ်ပဲ လုပ္ေပးေနရတယ္" ေနာက္တေယာက္ကလည္း "ေအး ဟုတ္တယ္ ဟိုကိုမသြားနဲ႔၊ ဒီဟာ မဝတ္နဲ႔ ဆိုၿပီးလည္း အရမ္းခ်ဳပ္ခ်ယ္တာပဲ"

က်န္တေယာက္ကလည္း "ဟုတ္တယ္ အခုဆို အဖြားခရီးသြားေနေတာ့ အရမ္း စိတ္ခ်မ္းသာတာပဲ။ အခုမွပဲ လြတ္လြတ္လပ္လပ္နဲ႔ ေနရေတာ့တယ္" လို႔ ေျပာဆိုေနၾကသတဲ့။

အဲဒီစကားေတြကို ၾကားေတာ့ အဖြားအိုလည္း "ေၾသာ္ ငါကသာ ငါမရွိရင္ မျဖစ္ဘူးလို႔ ေတြးေနတာ၊ သူတို႔ကေတာ့ ငါမရွိမွ ေကာင္းမယ္လို႔ ထင္ေနၾကပါလား" ဆိုၿပီး အသိတရားေတြ ရကာ ရာသက္ပန္ တရားအားထုတ္ၿပီး ေနသြားေတာ့သတဲ့။

ဘယ္အရာမဆို ကိုယ့္ဘက္က "ငါမရွိလို႔ မျဖစ္ဘူး" ဆိုၿပီး ေတြးပါမ်ားလာရင္ အျခားတေယာက္ရဲ႕ အျမင္မွာေတာ့ "သူမရွိမွ ေကာင္းတယ္" လို႔ ထင္သြားတတ္ပါတယ္။

ဒါေၾကာင့္ ကိုယ္မရွိရင္မျဖစ္ဘူး ဆိုတဲ့စိတ္ မေတြးပါနဲ႔။ ကိုယ္မရွိရင္လည္း ကမာၻႀကီးက ပ်က္မသြားဘူး။ လည္ပတ္ၿမဲ လည္ပတ္ေနမွာပါပဲ။ Crd