တခါတုန်းက ကျီးကန်းတကောင်ဟာ အိမ်တအိမ်က ဒိန်ခဲတခဲကို ခိုးယူကိုက်ချီပြီး သစ်ပင်တပင်ပေါ်မှာ နားနေပါတယ်။ ထိုအချိန် ဒိန်ခဲရဲ့ အနံ့ကိုရတဲ့ မြေခွေးတကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေတယ်။

ပြီးတော့ မြေခွေးဟာ အဲဒီဒိန်ခဲတုံးကို ပိုင်ဆိုင်ဖို့ အကြံထုတ်ကာ တွေးတော နေပါတော့တယ်။ အဲ့ဒါနဲ့ မြေခွေးဟာ "မင်္ဂလာ နံနက်ခင်းလေးပါ မရွှေကျီး၊ နေကောင်း ကျန်းမာတော် မူပါရဲ့လား။ အမွေးအတောင်တွေ အရမ်းလှပသလို မရွှေကျီးရဲ့ အသံကလည်း သာယာမှာပဲနော်" ဟု ကျီးကန်းကို ပြောကြားလိုက်၏။

ကျီးကန်းဟာ မြေခွေးရဲ့ ချီးကျူးသံကို ကြားသည်နှင့် တပြိုင်နက် ချက်ချင်းဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ၏။ ထိုအခါ ကျီးကန်း၏ ပါးစပ်တွင် ကိုက်ချီထားသော ဒိန်ခဲဟာ အောက်သို့ကျပြီး မြေခွေးလည်း ဒိန်ခဲကို အပိုင်စားရ လိုက်လေတော့သည်။

ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီပုံပြင်တိုလေးထဲက မြေခွေးလို လူတချို့ ရှိတတ်ကြပါတယ်။ မနာလိုမှုတွေ ဖြစ်တဲ့အခါမှာ လူတချို့က မြေခွေးလို ချိုသာတဲ့ စကားတွေပြောပြီး မြှောက်ပင့် တတ်ကြပါတယ်။ သူတို့တွေဟာ သူတပါးကို ထိခိုက်နာကျင်အောင် လုပ်ချင်သူတွေသာ ဖြစ်ပါတယ်။

မြှောက်ပင့်မှုကို ကြိုက်ကြသူတွေဟာ တခါတလေမှာ ဒုက္ခရောက်တတ်ပါတယ်။ ကျနော်တို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတချို့က ချိုသာတဲ့ စကားလုံးလေးများ ပြောဆိုကာ မောင်းထုတ်တတ်လေ့ ရှိတတ်ပါတယ်။ ဒီလို ကြိုးစားနေတဲ့ ကာ လမှာ စကားချိုတိုင်း မသာယာမိဖို့ အထူး သတိပြုရန် လိုအပ်ပါတယ်။

ဟန်ဆောင်ပြီး မြှောက်ပင့်သူတို့ရဲ့ အတုအယောင် စကားတွေကို နားထောင်မိတဲ့သူဟာ ထိုက်သင့်တဲ့ အဖိုးအခကို ပေးကြရမှာသာ ဖြစ်ပါတယ်။ အတုအယောင်တွေရဲ့ စကားတိုင်းမှာ ကိုယ်က မသာယာဖို့ လိုအပ်ပါတယ်။ အကယ်၍ သာယာခဲ့မိရင်တော့ ကိုယ်ဆီက တခုခု ပြန်ပေးရတတ်ပါတယ်။ Crd

Zawgyi

ႏႈတ္ခ်ိုေနရင္ သတိထား

တခါတုန္းက က်ီးကန္းတေကာင္ဟာ အိမ္တအိမ္က ဒိန္ခဲတခဲကို ခိုးယူကိုက္ခ်ီၿပီး သစ္ပင္တပင္ေပၚမွာ နားေနပါတယ္။ ထိုအခ်ိန္ ဒိန္ခဲရဲ႕ အနံ႔ကိုရတဲ့ ေျမေခြးတေကာင္ဟာ က်ီးကန္းနားသို႔ နီးကပ္စြာ လာေလတယ္။

