တောအုပ်တခုထဲတွင် ဖြစ်သည်။ သမင်မကြီးတကောင်သည် ကိုယ်ဝန်အရင့်အမာဖြင့် မွေးဖွားချင်နေသောကြောင့် မွေးရမည့်နေရာကို ရှာနေသည်။ သူသည် မြစ်နံဘေးရှိ မြက်ခင်းနေရာတွင် သူ့ရင်သွေးလေးကို မွေးဖွားရန် ဆုံးဖြတ်လိုက်သည်။ မြစ်ကလည်း တောင်ကျရေကြောင့် တဝေါဝေါနှင့် ရေစီးကြမ်းနေသည်။

မြစ်နံဘေး မြက်ခင်းနေရာလေးက သူ့ကလေးအတွက် အလုံခြုံဆုံး နေရာတခု ဖြစ်လိမ့်မည်ဟု ထင်နေသည်။ ထိုအချိန်တွင် ဝမ်းဗိုက်ကလည်း နာလာသည်။ သမင်မကြီးသည် မွေးဖွားရန် အားထုတ်နေစဉ် ကောင်းကင်၌ မိုးသားတွေ မည်းလာသည်။ မိုးကြိုးတွေကလည်း တဝုန်းဝုန်းပစ်တော့သည်။ သစ်ခြောက်ပင်တွေကို မိုးကြိုးခသဖြင့် တောမီးလောင်သည်။

သမင်မကြီးသည် သူ့ဘယ်ဘက်တွင် လှုပ်ရှားမှုတခုကို မြင်သဖြင့် ကြည့်လိုက်ရာ မုဆိုးတယောက်က သူ့ကို ချုံထဲတွင် မြားနှင့်ချိန်ထားသည်အား တွေ့လိုက်ရသည်။ ညာဘက်က ချုံထဲတွင် ရိပ်ခနဲ တွေ့လိုက်သောကြောင့် ကြည့်လိုက်ရာ ခြင်္သေ့တကောင်က သူ့ကို ခုန်အုပ်ရန် ပြင်နေသည်ကို တွေ့လိုက်ရပြန်သည်။

သမင်မကြီးသည် မွေးဖွားချင်သဖြင့် ဝမ်းဗိုက်ကလည်း အလွန်နာပြီး မပြေးနိုင်လောက်အောင် ဖြစ်နေသည်။ သမင်မကြီး ဘာလုပ်ရမည်နည်း။ မွေးဖွားချင်သောကြောင့် ဗိုက်ကလည်း နာနေသည်။ ဘာတွေ ဖြစ်လာမည်နည်း။ မုဆိုးကလည်း ချောင်းနေသည်။ ခြင်္သေ့ကလည်း ခုန်အုပ်တော့မည်။

သမင်လေးကိုလည်း မွေးမှဖြစ်မည်။ သူ့ကလေး အသက်ရှင်ပါ့မလား။ တောမီးကလည်း လောင်နေပြီ။ တောထဲကို ပြေးရန်လည်း မဖြစ်နိုင်တော့။ ဘေးတွင်လည်း ရေစီးသန်နေသော မြစ်သာ ရှိသည်။ သမင်မကြီးတွေ အန္တရာယ်တွေက ပတ်လည်ဝိုင်းနေပြီ။ သူ့အတွက် အသက်အန္တရာယ်က ဖြစ်နေသော်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။

ငါ့ကလေးကို ငါမွေးမည်။ သူ့ကိုကာကွယ်ရင်း အသေခံမည်။ ဝမ်းဗိုက်ထဲက အနာဂတ်က ပိုပြီး အရေးကြီးသည်။ သမင်မကြီးသည် အားယူကာ ညှစ်ထုတ်လိုက်သည်။ သမင်လေးတကောင် လူ့လောကကြီးထဲကို ရောက်လာသည်။ သမင်မကြီးက သူ့ကလေးကို ခွရပ်ကာ အကာအကွယ် ပေးထားသည်။

