ဟင်းချက်တာက လေ့လာလို့မကုန်နိုင်တဲ့အရာပါပဲ။ ဟင်းချက်တာချင်းအတူတူတောင် အရသာမတူတာ၊ ကြာရှည်မခံတာ စတဲ့အရာတွေ ကွဲပြားသွားနိုင်ပါတယ်။ အဲဒါကြောင့် ဟင်းချက်တဲ့အခါ လူအများစု လုပ်မိတတ်တဲ့အမှားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အသီးအရွက်တွေကို အကြာကြီးချက်ခြင်း

ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်တွေအများကြီး ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အကြာကြီးချက်ပြုတ်တာက သူတို့မှာပါဝင်တဲ့အရသာတွေကို လျော့နည်းစေသလို အာဟာရဓာတ်တွေကိုလည်း လျော့နည်းသွားစေပါတယ်။

၂။ ပေါင်မုန့်ဖုတ်တဲ့အခါ ဆားကို မေ့နေခြင်း

ပေါင်မုန့်ကို မြန်မြန်ပွစေချင်တဲ့အခါ ဆားကို မထည့်သင့်ပါဘူး။ ဒါပေမယ့် ဆားကို လုံးဝမထည့်ရင် ပေါင်မုန့်ရဲ့အရွယ်အစားကလည်း ကွာခြားသွားပါတယ်။

၃။ ကြက်ဥပြုတ်တဲ့အခါ ရေထဲကို ဆားမထည့်ခြင်း

ကြက်ဥပြုတ်က လူအစားများတဲ့ မနက်စာပါ။ ကြက်ဥပြုတ်တဲ့အခါ ရေမပွက်ခင်မှာ ဆားထည့်လိုက်ပါ။ ဆားပါတဲ့အတွက်ကြောင့် ကြက်ဥအခွံအက်ကွဲသွားရင်တောင် ကြက်ဥအကာအဖြူက အပြင်ကို လျှံမကျလာတော့ပါဘူး။ ဆားထည့်ထားတဲ့ရေနဲ့ပြုတ်တဲ့ကြက်ဥက မြန်မြန်ကျက်လွယ်ပါတယ်။

၄။ အာလူးတွေကို ရေမစိမ်ခြင်း

အာလူးတွေကို ရေစိမ်ရင် အာလူးထဲမှာပါတဲ့ အစေးဓာတ်တွေ လျော့သွားပါတယ်။ အာလူးကို ရေအေးထဲမှာ နာရီပေါင်းများစွာ စိမ်ထားနိုင်ပါတယ်။ အာလူးကို ရေကြာကြာစိမ်ထားရင် အောက်ခြေမှာ ညိုလာတာကို တွေ့ရမှာပါ။

၅။ ထမင်းထဲမှာ လက်ဖက်ရွက်ကို ထည့်မချက်ခြင်း

ဂျပန်လူမျိုးတွေထဲက ထမင်းချက်တဲ့အခါ လက်ဖက်ရွက်ကို ထည့်ချက်လေ့ရှိပါတယ်။ အဲဒီအခါ ထမင်းက ရနံ့အရသာပိုကောင်းတဲ့အပြင် လက်ဖက်ရွက်ထဲက အာဟာရဓာတ်တွေကိုလည်း ရရှိစေပါတယ်။

၆။ အသီးအရွက်တွေကို ရေနွေးဖြောပြီးတဲ့အခါ ရေအေးနဲ့မဆေးခြင်း

အသီးအရွက်တွေကို ရေနွေးဖြောပြီးတဲ့အခါ ဒီတိုင်းပဲ ထားတတ်ကြပါတယ်။ အဲဒီအခါ အသီးအရွက်ရဲ့အရောင်တွေက မလှတော့ပါဘူး။ အသီးအရွက်ရဲ့အရောင်လှပပြီး အရသာလည်း ရှိအောင်လို့ ရေနွေးနဲ့ဖြောပြီးတဲ့အခါ ရေအေးနဲ့ ဆေးကြောလိုက်သင့်ပါတယ်။