ၿပီးေတာ့ ေျမေခြးဟာ အဲဒီဒိန္ခဲတုံးကို ပိုင္ဆိုင္ဖို႔ အႀကံထုတ္ကာ ေတြးေတာ ေနပါေတာ့တယ္။ အဲ့ဒါနဲ႔ ေျမေခြးဟာ "မဂၤလာ နံနက္ခင္းေလးပါ မေ႐ႊက်ီး၊ ေနေကာင္း က်န္းမာေတာ္ မူပါရဲ႕လား။ အေမြးအေတာင္ေတြ အရမ္းလွပသလို မေ႐ႊက်ီးရဲ႕ အသံကလည္း သာယာမွာပဲေနာ္" ဟု က်ီးကန္းကို ေျပာၾကားလိုက္၏။

က်ီးကန္းဟာ ေျမေခြးရဲ႕ ခ်ီးက်ဴးသံကို ၾကားသည္ႏွင့္ တၿပိဳင္နက္ ခ်က္ခ်င္းဆိုသလိုပဲ သူ႔အသံကို ႂကြားလိုက္မိ၏။ ထိုအခါ က်ီးကန္း၏ ပါးစပ္တြင္ ကိုက္ခ်ီထားေသာ ဒိန္ခဲဟာ ေအာက္သို႔က်ၿပီး ေျမေခြးလည္း ဒိန္ခဲကို အပိုင္စားရ လိုက္ေလေတာ့သည္။

က်ေနာ္တို႔ရဲ႕ ပတ္ဝန္းက်င္မွာလည္း ဒီပုံျပင္တိုေလးထဲက ေျမေခြးလို လူတခ်ိဳ႕ ရွိတတ္ၾကပါတယ္။ မနာလိုမႈေတြ ျဖစ္တဲ့အခါမွာ လူတခ်ိဳ႕က ေျမေခြးလို ခ်ိဳသာတဲ့ စကားေတြေျပာၿပီး ေျမႇာက္ပင့္ တတ္ၾကပါတယ္။ သူတို႔ေတြဟာ သူတပါးကို ထိခိုက္နာက်င္ေအာင္ လုပ္ခ်င္သူေတြသာ ျဖစ္ပါတယ္။

ေျမႇာက္ပင့္မႈကို ႀကိဳက္ၾကသူေတြဟာ တခါတေလမွာ ဒုကၡေရာက္တတ္ပါတယ္။ က်ေနာ္တို႔ ႀကိဳးစားေနတဲ့ အခ်ိန္မွာ ဒုကၡျဖစ္ေအာင္ လူတခ်ိဳ႕က ခ်ိဳသာတဲ့ စကားလုံးေလးမ်ား ေျပာဆိုကာ ေမာင္းထုတ္တတ္ေလ့ ရွိတတ္ပါတယ္။ ဒီလို ႀကိဳးစားေနတဲ့ ကာ လမွာ စကားခ်ိဳတိုင္း မသာယာမိဖို႔ အထူး သတိျပဳရန္ လိုအပ္ပါတယ္။

ဟန္ေဆာင္ၿပီး ေျမႇာက္ပင့္သူတို႔ရဲ႕ အတုအေယာင္ စကားေတြကို နားေထာင္မိတဲ့သူဟာ ထိုက္သင့္တဲ့ အဖိုးအခကို ေပးၾကရမွာသာ ျဖစ္ပါတယ္။ အတုအေယာင္ေတြရဲ႕ စကားတိုင္းမွာ ကိုယ္က မသာယာဖို႔ လိုအပ္ပါတယ္။ အကယ္၍ သာယာခဲ့မိရင္ေတာ့ ကိုယ္ဆီက တခုခု ျပန္ေပးရတတ္ပါတယ္။ Crd