ထိုအချိန်တွင် မမျှော်လင့်သည့် အဖြစ်အပျက်တွေက ဆက်တိုက် ဖြစ်သွားသည်။ မိုးကြိုးက ပစ်ချသည်။ မုဆိုးက ပစ်လွှတ်လိုက်သည့် မြားသည် သူ့သားလေးကို ငုံ့ကာ အကာအကွယ် ပေးနေသည့် သမင်မကြီးကို ကျော်သွားပြီး ထိုမြားက ခြင်္သေ့ကိုမှန်သည်။ ထိုမိုးကြိုးသည် မုဆိုးတည့်တည့် ပစ်ချလိုက်သဖြင့် မုဆိုးသေသည်။ မကြာမီ မိုးက ရွာချလိုက်သဖြင့် တောမီးတွေ ငြိမ်းကုန်သည်။ သမင်မကြီးနှင့် သူ့ကလေး ဘေးအန္တရာယ်တွေက လွတ်သွားသည်။

ဘဝတွင် ရွေးချယ်စရာ မရှိလောက်အောင် ဘေးကျပ်နံကျပ်ဖြစ်စရာ အခက်အခဲပေါင်းစုံနှင့် ကြုံတွေ့နေရသည့် အချိန်ကာလတခုသည် ဖြစ်လာနိုင်ပါသည်။ မည်သို့ဆိုစေ ကိုယ်ပြုရမည့် ကိစ္စတခုကို ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ဖြင့် လုပ်ကိုလုပ်ရမည်သာဖြစ်သည်။

သမင်မကြီးကို ကြည့်ပါ။ သူ့ဝမ်းနှင့် လွယ်ထားသည့် ရင်သွေးကို မဖြစ်မနေ မွေးကို မွေးရမည်သာ ဖြစ်သည်။ သဘာဝတရားကြီးက ချမ်းသာမပေးနိုင်သည့် အနေအထားတခုတွင် သူရော သူ့ကလေးပါ ဆုံးရှုံးနိုင်သည်ကို သိသိနှင့် အနာဂတ်အတွက် သူလုပ်ရမည့် ကိစ္စတခုကို လုပ်ခဲ့သည်။ ကျန်တာကတော့ ဖြစ်လာသမျှကို ခါးစည်းကာ ရင်ဆိုင်ကြရုံသာ ဖြစ်သည်။

တခါတရံတွင် မမျှော်လင့်ထားသည့် ကံတရားက ကိုယ့်ဘက်တွင် ရှိနေတတ်သည်။ အချို့သော တိုက်ဆိုင်မှုများသည် အကြောင်းမဲ့ ဖြစ်လာသည်မဟုတ်။ ရင်ဆိုင်လာရသည့် အခက်အခဲတိုင်းကို အဆိုးမြင်စိတ်ဖြင့် သုံးသပ်ကာ လက်လျှော့လိုက်လျှင် အခွင့်အရေးနှင့် လွဲတတ်သည်။

မိမိ၏စိတ်ဆန္ဒနှင့် ဇွဲကို ယုံကြည်မှုအပြည့်ရှိရန် လိုသည်။ နောက်ဆုံးအချိန်အထိ သတ္တိရှိစွာ ရင်ဆိုင်သွားရန်သာ ဖြစ်သည်။ သမင်မကြီးထံမှ ကျွန်တော်တို့ အတုယူစရာတွေ များသည်။ မျှော်လင့်နိုင်သမျှ နောက်ဆုံးအချိန်အထိ မျှော်လင့်ထားရမည်။

တိုက်ခိုက်နိုင်စွမ်းရှိသမျှ ရင်ဆိုင်သွားရမည်။ ကျန်တာကတော့ မိမိယုံကြည်သည့်အတိုင်းသာ ဖြစ်သည်။ သမင်မကြီးသည် သမင်လေးကို မွေးဖြစ်အောင် မွေးခဲ့သည်။ (Ref: The Dear, Lion and Forest Fire) တင်ညွန့်

for zawgyi

အနာဂတ္ကို ေမြးဖြားျခင္း

ေတာအုပ္တခုထဲတြင္ ျဖစ္သည္။ သမင္မႀကီးတေကာင္သည္ ကိုယ္ဝန္အရင့္အမာျဖင့္ ေမြးဖြားခ်င္ေနေသာေၾကာင့္ ေမြးရမည့္ေနရာကို ရွာေနသည္။ သူသည္ ျမစ္နံေဘးရွိ ျမက္ခင္းေနရာတြင္ သူ႔ရင္ေသြးေလးကို ေမြးဖြားရန္ ဆုံးျဖတ္လိုက္သည္။ ျမစ္ကလည္း ေတာင္က်ေရေၾကာင့္ တေဝါေဝါႏွင့္ ေရစီးၾကမ္းေနသည္။

