ရောမကို ရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း တစ်နိုင်ငံနဲ့တစ်နိုင်ငံက ယဉ်ကျေးမှုချင်း မတူညီကြပါဘူး။ အဲဒါကြောင့် ဘယ်နိုင်ငံတွေမှာ ဘယ်လိုအရာတွေကို မလုပ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံမှာ ဘောက်ဆူးပေးတာကို ရိုင်းပျတယ်လို့ ယူဆကြပါတယ်။ ဂျပန်နိုင်ငံမှာ ကျသင့်သလောက်ကိုသာ ရှင်းဖို့လိုအပ်ပြီး အပိုထပ်ဆောင်းပေးဖို့ မလိုအပ်ပါဘူး။

၂။ ပြင်သစ်

ပြင်သစ်နိုင်ငံက စားသောက်ဆိုင်မှာ သွားစားတဲ့အခါ ကျသင့်တဲ့ငွေကို တစ်ယောက်တစ်ဝက်ရှင်းတာကို ခေတ်မမီဘူးလို့ ယူဆကြပါတယ်။

ငွေအကြောင်းပြောတာကို မကြိုက်ကြပါဘူး။ ဒါပေမယ့် လူအများကြီးနဲ့ သွားစားတဲ့အခါမှာတော့ ကျသင့်ငွေကို အတူတူ အကုန်အကျခံကြပါတယ်။

၃။ ဂရိ

အခြားနိုင်ငံတွေမှာ လက်ဝှေ့ယမ်းပြတာက နှုတ်ဆက်တာပါ။ ဂရိကို ရောက်တဲ့အခါ လက်ဝှေ့ယမ်းပြတာက စော်ကားတဲ့အဓိပ္ပွါယ်ပါပဲ။

၄။ အိန္ဒိယ

ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေက ပွေ့ဖက်ပြီး နှုတ်ဆက်ကြပါတယ်။ ဒါပေမယ့် အိန္ဒိယမှာတော့ သူစိမ်းအမျိုးသမီးကို ပွေ့ဖက်နှုတ်ဆက်လို့မရသလို အသားချင်းထိလို့တောင် မရပါဘူး။

၅။ UAE

UAE မှာ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်တာက နိုင်ငံရဲ့ဆိုင်ဘာဥပဒေကို ချိုးဖောက်တာပါပဲ။ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံရိုက်ရင် ထောင်ဒဏ် ၆လတောင် ကျနိုင်ပြီး ၅၀၀၀၀၀ AED (၁၃၆၁၃၀ဒေါ်လာ) တောင် ပေးဆောင်ရမှာပါ။

၆။ ဩစတေးလျ

ဩစတေးလျနိုင်ငံနဲ့ အင်္ဂလန်နိုင်ငံမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် တန်းစီးနေတာကို ကြားဖြတ်ဝင်လို့မရပါဘူး။ မြေအောက်ရထားဘူတာ၊ ဈေးဝယ်စင်တာနဲ့ ကော်ဖီဆိုင်တွေမှာတောင် စနစ်တကျတန်းစီကြပါတယ်။

၇။ နယ်သာလန်

နယ်သာလန်နိုင်ငံမှာ စက်ဘီးစီးတာကို ကျယ်ကျယ်ပြန့်ပြန်အသုံးပြုကြပါတယ်။ နယ်သာလန်နိုင်ငံက စက်ဘီးသွားလမ်းတွေမှာ လမ်းလျှောက်လို့ မရပါဘူး။

၈။ တူရကီ

Ok တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြဖို့ တစ်ကမ္ဘာလုံးက လက်မနဲ့ လက်ညှိုးကို ဝိုင်းပြကြပါတယ်။ ဒါပေမယ့် တူရကီနိုင်ငံမှာတော့ လက်မနဲ့ လက်ညှိုးကို ဝိုင်းပြတာက ဆဲတဲ့အဓိပ္ပါယ်ပါ။

၉။ Bulgaria နဲ့ ALbania

တစ်ကမ္ဘာလုံးမှာ ခေါင်းညိတ်ပြတာက လက်ခံတဲ့သဘောဖြစ်ပြီး ခေါင်းရမ်းပြတာက ငြင်းဆန်တဲ့သဘောပါ။ ဒါပေမယ့် Bulgaria နဲ့ ALbania မှာတော့ ခေါင်းညိတ်ပြတာက ငြင်းဆန်တဲ့သဘောဖြစ်ပြီး ခေါင်းရမ်းပြတာက လက်ခံတဲ့အဓိပ္ပါယ်ပါ။

၁၀။ စင်ကာပူ

စင်ကာပူနိုင်ငံမှာ ငှက်လေးတွေ၊ ခိုလေးတွေကို အစာကျွေးတာ၊ လူအများရှိတဲ့နေရာမှာ ပီကေဝါးတာတို့ကို တားမြစ်ထားပါတယ်။ ငှက်အစာကျွေးတာနဲ့ ပီကေဝါးတာတို့ ပြုလုပ်တဲ့အခါ ဒဏ်ကြေးကို မြင့်မြင့်မားမား ဆောင်ရလေ့ရှိပါတယ်။

Zombie (lovemedia)

for zawgyi

ကမ္ဘာပေါ်က နိုင်ငံအချို့မှာ လုပ်မရတဲ့အရာ (၁၀) မျိုး


၁။ ဂျပန်နိုင်ငံ


၂။ ပြင်သစ်



၃။ ဂရိ


၎။ အိန္ဒိယ


၅။ UAE


၆။ ဩစတေးလျ


၇။ နယ်သာလန်


၈။ တူရကီ


၉။ Bulgaria နဲ့ ALbania


၁၀။ စင်ကာပူ


Zombie (lovemedia)