တခါက ဆုဒေါင်းပို လို့ခေါ်တဲ့ နာမည်ကျော် ပညာရှင် တယောက်နဲ့ ဆရာတော် ဖုယင်တို့ဟာ အရမ်း ခင်မင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ပြီး မကြာခဏ တရား အတူထိုင်ကာ ပွားများ အားထုတ်လေ့ ရှိပါတယ်။ တနေ့တော့ တရားအားထုတ် ပွားများနေတုန်း ဆုဒေါင်းပိုမှာ အတွေအခေါ် တခု ရရှိလာ ပါတော့တယ်။

တရားထိုင်လို့ ပြီးတဲ့အချိန် မှာတော့ ဖုယင်ကို "ကျွန်ုပ် တရားအားထုတ် နေချိန်မှာ သင်ဘာမြင်မိလဲ" လို့ မေးမြန်း ပါတယ်။ ဖုယင်ကတော့ ဆုဒေါင်းပိုအား အချိန် အတော်အကြာ နီးကပ်စွာ ကြည့်လိုက်ပြီး "မင်းခန္ဓာကိုယ်က ဘုရားရှင်လိုပဲ အရောင်တွေ ထွက်နေတယ်" လို့ ပြောပါတယ်။

အဲဒီလို ကြားလိုက်ရတဲ့ တခဏမှာ ဆုဒေါင်းပိုဟာ အလွန် ပျော်ရွှင်သွားပြီး ကျေနပ်နှစ်သိမ့်စွာ ရီမောလိုက် ပါတယ်။ ဖုယင်ကလည်း "ကဲ ငါ့ကျတော့ရော၊ မင်း ဘယ်လို မြင်ရလဲ" လို့ ဆုဒေါင်းပိုကို မေးမြန်းလိုက် ပါတယ်။

ဆုဒေါင်းပို ကတော့ ဖုယင်ကို စလိုသည့် အတွက် "မင်းကြည့်ရတာ နွားမစင်အုံ တခုလိုပဲ" လို့ ဖြေပါတယ်။ ထိုအခါ ဖုယင် ပြောတာက "ဒါဆို ငါထက်ပြီး တရားအားထုတ် ကျင့်ကြံရင် အာရုံစိုက် အားထုတ်ရမှာလို့ ဆိုလိုတာပေါ့" လို့ ပြောကြား ပါတယ်။

ဖုယင်ကို အနိုင်ပိုင်းပြီး အိမ်ပြန်သွားတဲ့ ဆူဒေါင်းပိုဟာ သူ့ရဲ့ ညီမ အငယ်ကို ဖြစ်ပျက်ခဲ့တာ တွေကို ပြန်ဖောက်သည် ချပါတော့တယ်။ ထိုအခါ သူ့ရဲ့ ညီမငယ်က "ကိုကြီးရေ ဒီတကြိမ်တော့ ကိုကြီးက ဖုယင်ကို ရှုံးသွားပြီ" လို့ ပြောကြားပါတယ်။ "ဟင် ဘာလို့လဲ" လို့ ဆုဒေါင်းပိုက မေးမြန်းလိုက် ပါတယ်။

"ဖုယင်က ဘုရားရှင်လို့ မြင်တာက သူ့စိတ်နှလုံးမှာ ဘုရားရှင်ကို အမြဲ ရှိနေလို့ ဖြစ်တယ်။ ဒါကြောင့် မြင်မြင်သမျှ အရာတိုင်းကို ဘုရားရှင်နဲ့ တူတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကိုကြီးအနေနဲ့ သူ့ကို နွားမစင်နဲ့ တူတယ် လို့ ဖြေလိုက်တာက ကိုကြီး ရင်ထဲမှာ ရှိတာကို ပုံဖော်လိုက်တာပဲ ဖြစ်တယ်" လို့ ဖြေပါတယ်။

