တခါတုန်းက ဟိမဝန္တာတောင်ခြေမှာ သမထကျင့်နေတဲ့ ဆာဒူး ဆရာတပည့်နှစ်ယောက် ရှိတယ်။ တနေ့မှာ တပည့်ဖြစ်သူက ဆရာဆာဒူးကြီးကို ပြောတယ်။

"ဆရာကြီး ကျွန်တော်တို့မှာ သူတပါးရဲ့ ပေးစာကမ်းစာလေးတွေပဲ စောင့်မျှော်ပြီး စားသောက် နေကြရတာ မဟန်ပါဘူး။ သူတပါး သဒ္ဓါပေါက်မယ့် အချိန်ကို စောင့်မနေဘဲ ကိုယ်စားသောက်ချင်တဲ့ အဟာရကို ကိုယ့်ဟာကိုယ် စိတ်ကြိုက် ဝယ်စားနိုင်အောင် ငွေရှာမှ ဖြစ်တော့မယ်။ ငွေရှိရင် ဘယ်သူ့ကိုမှ အောက်ကျို့ခံပြီး တောင်းရမ်းနေစရာ မလိုတော့ဘူး မဟုတ်လား"

ထိုအခါ ဆာဒူးကြီးက "မင်း ငါ့ဆီမှာ တပည့်လာခံရတဲ့ အကြောင်းရင်းကို ပြောစမ်းပါဦး" လို့ မေးလိုက်တယ်။ "တန်ခိုးတခုခု ရပြီး လူ့လောကထဲမှာ အဆင်ပြေပြေ နေနိုင်အောင်ပေါ့ ဆရာရယ်" လို့ တပည့်က ပြန်ဖြေလိုက်တယ်။

ဒီအခါမှာ ဆာဒူးကြီးက "အော် မင်းက ဒီကျင့်စဉ်ကို ကျင့်တာ ရှုပ်ထွေးတဲ့ လောကကြီးက လွတ်မြောက်ဖို့အတွက် မဟုတ်ဘဲ ငွေရဖို့ အတွက် တန်ခိုး လိုချင်လို့ကိုး။ ငွေရဖို့ ဆိုရင်တော့ ဒီလောက်တောင် နှစ်ရှည်လများ ကျင့်ကြံနေစရာ မလိုပါဘူးကွာ။

လောကမှာ လူတိုင်း လောဘ ရှိကြတယ်။ လောဘ ဆိုတာ နည်းရင် ဆေးဘက်ဝင်ပြီး များရင် ဒုက္ခပေးတယ်။ ဒါကြောင့်လောဘကြီးတဲ့ လူကိုလောဘနဲ့ မျှားရင် ရတာပေါ့" လို့ပြောတော့ တပည့်ဖြစ်သူက "ဒါဆိုရင် လောဘကြီးသူကို လောဘနဲ့ မျှားပြီးငွေရအောင် ရှာပြစမ်းပါ" လို့ ပြောလိုက်တယ်။

အဲဒါနဲ့ ဆာဒူးကြီးက "မင်းအခု ရွာထဲကို သွားပြီး၊ ကျွန်တော့်ဆရာ ဆာဒူးကြီးက မနက်ဖန်မနက် ရောက်ရင် ဆုတောင်းပြည့်စေတဲ့ အဆောင်တွေကို တခုမှ ၅ ရူပီးနဲ့ ရောင်းလိမ့်မယ်။ အဲဒီအဆောင်ကို ဆောင်ပြီး ဆုတောင်းလို့ မပြည့်ဘူး ဆိုရင် ယူထားတဲ့ငွေရဲ့ ၃ ဆကို ပြန်အမ်းပေးမယ်။

