တခါတုန်းက သိုးတအုပ်ဟာ စားကျက်ထဲမှာ မြက်စားနေကြတယ်။ အဲဒီအချိန်မှာပဲ သမင်တကောင် ရောက်လာပြီး သူတို့နဲ့ အတူတူ မြက်စားနေတယ်။

သိုးတချို့က သမင်ကို တွေ့သွားတော့ သိုးတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ သိုးတွေ လှုပ်လှုပ်ရှားရှား ဖြစ်သံကြားတော့ သိုးထိန်းဟာ သိုးအုပ်ကို သေချာ ကြည့်ရှု စစ်ဆေးလိုက်တယ်။

အဲဒီနောက်မှာ သမင်ကိုမြင်တာနဲ့ သမင်ကို ဖမ်းလိုက်ပြီး သားသတ်သမားဆီ ခေါ်သွားတယ်။ သမင်လည်း သူသေရတော့မှာကိုသိပြီး အော်သံပေးကာ လွတ်မြောက်ဖို့ အတွက် အတင်း ရုန်းကန်တော့တယ်။

သိုးတကောင်က သမင် အတင်း ရုန်းကန်နေတာတွေ့တော့ "ဘာလို့ အတင်းရုန်းနေတာလဲ။ သိုးထိန်းက ငါတို့ကို အခုလို အမြဲဖမ်းပြီး ပြန်လွှတ်ပေးတာပဲ ဒုက္ခ မပေးပါဘူး" လို့ ပြောလိုက်တယ်။

ထိုအခါ သမင်က "မင်းနားမလည်ပါဘူး။ သိုးထိန်း မင်းတို့ကို ဖမ်းတာက သိုးမွှေးရဖို့ ငါ့ကို ဖမ်းတာက အသားစားဖို့" လို့ပြန်ပြောလိုက် ပါတော့တယ်။

မတူညီတဲ့ အခြေအနေမျိုးမှာ သူတပါး ကြုံနေရတဲ့ ဒုက္ခကို မလှောင်မိပါစေနဲ့။ ဘာလို့လဲဆိုတော့ တယောက်နဲ့တယောက် အခြေအနေချင်း မတူကြလို့ပါ။ crd

Zawgyi

အေျခအေနခ်င္း မတူႏိုင္ဘူး

တခါတုန္းက သိုးတအုပ္ဟာ စားက်က္ထဲမွာ ျမက္စားေနၾကတယ္။ အဲဒီအခ်ိန္မွာပဲ သမင္တေကာင္ ေရာက္လာၿပီး သူတို႔နဲ႔ အတူတူ ျမက္စားေနတယ္။

သိုးတခ်ိဳ႕က သမင္ကို ေတြ႕သြားေတာ့ သိုးေတြ လႈပ္လႈပ္ရွားရွား ျဖစ္သြားတယ္။ သိုးေတြ လႈပ္လႈပ္ရွားရွား ျဖစ္သံၾကားေတာ့ သိုးထိန္းဟာ သိုးအုပ္ကို ေသခ်ာ ၾကည့္ရႈ စစ္ေဆးလိုက္တယ္။

အဲဒီေနာက္မွာ သမင္ကိုျမင္တာနဲ႔ သမင္ကို ဖမ္းလိုက္ၿပီး သားသတ္သမားဆီ ေခၚသြားတယ္။ သမင္လည္း သူေသရေတာ့မွာကိုသိၿပီး ေအာ္သံေပးကာ လြတ္ေျမာက္ဖို႔ အတြက္ အတင္း ႐ုန္းကန္ေတာ့တယ္။

သိုးတေကာင္က သမင္ အတင္း ႐ုန္းကန္ေနတာေတြ႕ေတာ့ "ဘာလို႔ အတင္း႐ုန္းေနတာလဲ။ သိုးထိန္းက ငါတို႔ကို အခုလို အၿမဲဖမ္းၿပီး ျပန္လႊတ္ေပးတာပဲ ဒုကၡ မေပးပါဘူး" လို႔ ေျပာလိုက္တယ္။

ထိုအခါ သမင္က "မင္းနားမလည္ပါဘူး။ သိုးထိန္း မင္းတို႔ကို ဖမ္းတာက သိုးေမႊးရဖို႔ ငါ့ကို ဖမ္းတာက အသားစားဖို႔" လို႔ျပန္ေျပာလိုက္ ပါေတာ့တယ္။

မတူညီတဲ့ အေျခအေနမ်ိဳးမွာ သူတပါး ႀကဳံေနရတဲ့ ဒုကၡကို မေလွာင္မိပါေစနဲ႔။ ဘာလို႔လဲဆိုေတာ့ တေယာက္နဲ႔တေယာက္ အေျခအေနခ်င္း မတူၾကလို႔ပါ။ crd