ျမစ္နံေဘး ျမက္ခင္းေနရာေလးက သူ႔ကေလးအတြက္ အလုံၿခဳံဆုံး ေနရာတခု ျဖစ္လိမ့္မည္ဟု ထင္ေနသည္။ ထိုအခ်ိန္တြင္ ဝမ္းဗိုက္ကလည္း နာလာသည္။ သမင္မႀကီးသည္ ေမြးဖြားရန္ အားထုတ္ေနစဥ္ ေကာင္းကင္၌ မိုးသားေတြ မည္းလာသည္။ မိုးႀကိဳးေတြကလည္း တဝုန္းဝုန္းပစ္ေတာ့သည္။ သစ္ေျခာက္ပင္ေတြကို မိုးႀကိဳးခသျဖင့္ ေတာမီးေလာင္သည္။

သမင္မႀကီးသည္ သူ႔ဘယ္ဘက္တြင္ လႈပ္ရွားမႈတခုကို ျမင္သျဖင့္ ၾကည့္လိုက္ရာ မုဆိုးတေယာက္က သူ႔ကို ခ်ဳံထဲတြင္ ျမားႏွင့္ခ်ိန္ထားသည္အား ေတြ႕လိုက္ရသည္။ ညာဘက္က ခ်ဳံထဲတြင္ ရိပ္ခနဲ ေတြ႕လိုက္ေသာေၾကာင့္ ၾကည့္လိုက္ရာ ျခေသၤ့တေကာင္က သူ႔ကို ခုန္အုပ္ရန္ ျပင္ေနသည္ကို ေတြ႕လိုက္ရျပန္သည္။

သမင္မႀကီးသည္ ေမြးဖြားခ်င္သျဖင့္ ဝမ္းဗိုက္ကလည္း အလြန္နာၿပီး မေျပးႏိုင္ေလာက္ေအာင္ ျဖစ္ေနသည္။ သမင္မႀကီး ဘာလုပ္ရမည္နည္း။ ေမြးဖြားခ်င္ေသာေၾကာင့္ ဗိုက္ကလည္း နာေနသည္။ ဘာေတြ ျဖစ္လာမည္နည္း။ မုဆိုးကလည္း ေခ်ာင္းေနသည္။ ျခေသၤ့ကလည္း ခုန္အုပ္ေတာ့မည္။

သမင္ေလးကိုလည္း ေမြးမွျဖစ္မည္။ သူ႔ကေလး အသက္ရွင္ပါ့မလား။ ေတာမီးကလည္း ေလာင္ေနၿပီ။ ေတာထဲကို ေျပးရန္လည္း မျဖစ္ႏိုင္ေတာ့။ ေဘးတြင္လည္း ေရစီးသန္ေနေသာ ျမစ္သာ ရွိသည္။ သမင္မႀကီးေတြ အႏၲရာယ္ေတြက ပတ္လည္ဝိုင္းေနၿပီ။ သူ႔အတြက္ အသက္အႏၲရာယ္က ျဖစ္ေနေသာ္လည္း ေနာက္ဆုံးတြင္ ဆုံးျဖတ္ခ်က္တခုကို ခ်လိုက္သည္။

ငါ့ကေလးကို ငါေမြးမည္။ သူ႔ကိုကာကြယ္ရင္း အေသခံမည္။ ဝမ္းဗိုက္ထဲက အနာဂတ္က ပိုၿပီး အေရးႀကီးသည္။ သမင္မႀကီးသည္ အားယူကာ ညႇစ္ထုတ္လိုက္သည္။ သမင္ေလးတေကာင္ လူ႔ေလာကႀကီးထဲကို ေရာက္လာသည္။ သမင္မႀကီးက သူ႔ကေလးကို ခြရပ္ကာ အကာအကြယ္ ေပးထားသည္။