အဆောင်က လပြည့်ညတုန်းက လုပ်ထားတဲ့ အဆောင်တွေ ဖြစ်ပြီး အနည်းအကျဉ်းပဲ ရှိလို့ လိုချင်တဲ့ လူတွေအနေနဲ့ ခပ်စောစောသွားမှ ရဖို့သေချာလိမ့်မယ် လို့ အိမ်ပေါက်စေ့ သွားပြောချေ။ နောက်ပြီး အပြန်လမ်းမှာ လက်သဲခွံလောက် ရှိတဲ့ကျောက်ခဲတွေကို မင်းနိုင်သလောက် ကောက်လာခဲ့" လို့ မှာလိုက်တယ်

တပည့်လည်း ရွာထဲကို ပြေးပြီး ဆရာမှာတဲ့အတိုင်း လူတကာကို လိုက်ပြောတော့တာပေါ့။ ရွာသူရွာသားတွေကလည်း ဆုတောင်းပြည့်မယ့် အဆောင်ကို ၅ ရူပီး နဲ့လည်းရမယ်၊ သူတို့တောင်းမယ့် ဆုတွေကလည်း ၅ ရူပီးထက် အဆပေါင်းမြောက်များစွာ ပိုတဲ့ ဆုတောင်းတွေဖြစ်ပြီး ဆုတောင်မပြည့်ရင်တောင်မှ ၃ ဆ ပြန်ပေးဦးမယ်ဆိုတော့ ၁၀ ရူးပီးတောင် မြတ်ဦးမယ်ဆိုပြီး နောက်တနေ့မနက်မှာ ဆာဒူးကြီးဆီကို တရွာလုံး အလုအယက် လာကြတာပေါ့။

အဆောင်တွေ မရောင်းခင်မှာ ဆာဒူးကြီးက "ငါ အခုပေးမယ့် အဆောင်တွေက အထူးကောင်းမွန်ပြီး အမှန်တကယ် ဆုတောင်းပြည့်မယ့် အဆောင်တွေဖြစ်တယ်။ ဒါပေမယ့် ဆုတောင်းတဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေတော့ ရှိတယ်။

အဲဒါတွေက (၁) ဆုတောင်းတော့မယ့် အချိန်မှာ သန့်ရှင်းစင်ကြယ်စွာ လျှော်ဖွတ်ထားတဲ့ အဝတ်အစားကို ဝတ်ဆင်ထားရမယ်။ (၂)၊ တောင်းတဲ့ ဆုအပေါ်မှာ နှစ်နှစ်ကာကာ ရှိရမယ်။

(၃) ကတော့ အရေးအကြီးဆုံးပဲ။ အဲဒါက ဆုတောင်းနေတဲ့ အချိန်မှာ မျောက်သတ္တဝါကို စိတ်မကူးမိပါစေနဲ့။ ကိုယ့်ရဲ့ အာရုံထဲမှာ မျောက်သတ္တဝါ ပေါ်မလာအောင် ပြုလုပ်ရပါမယ်။ မျောက်သတ္တဝါကို စိတ်ကူးမိတာနဲ့ တောင်းတဲ့ဆု ပြည့်မှာ မဟုတ်တော့ပါဘူး။ အဲဒီလို ဖြစ်ခဲ့ရင် စည်းကမ်း ဖောက်ဖျက်တဲ့အတွက် ဆုတောင်းမပြည့်ခဲ့ရင် ပေးထားတဲ့ငွေရဲ့ ၃ ဆကို ပြန်လျော်ပေးမှာမဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။

အဆောင်ဝယ်မယ့် လူတွေကလည်း "ဒီစည်းကမ်းလောက်ကတော့ ကျူပ်တို့ လိုက်နာနိုင်ပါတယ်။ မျောက်ဆိုတဲ့ သတ္တဝါကို တလနေလို့ တခါတောင် စိတ်မကူးမိပါဘူး" လို့ ပြောကြပြီး ဆာဒူးကြီး ပေးတဲ့ ကျောက်ခဲအဆောင်တွေကို အလုအယက် ဝယ်ကြလို့ ဆာဒူးကြီးလဲ ငွေတွေအများအပြား ရလိုက်တယ်။ အဆောင်ဝယ်သူတွေ ပြန်သွားတဲ့အချိန်မှာ တပည့်ဖြစ်သူက ဆာဒူးကြီး ကို ပြောတယ်။

