ခွေးလေးတွေက လူသားတွေအတွက် အများကြီး အဖော်ရစေပါတယ်။ ခွေးတွေမှာ အမျိုးအစားပေါ်မူတည်ပြီး မတူညီတဲ့အကျင့်စရိုက်လေးတွေ ရှိကြပါတယ်။

အချို့သော ခွေးလေးတွေက ကလေးတွေကို ထိန်းပေးနိုင်တဲ့အထိ လူယဉ်ပါးကြပါတယ်။ ဒါပေမယ့် သင့်အိမ်မှာ ကလေးငယ်လေးတွေ ရှိရင် လုံးဝမမွေးသင့်တဲ့ခွေးအမျိုးအစား (၈)မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Chow Chow

Chow Chow ခွေးအမျိုးအစားက သူ့ရဲ့အသွင်အပြင်ကြောင့် လူသားတွေက အရမ်းချစ်ကြပါတယ်။ ဒါပေမယ့် အိမ်မှာ ကလေးငယ်လေးတွေ ရှိရင်တော့ Chow Chow ခွေးအမျိုးအစားကို မမွေးသင့်သေးပါဘူး။

သူတို့တွေက မျက်စိရှုပ်စရာတွေ အရမ်းများလာရင် ရန်မူလာတတ်ပါတယ်။ သေသေချာချာ ထိန်းကျောင်းလေ့ကျင့်ပေးထားတဲ့ Chow Chow ခွေးလေးတွေကတော့ မိသားစုနဲ့ အရမ်းသင့်တော်ပါတယ်။

၂။ Dalmatian

Dalmatian ခွေးအမျိုးအစားလေးတွေကတော့ ကလေးတွေကို ချစ်တတ်ပါတယ်။ ဒါပေမယ့် ဒီခွေးလေးတွေက စိတ်လှုပ်ရှားလွယ်ပြီး အရမ်းအဆော့သန်တာကြောင့် ကလေးပေါက်စလေးတွေနဲ့ မသင့်တော်ပါဘူး။

Dalmatian ခွေးလေးတွေရဲ့ မျိုးရိုးဗီဇအရ ဒီလိုခွေးအမျိုးအစားအများစုဟာ နားမကြားကြပါဘူး။ ဒါ့အပြင် သူစိမ်းဆိုရင်လည်း စိတ်မရှည်တတ်ကြပါဘူး။

၃။ Husky

Husky ခွေးလေးတွေက ကလေးတွေနဲ့ အဆင်ပြေလေ့ရှိပါတယ်။ Husky ခွေးလေးတွေက အခြားခွေးတွေထက်အဆော့အရမ်းသန်တာကြောင့် ကလေးငယ်လေးတွေအတွက်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။ Husky ခွေးလေးတွေက ကိုက်ရတာကို သဘောကျတာကြောင့် မွေးကင်းစကလေးတွေနဲ့ မသင့်တော်ပါဘူး။

၄။ Pekingese

သေးငယ်ပြီး အမွေးဖွားဖွားလေးနဲ့ ချစ်စရာကောင်းတဲ့ Pekingese ခွေးအမျိုးအစားလေးတွေဟာ ၇ နှစ်အရွယ်၊ ၈ နှစ်အရွယ် ကလေးတွေအတွက်တော့ သူငယ်ချင်းကောင်းပါပဲ။ ဒါပေမယ့် ကလေးငယ်လေးတွေကိုတော့ Pekingese လေးတွေက စိတ်မရှည်တတ်ပါဘူး။ သူတို့တွေက ကလေးပေါက်စလေးတွေကို သူတို့ရဲ့ပြိုင်ဘက်လို သဘောထားပြီး အနိုင်ယူချင်တတ်ကြပါတယ်။

၅။ Shar Pei

Shar Pei ခွေးလေးတွေက သခွားသီးလို နားအေးတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် Shar Pei ခွေးလေးတွေက စိတ်တိုလွယ်ပါတယ်။ သခင်ကို ကာကွယ်တတ်ပြီး သူစိမ်းနဲ့ ကလေးပေါက်စလေးတွေကိုတော့ ရန်မူလွယ်ပါတယ်။ သေချာလေ့ကျင့်ပေးထားရင်တောင် Shar Pei ခွေးလေးတွေကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။

