တခါတုန်းက ရွာလေးတရွာတွင် အဘွားအိုတယောက် ရှိသည်။ ဝေးလံခေါင်သီသော ဒေသမှ ရွာလေးတရွာ ဖြစ်ပါသည်။ ထို့ကြောင့် အမြင်လည်းကျဉ်း၊ အတွေးအခေါ် တွေလည်း ဖျင်းလွန်းသည်။

အဘွားအိုသည် တယောက်တည်း နေထိုင်ရသူ ဖြစ်သည်။ သနားစရာ ကောင်းသည်မှာ မျက်စိပါ မမြင်ခြင်း ဖြစ်သည်။ ရွာထဲတွင် ညအချိန် တကိုယ်တည်း သွားရသည့် အခါများ ရှိတတ်သည်။

ထိုအချိန်တွင် အဘွားအိုသည် လက်တဖက်က တောင်ဝှေး၊ အခြားလက်တဖက်က မီးအိမ်လေးကို ကိုင်ပြီး သွားတတ်သည်။တညတွင် အဘွားအိုသည် မီးအိမ်လေးကို ကိုင်လာပြီး အပြင်ထွက်လာသည်။

မီးအိမ်ကို မြှောက်ကိုင်လာသည့် အဘွားအိုကို လူတသိုက်က တွေ့သည်။ မူးပြီး ယိုင်နေသည့် လူတွေက အဘွားအိုကို ကြည့်ပြီး လှောင်ရယ် ကြသည်။ "အဘွားကြီး မျက်စိလည်း မမြင်ဘဲနဲ့ မီးအိမ်ကြီး ကိုင်ပြီးတော့ လမ်းလျှောက်ရတယ်လို့ ဟား ဟား ဟား လူအထင်ကြီးအောင် လုပ်မနေစမ်းပါနဲ့ဗျာ။ ခင်ဗျား မျက်စိမမြင်ဘူး ဆိုတာ တရွာလုံး သိပါတယ်" ဟု ဝိုင်းလှောင်ကြသည်။

အဘွားအိုက ရပ်လိုက်ပြီး "အေးပါကွယ် ကံမကောင်း အကြောင်းမလှလို့ ငါ မျက်စိ မမြင်ပါဘူး။ ဒါပေမဲ့ ငါကိုင်ထားတဲ့ မီးအိမ်က ငါ့အတွက် မဟုတ်ဘူး။ မင်းတို့လို မြင်တဲ့သူတွေ အတွက်ပါ။

ငါက အမှောင်ထဲမှာ ကျင့်သားရနေပြီ။ တရွာလုံး ဘယ်နေရာ မဆို သွားတတ်နေပြီ။ ဒါပေမဲ့ မင်းတို့လို မြင်ပြီးတော့ မူးနေသူတွေ ငါ့ကို မတွေ့ဘဲ ဝင်တိုက်မိမှာ စိုးရိမ်လို့ မီးအိမ်နဲ့ အလင်းပြလာရတာပါကွယ်" ဟု ပြောလိုက်သည်။ တင်ညွန့်

Zawgyi

အဘြားအိုနဲ႔ မီးအိမ္ငယ္

တခါတုန္းက ႐ြာေလးတ႐ြာတြင္ အဘြားအိုတေယာက္ ရွိသည္။ ေဝးလံေခါင္သီေသာ ေဒသမွ ႐ြာေလးတ႐ြာ ျဖစ္ပါသည္။ ထို႔ေၾကာင့္ အျမင္လည္းက်ဥ္း၊ အေတြးအေခၚ ေတြလည္း ဖ်င္းလြန္းသည္။

အဘြားအိုသည္ တေယာက္တည္း ေနထိုင္ရသူ ျဖစ္သည္။ သနားစရာ ေကာင္းသည္မွာ မ်က္စိပါ မျမင္ျခင္း ျဖစ္သည္။ ႐ြာထဲတြင္ ညအခ်ိန္ တကိုယ္တည္း သြားရသည့္ အခါမ်ား ရွိတတ္သည္။

ထိုအခ်ိန္တြင္ အဘြားအိုသည္ လက္တဖက္က ေတာင္ေဝွး၊ အျခားလက္တဖက္က မီးအိမ္ေလးကို ကိုင္ၿပီး သြားတတ္သည္။တညတြင္ အဘြားအိုသည္ မီးအိမ္ေလးကို ကိုင္လာၿပီး အျပင္ထြက္လာသည္။

မီးအိမ္ကို ေျမႇာက္ကိုင္လာသည့္ အဘြားအိုကို လူတသိုက္က ေတြ႕သည္။ မူးၿပီး ယိုင္ေနသည့္ လူေတြက အဘြားအိုကို ၾကည့္ၿပီး ေလွာင္ရယ္ ၾကသည္။ "အဘြားႀကီး မ်က္စိလည္း မျမင္ဘဲနဲ႔ မီးအိမ္ႀကီး ကိုင္ၿပီးေတာ့ လမ္းေလွ်ာက္ရတယ္လို႔ ဟား ဟား ဟား လူအထင္ႀကီးေအာင္ လုပ္မေနစမ္းပါနဲ႔ဗ်ာ။ ခင္ဗ်ား မ်က္စိမျမင္ဘူး ဆိုတာ တ႐ြာလုံး သိပါတယ္" ဟု ဝိုင္းေလွာင္ၾကသည္။

အဘြားအိုက ရပ္လိုက္ၿပီး "ေအးပါကြယ္ ကံမေကာင္း အေၾကာင္းမလွလို႔ ငါ မ်က္စိ မျမင္ပါဘူး။ ဒါေပမဲ့ ငါကိုင္ထားတဲ့ မီးအိမ္က ငါ့အတြက္ မဟုတ္ဘူး။ မင္းတို႔လို ျမင္တဲ့သူေတြ အတြက္ပါ။

ငါက အေမွာင္ထဲမွာ က်င့္သားရေနၿပီ။ တ႐ြာလုံး ဘယ္ေနရာ မဆို သြားတတ္ေနၿပီ။ ဒါေပမဲ့ မင္းတို႔လို ျမင္ၿပီးေတာ့ မူးေနသူေတြ ငါ့ကို မေတြ႕ဘဲ ဝင္တိုက္မိမွာ စိုးရိမ္လို႔ မီးအိမ္နဲ႔ အလင္းျပလာရတာပါကြယ္" ဟု ေျပာလိုက္သည္။ တင္ၫြန႔္