၇။ မုန်လာဥတွေကို မချက်ဘဲ ပြုတ်ခြင်း

တစ်ခါတရံမှာ အချိန်မရတာကြောင့် မုန်လာဥတွေကို မချက်ဘဲ ပြုတ်လိုက်ကြပါတယ်။ အဲဒီအခါ မုန်လာဥရဲ့အရသာက မကောင်းတော့ပါဘူး။ မုန်လာဥတွေကို မပြုတ်ဘဲ မိုက်ခရိုဝေ့မီးဖိုထဲမှာ ခဏလောက်ထည့်ချက်ရင် အရသာကောင်းတဲ့အပြင် အချိန်ကုန်လည်း သက်သာပါတယ်။

၈။ ကြက်သွန်ဖြူတွေကို တစ်ခုချင်းစီအခွံသင်ခြင်း

ကြက်သွန်ဖြူတွေကို တစ်ခုချင်းစီအခွံသင်တာက အချိန်အများကြီး ကြာစေပါတယ်။ ကြက်သွန်ဖြူတစ်လုံးကို အလယ်ကနေ ထက်ပိုင်းခြမ်းပြီး ဓားပြားနဲ့ရိုက်လိုက်ပါ။ အဲဒီအခါ ကြက်သွန်ဖြူအခွံသင်ရတာ အချိန်မကုန်တော့ပါဘူး။

၉။ ကြက်ဥကြော်တဲ့အခါ ဆားကို ထည့်ခြင်း

ကြက်ဥကြော်ဖို့အတွက် ကြက်ဥခေါက်တဲ့အချိန်မှာ ဆားကို မထည့်သင့်သေးပါဘူး။ ဆားထည့်လိုက်ရင် ရေပိုထွက်လာပြီး ကြက်ဥကြော်ရဲ့အရသာမကောင်းတော့ပါဘူး။ ကြက်ဥကို ကြော်နေတဲ့အချိန်မှသာ ဆားကို ထည့်သင့်ပါတယ်။

၁၀။ ပေါင်မုန့်ထောပတ်သုတ်ဖို့အတွက် လတ်ဆတ်တဲ့ပေါင်မုန့်ကို အသုံးပြုခြင်း

ပေါင်မုန့်ထောပတ်သုတ်တဲ့အခါ လတ်ဆတ်တဲ့ပေါင်မုန့်ကို မရွေးချယ်လည်း ရပါတယ်။ အနည်းငယ်မာနေတဲ့ပေါင်မုန့်ကို ရွေးရင် ထောပတ်တွေကို ပိုပြီးစုပ်ယူနိုင်တာကြောင့် စားရတာ ပိုကောင်းပါတယ်။

၁၁။ ကော်ဖီဖျော်တဲ့အခါ ဆားမထည့်ခြင်း

ကော်ဖီဖျော်တဲ့အခါ ဆားထည့်တာက နိုင်ငံအများစုမှာ လူကြိုက်များပါတယ်။ ဒါပေမယ့် ကော်ဖီဖျော်ရင် ဆားထည့်ဖျော်တာကို လူအများစုက မကြိုက်ကြပါဘူး။ ကော်ဖီဖျော်တဲ့အခါ ဆားထည့်ဖျော်ရင် ကော်ဖီရနံ့က ပိုမွှေးတဲ့အပြင် ပိုပြီးခါးတယ်လို့ ခံစားရစေပါတယ်။

Zombie (lovemedia)

for zawgyi

ဟင္းခ်က္တဲအခါ လူအမ်ားစု ျပဳလုပ္မိတတ္တဲ့အမွား (၁၁) ခု

ဟင္းခ်က္တာက ေလ့လာလို႔မကုန္ႏိုင္တဲ့အရာပါပဲ။ ဟင္းခ်က္တာခ်င္းအတူတူေတာင္ အရသာမတူတာ၊ ၾကာရွည္မခံတာ စတဲ့အရာေတြ ကြဲျပားသြားႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဟင္းခ်က္တဲ့အခါ လူအမ်ားစု လုပ္မိတတ္တဲ့အမွားေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ အသီးအ႐ြက္ေတြကို အၾကာႀကီးခ်က္ျခင္း