၆။ Duchshund

Duchshund ခွေးလေးတွေက သူတို့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်အသွင်အပြင်ကြောင့် အချစ်ခံရပါတယ်။ သူတို့နားမှာ စိတ်ရှုပ်၊ နားရှုပ်အောင် လာလုပ်တဲ့အခါမှာတော့ ကလေးတွေကို ရန်မူလွယ်ပါတယ်။ Duchshund ခွေးလေးတွေ မွေးထားရင် ကလေးတွေနဲ့ နီးနီးကပ်ကပ်မထားဖို့ သတိပြုသင့်ပါတယ်။ သူတို့တွေက ဆော့တာကြမ်းတမ်းပြီး ကလေးတွေအပေါ် သဝန်တိုတတ်ပါတယ်။

၇။ Greyhound

Greyhound ခွေးလေးတွေက အရမ်းကြောက်တတ်ပါတယ်။ ကလေးငိုသံတွေ၊ ဆူညံသံတွေ ကြားရင် စိတ်ရှုပ်လာတတ်တဲ့ခွေးလေးတွေပါ။ Greyhound ခွေးလေးတွေက ရန်မမူတတ်တာကြောင့် အနည်းငယ်ကြီးလာတဲ့ကလေးတွေအတွက်တော့ သင့်တော်ပါတယ်။

၈။ Chihuahua

Chihuahua ခွေးလေးတွေကတော့ အရမ်းကို စိတ်ဆတ်ပါတယ်။ ဒေါသကြီးလွယ်ပြီး ကလေးတွေအပေါ်လည်း စိတ်မရှည်ပါဘူး။ ဒါပေမယ့် ဒီခွေးလေးတွေက ဉာဏ်ကောင်းတာကြောင့် လေ့ကျင့်ပေးရင်အရမ်းကို လွယ်ကူပါတယ်။

Zombie (lovemedia)

for zawgyi

အိမ္မွာ ကေလးငယ္ေလးေတြ ရွိရင္ လုံးဝမေမြးသင့္တဲ့ေခြးအမ်ိဳးအစား (၈) မ်ိဳး

ေခြးေလးေတြက လူသားေတြအတြက္ အမ်ားႀကီး အေဖာ္ရေစပါတယ္။ ေခြးေတြမွာ အမ်ိဳးအစားေပၚမူတည္ၿပီး မတူညီတဲ့အက်င့္စ႐ိုက္ေလးေတြ ရွိၾကပါတယ္။

အခ်ိဳ႕ေသာ ေခြးေလးေတြက ကေလးေတြကို ထိန္းေပးႏိုင္တဲ့အထိ လူယဥ္ပါးၾကပါတယ္။ ဒါေပမယ့္ သင့္အိမ္မွာ ကေလးငယ္ေလးေတြ ရွိရင္ လုံးဝမေမြးသင့္တဲ့ေခြးအမ်ိဳးအစား (၈)မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ Chow Chow

Chow Chow ေခြးအမ်ိဳးအစားက သူ႔ရဲ႕အသြင္အျပင္ေၾကာင့္ လူသားေတြက အရမ္းခ်စ္ၾကပါတယ္။ ဒါေပမယ့္ အိမ္မွာ ကေလးငယ္ေလးေတြ ရွိရင္ေတာ့ Chow Chow ေခြးအမ်ိဳးအစားကို မေမြးသင့္ေသးပါဘူး။

သူတို႔ေတြက မ်က္စိရႈပ္စရာေတြ အရမ္းမ်ားလာရင္ ရန္မူလာတတ္ပါတယ္။ ေသေသခ်ာခ်ာ ထိန္းေက်ာင္းေလ့က်င့္ေပးထားတဲ့ Chow Chow ေခြးေလးေတြကေတာ့ မိသားစုနဲ႔ အရမ္းသင့္ေတာ္ပါတယ္။

၂။ Dalmatian

Dalmatian ေခြးအမ်ိဳးအစားေလးေတြကေတာ့ ကေလးေတြကို ခ်စ္တတ္ပါတယ္။ ဒါေပမယ့္ ဒီေခြးေလးေတြက စိတ္လႈပ္ရွားလြယ္ၿပီး အရမ္းအေဆာ့သန္တာေၾကာင့္ ကေလးေပါက္စေလးေတြနဲ႔ မသင့္ေတာ္ပါဘူး။ Dalmatian ေခြးေလးေတြရဲ႕ မ်ိဳး႐ိုးဗီဇအရ ဒီလိုေခြးအမ်ိဳးအစားအမ်ားစုဟာ နားမၾကားၾကပါဘူး။ ဒါ့အျပင္ သူစိမ္းဆိုရင္လည္း စိတ္မရွည္တတ္ၾကပါဘူး။

