တခါတုန်းက ဒိသာပါမောက္ခဆရာကြီးဆီမှာ တပည့်တဦးရှိသတဲ့။ ဆရာကြီးဟာ တဦးတည်းသော သူ့တပည့်ကို ပညာများ သင်ပေးနေပါတယ်။ ဒီလိုနဲ့ ဆရာကြီးဆီကို နောက်ထပ် တပည့်တဦးရောက်လာတယ်။ ဒီတော့ ဆရာကြီးမှာ တပည့်က နှစ်ဦး ဖြစ်သွားပြီပေါ့။

ဒိသာပါမောက္ခကြီးဟာ ဒုတိယတပည့်ကို သင်ပေးနေရင်းနဲ့ တဖြည်းဖြည်း အရင်ကတည်းက ရှိနေတဲ့ တပည့်နဲ့ သင်ကြားတာတွေ အတူတူ ဖြစ်လာတယ်။ နောက်ပိုင်းမှာတော့ ဒုတိယတပည့်ကို သင်ခန်းစာအသစ်တွေ ပိုပြီး ပို့ချပေးနေတယ်။ အတော်လေးကြာတော့ ပထမတပည့်က သတိထားမိသွားတယ်။

ဒီတော့ သူက ဆရာကြီးကို မေးတာပေါ့။ ဘာဖြစ်လို့များ နောက်မှ ရောက်လာတဲ့သူကို သင်ခန်းစာတွေ ပိုပြီး သင်ပေးနေတာလဲ ပေါ့။ ဆရာကြီးက ရှင်းပြတယ်။ "ငါ့တပည့်ရေ တခါတုန်းက ရေငတ်နေတဲ့ ခရီးသွားတဦးက သွားရင်းလာရင်း ရေရနိုင်မယ့် နေရာကို ရှာသတဲ့" "ဟုတ်ကဲ့ပါ ဆရာကြီး"

"ဒီလိုနဲ့ သူဟာ သွားနေရင်း ရေတွင်းတတွင်းကို တွေ့သတဲ့။ ဒါပေမဲ့ ရေတွင်းထဲက ရေက တော်တော်လေး နက်တဲ့နေရာမှာမှ ရှိနေတာ။ ခပ်ဖို့အတွက် ရေပုံးလည်း မရှိဘူး။ ပြီးတော့ ရေပုံးကို အောက်ကိုချဖို့အတွက် ကြိုးလည်း မရှိဘူးကွယ်။ ဒါနဲ့ သူဟာ ရေတွင်းကနေ ဆက်လက် ခရီးထွက်ခဲ့တယ်။

သူသွားပြီး နောက်ပိုင်းမှာ ရေငတ်ရေဆာနေတဲ့ နောက်ထပ် ခရီးသွားတဦး ရောက်လာပြန်တယ်။ သူဟာ ရေတွင်းကို ငုံ့ကြည့်လိုက်တော့ ရေက အတော်နက်တဲ့ နေရာမှာ ရှိနေတာကို တွေ့လိုက်တယ်။ ဒါနဲ့ သူဟာ အနီးအနားမှာ ရေပုံးများ တွေ့မလားဆိုပြီး လိုက်ရှာနေတာ အတန်ကြာတော့ ခပ်လှမ်းလှမ်းမှာ ရေပုံးလေးတွေ့တယ်။ ဒါပေမဲ့ ကြိုးက မရှိဘူးလေ။

သူဟာ မြက်ပင်တွေကို ကြိုးတချောင်းဖြစ်အောင် ကျစ်တာပေါ့။ အတော်ကြာတော့ ကြိုးတချောင်း ရလာတယ်။ ဒါကိုသုံးပြီး ပုံးကလေးနဲ့ ရေခပ်ပြီး သောက်သတဲ့" "သူက အတော်ကြိုးစားတာပဲ ဆရာကြီး" "ဆရာမေးမယ်ကွယ်။ သူတို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီး ရေ ဆာသလဲ" "ဒုတိယ ခရီးသွားက ရေပိုဆာပါတယ်"

"ဒီလိုပဲပေါ့ကွယ်။ ပိုပြီး ဆာလောင်တဲ့ သူက ပိုပြီး အားထုတ်သလို၊ ပိုပြီး ရကြတဲ့သဘောပါပဲ။ မင်းရဲ့ ပညာသင်ဖော်ဟာလည်း ပညာရဖို့ ပိုပြီးဆာလောင်တယ်။ ပိုပြီး ကြိုးစားတယ်။ ဒါကြောင့် သူဟာ မင်းနောက်မှ ရောက်လာပေမယ့် ရတဲ့ပညာကို ရှာယူနေတာမို့ သူက အရင်တိုးတက်သွားတာပါ"

ဆရာကြီးရဲ့ ဆုံးမစကားကြောင့် တပည့်ဖြစ်သူဟာ နားလည်သွားပြီး ယခင်ကထက် အလုပ်တွေ ပိုကြိုးစားလာသတဲ့။ မိမိလိုချင်တဲ့ ပန်းတိုင်ကို ပိုပြီး လိုချင်စိတ်ပြင်းထန်၊ ပိုပြီးကြိုးစားတဲ့ သူတွေက အမြန်ဆုံး ရောက်ရတာပဲပေါ့။ သံလွင်မြင့်