ဆရာတော် ဂျင်ဗောဓိမှ ယခုပုံပြင်တွင် သူ၏ အတွေးအမြင်များကို မျှဝေခံစားခြင်း ဖြစ်ပါတယ်။ လူတိုင်းသည် အရာရာတွင် အမြင်ချင်း မတူညီ ကြပါ။ အရာဝတ္တုများကို မြင်သည့် အမြင်သည် လူတဦးချင်းစီ၏ စိတ်နှလုံး အတွင်း ခံစားမှုကို အခြေခံ၍ မြင်ယောင်ခြင်းပင် ဖြစ်သည်။

ထို့အတူ ကျွန်ုပ်တို့ နေ့စဉ် ပြောဆို ဆက်ဆံရာ တွင်လည်း "နွား၏ မစင်ပုံ" ဟု မြင်ယောင်ခြင်း မဖြစ်စေရန် သည်းခံနိုင်စွမ်းနှင့် နားလည်မှု ပေးနိုင်ခြင်းတို့ ရှိလျှင် အကောင်းဆုံးပင် ဖြစ်သည်။ အမြင့်ဆုံး အနေဖြင့် "နောက်တလှမ်း ဆုတ်ပြီး ပြန်ကြည့် ပါက ပင်လယ်သည်လည်း ကောင်းကင်နည်းတူ ကျယ်ပြောသည်" ကို သိမြင် နားလည်နိုင်မည် ဖြစ်ပါသည်။

အချို့လူများသည် နားလည်မှု လွဲချော်ခြင်း သို့မဟုတ် ပြင်းထန်စွာ ဝေဖန်ခြင်း များကြောင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာပြီးကြမ်းတမ်း ဆိုးဝါးလာပါတယ်။ ထိုသူတို့၏ ဦးတည်ချက် အမြင်တို့သည် "အမြင်ချင်း ဖလှယ်ခြင်း ဖြစ်သည်" ရလဒ် အနေဖြင့် ၎င်းတို့၏ ပုဆိန်အား မြှုပ်နှံရန် ခက်ခဲမည် ဖြစ်သည်။

သင့်အား ဝေဖန် ပြစ်တင်ခြင်း ခံနေရသည့် အခြေအနေတွင် အပြုံးမပျက်ဘဲ ထိုသူတို့ ဝေဖန် ပြောဆိုမှု ပြီးသည်အထိ စောင့်ရန်သာ ဖြစ်ပါသည်။ ပေါင်းသင်းဆက်ဆံရန် ခက်ခဲသော သူများ အပေါ် မေတ္တာ၊ ကရုဏာတရား ကြီးမားသော စိတ်နှလုံးနှင့် ကိုယ်ချင်းစာတရား ထားကာ ပြောဆို ဆက်ဆံရန်ပင် ဖြစ်ပါသည်။

ရှင်းပြခွင့်နှင့် တောင်းပန်ခွင့် ရရန် အခွင့်သာချိန် ကိုသာ စောင့်ဆိုင်းပါ။ အကယ်၍ ဆက်ဆံရန် ခက်ခဲသော သူနှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဆိုပါက ပြဿနာကို ဖြေရှင်း၍ ရမည် မဟုတ်ဘဲ အခြေအနေသည် ပို၍ ဆိုးလာမည် ဖြစ်ပြီး ဆက်ဆံရေးသည် သင့်မြတ်ရေးနှင့် အလွန် ဝေးကွာသွားမည် ဖြစ်ပါသည်။ Merilyn Umbroh

for zawgyi

ေကာင္းေသာအျမင္

တခါက ဆုေဒါင္းပို လို႔ေခၚတဲ့ နာမည္ေက်ာ္ ပညာရွင္ တေယာက္နဲ႔ ဆရာေတာ္ ဖုယင္တို႔ဟာ အရမ္း ခင္မင္တဲ့ သူငယ္ခ်င္းေကာင္းေတြ ျဖစ္ၿပီး မၾကာခဏ တရား အတူထိုင္ကာ ပြားမ်ား အားထုတ္ေလ့ ရွိပါတယ္။ တေန႔ေတာ့ တရားအားထုတ္ ပြားမ်ားေနတုန္း ဆုေဒါင္းပိုမွာ အေတြအေခၚ တခု ရရွိလာ ပါေတာ့တယ္။

