တောင်းပန်တာက ခက်ခဲပါတယ်။ အချို့တွေက တောင်းပန်ဖို့ကို အရမ်းဝန်လေးနေတတ်ပါတယ်။ မဖြစ်သာတဲ့အခြေအနေမှသာ တောင်းပန်တတ်ကြပါတယ်။
တောင်းပန်တာက အဆင်မပြေမှုတွေကို ချောမွေ့သွားစေနိုင်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သင့်ကို တကယ်တောင်းပန်တာမဟုတ်ဘဲ ဟန်ဆောင်ပြီးတောင်းပန်နေတာဖြစ်ကြောင်း ဒီအချက်တွေနဲ့ သိနိုင်ပါတယ်။
၁။ "ဒါပေမယ့်" ဆိုတဲ့ စကားလုံးကို ခဏခဏသုံးခြင်း
စိတ်ရင်းနဲ့ တောင်းပန်တာမဟုတ်ဘဲ မဖြစ်သာလို့ တောင်းပန်တဲ့သူတွေဟာ "တောင်းပန်ပါတယ်။ ဒါပေမယ့်..." လို့ မကြာခဏ သုံးတတ်ကြပါတယ်။
စိတ်မပါလက်မပါဘဲ မတတ်သာတဲ့အခြေအနေမှာ ဟန်ဆောင်တောင်းပန်သူတွေက တောင်းပန်တဲ့အခါမှာတောင် ဆင်ခြေတွေ ပေးတတ်ကြပါတယ်။
၂။ စကားလုံးတွေ အများအပြားသုံးခြင်း
ရင်ထဲကနေ လာတဲ့ တောင်းပန်စကားမှာ စကားလုံးတွေ အများကြီး မလိုအပ်ပါဘူး။ ဟန်ဆောင်တောင်းပန်သူတွေမှာတော့ ရှင်းပြတဲ့အရာတွေကို အသေးစိတ်ပြောပြနေတတ်ပါတယ်။
၃။ တောင်းပန်ရတဲ့အကြောင်းအရင်းကို ထည့်မပြောခြင်း
မရိုးသားတဲ့ တောင်းပန်ခြင်းတွေမှာ ဘယ်သူ့ကြောင့်၊ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းအရာတွေ မပါဝင်တတ်ပါဘူး။ အမှားအတွက် တာဝန်ယူတဲ့စကားလုံးတွေမပါဘဲ အပြစ်တွေကို တတ်နိုင်သလောက် ဖုံးကွယ်ချင်နေတတ်ပါတယ်။
၄။ တစ်စုံတစ်ယောက်ကြောင့် တောင်းပန်ခြင်း
"သူတို့လည်း ပြောနေလို့ တောင်းပန်ပါတယ်" ဆိုတဲ့စကားက စစ်မှန်တဲ့ ဝန်ခံခြင်းမျိုးမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် တောင်းပန်တာက စိတ်ရင်းအမှန်မဟုတ်ပါဘူး။ လိုအပ်လို့တောင်းပန်ခြင်းမျိုးသာ ဖြစ်နိုင်ပါတယ်။
၅။ "မင်းလည်း သိနေတာပဲ" ဆိုတဲ့ စကားလုံးကို သိခြင်း
အချို့လူတွေက တောင်းပန်တဲ့စကားလုံးထဲမှာတောင် သင့်ကို အပြစ်တင်တဲ့စကားတွေ ညှပ်ပြောတတ်ပါသေးတယ်။ "ငါ မှားမှန်းသိတယ်။
ဒါပေမယ့် မင်းလည်း..."၊ "တောင်းပန်သင့်တယ်ထင်လို့ တောင်းပန်လိုက်တာ" စတဲ့ စကားလုံးတွေဲ့ ပြောနေရင်တော့ သင့်ကို နောက်ထပ်ဒုက္ခပေးဖို့ ဝန်လေးမယ့်သူမဟုတ်ပါဘူး။
၆။ ဟန်ဆောင်တောင်းပန်တဲ့အခါ အမူအရာတွေ မပါဝင်ပါဘူး။
သင့်ကို တကယ်တောင်းပန်တာလား၊ ဟန်ဆောင်တောင်းပန်တာလားဆိုတာကို သိဖို့ အမူအရာတွေကို ကြည့်နိုင်ပါတယ်။ ဟန်ဆောင်တောင်းပန်တဲ့အခါ အမူအရာတွေ မပါဝင်ပါဘူး။ နှုတ်နဲ့သာ တောင်းပန်ကြောင်းကို ဖော်ပြတတ်ပါတယ်။
Zombie (lovemedia)
for zawgyi
တစ်စုံတစ်ယောက်က သင့်ကို စိတ်ရင်းနဲ့မဟုတ်ဘဲ ဟန်ဆောင်တောင်းပန်တာဖြစ်ကြောင်း သိနိုင်မယ့်အချက် (၆) ချက်
Zombie (lovemedia)