တခါတုန်းက မြင်းတကောင်နဲ့ ခရုပက်ကျိတကောင် လမ်းမှာ တွေ့ကြတယ်။ မြင်းကခရုကို "မင်းတော်တော် နှေးတဲ့အကောင်ပဲ။ နောက်ကျတဲ့ကောင်က လမ်းဖယ်ပေးရတယ်ကွ" လို့ ကဲ့ရဲ့တယ်။
ထိုအခါ ပက်ကျိက "အိုအဆွေမြင်း ကျွန်ုပ်တို့က တကယ့် ပြိုင်ပွဲတွေမှာသာ မြန်အောင် သွားတာပါ။ မယုံရင် သင်နှင့်ကျွန်ုပ် အပြေးပြိုင်မလား" လို့ စိန်ခေါ် လိုက်တယ်။ မြင်းကလည်း လက်ခံလိုက်ပြီး ပြိုင်မည့်နေ့ကို ချိန်းဆိုလိုက်တယ်။
ခရုက သူ့အမျိုး ခရုတွေကို ခေါ်ပြီး "အမောင်ခရုတို့ မြင်းသား မစားချင်ကြဘူးလား။ မြင်းသားဟာ သိပ်အညောင်းအညာ ပြေတာ"
"စားချင်ကြပါတယ် ခင်ဗျ"
"စားချင်ရင် ငါပြောသလို လုပ်ပါ။ ငါ မြင်းနဲ့ အပြေးပြိုင်ဖို့ ချိန်းထားတယ်။ အဲဒီနေ့ကျရင် မင်းတို့တွေဟာ ဒီလမ်းမကြီး တလျှောက်မှာ တဖာလုံလောက်မှာ တကောင်စီ ပုန်းနေကြ။ မြင်းက ခရုရှိလားဟေ့ လို့ မေးရင် ရှိတယ်ဗျ လို့ ပြန်ဖြေကြ" လို့ မှာထားသတဲ့။
ပြိုင်ပွဲနေ့ ရောက်ပြီ။
"အဆွေမြင်း အသင်ပြေးတဲ့ အခါ တဖာလုံရောက်တိုင်း ကျွန်ုပ်ကို ရှိလားလို့ မေးပါ။ ကျွန်ုပ် ပြေးနေကြောင်း ပြန်ဖြေ ပါ့မယ်"
"ကောင်းပြီလေ"
သဘောတူပြီး စပြေးကြတယ်။ မြင်းဟာ အေးအေးဆေးဆေး လမ်းလျှောက်နေတာပေါ့။ ဒီခရုလောက်တော့ ဘာဂရုစိုက်စရာ လိုလဲ။ တဖာလုံ ရောက်လာတော့
"ဟေ့ခရုနှေးလေး ရှိသေးရဲ့လား ကွဲ့"
"ကျုပ်ပြေးနေပါတယ်ဗျ"
ခရုရဲ့ စကားကို ကြားလိုက်ရတော့ မြင်းလန့်သွားတယ်။ ကိုယ့်နားတောင် ကိုယ်မယုံသလို ဖြစ်သွားတယ်။ "မဖြစ်ဘူး ဒီကောင် ငါ့ကို မီလာတယ် ပြေးမှ" ဆိုပြီး ဒုံးစိုင်းပြေး တော့တယ်။
တဖာလုံရောက်လို့ တခါမေးတိုင်း ခရုက ရှိနေတယ်ချည်းပဲ ဖြေတော့ မြင်းက အစိုးရိမ် လွန်လားပြီး ကဆုန်စိုင်းသတဲ့။ စိုင်းပြီး ပြေးတာ နောက်ဆုံးတော့ အမောဆို့ပြီး သေရှာတော့တယ်။ ခရုတွေကတော့ အောင်သေအောင်သား စားကြတော့တာပေါ့။
ဒီပုံပြင်လေးမှာလည်း တွေးတော ဆင်ခြင်စရာတွေ အများကြီး ရမှာပါ။ ဆရာ နန္ဒာသိန်းဇံရဲ့ အတွေးလေးက ပိုပြီး နှစ်သက်ဖွယ် ကောင်းလို့ ဆရာအတွေးလေးကိုပဲ ပြန်ရေးပါ့မယ်။
