တကယ်မချစ်ဘဲ အပျော်တွဲသူတွေက တစ်ဖက်သားကို မျှော်လင့်ချက်တွေအများကြီးပေးပြီး ထားခဲ့တတ်ကြပါတယ်။ ဒီလိုလှည့်စားတတ်သူတွေက အပြောချိုချိုလေးတွေနဲ့ စည်းရုံးသိမ်းသွင်းပြီး သူတို့ရိုးအီလာတဲ့အခါ သင့်ကို စွန့်ပစ်ခဲ့ကြမှာပါ။ အဲဒါကြောင့် သင့်ကို တကယ်မချစ်ဘဲ ကစားနေတတ်သူတွေရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နှစ်ယောက်ကြားက ဆက်ဆံရေးတွေကို စိတ်မဝင်စားခြင်း

သင့်ကို တကယ်မချစ်တဲ့သူက အပြင်မှာ ထွက်လည်ဖို့ ပြောပြီး ကတိမတည်တတ်သူတွေပါ။ အကြောင်းပြချက်မရှိဘဲနဲ့လည်း အဆက်အသွယ်ကို ရုတ်တရက်ဖြတ်သွားတတ်ပါတယ်။

အဆက်အသွယ်ဖြတ်ရတဲ့အကြောင်းအရင်းကိုလည်း သင့်အပြစ်ကြောင့်ဆိုပြီး အပြစ်ပုံချတတ်ပါတယ်။ ဒီလိုအပြုအမူကြောင့် သင့်ဘက်မှာ စိတ်မလုံခြုံမှုတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းတာတွေ ရရှိလာမှာပါ။

၂။ သင့်အကြောင်းကို သိဖို့ မကြိုးစားခြင်း

တကယ်မချစ်တဲ့သူက သင့်အကြောင်းကို သိဖို့ ဘယ်တော့မှ စိတ်မဝင်စားပါဘူး။ အပြောကောင်းရုံသာရှိပြီး လက်တွေ့မှာတော့ သင့်ဘေးမှာ ရှိနေပေးမှာ မဟုတ်ပါဘူး။ တကယ်ချစ်တဲ့သူက သင့်ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို သူနဲ့ ထပ်တူလို့ ခံယူထားတာပါ။

၃။ အပြောင်းအလဲမြန်ခြင်း

သင့်ကို တကယ်မချစ်ဘဲ ကစားနေသူဟာ ဒီနေ့မှာတော့ ကြည်ဖြူနေပြီး နောက်နေ့မှာတော့ အဆက်အသွယ်ဖြတ်ချင်ဖြတ်ထားမှာပါ။ စာပို့ရင်လည်း ဝင်ဖတ်လေ့မရှိဘဲ အေးတိအေးစက်သာ နေနေတတ်ပါတယ်။ သင့်ရဲ့ခံစားချက်တွေကို ဘယ်တော့မှ ကိုယ်ချင်းစာပေးမယ့်သူ မဟုတ်ပါဘူး။

၄။ စိတ်ပင်ပန်းလာခြင်း

တကယ်မချစ်တဲ့သူနဲ့ တွဲရတဲ့အခါ စိတ်က ပျော်ရွှင်မှုမရှိတော့ဘဲ အမြဲလိုလို ပင်ပန်းနေတတ်ပါတယ်။ ဘယ်တော့များ အဆက်အသွယ်ဖြတ်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ စိတ်မလုံခြုံမှုကို ခံစားရပါတယ်။ သင့်အတွက် အထီးကျန်မှုတွေ၊ ဝမ်းနည်းမှုတွေသာ ကျန်ရစ်ပြီး မိမိရဲ့ဖြစ်တည်မှုတွေ ပျောက်ဆုံးနေမှာပါ။

၅။ ရည်းစားပြိုင်ထားခြင်း

သင့်ကို တကယ်မချစ်တဲ့သူက တစ်ချိန်တည်းမှာပဲ ရည်းစားတွေ အပြိုင်ထားတတ်ပါတယ်။ သူ့အတွက် အမြဲတမ်းလိုလို ရည်းစားတွေ ပေါများနေတတ်ပြီး သစ္စာရှိသူလည်း မဟုတ်ပါဘူး။ တစ်ယောက်ကို ငြီးငွေ့လာရင် အခြားတစ်ယောက်ကို ပြောင်းလဲချစ်ဖို့လည်း ဝန်မလေးသူပါ။

သင့်အပေါ် တကယ်မချစ်ဘဲ ကစားနေသူကို ဘယ်လိုပြုမူသင့်လဲ။

မစစ်မှန်တဲ့သူက အဆိပ်အတောက်တွေပဲ ပေးတာကြောင့် ခပ်မြန်မြန်အဆက်အသွယ်ဖြတ်သင့်ပါတယ်။ သူ့ကို ပွင့်ပွင့်လင်းလင်းပြောပြပြီး အဆက်အသွယ်ဖြတ်တာက အသင့်တော်ဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ကုစားပြီး သင့်ကို တကယ်ချစ်တဲ့သူကိုသာ အချိန်ပေးလိုက်ပါ။