ထိုအခ်ိန္တြင္ မေမွ်ာ္လင့္သည့္ အျဖစ္အပ်က္ေတြက ဆက္တိုက္ ျဖစ္သြားသည္။ မိုးႀကိဳးက ပစ္ခ်သည္။ မုဆိုးက ပစ္လႊတ္လိုက္သည့္ ျမားသည္ သူ႔သားေလးကို ငုံ႔ကာ အကာအကြယ္ ေပးေနသည့္ သမင္မႀကီးကို ေက်ာ္သြားၿပီး ထိုျမားက ျခေသၤ့ကိုမွန္သည္။ ထိုမိုးႀကိဳးသည္ မုဆိုးတည့္တည့္ ပစ္ခ်လိုက္သျဖင့္ မုဆိုးေသသည္။ မၾကာမီ မိုးက ႐ြာခ်လိုက္သျဖင့္ ေတာမီးေတြ ၿငိမ္းကုန္သည္။ သမင္မႀကီးႏွင့္ သူ႔ကေလး ေဘးအႏၲရာယ္ေတြက လြတ္သြားသည္။

ဘဝတြင္ ေ႐ြးခ်ယ္စရာ မရွိေလာက္ေအာင္ ေဘးက်ပ္နံက်ပ္ျဖစ္စရာ အခက္အခဲေပါင္းစုံႏွင့္ ႀကဳံေတြ႕ေနရသည့္ အခ်ိန္ကာလတခုသည္ ျဖစ္လာႏိုင္ပါသည္။ မည္သို႔ဆိုေစ ကိုယ္ျပဳရမည့္ ကိစၥတခုကို ဆုံးျဖတ္ခ်က္ ပိုင္ပိုင္ႏိုင္ႏိုင္ျဖင့္ လုပ္ကိုလုပ္ရမည္သာျဖစ္သည္။

သမင္မႀကီးကို ၾကည့္ပါ။ သူ႔ဝမ္းႏွင့္ လြယ္ထားသည့္ ရင္ေသြးကို မျဖစ္မေန ေမြးကို ေမြးရမည္သာ ျဖစ္သည္။ သဘာဝတရားႀကီးက ခ်မ္းသာမေပးႏိုင္သည့္ အေနအထားတခုတြင္ သူေရာ သူ႔ကေလးပါ ဆုံးရႈံးႏိုင္သည္ကို သိသိႏွင့္ အနာဂတ္အတြက္ သူလုပ္ရမည့္ ကိစၥတခုကို လုပ္ခဲ့သည္။ က်န္တာကေတာ့ ျဖစ္လာသမွ်ကို ခါးစည္းကာ ရင္ဆိုင္ၾက႐ုံသာ ျဖစ္သည္။

တခါတရံတြင္ မေမွ်ာ္လင့္ထားသည့္ ကံတရားက ကိုယ့္ဘက္တြင္ ရွိေနတတ္သည္။ အခ်ိဳ႕ေသာ တိုက္ဆိုင္မႈမ်ားသည္ အေၾကာင္းမဲ့ ျဖစ္လာသည္မဟုတ္။ ရင္ဆိုင္လာရသည့္ အခက္အခဲတိုင္းကို အဆိုးျမင္စိတ္ျဖင့္ သုံးသပ္ကာ လက္ေလွ်ာ့လိုက္လွ်င္ အခြင့္အေရးႏွင့္ လြဲတတ္သည္။

မိမိ၏စိတ္ဆႏၵႏွင့္ ဇြဲကို ယုံၾကည္မႈအျပည့္ရွိရန္ လိုသည္။ ေနာက္ဆုံးအခ်ိန္အထိ သတၱိရွိစြာ ရင္ဆိုင္သြားရန္သာ ျဖစ္သည္။ သမင္မႀကီးထံမွ ကြၽန္ေတာ္တို႔ အတုယူစရာေတြ မ်ားသည္။ ေမွ်ာ္လင့္ႏိုင္သမွ် ေနာက္ဆုံးအခ်ိန္အထိ ေမွ်ာ္လင့္ထားရမည္။

တိုက္ခိုက္ႏိုင္စြမ္းရွိသမွ် ရင္ဆိုင္သြားရမည္။ က်န္တာကေတာ့ မိမိယုံၾကည္သည့္အတိုင္းသာ ျဖစ္သည္။ သမင္မႀကီးသည္ သမင္ေလးကို ေမြးျဖစ္ေအာင္ ေမြးခဲ့သည္။ (Ref: The Dear, Lion and Forest Fire) တင္ၫြန႔္