၃။ Husky

Husky ေခြးေလးေတြက ကေလးေတြနဲ႔ အဆင္ေျပေလ့ရွိပါတယ္။ Husky ေခြးေလးေတြက အျခားေခြးေတြထက္အေဆာ့အရမ္းသန္တာေၾကာင့္ ကေလးငယ္ေလးေတြအတြက္ေတာ့ အႏၲရာယ္ရွိလာႏိုင္ပါတယ္။ Husky ေခြးေလးေတြက ကိုက္ရတာကို သေဘာက်တာေၾကာင့္ ေမြးကင္းစကေလးေတြနဲ႔ မသင့္ေတာ္ပါဘူး။

၄။ Pekingese

ေသးငယ္ၿပီး အေမြးဖြားဖြားေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ Pekingese ေခြးအမ်ိဳးအစားေလးေတြဟာ ၇ႏွစ္အ႐ြယ္၊ ၈ႏွစ္အ႐ြယ္ကေလးေတြအတြက္ေတာ့ သူငယ္ခ်င္းေကာင္းပါပဲ။ ဒါေပမယ့္ ကေလးငယ္ေလးေတြကိုေတာ့ Pekingese ေလးေတြက စိတ္မရွည္တတ္ပါဘူး။ သူတို႔ေတြက ကေလးေပါက္စေလးေတြကို သူတို႔ရဲ႕ၿပိဳင္ဘက္လို သေဘာထားၿပီး အႏိုင္ယူခ်င္တတ္ၾကပါတယ္။

၅။ Shar Pei

Shar Pei ေခြးေလးေတြက သခြားသီးလို နားေအးတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ Shar Pei ေခြးေလးေတြက စိတ္တိုလြယ္ပါတယ္။ သခင္ကို ကာကြယ္တတ္ၿပီး သူစိမ္းနဲ႔ ကေလးေပါက္စေလးေတြကိုေတာ့ ရန္မူလြယ္ပါတယ္။ ေသခ်ာေလ့က်င့္ေပးထားရင္ေတာင္ Shar Pei ေခြးေလးေတြကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲပါတယ္။

၆။ Duchshund

Duchshund ေခြးေလးေတြက သူတို႔ရဲ႕မ်က္ႏွာနဲ႔ ခႏၶာကိုယ္အသြင္အျပင္ေၾကာင့္ အခ်စ္ခံရပါတယ္။ သူတို႔နားမွာ စိတ္ရႈပ္၊ နားရႈပ္ေအာင္ လာလုပ္တဲ့အခါမွာေတာ့ ကေလးေတြကို ရန္မူလြယ္ပါတယ္။ Duchshund ေခြးေလးေတြ ေမြးထားရင္ ကေလးေတြနဲ႔ နီးနီးကပ္ကပ္မထားဖို႔ သတိျပဳသင့္ပါတယ္။ သူတို႔ေတြက ေဆာ့တာၾကမ္းတမ္းၿပီး ကေလးေတြအေပၚ သဝန္တိုတတ္ပါတယ္။

၇။ Greyhound

Greyhound ေခြးေလးေတြက အရမ္းေၾကာက္တတ္ပါတယ္။ ကေလးငိုသံေတြ၊ ဆူညံသံေတြ ၾကားရင္ စိတ္ရႈပ္လာတတ္တဲ့ေခြးေလးေတြပါ။ Greyhound ေခြးေလးေတြက ရန္မမူတတ္တာေၾကာင့္ အနည္းငယ္ႀကီးလာတဲ့ကေလးေတြအတြက္ေတာ့ သင့္ေတာ္ပါတယ္။

၈။ Chihuahua

Chihuahua ေခြးေလးေတြကေတာ့ အရမ္းကို စိတ္ဆတ္ပါတယ္။ ေဒါသႀကီးလြယ္ၿပီး ကေလးေတြအေပၚလည္း စိတ္မရွည္ပါဘူး။ ဒါေပမယ့္ ဒီေခြးေလးေတြက ဉာဏ္ေကာင္းတာေၾကာင့္ ေလ့က်င့္ေပးရင္အရမ္းကို လြယ္ကူပါတယ္။

Zombie (lovemedia)