ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့က မလွယ်ကူပါဘူး။ အရွယ်မရောက်လာခင်မှာ ကလေးတွေအတွက် သိသင့်တဲ့အရာတွေအားလုံးကို သင်ကြားပေးထားလို့ လိုအပ်ပါတယ်။

အဲဒါကြောင့် ကလေးတွေကို အသက်အရွယ်အလိုက် သင်ကြားပေးသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အသက် ၅ နှစ်

- တစ်ခုခုလုပ်တိုင်း မဖြစ်လာတာတွေနဲ့ ဒေါသကို ထိန်းချုပ်တတ်ရန်

- အခြားသူတွေကို ခွင့်လွှတ်တတ်ရန်

- အခြားကလေးတွေ၊ လူကြီးတွေနဲ့ သဘောတူညီမှုယူတတ်ရန်

- အိမ်လိပ်စာကို မှတ်မိရန်

- လူစိမ်းတွေနဲ့ မလိုက်သွားတတ်ရန်

- ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားတတ်ရန်

- လူကြီးတွေရှေ့မှာ မရှက်ကြောက်တတ်ရန်

- မသိတဲ့မေးခွန်းကို မေးဖို့ မကြောက်တတ်ရင်

- မိမိရဲ့အပြုအမူတိုင်းကို တာဝန်ယူတတ်ရန်

အသက် ၆ နှစ်ကနေ ၈ နှစ်

- လက်ဖက်ရည်၊ နွားနို့၊ ဆန်းဝှစ်ချ်တို့လို လွယ်ကူတဲ့အစားအစာတွေ ပြုလုပ်တတ်ရန်

- အရေးပေါ်ဖုန်းနံပါတ်တွေကို သိထားရန်

- ဘယ်အရာကိုမဆို အချိန်အတိအကျပြုလုပ်တတ်ရန်

- ရေကူးတတ်ရန်

- လမ်းကို စည်းကမ်းတကျ ဖြတ်ကူးတတ်ရန်

- လူအသစ်တွေနဲ့တွေ့တဲ့အခါ မကြောက်ရန်

- စားပွဲဝိုင်းယဉ်ကျေးမှုတွေကို နားလည်ရန်

- အချက်အလက်တွေကို စာအုပ်တွေနဲ့ အင်တာနက်မှာ ရှာဖွေတတ်ရန်

- စိတ်ထဲမှာ ရှိတဲ့အရာတိုင်းကို ထုတ်မပြောရန်

- ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ပြီး တိရစ္ဆာန်လေးတွေကို ဂရုစိုက်တတ်ရန်

- မိဘတွေရဲ့ ဖုန်းနံပါတ်ကို အလွတ်ကျက်ထားရန်

အသက် ၉ နှစ်မှ ၁၂ နှစ်အထိ

- လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားသိရန်

- အကောင်းမြင်စိတ်မွေးတတ်ရန်

- ဝါသနာတစ်ခုခုကို ရှာဖွေပြီး အောင်မြင်အောင် ပြုလုပ်တတ်ရန်

- သင့်လျော်စွာ ဝတ်ဆင်တတ်ရန်

- အင်တာနက်အသုံးပြုတဲ့အခါ လုံခြုံစိတ်ရအောင် အခြေခံသဘောတရားတွေကို သိထားရန်

- ဘယ်နေရာကိုသွားသွား သော့နဲ့ ပိုက်ဆံကို ယူသွားတတ်ရန်

- ဟင်းတွေကို အနည်းငယ်ချက်ပြုတ်တရန်

- တီဗွီကြည်ချိန်၊ ကွန်ပျူတာအသုံးပြုချိန်ကို ကန့်သတ်တတ်ရန်

-ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ရန်

- စတိုးဆိုင်မှာ ဈေးဝယ်တတ်ရန်

- သံလိုက်အိမ်မြှောင်နဲ့ ခရီးဆောင်တဲကို အသုံးပြုတတ်ရန်

- ဆွေမျိုးတွေရဲ့မွေးနေ့ကို သိရန်

အသက် ၁၃ နှစ်မှ ၁၅ နှစ်အထိ

- အရက်နဲ့မူးယစ်ဆေးဝါးတွေရဲ့ ဆိုးကျိုးကို သိရန်

- မြို့တစ်ဝိုက်ကို သွားလာတတ်ပြီး အန္တရာယ်ရှိတဲ့နေရာတွေကို ရှောင်ကြဉ်တတ်ရန်

- အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေကို အသုံးပြုတတ်ရန်

- မိမိရဲ့ရုပ်ရည်သွင်ပြင်ကို လက်ခံရန်

- အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးအဆင်ပြေရန်

- ဆန့်ကျင်ဘက်လိင်အပေါ် မိမိရဲ့ခံစားချက်တွေကို နည်းမှန်လမ်းမှန်ဖျော်ပြတတ်ရန်

- မှားတဲ့အခါ တောင်းပန်တတ်ရန်

- ပိုက်ဆံစုပြီး ကျိုးကြောင်းဆီလျော်စွာ အသုံးပြုတတ်ရန်

- အခြားသူတွေကို မဖိနှိပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေထိုင်တတ်ရန်

- ဝန်ဆောင်မှုပေးသူတွေကို လေးစားမှုရှိရှိ ဆက်ဆံတတ်ရန်

- စိတ်ဓာတ်ကျတာကို ဖြေဖျောက်တတ်ရန်

အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ

- အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို မချခင် စဉ်းစားတတ်ရန်

- အငြင်းပွားစရာတွေကို ဖြေရှင်းတတ်ရန်

- ညှိနှိုင်းဆွေးနွေးတတ်ရန်

- စွန့်စွားရမယ့်အရာတွေကို ပါးပါးနပ်နပ်ပြုလုပ်ရန်

- ကိုယ်အလေးချိန်ကို ထိန်းရန်

- မိမိရဲ့ခံနိုင်ရည်ကို တွက်ချင့်ရန်

- စိတ်ခံစားချက်နဲ့ စာလေ့လာမှုတွေကို မရောရန်

- မိမိရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို သိရန်

- အနာဂတ်အကြောင်းတွေးခေါ်တတ်ရန်

- အလုပ်တစ်ခု သို့မဟုတ် အလုပ်သင်အလုပ်တစ်ခု ရှာဖွေရန်

- Sex education အကြောင်းသိရှိရန်

- မိမိရဲ့ခံစားချက်နဲ့ အခြားသူတွေရဲ့ ခံစားချက်တွေအကြောင်း နားလည်ရန်

Zombie (lovemedia)