တရားထိုင္လို႔ ၿပီးတဲ့အခ်ိန္ မွာေတာ့ ဖုယင္ကို "ကြၽႏ္ုပ္ တရားအားထုတ္ ေနခ်ိန္မွာ သင္ဘာျမင္မိလဲ" လို႔ ေမးျမန္း ပါတယ္။ ဖုယင္ကေတာ့ ဆုေဒါင္းပိုအား အခ်ိန္ အေတာ္အၾကာ နီးကပ္စြာ ၾကည့္လိုက္ၿပီး "မင္းခႏၶာကိုယ္က ဘုရားရွင္လိုပဲ အေရာင္ေတြ ထြက္ေနတယ္" လို႔ ေျပာပါတယ္။

အဲဒီလို ၾကားလိုက္ရတဲ့ တခဏမွာ ဆုေဒါင္းပိုဟာ အလြန္ ေပ်ာ္႐ႊင္သြားၿပီး ေက်နပ္ႏွစ္သိမ့္စြာ ရီေမာလိုက္ ပါတယ္။ ဖုယင္ကလည္း "ကဲ ငါ့က်ေတာ့ေရာ၊ မင္း ဘယ္လို ျမင္ရလဲ" လို႔ ဆုေဒါင္းပိုကို ေမးျမန္းလိုက္ ပါတယ္။

ဆုေဒါင္းပို ကေတာ့ ဖုယင္ကို စလိုသည့္ အတြက္ "မင္းၾကည့္ရတာ ႏြားမစင္အုံ တခုလိုပဲ" လို႔ ေျဖပါတယ္။ ထိုအခါ ဖုယင္ ေျပာတာက "ဒါဆို ငါထက္ၿပီး တရားအားထုတ္ က်င့္ႀကံရင္ အာ႐ုံစိုက္ အားထုတ္ရမွာလို႔ ဆိုလိုတာေပါ့" လို႔ ေျပာၾကား ပါတယ္။

ဖုယင္ကို အႏိုင္ပိုင္းၿပီး အိမ္ျပန္သြားတဲ့ ဆူေဒါင္းပိုဟာ သူ႔ရဲ႕ ညီမ အငယ္ကို ျဖစ္ပ်က္ခဲ့တာ ေတြကို ျပန္ေဖာက္သည္ ခ်ပါေတာ့တယ္။ ထိုအခါ သူ႔ရဲ႕ ညီမငယ္က "ကိုႀကီးေရ ဒီတႀကိမ္ေတာ့ ကိုႀကီးက ဖုယင္ကို ရႈံးသြားၿပီ" လို႔ ေျပာၾကားပါတယ္။ "ဟင္ ဘာလို႔လဲ" လို႔ ဆုေဒါင္းပိုက ေမးျမန္းလိုက္ ပါတယ္။

"ဖုယင္က ဘုရားရွင္လို႔ ျမင္တာက သူ႔စိတ္ႏွလုံးမွာ ဘုရားရွင္ကို အၿမဲ ရွိေနလို႔ ျဖစ္တယ္။ ဒါေၾကာင့္ ျမင္ျမင္သမွ် အရာတိုင္းကို ဘုရားရွင္နဲ႔ တူတယ္လို႔ ခံစားရတယ္။ ဒါေပမဲ့ ကိုႀကီးအေနနဲ႔ သူ႔ကို ႏြားမစင္နဲ႔ တူတယ္ လို႔ ေျဖလိုက္တာက ကိုႀကီး ရင္ထဲမွာ ရွိတာကို ပုံေဖာ္လိုက္တာပဲ ျဖစ္တယ္" လို႔ ေျဖပါတယ္။

