ကစားကွင်းကနေ ပြန်မယ့်အချိန်မှာ မပြန်ပဲ ထိုင်ငိုနေတတ်တဲ့ ကလေးတွေကို သင်မြင်ဖူးမှာပါ။ ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်ယောက် အိမ်ကို သွားလည်တဲ့အခါမှာ မပြန်ချင်လို့ ခဏလေးပါပဲ ဆိုပြီး ဂျီကျနေတဲ့ ကလေးတွေ၊အမေက အပြင်သွားခါနီးမှာ မလိုက်ရလို့ ဂျီကျနေတဲ့ ကလေးတွေကို သင်တွေ့ဖူးမှာပါ။

သင်ကိုယ်တိုင်ကလည်း ငယ်ငယ်က ဒီလို ဖြစ်ဖူးမှာပါ။ ဒါကြောင့် ဒီလို အခြေအနေတွေ ဖြစ်လာတဲ့ခါမှာ ပိုပြီး လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်တဲ့ သင်လုပ်နိုင်တဲ့ နည်းလမ်းတွေကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ ရွေးချယ်ခွင့်ပေးလိုက်ပါ။

သင်က ကိစ္စတစ်ခုခု ပေါ်လာလို့ ပြန်ချင်ပေမယ့်လည်း သင့်ကလေးက အပျော်လွန်ပြီးတော့ ကစားကွင်းကနေ ထမပြန်ဘူးပဲ ပြောနေရင်တော့ သူ့ကို ရွေးချယ်စရာပေးသင့်ပါတယ်။ ဒီမှာဆက်နေရင် အိမ်ရောက်ပြီးနောက်မှာ အိမ်စာတွေ လုပ်မှာလား ဒါမှမဟုတ် အိမ်ကို အခုချက်ချင်း ပြန်လိုက်ပြီး အရုပ်တွေနဲ့ ကစားနေမှာလား စတဲ့ရွေးချယ်မှုတွေ ပေးသင့်ပါတယ်။

ဒီလို ရွေးချယ်ခွင့်ပေးတာက သူတို့ပေါ်ကို အနိုင်ကျင့်ရာမကျသလို သူတို့ကိုလည်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချတတ်အောင် လေ့ကျင့်ပေးပြီးသားပဲ ဖြစ်ပါတယ်။

၂။ သူတို့စိတ်ကြိုက် သွားလာခွင့်ပေးပါ။

ကလေးကို ကစားကွင်း လိုက်ပို့ပေးတာက အထူးအဆန်းကြီးတော့ မဟုတ်ပေမယ့် ပြန်တဲ့အခါကျရင်တော့ တော်တော်ကို လက်ပေါက်ကပ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ သင့်ကလေးကို ပျော်စေမယ့် ပျော်စရာကောင်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်ပါ။

ဥပမာ သူတို့သွားမယ့် ပုံစံကို ပြောင်းပြီးတော့ သွားကြည့်ခိုင်းလိုက်ပါ။ သူတို့ကို ဖားတစ်ကောင်လို ခုန်ပေါက်စေတာ ဒါမှမဟုတ် ဂြိုလ်သားတွေလို လက်မောင်းတွေကို ဝှေ့ယမ်းပြီးတော့ လျှောက်ခိုင်းတာမျိုးပါ။ အဓိကကတော့ သူတို့ ပျော်ရွှင်နေဖို့ပါပဲ။

၃။ သူတို့ကို အကူအညီတောင်းပါ။

ကလေးတွေက ကူညီရတာကို နှစ်သက်ကြပြီး အရေးကြီးတဲ့ အလုပ်တစ်ခုကို တာဝန်ယူရတာကို နှစ်သက်ကြပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချပါ။ အိမ်ပြန်တဲ့အခါမှာ ကား (သို့) ဆိုင်ကယ်က ဘယ်နားမှာရှိလဲ ဆိုတာကို သူတို့ကိုမေးပါ။ သူတို့ကို လမ်းညွှန်ခိုင်းပါ။