"ဆရာပေးလိုက်တဲ့ အဆောင်တွေက ကျွန်တော် မနေ့ကကောက်လာတဲ့ ကျောက်ခဲတွေပဲ။ သူတို့တွေက အိမ်ရောက်တာနဲ့ရေမိုးချိုးပြီး အဝတ်အစားအသစ်တွေ ဝတ်ကြမယ်။ နောက်ပြီး မျောက်ကို စိတ်ကူးထဲမှာ ပေါ်မလာအောင် လုပ်ကြပြီး ကျကျနန ဆုတောင်းကြတော့မယ်။

သူတို့ကို ရောင်းလိုက်တဲ့ အဆောင်တွေက ကျွန်တော် လမ်းက ကောက်လာတဲ့ ကျောက်ခဲတွေဖြစ်တဲ့အတွက် သူတို့တောင်းတဲ့ဆုတွေ ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး။ အဲဒီလိုဖြစ်ရင် သူတို့ ပြန်လာတောင်းတဲ့အခါ သူတို့ ပေးထားတဲ့ ငွေရဲ့ ၃ ဆကို ဆရာက ဘယ်ကငွေနဲ့ ပြန်လျော်ပေးမှာတုန်း"

ဆာဒူးကြီးက "ဒီအတွက် မပူပါနဲ့ တပည့်ရယ်။ သူတို့တောင်းတဲ့ ဆုတွေ ဘယ်တော့မှ မပြည့်သလို ငါဆီကိုလည်း ဘယ်တော့မှ ပြန်လာကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆုတောင်းတော့မယ့် အချိန်မှာ စည်းကမ်းထဲမှာ ပါတဲ့ "မျောက်ကို စိတ်မကူးမိစေနဲ့" ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကို သတိရကြပြီး သူတို့စိတ်ကူးထဲကို မျောက်ရောက်မလာအောင် အတင်းမေ့ပစ်ကြလိမ့်မယ်။ အတင်းမေ့အောင် လုပ်လေလေ မျောက်ကရောက်လေလေ။

သူတို့ အတင်းမေ့အောင် ကြိုးစားလေ သူတို့ရဲ့စိတ်ထဲမှာ မျောက်ကပေါ်လာလေ ဖြစ်လိမ့်မယ်။ မျောက်ကို စိတ်အာရုံထဲ ရောက်မလာအောင် လုပ်နေတာကိုက မျောက်ကို စိတ်ကူးမိနေတာပဲလေ တပည့်ရဲ့။ အဲဒါ လူတွေမှာရှိတဲ့ စိတ်ကူးရဲ့ အားနည်းချက်ပါပဲ။

အဲဒီတော့ ဒီငွေတွေကို ယူပြီး မင်းသွားလိုရာကိုသွားတော့၊ မင်းကငါ့တပည့် မဖြစ်ထိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါက လွတ်မြောက်မှုကိုရှာတယ်၊ မင်းကတေ ငြိတွယ်ခြင်းမှာ ပျော်တဲ့သူ ဖြစ်လို့ပဲ" လို့ ပြောလိုက်ပါတော့တယ်။

crd

for zawgyi

စိတ္ကူးထဲက ေမ်ာက္

တခါတုန္းက ဟိမဝႏၲာေတာင္ေျခမွာ သမထက်င့္ေနတဲ့ ဆာဒူး ဆရာတပည့္ႏွစ္ေယာက္ ရွိတယ္။ တေန႔မွာ တပည့္ျဖစ္သူက ဆရာဆာဒူးႀကီးကို ေျပာတယ္။