ဟင္းသီးဟင္း႐ြက္ေတြမွာ အာဟာရဓာတ္ေတြအမ်ားႀကီး ပါဝင္ပါတယ္။ ဟင္းသီးဟင္း႐ြက္ေတြကို အၾကာႀကီးခ်က္ျပဳတ္တာက သူတို႔မွာပါဝင္တဲ့အရသာေတြကို ေလ်ာ့နည္းေစသလို အာဟာရဓာတ္ေတြကိုလည္း ေလ်ာ့နည္းသြားေစပါတယ္။

၂။ ေပါင္မုန႔္ဖုတ္တဲ့အခါ ဆားကို ေမ့ေနျခင္း

ေပါင္မုန႔္ကို ျမန္ျမန္ပြေစခ်င္တဲ့အခါ ဆားကို မထည့္သင့္ပါဘူး။ ဒါေပမယ့္ ဆားကို လုံးဝမထည့္ရင္ ေပါင္မုန႔္ရဲ႕အ႐ြယ္အစားကလည္း ကြာျခားသြားပါတယ္။

၃။ ၾကက္ဥျပဳတ္တဲ့အခါ ေရထဲကို ဆားမထည့္ျခင္း

ၾကက္ဥျပဳတ္က လူအစားမ်ားတဲ့ မနက္စာပါ။ ၾကက္ဥျပဳတ္တဲ့အခါ ေရမပြက္ခင္မွာ ဆားထည့္လိုက္ပါ။ ဆားပါတဲ့အတြက္ေၾကာင့္ ၾကက္ဥအခြံအက္ကြဲသြားရင္ေတာင္ ၾကက္ဥအကာအျဖဴက အျပင္ကို လွ်ံမက်လာေတာ့ပါဘူး။ ဆားထည့္ထားတဲ့ေရနဲ႔ျပဳတ္တဲ့ၾကက္ဥက ျမန္ျမန္က်က္လြယ္ပါတယ္။

၄။ အာလူးေတြကို ေရမစိမ္ျခင္း

အာလူးေတြကို ေရစိမ္ရင္ အာလူးထဲမွာပါတဲ့ အေစးဓာတ္ေတြ ေလ်ာ့သြားပါတယ္။ အာလူးကို ေရေအးထဲမွာ နာရီေပါင္းမ်ားစြာ စိမ္ထားႏိုင္ပါတယ္။ အာလူးကို ေရၾကာၾကာစိမ္ထားရင္ ေအာက္ေျခမွာ ညိဳလာတာကို ေတြ႕ရမွာပါ။

၅။ ထမင္းထဲမွာ လက္ဖက္႐ြက္ကို ထည့္မခ်က္ျခင္း

ဂ်ပန္လူမ်ိဳးေတြထဲက ထမင္းခ်က္တဲ့အခါ လက္ဖက္႐ြက္ကို ထည့္ခ်က္ေလ့ရွိပါတယ္။ အဲဒီအခါ ထမင္းက ရနံ႔အရသာပိုေကာင္းတဲ့အျပင္ လက္ဖက္႐ြက္ထဲက အာဟာရဓာတ္ေတြကိုလည္း ရရွိေစပါတယ္။

၆။ အသီးအ႐ြက္ေတြကို ေရေႏြးေျဖာၿပီးတဲ့အခါ ေရေအးနဲ႔မေဆးျခင္း

အသီးအ႐ြက္ေတြကို ေရေႏြးေျဖာၿပီးတဲ့အခါ ဒီတိုင္းပဲ ထားတတ္ၾကပါတယ္။ အဲဒီအခါ အသီးအ႐ြက္ရဲ႕အေရာင္ေတြက မလွေတာ့ပါဘူး။ အသီးအ႐ြက္ရဲ႕အေရာင္လွပၿပီး အရသာလည္း ရွိေအာင္လို႔ ေရေႏြးနဲ႔ေျဖာၿပီးတဲ့အခါ ေရေအးနဲ႔ ေဆးေၾကာလိုက္သင့္ပါတယ္။