ဒီလို လုပ်ခိုင်းလိုက်တာက သူတို့ပျော်စရာတွေ ပျောက်ဆုံးသွားတယ်လို့ မခံစားရစေတော့ဘဲ သူတို့ကိုယ်သူတို့ အထင်ကြီးသွားစေပါတယ်။ အရေးကြီးတဲ့ အရာတစ်ခုကို လုပ်ဆောင်နိုင်စွမ်း ရှိကြောင်းကိုလည်း သင်ပေးပြီးသား ဖြစ်သွားပါတယ်။

၄။ သူတို့နှင့် ဝင်ဆော့ပါ။

သင့်ကလေးက တစ်စုံတစ်ခုကို ဆော့နေပြီဆိုရင် သင်လည်း ဝင်ဆော့ပေးလိုက်ပါ။ အများကြီး မဟုတ်ရင်တောင် (၁၀) မိနစ်လောက် အချိန်ပေးပြီး ဝင်ဆော့လိုက်ပါ။ တူတူဆော့လိုက်တာကြောင့် အချိန်တွေကို တူတူကုန်ဆုံးသလို ဖြစ်သွားပြီးတော့ ပြန်ဖို့အတွက်လည်း ခေါ်ရလွယ်ကူ သွားစေပါတယ်။

၅။ မေးခွန်းတွေ မေးပေးပါ။

ပြန်ခါနီးအချိန်၊ သွားခါနီးအချိန်တွေမှာ သူဘာလုပ်ချင်လဲ ဆိုတာကို မေးလိုက်ပါ။ ဒီလိုမေးလိုက်တာက သူတို့ကို သွားဖို့လာဖို့ အချိန်နီးကပ်နေပြီဖြစ်ကြောင်း သတိပေးသလိုဖြစ်ပြီးတော့ ကစားဖို့ထက် နောက်ထပ်ဘာလုပ်ရမလဲဆိုတဲ့ အတွေးကို ဝင်သွားစေပါတယ်။

မေးခွန်းကို ချက်ချင်းကြီး မေးတာမျိုးမဟုတ်ပဲ သွားဖို့သင့်ပြီလို့ ထင်တဲ့အချိန်ကျမှ မေးတာ ပိုအဆင်ပြေပါတယ်။ သူတို့ကိုလည်း စဉ်းစားဖို့ အချိန်ရစေသလို အခြေအနေတွေ ကိစ္စတွေကို သူတို့ကိုယ်တိုင် စီမံနိုင်တယ်လို့ ခံစားမိစေပါတယ်။

၆။ ထပြန်တတ်အောင် သင်ပေးထားပါ။

ကလေးတွေကို ညအိပ်ပျော်အောင် ပုံပြင်တွေ ပြောပြသလိုမျိုး သူတို့ တစ်နေရာရာကို သွားမယ်၊ လာမယ်ဆိုလည်း မုန့်လေးတွေ ပေးပြီးတော့ သတ်မှတ်ထားတဲ့အချိန်ရောက်ရင် ပြန်တတ်အောင် သင်ပေးထားသင့်ပါတယ်။ ဒါမှမဟုတ် ဓာတ်ပုံ ရိုက်ပေးတာမျိုးတွေ၊ အရုပ်ဝယ်ပေးတာမျိုးတွေလည်း လုပ်လို့ရပါတယ်။

အဓိကက အချိန်ကို တန်ဖိုးထားတတ်အောင်ဖြစ်ပြီးတော့ လိမ်မာနေရင် သူတို့လိုချင်တာကို ရတယ် ဆိုတာကို သိသွားအောင်လို့ပါ။

၇။ သူတို့ မျှော်လင့်ထားတဲ့အရာကို ပြောပြပါ။

ပျော်စရာကောင်းတဲ့ နေရာကို ထားခဲ့ပြီး အိမ်ကိုပြန်ရတာဟာ အလွန်ကို ငြီးငွေ့ဖို့ကောင်းပါတယ်။ တကယ်လို့ နောက်ပိုင်းမှာ စိတ်လှုပ်ရှားစရာ တစ်ခုခုက သူတို့ကို စောင့်ကြိုနေတယ်ဆိုရင် ငြီးငွေ့တာတွေ လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးကို အိမ်ပြန်ရင် အိမ်မှာ တစ်စုံတစ်ခုက စောင့်မျှော်နေကြောင်း ပြောပြပါ။ အဲဒါက သူတို့ကို အာရုံပြောင်းစေနိုင်ပါတယ်။

