ခွေးလေးတွေက လူသားတွေအတွက်တော့ မိသားစုဝင်လိုပါပဲ။ ခွေးလေးတွေက လူသားတွေကိုသာမက လူသားပေါက်စလေးတွေကိုပါ ချစ်တတ်ပါတယ်။


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က Bonnie Michalek တို့မိသားစုမှာ bullmastiff အမျိုးအစားခွေးဖြစ်တဲ့ ခွေးလေး Brutus ကို မွေးထားပါတယ်။ ခွေးလေးကို မွေးပြီးနောက် Bonnie တို့မိသားစုမှာ လူသားကလေးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

ခွေးလေး Brutus က ကလေးတွေကို ချစ်တတ်ပါတယ်။ အပြင်က ကလေးတွေရဲ့ အသံကို ကြားရင် အိမ်ထဲကနေ ပြေးထွက်ပြီး ကြည့်တတ်ပါတယ်။

Bonnie က ကလေးလေးကို မွေးဖွားပြီး အိမ်ကို ပထမဆုံးခေါ်လာတဲ့အခါ ခွေးလေး Brutus က အရမ်းပျော်ရွှင်ပြီး ကလေးရဲ့မျက်နှာကို လျှာနဲ့ လျက်ပေးနေခဲ့ပါတယ်။

ကလေးလေး Kayden နဲ့ ခွေးလေး Brutus တို့က အရမ်းကိုရင်းနှီးပြီး ချစ်ကြပါတယ်။ ခွေးလေးက ကလေးကို အရိပ်တကြည့်ကြည့်နဲ့ အနားမှာ အမြဲတမ်းရှိပေးပါတယ်။

အခြားခွေးတွေလိုပဲ Brutus မှာလည်း သူ့အကြိုက်ဆုံးအရုပ်လေးရှိပါတယ်။ အဝါရောင်အမွေးပွဘောလုံးလေးကို ခွေးလေးက အရမ်းသဘောကျပါတယ်။

ဒါပေမယ့် ကလေးလေး Kayden ငိုသံကြားတဲ့အခါတိုင်း ခွေးလေးက သူ့အကြိုက်ဆုံးအရုပ်‌လေးကို ယူလာပေးပြီး အငိုတိတ်အောင်လို့ ချော့ပေးလေ့ရှိပါတယ်။ ကလေးလေးနဲ့ ခွေးလေးရဲ့ ချစ်စရာဓာတ်ပုံလေးတွေကို Bonnie က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ အမြဲတင်လေ့ရှိပါတယ်။

Zombie(LoveMedia)

for zawgyi

ကေလးငိုသံၾကားတဲ့အခါတိုင္း သူ႔အႀကိဳက္ဆုံးအ႐ုပ္ေလးနဲ႔ လာေခ်ာ့တတ္တဲ့ေခြးေလး

ေခြးေလးေတြက လူသားေတြအတြက္ေတာ့ မိသားစုဝင္လိုပါပဲ။ ေခြးေလးေတြက လူသားေတြကိုသာမက လူသားေပါက္စေလးေတြကိုပါ ခ်စ္တတ္ပါတယ္။

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္က Bonnie Michalek တို႔မိသားစုမွာ bullmastiff အမ်ိဳးအစားေခြးျဖစ္တဲ့ ေခြးေလး Brutus ကို ေမြးထားပါတယ္။ ေခြးေလးကို ေမြးၿပီးေနာက္ Bonnie တို႔မိသားစုမွာ လူသားကေလးေလးတစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။

ေခြးေလး Brutus က ကေလးေတြကို ခ်စ္တတ္ပါတယ္။ အျပင္က ကေလးေတြရဲ႕ အသံကို ၾကားရင္ အိမ္ထဲကေန ေျပးထြက္ၿပီး ၾကည့္တတ္ပါတယ္။ Bonnie က ကေလးေလးကို ေမြးဖြားၿပီး အိမ္ကို ပထမဆုံးေခၚလာတဲ့အခါ ေခြးေလး Brutus က အရမ္းေပ်ာ္႐ႊင္ၿပီး ကေလးရဲ႕မ်က္ႏွာကို လွ်ာနဲ႔ လ်က္ေပးေနခဲ့ပါတယ္။

ကေလးေလး Kayden နဲ႔ ေခြးေလး Brutus တို႔က အရမ္းကိုရင္းႏွီးၿပီး ခ်စ္ၾကပါတယ္။ ေခြးေလးက ကေလးကို အရိပ္တၾကည့္ၾကည့္နဲ႔ အနားမွာ အၿမဲတမ္းရွီေပးပါတယ္။ အျခားေခြးေတြလိုပဲ Brutus မွာလည္း သူ႔အႀကိဳက္ဆုံးအ႐ုပ္ေလးရွိပါတယ္။ အဝါေရာင္အေမြးပြေဘာလုံးေလးကို ေခြးေလးက အရမ္းသေဘာက်ပါတယ္။

ဒါေပမယ့္ ကေလးေလး Kayden ငိုသံၾကားတဲ့အခါတိုင္း ေခြးေလးက သူ႔အႀကိဳက္ဆုံးအ႐ုပ္‌ေလးကို ယူလာေပးၿပီး အငိုတိတ္ေအာင္လို႔ ေခ်ာ့ေပးေလ့ရွိပါတယ္။ ကေလးေလးနဲ႔ ေခြးေလးရဲ႕ ခ်စ္စရာဓာတ္ပုံေလးေတြကို Bonnie က သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ အၿမဲတင္ေလ့ရွိပါတယ္။

Zombie(LoveMedia)