"ဆရာႀကီး ကြၽန္ေတာ္တို႔မွာ သူတပါးရဲ႕ ေပးစာကမ္းစာေလးေတြပဲ ေစာင့္ေမွ်ာ္ၿပီး စားေသာက္ ေနၾကရတာ မဟန္ပါဘူး။ သူတပါး သဒၶါေပါက္မယ့္ အခ်ိန္ကို ေစာင့္မေနဘဲ ကိုယ္စားေသာက္ခ်င္တဲ့ အဟာရကို ကိုယ့္ဟာကိုယ္ စိတ္ႀကိဳက္ ဝယ္စားႏိုင္ေအာင္ ေငြရွာမွ ျဖစ္ေတာ့မယ္။ ေငြရွိရင္ ဘယ္သူ႔ကိုမွ ေအာက္က်ိဳ႕ခံၿပီး ေတာင္းရမ္းေနစရာ မလိုေတာ့ဘူး မဟုတ္လား"

ထိုအခါ ဆာဒူးႀကီးက "မင္း ငါ့ဆီမွာ တပည့္လာခံရတဲ့ အေၾကာင္းရင္းကို ေျပာစမ္းပါဦး" လို႔ ေမးလိုက္တယ္။ "တန္ခိုးတခုခု ရၿပီး လူ႔ေလာကထဲမွာ အဆင္ေျပေျပ ေနႏိုင္ေအာင္ေပါ့ ဆရာရယ္" လို႔ တပည့္က ျပန္ေျဖလိုက္တယ္။

ဒီအခါမွာ ဆာဒူးႀကီးက "ေအာ္ မင္းက ဒီက်င့္စဥ္ကို က်င့္တာ ရႈပ္ေထြးတဲ့ ေလာကႀကီးက လြတ္ေျမာက္ဖို႔အတြက္ မဟုတ္ဘဲ ေငြရဖို႔ အတြက္ တန္ခိုး လိုခ်င္လို႔ကိုး။ ေငြရဖို႔ ဆိုရင္ေတာ့ ဒီေလာက္ေတာင္ ႏွစ္ရွည္လမ်ား က်င့္ႀကံေနစရာ မလိုပါဘူးကြာ။

ေလာကမွာ လူတိုင္း ေလာဘ ရွိၾကတယ္။ ေလာဘ ဆိုတာ နည္းရင္ ေဆးဘက္ဝင္ၿပီး မ်ားရင္ ဒုကၡေပးတယ္။ ဒါေၾကာင့္ေလာဘႀကီးတဲ့ လူကိုေလာဘနဲ႔ မွ်ားရင္ ရတာေပါ့" လို႔ေျပာေတာ့ တပည့္ျဖစ္သူက "ဒါဆိုရင္ ေလာဘႀကီးသူကို ေလာဘနဲ႔ မွ်ားၿပီးေငြရေအာင္ ရွာျပစမ္းပါ" လို႔ ေျပာလိုက္တယ္။

အဲဒါနဲ႔ ဆာဒူးႀကီးက "မင္းအခု ႐ြာထဲကို သြားၿပီး၊ ကြၽန္ေတာ့္ဆရာ ဆာဒူးႀကီးက မနက္ဖန္မနက္ ေရာက္ရင္ ဆုေတာင္းျပည့္ေစတဲ့ အေဆာင္ေတြကို တခုမွ ၅ ႐ူပီးနဲ႔ ေရာင္းလိမ့္မယ္။ အဲဒီအေဆာင္ကို ေဆာင္ၿပီး ဆုေတာင္းလို႔ မျပည့္ဘူး ဆိုရင္ ယူထားတဲ့ေငြရဲ႕ ၃ ဆကို ျပန္အမ္းေပးမယ္။

အေဆာင္က လျပည့္ညတုန္းက လုပ္ထားတဲ့ အေဆာင္ေတြ ျဖစ္ၿပီး အနည္းအက်ဥ္းပဲ ရွိလို႔ လိုခ်င္တဲ့ လူေတြအေနနဲ႔ ခပ္ေစာေစာသြားမွ ရဖို႔ေသခ်ာလိမ့္မယ္ လို႔ အိမ္ေပါက္ေစ့ သြားေျပာေခ်။ ေနာက္ၿပီး အျပန္လမ္းမွာ လက္သဲခြံေလာက္ ရွိတဲ့ေက်ာက္ခဲေတြကို မင္းႏိုင္သေလာက္ ေကာက္လာခဲ့" လို႔ မွာလိုက္တယ္။