၈။ အာရုံပြောင်းလဲပါ။

တစ်ခါတစ်လေမှာ သင့်ကလေးကို တစ်နေရာရာမှာ ထားပြီးတော့မှ လုပ်လို့ရမယ့် ကိစ္စတွေ ရှိနိုင်ပါတယ်။ နောက်ပြီးတော့ သူတို့ကို သူငယ်တန်း စပို့တဲ့အချိန်ပါပဲ။ ဒီလိုအချိန်ဆို အရမ်းကို ငိုပြီးတော့ အဖေအမေကို လွမ်းနေတတ်ကြပါတယ်။ ဒါကြောင့် သင့်ဓာတ်ပုံလေး ပေးခဲ့တာပဲဖြစ်ဖြစ်၊ သင်သုံးတဲ့ အသုံးအဆောင်လေးတစ်ခု ပေးခဲ့တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ သင့်ကလေးကိုလည်း ပစ်ထားသလို မဖြစ်တော့ပဲ သင်နဲ့ နီးစပ်နေတယ်လို့ ခံစားရစေနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

အျပင္ကေန အိမ္ျပန္ခါနီးတိုင္း သင့္ကေလးက ဂ်ီက်ေနရင္ ဒီနည္း (၈) ခုကို အသုံးျပဳပါ

ကစားကြင္းကေန ျပန္မယ့္အခ်ိန္မွာ မျပန္ပဲ ထိုင္ငိုေနတတ္တဲ့ ကေလးေတြကို သင္ျမင္ဖူးမွာပါ။ ဒါမွမဟုတ္ သူငယ္ခ်င္း တစ္ေယာက္ေယာက္ အိမ္ကို သြားလည္တဲ့အခါမွာ မျပန္ခ်င္လို႔ ခဏေလးပါပဲ ဆိုၿပီး ဂ်ီက်ေနတဲ့ ကေလးေတြ၊အေမက အျပင္သြားခါနီးမွာ မလိုက္ရလို႔ ဂ်ီက်ေနတဲ့ ကေလးေတြကို သင္ေတြ႕ဖူးမွာပါ။ သင္ကိုယ္တိုင္ကလည္း ငယ္ငယ္က ဒီလိုျဖစ္ဖူးမွာပါ။ ဒါေၾကာင့္ ဒီလို အေျခအေနေတြ ျဖစ္လာတဲ့ခါမွာ ပိုၿပီး လြယ္လြယ္ကူကူနဲ႔ ေျဖရွင္းႏိုင္တဲ့ သင္လုပ္ႏိုင္တဲ့ နည္းလမ္းေတြကို love media ကေန ေျပာျပေပးပါမယ္ေနာ္။

၁။ ေ႐ြးခ်ယ္ခြင့္ေပးလိုက္ပါ။

သင္က ကိစၥတစ္ခုခု ေပၚလာလို႔ ျပန္ခ်င္ေပမယ့္လည္း သင့္ကေလးက အေပ်ာ္လြန္ၿပီးေတာ့ ကစားကြင္းကေန ထမျပန္ဘူးပဲ ေျပာေနရင္ေတာ့ သူ႔ကို ေ႐ြးခ်ယ္စရာေပးသင့္ပါတယ္။ ဒီမွာဆက္ေနရင္ အိမ္ေရာက္ၿပီးေနာက္မွာ အိမ္စာေတြ လုပ္မွာလား ဒါမွမဟုတ္ အိမ္ကို အခုခ်က္ခ်င္း ျပန္လိုက္ၿပီး အ႐ုပ္ေတြနဲ႔ ကစားေနမွာလား စတဲ့ေ႐ြးခ်ယ္မႈေတြ ေပးသင့္ပါတယ္။ ဒီလို ေ႐ြးခ်ယ္ခြင့္ေပးတာက သူတို႔ေပၚကို အႏိုင္က်င့္ရာမက်သလို သူတို႔ကိုလည္း ဆုံးျဖတ္ခ်က္ ခိုင္ခိုင္မာမာ ခ်တတ္ေအာင္ ေလ့က်င့္ေပးၿပီးသားပဲ ျဖစ္ပါတယ္။