ဆရာေတာ္ ဂ်င္ေဗာဓိမွ ယခုပုံျပင္တြင္ သူ၏ အေတြးအျမင္မ်ားကို မွ်ေဝခံစားျခင္း ျဖစ္ပါတယ္။ လူတိုင္းသည္ အရာရာတြင္ အျမင္ခ်င္း မတူညီ ၾကပါ။ အရာဝတၱဳမ်ားကို ျမင္သည့္ အျမင္သည္ လူတဦးခ်င္းစီ၏ စိတ္ႏွလုံး အတြင္း ခံစားမႈကို အေျခခံ၍ ျမင္ေယာင္ျခင္းပင္ ျဖစ္သည္။

ထို႔အတူ ကြၽႏ္ုပ္တို႔ ေန႔စဥ္ ေျပာဆို ဆက္ဆံရာ တြင္လည္း "ႏြား၏ မစင္ပုံ" ဟု ျမင္ေယာင္ျခင္း မျဖစ္ေစရန္ သည္းခံႏိုင္စြမ္းႏွင့္ နားလည္မႈ ေပးႏိုင္ျခင္းတို႔ ရွိလွ်င္ အေကာင္းဆုံးပင္ ျဖစ္သည္။ အျမင့္ဆုံး အေနျဖင့္ "ေနာက္တလွမ္း ဆုတ္ၿပီး ျပန္ၾကည့္ ပါက ပင္လယ္သည္လည္း ေကာင္းကင္နည္းတူ က်ယ္ေျပာသည္" ကို သိျမင္ နားလည္ႏိုင္မည္ ျဖစ္ပါသည္။

အခ်ိဳ႕လူမ်ားသည္ နားလည္မႈ လြဲေခ်ာ္ျခင္း သို႔မဟုတ္ ျပင္းထန္စြာ ေဝဖန္ျခင္း မ်ားေၾကာင့္ စိတ္လႈပ္ရွားမႈမ်ား ျဖစ္ေပၚလာၿပီးၾကမ္းတမ္း ဆိုးဝါးလာပါတယ္။ ထိုသူတို႔၏ ဦးတည္ခ်က္ အျမင္တို႔သည္ "အျမင္ခ်င္း ဖလွယ္ျခင္း ျဖစ္သည္" ရလဒ္ အေနျဖင့္ ၎တို႔၏ ပုဆိန္အား ျမႇဳပ္ႏွံရန္ ခက္ခဲမည္ ျဖစ္သည္။

သင့္အား ေဝဖန္ ျပစ္တင္ျခင္း ခံေနရသည့္ အေျခအေနတြင္ အၿပဳံးမပ်က္ဘဲ ထိုသူတို႔ ေဝဖန္ ေျပာဆိုမႈ ၿပီးသည္အထိ ေစာင့္ရန္သာ ျဖစ္ပါသည္။ ေပါင္းသင္းဆက္ဆံရန္ ခက္ခဲေသာ သူမ်ား အေပၚ ေမတၱာ၊ က႐ုဏာတရား ႀကီးမားေသာ စိတ္ႏွလုံးႏွင့္ ကိုယ္ခ်င္းစာတရား ထားကာ ေျပာဆို ဆက္ဆံရန္ပင္ ျဖစ္ပါသည္။

ရွင္းျပခြင့္ႏွင့္ ေတာင္းပန္ခြင့္ ရရန္ အခြင့္သာခ်ိန္ ကိုသာ ေစာင့္ဆိုင္းပါ။ အကယ္၍ ဆက္ဆံရန္ ခက္ခဲေသာ သူႏွင့္ ထိပ္တိုက္ရင္ဆိုင္ရမည္ ဆိုပါက ျပႆနာကို ေျဖရွင္း၍ ရမည္ မဟုတ္ဘဲ အေျခအေနသည္ ပို၍ ဆိုးလာမည္ ျဖစ္ၿပီး ဆက္ဆံေရးသည္ သင့္ျမတ္ေရးႏွင့္ အလြန္ ေဝးကြာသြားမည္ ျဖစ္ပါသည္။ Merilyn Umbroh