တခါတုန်းက လယ်သမားက သူ့စိုက်ခင်းတွေအတွက် ရေတွင်း တူးလို့ရမယ့် နေရာ တနေရာလောက် လိုက်ရှာပါတယ်။ လယ်သမားရဲ့ စိုက်ခင်းက အရမ်းကို အထွက်ကောင်းတဲ့ စိုက်ခင်း ဖြစ်တာမို့ အိမ်နီးနားချင်းက မနာလို ဖြစ်နေပါတယ်။

လယ်သမားက သူ့စိုက်ခင်းအတွက် ရေလိုတာကြောင့် သူ့ရဲ့ အိမ်နီးနားချင်းဆီက သူ့စိုက်ခင်းတွေ အတွက် ရေတွင်းကို ဝယ်ယူလိုက်ပါတယ်။

ရေတွင်းကို ဝယ်ယူပြီးတဲ့ နောက်နေ့မှာတော့ ကောက်ကျစ်တဲ့ အိမ်နီးနားချင်းက လယ်သမားကို ပြောပါတယ်။

"ငါက မင်းကို ရေတွင်းကိုပဲ ရောင်းထားတာ၊ ရေတွေ မပါဘူး။ အဲဒီတော့ မင်းက ရေတွင်းထဲက ရေတွေကို သုံးစွဲခွင့် မရှိဘူး" လို့ ပြောပါတယ်။ လယ်သမားက အံ့အားသင့်ပြီး ဘာလုပ်ရမယ်မှန်း မသိပါဘူး။

အဖြေထုတ်ရ ခက်တဲ့အတွက် လယ်သမားက တရားရုံးကို သွားပြီး ပြောပြပါတယ်။ တရားရုံးက လယ်သမားနဲ့ သူ့ရဲ့ အိမ်နီးချင်းကို ခေါ်လိုက်ပါတယ်။

"ဘာကြောင့် လယ်သမားကို ရေတွင်းထဲက ရေကိုယူခွင့်မပေးတာလဲ" လို့ ကောက်ကျစ်တဲ့ အိမ်နီးချင်းကို မေးလိုက်ပါတယ်။ ကောက်ကျစ်သူက အထက်က မေးခွန်းအတိုင်းပဲ ပြန်ဖြေပါတယ်။

"ကျနော်က သူ့ကို ရေတွင်းပဲ ရောင်းတာပါ၊ ရေကို ရောင်းတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျနော့် ရေကို သူယူသုံးလို့ မရပါဘူး" လို့ ပြန်ဖြေပါတယ်။

ထိုအခါ တရားသူကြီးက ပြန်ပြောလိုက်ပါတယ်။ "ဟုတ်ပြီ အဲဒါဆိုရင်တော့ ရေတွင်းထဲက ရေကို ယူသုံးလို့ မရဘဲ ရေတွင်းကိုသာ ဝယ်လိုက်တာ ဖြစ်လို့ မင်းက ရေတွင်းကိုပဲ ပိုင်ဆိုင်တယ်။

သူကတော့ ရေကို ပိုင်ဆိုင်တာမို့ ရေတွင်းထဲက ရေကို သူ့ကို အခုချက်ချင်း ဖယ်ရှားပေးပါ" လို့ ကောက်ကျစ်တဲ့ အိမ်နီးချင်းကိုပြောလိုက် ပါတော့တယ်။

အဲဒီအခါကျတော့မှ ကောက်ကျစ်တဲ့ အိမ်နီးချင်းက သူ့ကို သင်ခန်းစာပေးမှန်း သိပြီး တောင်းပန်လိုက် ပါတော့တယ်။

ဒီပုံပြင်လေးထဲက ကောက်ကျစ်တဲ့ အိမ်နီးချင်းလို လူမျိုးကို ကျနော်တို့ တွေ့ကြုံဖူး ကြမှာပါ။ မှတ်ထားရမှာက ဘယ်တော့မဆို ကိုယ်က ကောက်ကျစ် ယုတ်မာလိုက်ခြင်းက အခြားသူကို ထိခိုက်မှာ မဟုတ်ဘဲ ကိုယ်ပေးလိုက်တဲ့ အတိုင်း ကိုယ်သာ ပြန်ရမှာဖြစ်ပါတယ် ဆိုတာ ပါပဲ။ Crd