၂။ သူတို႔စိတ္ႀကိဳက္ သြားလာခြင့္ေပးပါ။

ကေလးကို ကစားကြင္း လိုက္ပို႔ေပးတာက အထူးအဆန္းႀကီးေတာ့ မဟုတ္ေပမယ့္ ျပန္တဲ့အခါက်ရင္ေတာ့ ေတာ္ေတာ္ကို လက္ေပါက္ကပ္ပါတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ သင့္ကေလးကို ေပ်ာ္ေစမယ့္ ေပ်ာ္စရာေကာင္းတဲ့ အေျခအေနတစ္ခုကို ဖန္တီးေပးလိုက္ပါ။ ဥပမာ သူတို႔သြားမယ့္ ပုံစံကို ေျပာင္းၿပီးေတာ့ သြားၾကည့္ခိုင္းလိုက္ပါ။ သူတို႔ကို ဖားတစ္ေကာင္လို ခုန္ေပါက္ေစတာ ဒါမွမဟုတ္ ၿဂိဳလ္သားေတြလို လက္ေမာင္းေတြကို ေဝွ႔ယမ္းၿပီးေတာ့ ေလွ်ာက္ခိုင္းတာမ်ိဳးပါ။ အဓိကကေတာ့ သူတို႔ ေပ်ာ္႐ႊင္ေနဖို႔ပါပဲ။

၃။ သူတို႔ကို အကူအညီေတာင္းပါ။

ကေလးေတြက ကူညီရတာကို ႏွစ္သက္ၾကၿပီး အေရးႀကီးတဲ့ အလုပ္တစ္ခုကို တာဝန္ယူရတာကို ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ အက်ိဳးရွိေအာင္ အသုံးခ်ပါ။ အိမ္ျပန္တဲ့အခါမွာ ကား (သို႔) ဆိုင္ကယ္က ဘယ္နားမွာရွိလဲ ဆိုတာကို သူတို႔ကိုေမးပါ။ သူတို႔ကို လမ္းၫႊန္ခိုင္းပါ။ ဒီလို လုပ္ခိုင္းလိုက္တာက သူတို႔ေပ်ာ္စရာေတြ ေပ်ာက္ဆုံးသြားတယ္လို႔ မခံစားရေစေတာ့ဘဲ သူတို႔ကိုယ္သူတို႔ အထင္ႀကီးသြားေစပါတယ္။ အေရးႀကီးတဲ့ အရာတစ္ခုကို လုပ္ေဆာင္ႏိုင္စြမ္း ရွိေၾကာင္းကိုလည္း သင္ေပးၿပီးသား ျဖစ္သြားပါတယ္။

၄။ သူတို႔ႏွင့္ ဝင္ေဆာ့ပါ။

သင့္ကေလးက တစ္စုံတစ္ခုကို ေဆာ့ေနၿပီဆိုရင္ သင္လည္း ဝင္ေဆာ့ေပးလိုက္ပါ။ အမ်ားႀကီး မဟုတ္ရင္ေတာင္ (၁၀) မိနစ္ေလာက္ အခ်ိန္ေပးၿပီး ဝင္ေဆာ့လိုက္ပါ။ တူတူေဆာ့လိုက္တာေၾကာင့္ အခ်ိန္ေတြကို တူတူကုန္ဆုံးသလို ျဖစ္သြားၿပီးေတာ့ ျပန္ဖို႔အတြက္လည္း ေခၚရလြယ္ကူ သြားေစပါတယ္။

၅။ ေမးခြန္းေတြ ေမးေပးပါ။

ျပန္ခါနီးအခ်ိန္၊ သြားခါနီးအခ်ိန္ေတြမွာ သူဘာလုပ္ခ်င္လဲ ဆိုတာကို ေမးလိုက္ပါ။ ဒီလိုေမးလိုက္တာက သူတို႔ကို သြားဖို႔လာဖို႔ အခ်ိန္နီးကပ္ေနၿပီျဖစ္ေၾကာင္း သတိေပးသလိုျဖစ္ၿပီးေတာ့ ကစားဖို႔ထက္ ေနာက္ထပ္ဘာလုပ္ရမလဲဆိုတဲ့ အေတြးကို ဝင္သြားေစပါတယ္။

