တခါတုန်းက ခြင်္သေ့တကောင်ဟာ တောထဲမှာရှိတဲ့ သတ္တဝါအားလုံးကို တရက်ကို တကောင် သူ့အစာအဖြစ် လာအစားခံမယ်ဆိုရင် ဘယ်သတ္တဝါကိုမှ အမဲ မလိုက်တော့ဘူးလို့ ပြောခဲ့တယ်။ သတ္တဝါအားလုံးကလည်း သဘောတူပြီး မဲစနစ်နဲ့ နံနက်တိုင်း သွားရောက် အစားခံခဲ့ကြတယ်။

တရက်မှာတော့ ယုန်လေးတကောင်ရဲ့ အလှည့်ကို ရောက်လာတယ်။ ယုန်ကလေးဟာ ခြင်္သေ့ကို ဘယ်လို ရင်ဆိုင်ရမလဲလို့ အမြဲတွေးနေခဲ့တယ်။ အကြံရတာနဲ့ ယုန်ကလေးဟာ နောက်ကျခံပြီးမှ ခြင်္သေ့ကြီးဆီကို သွားခဲ့တယ်။

ဗိုက်ဆာနေတဲ့ ခြင်္သေ့ကြီးဟာ ယုန်ကလေးကို ဘာလို့ နောက်ကျနေတာလဲလို့ ဟိန်းဟောက်ပြီး မေးလိုက်တယ်။ ယုန်ကလေးဟာ အလွန် ကြောက်လန့်နေတဲ့ပုံနဲ့ အခုလို ပြောလိုက်တယ်။

"ကျွန်တော် လမ်းမှာ သူ့ကိုယ်သူ တောဘုရင်ကြီးလို့ ပြောတဲ့ ခြင်္သေ့ကြီးတကောင်နဲ့ တွေ့နေလို့ပါ။ အဲ့ဒီ ခြင်္သေ့ကြီးက အရှင်ခြင်္သေ့မင်းကြီးကိုလည်း အနိုင်ယူမယ်လို့ ပြောနေလို့ပါ"

ထိုအခါ ခြင်္သေ့ကြီးက "ငါလည်း အဲဒီခြင်္သေ့ကို စားချင်တယ်၊ အဲဒီခြင်္သေ့ဆီ ငါ့ကိုလိုက်ပို့" လို့ ပြောလိုက်တယ်။ ယုန်ကလေးဟာ ခြင်္သေ့ကို ရေတွင်းတခုကို ခေါ်သွားလိုက်တယ်။ ခြင်္သေ့ကြီးဟာ ရေတွင်းထဲက ရောင်ပြန်ပုံရိပ်ကို ကြည့်ပြီး ဟိန်းဟောက်လိုက်တော့ ရေတွင်းထဲက ပုံရိပ်ကလည်း ပြန်ဟိန်းဟောက်တာကို တွေ့လိုက်ရတယ်။

ထိုအခါ ခြင်္သေ့ကြီးဟာ ဒေါသ အကြီးအကျယ်ထွက်ပြီး ရေတွင်းထဲက ခြင်္သေ့ကြီးကို ဖမ်းဖို့ ရေတွင်းထဲ ခုန်ချလိုက်တော့ ရေနစ်ပြီး သေသွားပါတော့တယ်။ သင်ခန်းစာ – ပညာရှိသူဟာ သန်မာသူတွေကို ပညာနဲ့ အနိုင်ရနိုင်တယ်။ crd

Zawgyi

ျခေသၤ့ႀကီးႏွင့္ ပညာရွိယုန္ကေလး

တခါတုန္းက ျခေသၤ့တေကာင္ဟာ ေတာထဲမွာရွိတဲ့ သတၱဝါအားလုံးကို တရက္ကို တေကာင္ သူ႔အစာအျဖစ္ လာအစားခံမယ္ဆိုရင္ ဘယ္သတၱဝါကိုမွ အမဲ မလိုက္ေတာ့ဘူးလို႔ ေျပာခဲ့တယ္။ သတၱဝါအားလုံးကလည္း သေဘာတူၿပီး မဲစနစ္နဲ႔ နံနက္တိုင္း သြားေရာက္ အစားခံခဲ့ၾကတယ္။

တရက္မွာေတာ့ ယုန္ေလးတေကာင္ရဲ႕ အလွည့္ကို ေရာက္လာတယ္။ ယုန္ကေလးဟာ ျခေသၤ့ကို ဘယ္လို ရင္ဆိုင္ရမလဲလို႔ အၿမဲေတြးေနခဲ့တယ္။ အႀကံရတာနဲ႔ ယုန္ကေလးဟာ ေနာက္က်ခံၿပီးမွ ျခေသၤ့ႀကီးဆီကို သြားခဲ့တယ္။

ဗိုက္ဆာေနတဲ့ ျခေသၤ့ႀကီးဟာ ယုန္ကေလးကို ဘာလို႔ ေနာက္က်ေနတာလဲလို႔ ဟိန္းေဟာက္ၿပီး ေမးလိုက္တယ္။ ယုန္ကေလးဟာ အလြန္ ေၾကာက္လန႔္ေနတဲ့ပုံနဲ႔ အခုလို ေျပာလိုက္တယ္။

"ကြၽန္ေတာ္ လမ္းမွာ သူ႔ကိုယ္သူ ေတာဘုရင္ႀကီးလို႔ ေျပာတဲ့ ျခေသၤ့ႀကီးတေကာင္နဲ႔ ေတြ႕ေနလို႔ပါ။ အဲ့ဒီ ျခေသၤ့ႀကီးက အရွင္ျခေသၤ့မင္းႀကီးကိုလည္း အႏိုင္ယူမယ္လို႔ ေျပာေနလို႔ပါ"

ထိုအခါ ျခေသၤ့ႀကီးက "ငါလည္း အဲဒီျခေသၤ့ကို စားခ်င္တယ္၊ အဲဒီျခေသၤ့ဆီ ငါ့ကိုလိုက္ပို႔" လို႔ ေျပာလိုက္တယ္။ ယုန္ကေလးဟာ ျခေသၤ့ကို ေရတြင္းတခုကို ေခၚသြားလိုက္တယ္။ ျခေသၤ့ႀကီးဟာ ေရတြင္းထဲက ေရာင္ျပန္ပုံရိပ္ကို ၾကည့္ၿပီး ဟိန္းေဟာက္လိုက္ေတာ့ ေရတြင္းထဲက ပုံရိပ္ကလည္း ျပန္ဟိန္းေဟာက္တာကို ေတြ႕လိုက္ရတယ္။

ထိုအခါ ျခေသၤ့ႀကီးဟာ ေဒါသ အႀကီးအက်ယ္ထြက္ၿပီး ေရတြင္းထဲက ျခေသၤ့ႀကီးကို ဖမ္းဖို႔ ေရတြင္းထဲ ခုန္ခ်လိုက္ေတာ့ ေရနစ္ၿပီး ေသသြားပါေတာ့တယ္။ သင္ခန္းစာ – ပညာရွိသူဟာ သန္မာသူေတြကို ပညာနဲ႔ အႏိုင္ရႏိုင္တယ္။ crd