ကျွန်ုပ်တို့ဟာ မြင်းမိုက်လိုပဲ လမ်းမှာ တွေ့ခဲ့တဲ့ ခရုတွေကို မူလ ခရု မဟုတ်မှန်း မသိပဲ ခရုအတုတွေကို အစစ် ထင်ခဲ့ကြတယ်။ ဆိုလိုတာက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကြီးဟာ ကလပ်စည်းတွေ အမြဲ ပြောင်းလဲနေတာ အစားထိုးမှုကြောင့် အမြဲရှိတယ် ထင်နေကြတယ်။
အဲဒီအထင်ကြောင့် ငါ၊ ငါ့ဟာလို့ ထင်လာပြီး သိမ်းပိုက်ချင် ကြတယ်။ သိမ်းပိုက်ချင်တော့ မရမက ရှာဖွေရတော့ တာပေါ့။ ရှာဖွေရင်းနဲ့ အမောဆို့ သေတဲ့ဘဝတွေ ဘယ်လောက် များပြီလဲ။
မွေးကတည်းက တည်နေတဲ့ ခန္ဓာကိုယ်လို့ ထင်ထားမှတော့ လွဲနေပြီပေါ့။ သန္တတိအစဉ်တန်းကို အမြဲ ရှိလို့ ထင်နေကြတယ်။ ငါ့သား ငါသမီးဟာ အမြဲရှိ၊ ငါ့ရာထူး ငါ့ငွေ ငါ့ဂုဏ်ဟာ အမြဲရှိ၊ ကျွန်ုပ်တို့မှ အမောဆို့ မသေရင် ဘယ်သူ သေတော့မှာလဲ။
ဘဝဆိုတာ ရုပ် နာမ် ဖြစ်ပျက် အစဉ်ကြီး သက်သက်သာ ဖြစ်တယ်။ အဖြေထွက်ပြီးသား ပုစ္ဆာကြီးပါ။ ပန်းတိုင်ကို မလျှောက်ပဲ ရောက်နေကြတာ။ မြင်းမိုက် ဘဝက လွတ်မြောက်ကြပါစေ။ အရှင်ပညာသီရိ (ရမ္မာကျွန်း)
for zawgyi
ပက္က်ိႏွင့္ ျမင္းမိုက္
တခါတုန္းက ျမင္းတေကာင္နဲ႔ ခ႐ုပက္က်ိတေကာင္ လမ္းမွာ ေတြ႕ၾကတယ္။ ျမင္းကခ႐ုကို "မင္းေတာ္ေတာ္ ေႏွးတဲ့အေကာင္ပဲ။ ေနာက္က်တဲ့ေကာင္က လမ္းဖယ္ေပးရတယ္ကြ" လို႔ ကဲ့ရဲ႕တယ္။
ထိုအခါ ပက္က်ိက "အိုအေဆြျမင္း ကြၽႏ္ုပ္တို႔က တကယ့္ ၿပိဳင္ပြဲေတြမွာသာ ျမန္ေအာင္ သြားတာပါ။ မယုံရင္ သင္ႏွင့္ကြၽႏ္ုပ္ အေျပးၿပိဳင္မလား" လို႔ စိန္ေခၚ လိုက္တယ္။ ျမင္းကလည္း လက္ခံလိုက္ၿပီး ၿပိဳင္မည့္ေန႔ကို ခ်ိန္းဆိုလိုက္တယ္။
ခ႐ုက သူ႔အမ်ိဳး ခ႐ုေတြကို ေခၚၿပီး "အေမာင္ခ႐ုတို႔ ျမင္းသား မစားခ်င္ၾကဘူးလား။ ျမင္းသားဟာ သိပ္အေညာင္းအညာ ေျပတာ"
"စားခ်င္ၾကပါတယ္ ခင္ဗ်"
"စားခ်င္ရင္ ငါေျပာသလို လုပ္ပါ။ ငါ ျမင္းနဲ႔ အေျပးၿပိဳင္ဖို႔ ခ်ိန္းထားတယ္။ အဲဒီေန႔က်ရင္ မင္းတို႔ေတြဟာ ဒီလမ္းမႀကီး တေလွ်ာက္မွာ တဖာလုံေလာက္မွာ တေကာင္စီ ပုန္းေနၾက။ ျမင္းက ခ႐ုရွိလားေဟ့ လို႔ ေမးရင္ ရွိတယ္ဗ် လို႔ ျပန္ေျဖၾက" လို႔ မွာထားသတဲ့။
ၿပိဳင္ပြဲေန႔ ေရာက္ၿပီ။