Zombie (lovemedia)

for zawgyi

သင့္ကို တကယ္မခ်စ္ဘဲ လွည့္စားေနသူရဲ႕ လကၡဏာ (၅) ခ်က္

တကယ္မခ်စ္ဘဲ အေပ်ာ္တြဲသူေတြက တစ္ဖက္သားကို ေမွ်ာ္လင့္ခ်က္ေတြအမ်ားႀကီးေပးၿပီး ထားခဲ့တတ္ၾကပါတယ္။ ဒီလိုလွည့္စားတတ္သူေတြက အေျပာခ်ိဳခ်ိဳေလးေတြနဲ႔ စည္း႐ုံးသိမ္းသြင္းၿပီး သူတို႔႐ိုးအီလာတဲ့အခါ သင့္ကို စြန႔္ပစ္ခဲ့ၾကမွာပါ။ အဲဒါေၾကာင့္ သင့္ကို တကယ္မခ်စ္ဘဲ ကစားေနတတ္သူေတြရဲ႕ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ႏွစ္ေယာက္ၾကားက ဆက္ဆံေရးေတြကို စိတ္မဝင္စားျခင္း

သင့္ကို တကယ္မခ်စ္တဲ့သူက အျပင္မွာ ထြက္လည္ဖို႔ ေျပာၿပီး ကတိမတည္တတ္သူေတြပါ။ အေၾကာင္းျပခ်က္မရွိဘဲနဲ႔လည္း အဆက္အသြယ္ကို ႐ုတ္တရက္ျဖတ္သြားတတ္ပါတယ္။ အဆက္အသြယ္ျဖတ္ရတဲ့အေၾကာင္းအရင္းကိုလည္း သင့္အျပစ္ေၾကာင့္ဆိုၿပီး အျပစ္ပုံခ်တတ္ပါတယ္။ ဒီလိုအျပဳအမူေၾကာင့္ သင့္ဘက္မွာ စိတ္မလုံၿခဳံမႈေတြ၊ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေလ်ာ့နည္းတာေတြ ရရွိလာမွာပါ။

၂။ သင့္အေၾကာင္းကို သိဖို႔ မႀကိဳးစားျခင္း

တကယ္မခ်စ္တဲ့သူက သင့္အေၾကာင္းကို သိဖို႔ ဘယ္ေတာ့မွ စိတ္မဝင္စားပါဘူး။ အေျပာေကာင္း႐ုံသာရွိၿပီး လက္ေတြ႕မွာေတာ့ သင့္ေဘးမွာ ရွိေနေပးမွာ မဟုတ္ပါဘူး။ တကယ္ခ်စ္တဲ့သူက သင့္ရဲ႕ ေကာင္းျခင္းဆိုးျခင္းေတြကို သူနဲ႔ ထပ္တူလို႔ ခံယူထားတာပါ။

၃။ အေျပာင္းအလဲျမန္ျခင္း

သင့္ကို တကယ္မခ်စ္ဘဲ ကစားေနသူဟာ ဒီေန႔မွာေတာ့ ၾကည္ျဖဴေနၿပီး ေနာက္ေန႔မွာေတာ့ အဆက္အသြယ္ျဖတ္ခ်င္ျဖတ္ထားမွာပါ။ စာပို႔ရင္လည္း ဝင္ဖတ္ေလ့မရွိဘဲ ေအးတိေအးစက္သာ ေနေနတတ္ပါတယ္။ သင့္ရဲ႕ခံစားခ်က္ေတြကို ဘယ္ေတာ့မွ ကိုယ္ခ်င္းစာေပးမယ့္သူ မဟုတ္ပါဘူး။

၄။ စိတ္ပင္ပန္းလာျခင္း

တကယ္မခ်စ္တဲ့သူနဲ႔ တြဲရတဲ့အခါ စိတ္က ေပ်ာ္႐ႊင္မႈမရွိေတာ့ဘဲ အၿမဲလိုလို ပင္ပန္းေနတတ္ပါတယ္။ ဘယ္ေတာ့မ်ား အဆက္အသြယ္ျဖတ္သြားမလဲဆိုတဲ့ စိုးရိမ္စိတ္နဲ႔ စိတ္မလုံၿခဳံမႈကို ခံစားရပါတယ္။ သင့္အတြက္ အထီးက်န္မႈေတြ၊ ဝမ္းနည္းမႈေတြသာ က်န္ရစ္ၿပီး မိမိရဲ႕ျဖစ္တည္မႈေတြ ေပ်ာက္ဆုံးေနမွာပါ။

၅။ ရည္းစားၿပိဳင္ထားျခင္း

သင့္ကို တကယ္မခ်စ္တဲ့သူက တစ္ခ်ိန္တည္းမွာပဲ ရည္းစားေတြ အၿပိဳင္ထားတတ္ပါတယ္။ သူ႔အတြက္ အၿမဲတမ္းလိုလို ရည္းစားေတြ ေပါမ်ားေနတတ္ၿပီး သစၥာရွိသူလည္း မဟုတ္ပါဘူး။ တစ္ေယာက္ကို ၿငီးေငြ႕လာရင္ အျခားတစ္ေယာက္ကို ေျပာင္းလဲခ်စ္ဖို႔လည္း ဝန္မေလးသူပါ။

သင့္အေပၚ တကယ္မခ်စ္ဘဲ ကစားေနသူကို ဘယ္လိုျပဳမူသင့္လဲ။

မစစ္မွန္တဲ့သူက အဆိပ္အေတာက္ေတြပဲ ေပးတာေၾကာင့္ ခပ္ျမန္ျမန္အဆက္အသြယ္ျဖတ္သင့္ပါတယ္။ သူ႔ကို ပြင့္ပြင့္လင္းလင္းေျပာျပၿပီး အဆက္အသြယ္ျဖတ္တာက အသင့္ေတာ္ဆုံးပါပဲ။ ကိုယ့္ကိုယ္ကိုယ္ျပန္လည္ကုစားၿပီး သင့္ကို တကယ္ခ်စ္တဲ့သူကိုသာ အခ်ိန္ေပးလိုက္ပါ။

Zombie (lovemedia)