၇။ မုန္လာဥေတြကို မခ်က္ဘဲ ျပဳတ္ျခင္း

တစ္ခါတရံမွာ အခ်ိန္မရတာေၾကာင့္ မုန္လာဥေတြကို မခ်က္ဘဲ ျပဳတ္လိုက္ၾကပါတယ္။ အဲဒီအခါ မုန္လာဥရဲ႕အရသာက မေကာင္းေတာ့ပါဘူး။ မုန္လာဥေတြကို မျပဳတ္ဘဲ မိုက္ခ႐ိုေဝ့မီးဖိုထဲမွာ ခဏေလာက္ထည့္ခ်က္ရင္ အရသာေကာင္းတဲ့အျပင္ အခ်ိန္ကုန္လည္း သက္သာပါတယ္။

၈။ ၾကက္သြန္ျဖဴေတြကို တစ္ခုခ်င္းစီအခြံသင္ျခင္း

ၾကက္သြန္ျဖဴေတြကို တစ္ခုခ်င္းစီအခြံသင္တာက အခ်ိန္အမ်ားႀကီး ၾကာေစပါတယ္။ ၾကက္သြန္ျဖဴတစ္လုံးကို အလယ္ကေန ထက္ပိုင္းျခမ္းၿပီး ဓားျပားနဲ႔႐ိုက္လိုက္ပါ။ အဲဒီအခါ ၾကက္သြန္ျဖဴအခြံသင္ရတာ အခ်ိန္မကုန္ေတာ့ပါဘူး။

၉။ ၾကက္ဥေၾကာ္တဲ့အခါ ဆားကို ထည့္ျခင္း

ၾကက္ဥေၾကာ္ဖို႔အတြက္ ၾကက္ဥေခါက္တဲ့အခ်ိန္မွာ ဆားကို မထည့္သင့္ေသးပါဘူး။ ဆားထည့္လိုက္ရင္ ေရပိုထြက္လာၿပီး ၾကက္ဥေၾကာ္ရဲ႕အရသာမေကာင္းေတာ့ပါဘူး။ ၾကက္ဥကို ေၾကာ္ေနတဲ့အခ်ိန္မွသာ ဆားကို ထည့္သင့္ပါတယ္။

၁၀။ ေပါင္မုန႔္ေထာပတ္သုတ္ဖို႔အတြက္ လတ္ဆတ္တဲ့ေပါင္မုန႔္ကို အသုံးျပဳျခင္း

ေပါင္မုန႔္ေထာပတ္သုတ္တဲ့အခါ လတ္ဆတ္တဲ့ေပါင္မုန႔္ကို မေ႐ြးခ်ယ္လည္း ရပါတယ္။ အနည္းငယ္မာေနတဲ့ေပါင္မုန႔္ကို ေ႐ြးရင္ ေထာပတ္ေတြကို ပိုၿပီးစုပ္ယူႏိုင္တာေၾကာင့္ စားရတာ ပိုေကာင္းပါတယ္။

၁၁။ ေကာ္ဖီေဖ်ာ္တဲ့အခါ ဆားမထည့္ျခင္း

ေကာ္ဖီေဖ်ာ္တဲ့အခါ ဆားထည့္တာက ႏိုင္ငံအမ်ားစုမွာ လူႀကိဳက္မ်ားပါတယ္။ ဒါေပမယ့္ ေကာ္ဖီေဖ်ာ္ရင္ ဆားထည့္ေဖ်ာ္တာကို လူအမ်ားစုက မႀကိဳက္ၾကပါဘူး။ ေကာ္ဖီေဖ်ာ္တဲ့အခါ ဆားထည့္ေဖ်ာ္ရင္ ေကာ္ဖီရနံ႔က ပိုေမႊးတဲ့အျပင္ ပိုၿပီးခါးတယ္လို႔ ခံစားရေစပါတယ္။

Zombie (lovemedia)