"အေဆြျမင္း အသင္ေျပးတဲ့ အခါ တဖာလုံေရာက္တိုင္း ကြၽႏ္ုပ္ကို ရွိလားလို႔ ေမးပါ။ ကြၽႏ္ုပ္ ေျပးေနေၾကာင္း ျပန္ေျဖ ပါ့မယ္"
"ေကာင္းၿပီေလ"
သေဘာတူၿပီး စေျပးၾကတယ္။ ျမင္းဟာ ေအးေအးေဆးေဆး လမ္းေလွ်ာက္ေနတာေပါ့။ ဒီခ႐ုေလာက္ေတာ့ ဘာဂ႐ုစိုက္စရာ လိုလဲ။ တဖာလုံ ေရာက္လာေတာ့
"ေဟ့ခ႐ုေႏွးေလး ရွိေသးရဲ႕လား ကြဲ႕"
"က်ဳပ္ေျပးေနပါတယ္ဗ်"
ခ႐ုရဲ႕ စကားကို ၾကားလိုက္ရေတာ့ ျမင္းလန႔္သြားတယ္။ ကိုယ့္နားေတာင္ ကိုယ္မယုံသလို ျဖစ္သြားတယ္။ "မျဖစ္ဘူး ဒီေကာင္ ငါ့ကို မီလာတယ္ ေျပးမွ" ဆိုၿပီး ဒုံးစိုင္းေျပး ေတာ့တယ္။
တဖာလုံေရာက္လို႔ တခါေမးတိုင္း ခ႐ုက ရွိေနတယ္ခ်ည္းပဲ ေျဖေတာ့ ျမင္းက အစိုးရိမ္ လြန္လားၿပီး ကဆုန္စိုင္းသတဲ့။ စိုင္းၿပီး ေျပးတာ ေနာက္ဆုံးေတာ့ အေမာဆို႔ၿပီး ေသရွာေတာ့တယ္။ ခ႐ုေတြကေတာ့ ေအာင္ေသေအာင္သား စားၾကေတာ့တာေပါ့။
ဒီပုံျပင္ေလးမွာလည္း ေတြးေတာ ဆင္ျခင္စရာေတြ အမ်ားႀကီး ရမွာပါ။ ဆရာ နႏၵာသိန္းဇံရဲ႕ အေတြးေလးက ပိုၿပီး ႏွစ္သက္ဖြယ္ ေကာင္းလို႔ ဆရာအေတြးေလးကိုပဲ ျပန္ေရးပါ့မယ္။
ကြၽႏ္ုပ္တို႔ဟာ ျမင္းမိုက္လိုပဲ လမ္းမွာ ေတြ႕ခဲ့တဲ့ ခ႐ုေတြကို မူလ ခ႐ု မဟုတ္မွန္း မသိပဲ ခ႐ုအတုေတြကို အစစ္ ထင္ခဲ့ၾကတယ္။ ဆိုလိုတာက ကြၽႏ္ုပ္တို႔ ခႏၶာကိုယ္ႀကီးဟာ ကလပ္စည္းေတြ အၿမဲ ေျပာင္းလဲေနတာ အစားထိုးမႈေၾကာင့္ အၿမဲရွိတယ္ ထင္ေနၾကတယ္။
အဲဒီအထင္ေၾကာင့္ ငါ၊ ငါ့ဟာလို႔ ထင္လာၿပီး သိမ္းပိုက္ခ်င္ ၾကတယ္။ သိမ္းပိုက္ခ်င္ေတာ့ မရမက ရွာေဖြရေတာ့ တာေပါ့။ ရွာေဖြရင္းနဲ႔ အေမာဆို႔ ေသတဲ့ဘဝေတြ ဘယ္ေလာက္ မ်ားၿပီလဲ။
ေမြးကတည္းက တည္ေနတဲ့ ခႏၶာကိုယ္လို႔ ထင္ထားမွေတာ့ လြဲေနၿပီေပါ့။ သႏၲတိအစဥ္တန္းကို အၿမဲ ရွိလို႔ ထင္ေနၾကတယ္။ ငါ့သား ငါသမီးဟာ အၿမဲရွိ၊ ငါ့ရာထူး ငါ့ေငြ ငါ့ဂုဏ္ဟာ အၿမဲရွိ၊ ကြၽႏ္ုပ္တို႔မွ အေမာဆို႔ မေသရင္ ဘယ္သူ ေသေတာ့မွာလဲ။
ဘဝဆိုတာ ႐ုပ္ နာမ္ ျဖစ္ပ်က္ အစဥ္ႀကီး သက္သက္သာ ျဖစ္တယ္။ အေျဖထြက္ၿပီးသား ပုစာၦႀကီးပါ။ ပန္းတိုင္ကို မေလွ်ာက္ပဲ ေရာက္ေနၾကတာ။ ျမင္းမိုက္ ဘဝက လြတ္ေျမာက္ၾကပါေစ။ အရွင္ပညာသီရိ (ရမၼာကြၽန္း)
0 Comments