Zawgyi

ဒိသာပါေမာကၡဆရာႀကီးႏွင့္ တပည့္ႏွစ္ဦး

တခါတုန္းက ဒိသာပါေမာကၡဆရာႀကီးဆီမွာ တပည့္တဦးရွိသတဲ့။ ဆရာႀကီးဟာ တဦးတည္းေသာ သူ႔တပည့္ကို ပညာမ်ား သင္ေပးေနပါတယ္။ ဒီလိုနဲ႔ ဆရာႀကီးဆီကို ေနာက္ထပ္ တပည့္တဦးေရာက္လာတယ္။ ဒီေတာ့ ဆရာႀကီးမွာ တပည့္က ႏွစ္ဦး ျဖစ္သြားၿပီေပါ့။

ဒိသာပါေမာကၡႀကီးဟာ ဒုတိယတပည့္ကို သင္ေပးေနရင္းနဲ႔ တျဖည္းျဖည္း အရင္ကတည္းက ရွိေနတဲ့ တပည့္နဲ႔ သင္ၾကားတာေတြ အတူတူ ျဖစ္လာတယ္။ ေနာက္ပိုင္းမွာေတာ့ ဒုတိယတပည့္ကို သင္ခန္းစာအသစ္ေတြ ပိုၿပီး ပို႔ခ်ေပးေနတယ္။ အေတာ္ေလးၾကာေတာ့ ပထမတပည့္က သတိထားမိသြားတယ္။

ဒီေတာ့ သူက ဆရာႀကီးကို ေမးတာေပါ့။ ဘာျဖစ္လို႔မ်ား ေနာက္မွ ေရာက္လာတဲ့သူကို သင္ခန္းစာေတြ ပိုၿပီး သင္ေပးေနတာလဲ ေပါ့။ ဆရာႀကီးက ရွင္းျပတယ္။ "ငါ့တပည့္ေရ တခါတုန္းက ေရငတ္ေနတဲ့ ခရီးသြားတဦးက သြားရင္းလာရင္း ေရရႏိုင္မယ့္ ေနရာကို ရွာသတဲ့" "ဟုတ္ကဲ့ပါ ဆရာႀကီး"

"ဒီလိုနဲ႔ သူဟာ သြားေနရင္း ေရတြင္းတတြင္းကို ေတြ႕သတဲ့။ ဒါေပမဲ့ ေရတြင္းထဲက ေရက ေတာ္ေတာ္ေလး နက္တဲ့ေနရာမွာမွ ရွိေနတာ။ ခပ္ဖို႔အတြက္ ေရပုံးလည္း မရွိဘူး။ ၿပီးေတာ့ ေရပုံးကို ေအာက္ကိုခ်ဖို႔အတြက္ ႀကိဳးလည္း မရွိဘူးကြယ္။ ဒါနဲ႔ သူဟာ ေရတြင္းကေန ဆက္လက္ ခရီးထြက္ခဲ့တယ္။

သူသြားၿပီး ေနာက္ပိုင္းမွာ ေရငတ္ေရဆာေနတဲ့ ေနာက္ထပ္ ခရီးသြားတဦး ေရာက္လာျပန္တယ္။ သူဟာ ေရတြင္းကို ငုံ႔ၾကည့္လိုက္ေတာ့ ေရက အေတာ္နက္တဲ့ ေနရာမွာ ရွိေနတာကို ေတြ႕လိုက္တယ္။ ဒါနဲ႔ သူဟာ အနီးအနားမွာ ေရပုံးမ်ား ေတြ႕မလားဆိုၿပီး လိုက္ရွာေနတာ အတန္ၾကာေတာ့ ခပ္လွမ္းလွမ္းမွာ ေရပုံးေလးေတြ႕တယ္။ ဒါေပမဲ့ ႀကိဳးက မရွိဘူးေလ။

သူဟာ ျမက္ပင္ေတြကို ႀကိဳးတေခ်ာင္းျဖစ္ေအာင္ က်စ္တာေပါ့။ အေတာ္ၾကာေတာ့ ႀကိဳးတေခ်ာင္း ရလာတယ္။ ဒါကိုသုံးၿပီး ပုံးကေလးနဲ႔ ေရခပ္ၿပီး ေသာက္သတဲ့" "သူက အေတာ္ႀကိဳးစားတာပဲ ဆရာႀကီး" "ဆရာေမးမယ္ကြယ္။ သူတို႔ႏွစ္ေယာက္မွာ ဘယ္သူက ပိုၿပီး ေရ ဆာသလဲ" "ဒုတိယ ခရီးသြားက ေရပိုဆာပါတယ္"

"ဒီလိုပဲေပါ့ကြယ္။ ပိုၿပီး ဆာေလာင္တဲ့ သူက ပိုၿပီး အားထုတ္သလို၊ ပိုၿပီး ရၾကတဲ့သေဘာပါပဲ။ မင္းရဲ႕ ပညာသင္ေဖာ္ဟာလည္း ပညာရဖို႔ ပိုၿပီးဆာေလာင္တယ္။ ပိုၿပီး ႀကိဳးစားတယ္။ ဒါေၾကာင့္ သူဟာ မင္းေနာက္မွ ေရာက္လာေပမယ့္ ရတဲ့ပညာကို ရွာယူေနတာမို႔ သူက အရင္တိုးတက္သြားတာပါ"

ဆရာႀကီးရဲ႕ ဆုံးမစကားေၾကာင့္ တပည့္ျဖစ္သူဟာ နားလည္သြားၿပီး ယခင္ကထက္ အလုပ္ေတြ ပိုႀကိဳးစားလာသတဲ့။ မိမိလိုခ်င္တဲ့ ပန္းတိုင္ကို ပိုၿပီး လိုခ်င္စိတ္ျပင္းထန္၊ ပိုၿပီးႀကိဳးစားတဲ့ သူေတြက အျမန္ဆုံး ေရာက္ရတာပဲေပါ့။ သံလြင္ျမင့္