ေမးခြန္းကို ခ်က္ခ်င္းႀကီး ေမးတာမ်ိဳးမဟုတ္ပဲ သြားဖို႔သင့္ၿပီလို႔ ထင္တဲ့အခ်ိန္က်မွ ေမးတာ ပိုအဆင္ေျပပါတယ္။ သူတို႔ကိုလည္း စဥ္းစားဖို႔ အခ်ိန္ရေစသလို အေျခအေနေတြ ကိစၥေတြကို သူတို႔ကိုယ္တိုင္ စီမံႏိုင္တယ္လို႔ ခံစားမိေစပါတယ္။

၆။ ထျပန္တတ္ေအာင္ သင္ေပးထားပါ။

ကေလးေတြကို ညအိပ္ေပ်ာ္ေအာင္ ပုံျပင္ေတြ ေျပာျပသလိုမ်ိဳး သူတို႔ တစ္ေနရာရာကို သြားမယ္၊ လာမယ္ဆိုလည္း မုန႔္ေလးေတြ ေပးၿပီးေတာ့ သတ္မွတ္ထားတဲ့အခ်ိန္ေရာက္ရင္ ျပန္တတ္ေအာင္ သင္ေပးထားသင့္ပါတယ္။ ဒါမွမဟုတ္ ဓာတ္ပုံ ႐ိုက္ေပးတာမ်ိဳးေတြ၊ အ႐ုပ္ဝယ္ေပးတာမ်ိဳးေတြလည္း လုပ္လို႔ရပါတယ္။

အဓိကက အခ်ိန္ကို တန္ဖိုးထားတတ္ေအာင္ျဖစ္ၿပီးေတာ့ လိမ္မာေနရင္ သူတို႔လိုခ်င္တာကို ရတယ္ ဆိုတာကို သိသြားေအာင္လို႔ပါ။

၇။ သူတို႔ ေမွ်ာ္လင့္ထားတဲ့အရာကို ေျပာျပပါ။

ေပ်ာ္စရာေကာင္းတဲ့ ေနရာကို ထားခဲ့ၿပီး အိမ္ကိုျပန္ရတာဟာ အလြန္ကို ၿငီးေငြ႕ဖို႔ေကာင္းပါတယ္။ တကယ္လို႔ ေနာက္ပိုင္းမွာ စိတ္လႈပ္ရွားစရာ တစ္ခုခုက သူတို႔ကို ေစာင့္ႀကိဳေနတယ္ဆိုရင္ ၿငီးေငြ႕တာေတြ ေလ်ာ့နည္းသြားႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ကေလးကို အိမ္ျပန္ရင္ အိမ္မွာ တစ္စုံတစ္ခုက ေစာင့္ေမွ်ာ္ေနေၾကာင္း ေျပာျပပါ။ အဲဒါက သူတို႔ကို အာ႐ုံေျပာင္းေစႏိုင္ပါတယ္။

၈။ အာ႐ုံေျပာင္းလဲပါ။

တစ္ခါတစ္ေလမွာ သင့္ကေလးကို တစ္ေနရာရာမွာ ထားၿပီးေတာ့မွ လုပ္လို႔ရမယ့္ ကိစၥေတြ ရွိႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ သူတို႔ကို သူငယ္တန္း စပို႔တဲ့အခ်ိန္ပါပဲ။ ဒီလိုအခ်ိန္ဆို အရမ္းကို ငိုၿပီးေတာ့ အေဖအေမကို လြမ္းေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သင့္ဓာတ္ပုံေလး ေပးခဲ့တာပဲျဖစ္ျဖစ္၊ သင္သုံးတဲ့ အသုံးအေဆာင္ေလးတစ္ခု ေပးခဲ့တာပဲျဖစ္ျဖစ္ လုပ္ႏိုင္ပါတယ္။ သင့္ကေလးကိုလည္း ပစ္ထားသလို မျဖစ္ေတာ့ပဲ သင္နဲ႔ နီးစပ္ေနတယ္လို႔ ခံစားရေစႏိုင္ပါတယ္။

Zombie (lovemedia)