တပည့္လည္း ႐ြာထဲကို ေျပးၿပီး ဆရာမွာတဲ့အတိုင္း လူတကာကို လိုက္ေျပာေတာ့တာေပါ့။ ႐ြာသူ႐ြာသားေတြကလည္း ဆုေတာင္းျပည့္မယ့္ အေဆာင္ကို ၅ ႐ူပီး နဲ႔လည္းရမယ္၊ သူတို႔ေတာင္းမယ့္ ဆုေတြကလည္း ၅ ႐ူပီးထက္ အဆေပါင္းေျမာက္မ်ားစြာ ပိုတဲ့ ဆုေတာင္းေတြျဖစ္ၿပီး ဆုေတာင္မျပည့္ရင္ေတာင္မွ ၃ ဆ ျပန္ေပးဦးမယ္ဆိုေတာ့ ၁၀ ႐ူးပီးေတာင္ ျမတ္ဦးမယ္ဆိုၿပီး ေနာက္တေန႔မနက္မွာ ဆာဒူးႀကီးဆီကို တ႐ြာလုံး အလုအယက္ လာၾကတာေပါ့။

အေဆာင္ေတြ မေရာင္းခင္မွာ ဆာဒူးႀကီးက "ငါ အခုေပးမယ့္ အေဆာင္ေတြက အထူးေကာင္းမြန္ၿပီး အမွန္တကယ္ ဆုေတာင္းျပည့္မယ့္ အေဆာင္ေတြျဖစ္တယ္။ ဒါေပမယ့္ ဆုေတာင္းတဲ့အခါမွာ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြေတာ့ ရွိတယ္။

အဲဒါေတြက (၁) ဆုေတာင္းေတာ့မယ့္ အခ်ိန္မွာ သန႔္ရွင္းစင္ၾကယ္စြာ ေလွ်ာ္ဖြတ္ထားတဲ့ အဝတ္အစားကို ဝတ္ဆင္ထားရမယ္။ (၂)၊ ေတာင္းတဲ့ ဆုအေပၚမွာ ႏွစ္ႏွစ္ကာကာ ရွိရမယ္။

(၃) ကေတာ့ အေရးအႀကီးဆုံးပဲ။ အဲဒါက ဆုေတာင္းေနတဲ့ အခ်ိန္မွာ ေမ်ာက္သတၱဝါကို စိတ္မကူးမိပါေစနဲ႔။ ကိုယ့္ရဲ႕ အာ႐ုံထဲမွာ ေမ်ာက္သတၱဝါ ေပၚမလာေအာင္ ျပဳလုပ္ရပါမယ္။ ေမ်ာက္သတၱဝါကို စိတ္ကူးမိတာနဲ႔ ေတာင္းတဲ့ဆု ျပည့္မွာ မဟုတ္ေတာ့ပါဘူး။ အဲဒီလို ျဖစ္ခဲ့ရင္ စည္းကမ္း ေဖာက္ဖ်က္တဲ့အတြက္ ဆုေတာင္းမျပည့္ခဲ့ရင္ ေပးထားတဲ့ေငြရဲ႕ ၃ ဆကို ျပန္ေလ်ာ္ေပးမွာမဟုတ္ပါဘူး" လို႔ ေျပာလိုက္တယ္။

အေဆာင္ဝယ္မယ့္ လူေတြကလည္း "ဒီစည္းကမ္းေလာက္ကေတာ့ က်ဴပ္တို႔ လိုက္နာႏိုင္ပါတယ္။ ေမ်ာက္ဆိုတဲ့ သတၱဝါကို တလေနလို႔ တခါေတာင္ စိတ္မကူးမိပါဘူး" လို႔ ေျပာၾကၿပီး ဆာဒူးႀကီး ေပးတဲ့ ေက်ာက္ခဲအေဆာင္ေတြကို အလုအယက္ ဝယ္ၾကလို႔ ဆာဒူးႀကီးလဲ ေငြေတြအမ်ားအျပား ရလိုက္တယ္။ အေဆာင္ဝယ္သူေတြ ျပန္သြားတဲ့အခ်ိန္မွာ တပည့္ျဖစ္သူက ဆာဒူးႀကီး ကို ေျပာတယ္။

