"ကြက်ဥ တလုံး ဘယ်လောက်လဲ" လို့ အမျိုးသမီး တယောက်က ကြက်ဥသည် အဘိုးအိုကို မေးတယ်။အဘိုးအိုက "ကြက်ဥ တလုံး ၂၅၀ ပါ" တဲ့။

အဲဒီ အမျိုးသမီးက အဘိုးအိုကို "ကျွန်မ ၁၀ လုံး ယူမယ် လေ၊ ၂၀၀၀ ပဲထား မရရင်တော့ မယူတော့ဘူး" လို့ ဆစ်တယ်။

အဘိုးအိုက "ဈေးဦးပေါက်မို့ ယူသွားပါ သမီးရယ်၊ ဒီနေ့ တလုံးမှ မရောင်းရသေး လို့ပါ" လို့ ပြန်ဖြေတယ်။

အမျိုးသမီးက ကြက်ဥတွေ ယူပြီး အောင်ပွဲခံ ခဲ့ပြီ ဆိုတဲ့ ဟန်ပန်နဲ့ ကြက်ဥသည် အဘိုးအို ရှေ့က ထွက်သွားတယ်။

ပြီးတော့ လှပတဲ့ ကားလေးပေါ် တက်ပြီး အဖော်နဲ့ တန်ဖိုးကြီးတဲ့ စားသောက်ဆိုင် သွားစား ကြတယ်။

သူတို့ ကြိုက်တာတွေ မှာစား ကြတယ်။ နည်းနည်းသာ စားပြီး ချန်ထားခဲ့တာ တွေက အများကြီးပဲ။

ငွေရှင်းတော့ ၃၂၁၀၀ ကျတယ်။ ဆိုင်ရှင်ကို ၃၃၀၀၀ ပေးပြီး ပိုတာ ပြန်မအမ်းနဲ့တော့လို့ ပြောရင်း ခပ်ကြွားကြွား ထွက်လာခဲ့ ကြတယ်။

ပိုတဲ့ ပိုက်ဆံ ပြန်မအမ်းခိုင်း တာက ဆိုင်ရှင် အတွက် ဘာမှ မထူးခြားတဲ့ တကယ့် ဖြစ်ရိုး ဖြစ်စဉ် ပါပဲ။ ဒါပေမဲ့ ဆင်းရဲတဲ့ ကြက်ဥသည် အဘိုးအို အတွက် ကတော့ အင်မတန် နာကျင်ဖွယ်ရာ ပေါ့။

မေးခွန်း(၁) ချို့တဲ့ပြီး ငွေလိုအပ် နေသူတွေ ဆီက တခုခု ဝယ်ယူတဲ့ အခါ ဘာလို့ ကျွန်တော်တို့ အာဏာ ပြရ တာလဲ။

မေးခွန်း(၂) ကျွန်တော်တို့ ဆီက ရက်ရောမှုကို မလိုအပ်တဲ့ သူတွေကို ဘာလို့ ကျွန်တော်တို့က စေတနာ ပြချင် ရတာလဲ။ Crd

for zawgyi

"ၾကက္ဥ တလုံး ဘယ္ေလာက္လဲ" လို႔ အမ်ိဳးသမီး တေယာက္က ၾကက္ဥသည္ အဘိုးအိုကို ေမးတယ္။အဘိုးအိုက "ၾကက္ဥ တလုံး ၂၅၀ ပါ" တဲ့။

အဲဒီ အမ်ိဳးသမီးက အဘိုးအိုကို "ကြၽန္မ ၁၀ လုံး ယူမယ္ ေလ၊ ၂၀၀၀ ပဲထား မရရင္ေတာ့ မယူေတာ့ဘူး" လို႔ ဆစ္တယ္။

အဘိုးအိုက "ေဈးဦးေပါက္မို႔ ယူသြားပါ သမီးရယ္၊ ဒီေန႔ တလုံးမွ မေရာင္းရေသး လို႔ပါ" လို႔ ျပန္ေျဖတယ္။

အမ်ိဳးသမီးက ၾကက္ဥေတြ ယူၿပီး ေအာင္ပြဲခံ ခဲ့ၿပီ ဆိုတဲ့ ဟန္ပန္နဲ႔ ၾကက္ဥသည္ အဘိုးအို ေရွ႕က ထြက္သြားတယ္။

ၿပီးေတာ့ လွပတဲ့ ကားေလးေပၚ တက္ၿပီး အေဖာ္နဲ႔ တန္ဖိုးႀကီးတဲ့ စားေသာက္ဆိုင္ သြားစား ၾကတယ္။

သူတို႔ ႀကိဳက္တာေတြ မွာစား ၾကတယ္။ နည္းနည္းသာ စားၿပီး ခ်န္ထားခဲ့တာ ေတြက အမ်ားႀကီးပဲ။

ေငြရွင္းေတာ့ ၃၂၁၀၀ က်တယ္။ ဆိုင္ရွင္ကို ၃၃၀၀၀ ေပးၿပီး ပိုတာ ျပန္မအမ္းနဲ႔ေတာ့လို႔ ေျပာရင္း ခပ္ႂကြားႂကြား ထြက္လာခဲ့ ၾကတယ္။

ပိုတဲ့ ပိုက္ဆံ ျပန္မအမ္းခိုင္း တာက ဆိုင္ရွင္ အတြက္ ဘာမွ မထူးျခားတဲ့ တကယ့္ ျဖစ္႐ိုး ျဖစ္စဥ္ ပါပဲ။ ဒါေပမဲ့ ဆင္းရဲတဲ့ ၾကက္ဥသည္ အဘိုးအို အတြက္ ကေတာ့ အင္မတန္ နာက်င္ဖြယ္ရာ ေပါ့။

ေမးခြန္း(၁) ခ်ိဳ႕တဲ့ၿပီး ေငြလိုအပ္ ေနသူေတြ ဆီက တခုခု ဝယ္ယူတဲ့ အခါ ဘာလို႔ ကြၽန္ေတာ္တို႔ အာဏာ ျပရ တာလဲ။

ေမးခြန္း(၂) ကြၽန္ေတာ္တို႔ ဆီက ရက္ေရာမႈကို မလိုအပ္တဲ့ သူေတြကို ဘာလို႔ ကြၽန္ေတာ္တို႔က ေစတနာ ျပခ်င္ ရတာလဲ။ Crd