"ဆရာေပးလိုက္တဲ့ အေဆာင္ေတြက ကြၽန္ေတာ္ မေန႔ကေကာက္လာတဲ့ ေက်ာက္ခဲေတြပဲ။ သူတို႔ေတြက အိမ္ေရာက္တာနဲ႔ေရမိုးခ်ိဳးၿပီး အဝတ္အစားအသစ္ေတြ ဝတ္ၾကမယ္။ ေနာက္ၿပီး ေမ်ာက္ကို စိတ္ကူးထဲမွာ ေပၚမလာေအာင္ လုပ္ၾကၿပီး က်က်နန ဆုေတာင္းၾကေတာ့မယ္။

သူတို႔ကို ေရာင္းလိုက္တဲ့ အေဆာင္ေတြက ကြၽန္ေတာ္ လမ္းက ေကာက္လာတဲ့ ေက်ာက္ခဲေတြျဖစ္တဲ့အတြက္ သူတို႔ေတာင္းတဲ့ဆုေတြ ဘယ္ေတာ့မွ ျပည့္မွာမဟုတ္ဘူး။ အဲဒီလိုျဖစ္ရင္ သူတို႔ ျပန္လာေတာင္းတဲ့အခါ သူတို႔ ေပးထားတဲ့ ေငြရဲ႕ ၃ ဆကို ဆရာက ဘယ္ကေငြနဲ႔ ျပန္ေလ်ာ္ေပးမွာတုန္း"

ဆာဒူးႀကီးက "ဒီအတြက္ မပူပါနဲ႔ တပည့္ရယ္။ သူတို႔ေတာင္းတဲ့ ဆုေတြ ဘယ္ေတာ့မွ မျပည့္သလို ငါဆီကိုလည္း ဘယ္ေတာ့မွ ျပန္လာၾကမွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဆုေတာင္းေတာ့မယ့္ အခ်ိန္မွာ စည္းကမ္းထဲမွာ ပါတဲ့ "ေမ်ာက္ကို စိတ္မကူးမိေစနဲ႔" ဆိုတဲ့ စည္းကမ္းသတ္မွတ္ခ်က္ကို သတိရၾကၿပီး သူတို႔စိတ္ကူးထဲကို ေမ်ာက္ေရာက္မလာေအာင္ အတင္းေမ့ပစ္ၾကလိမ့္မယ္။ အတင္းေမ့ေအာင္ လုပ္ေလေလ ေမ်ာက္ကေရာက္ေလေလ။

သူတို႔ အတင္းေမ့ေအာင္ ႀကိဳးစားေလ သူတို႔ရဲ႕စိတ္ထဲမွာ ေမ်ာက္ကေပၚလာေလ ျဖစ္လိမ့္မယ္။ ေမ်ာက္ကို စိတ္အာ႐ုံထဲ ေရာက္မလာေအာင္ လုပ္ေနတာကိုက ေမ်ာက္ကို စိတ္ကူးမိေနတာပဲေလ တပည့္ရဲ႕။ အဲဒါ လူေတြမွာရွိတဲ့ စိတ္ကူးရဲ႕ အားနည္းခ်က္ပါပဲ။

အဲဒီေတာ့ ဒီေငြေတြကို ယူၿပီး မင္းသြားလိုရာကိုသြားေတာ့၊ မင္းကငါ့တပည့္ မျဖစ္ထိုက္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ငါက လြတ္ေျမာက္မႈကိုရွာတယ္၊ မင္းကေတ ၿငိတြယ္ျခင္းမွာ ေပ်ာ္တဲ့သူ ျဖစ္လို႔ပဲ" လို႔ ေျပာလိုက္ပါေတာ့တယ္။

crd