တခါက မြင်းတကောင်ဟာ ဘဝင်မြင့် စိတ်ကြီးဝင်နေပါသတဲ့။ သူစိတ်ကြီးဝင်နေရတဲ့ အကြောင်းရင်းကတော့ မြင်းတွေဟာ ကမ္ဘာပေါ်မှာ အလှပဆုံး သတ္တဝါ ဖြစ်တယ်လို့ သူ့ကိုယ်သူ ထင်နေတာပဲ ဖြစ်ပါတယ်။ တနေ့မှာတော့ မြင်းဟာ တောကောင်တွေ ရေသောက်ဆင်းနေတဲ့ နေရာကို ရောက်ရှိလာပြီး

"မြင်းများဟာ အဘယ်မျှ ခန့်ထည်ချောမောကြောင်း၊ မြင်းတွေရဲ့ လည်ဆံမွှေးတွေလောက် လှပတဲ့အရာ လောကမှာ မရှိကြောင်း၊ မြင်းတွေရဲ့ ကိုယ်ခန္ဓာဟာလည်း အင်မတန်လှပတဲ့ ပန်းပုရုပ်လို အထစ်အရစ်နဲ့တကွ လှပကျော့ရှင်းကြောင်း" ကြွားဝါ ပြောဆိုနေပါသတဲ့။

အဲဒီလို မြင်းဟာ အာပေါင်အာရင်းသံသံ ပြောဆိုနေတုန်းမှာပဲ "ဟား ဟား ဟား ရယ်စရာကြီးပါလားဟေ့" ဆိုတဲ့ သမင်ဖိုတကောင်ရဲ့ လှောင်ပြောင်သံကြီး ထွက်လာခဲ့တယ်။

မြည်းဟာ ကြွားဝါနေတုန်း အရှိန်ပျက်သွားတာကြောင့် သမင်ဖိုကို မကြည်ကြည့် တချက် ကြည့်လိုက်တယ်။ အဲဒီအခါ သမင်ဖိုက မြင်းကို နှိမ်ချတဲ့အကြည့်နဲ့ ပြန်လည်တုန့်ပြန်လိုက်ပြီး ဒီလိုပြောခဲ့တယ်။

"ခင်ဗျားတို့ မြင်းတွေဟာ လူရွှင်တော် လုပ်စားမယ်ဆို တော်တော်လေး အလုပ်ဖြစ်လောက်တယ်။ လူရွှင်တော်ဆိုရင် လူပျက်၊ မြင်းရွှင်တော်ဆိုတော့ မြင်းပျက်ပေါ့ဗျာ ဟဲ ဟဲ။ ဒီမှာမြင်းပျက် ခင်ဗျားနားလည်ထားဖို့က တလောကလုံးမှာရှိတဲ့ တိရစ္ဆာန်တွေထဲမှာ သမင်တွေကသာ အခန့်ညားဆုံးပဲ။

သမင်တွေမှာ အင်မတန် လှပပြီး အဖိုးထိုက်တန်တဲ့ ဦးချိုရှိတယ်။ လှပခန့်ညားပြီး သမင်မျက်လုံးလေးလို့ တင်စားရလောက်တဲ့ မျက်လုံးတစုံလည်း ရှိတယ်။ ကျနော်တို့ရဲ့ ဦးချိုကို လူသားတွေဟာ အမြတ်တနိုးနဲ့ ဧည့်သည် စောင်သည်လာတဲ့ ဧည့်ခန်းလို နေရာမျိုးမှာ ချိတ်ဆွဲ အလှဆင်ကြတယ်။ ခင်ဗျားတို့မြင်းခွာကို ဘယ်လူသားကမှ အလှမဆင်ဘူး။ မြင်းပျက်၊ မြင်းတုံး၊ မြင်းအသုံးမကျ သေသေချာချာမှတ်ထား"

အဲဒီလို သမင်ရဲ့စကားကို ကြားတဲ့အခါ မြင်းက "ပုံမကျ ပန်းမကျ ဦးချိုကိုများ ဂုဏ်ယူနေသေးတယ်။ ခင်ဗျားကသာ သမင်ငတုံး၊ လူတွေဟာ ခင်ဗျားတို့ကို သတ်ဖြတ်စားသောက်ဖို့ပဲ အလေးထားတာ။ ကျွန်တော်တို့ကိုတော့ အလှဆင်ပြီး အိမ်မှာ တယုတယ မွေးကြရတယ်။ ရတနာ (၇) ပါး ထဲမှာတောင် မြင်းရတနာဆိုတာ အထင်ကရ ပါတယ်။ အဲဒီမှာ သမင်ရတနာဆိုတာမရှိဘူး ငတုံးရဲ့။ မြင်းကမှ လှပကျော့ ရှင်းမြင့်မြတ်ကျက်သရေရှိတာ။ သမင်ဆိုတာ အီးပေါလော အရိုင်းအစိုင်းအဆင့်ပဲရှိတယ်" လို့ ပြောတယ်။

အဲဒီလိုနဲ့ သမင်ဖိုနဲ့ မြင်းရဲ့ငြင်းခုံမှုဟာ အရှိန်တက်လာတယ်။ "မြင်းကသာ ခန့်ညားတာ၊ သမင်တွေက ငတုံးတွေ" "သမင်ကသာ တင့်တယ်တာ၊ မြင်းက ငပေါ" စသည်ဖြင့် မြင်းနဲ့သမင်ဟာ တနေကုန် တနေခန်း ငြင်းခုန်ကြတယ်။ နောက်ဆုံးတော့ အသီးသီး မောပန်းလာကြပြီး အိမ်ပြန်ခဲ့ကြတယ်။

မြင်းဟာ အပြန်လမ်းတလျှောက်မှာ သမင်ဖိုရဲ့ ထောင့်မကျိုး မျက်နှာကို ပြန်လည်မြင်ယောင်ပြီး ဒေါသတလိတ်လိတ် တက်လာခဲ့တယ်။ သူဟာ သမင်ဖိုကို ဒုက္ခရောက်စေဖို့ စတင်ကြံစည်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ အကြံတခုကိုရခဲ့တယ်။

နောက်တနေ့မနက်မှာတော့ မြင်းဟာ သူ့အကြံကို အကောင်အထည် ဖော်ဖို့အတွက် တောစပ်မှာရှိတဲ့ မုဆိုးကြီးတယောက်ရဲ့အိမ်ကို သွားပြီး ဒီလိုပြောဆိုတယ်။

"မုဆိုးကြီး တောထဲမှာ အင်မတန် ဝဖီးပြီး ပိဿာချိန်စီးတဲ့ သမင်ဖိုတကောင်ရှိတယ်။ တကယ်လို့ မုဆိုးကြီးသာ သမင်ကို သတ်ဖြတ်မယ်ဆိုရင် ကျွန်တော် အစွမ်းကုန် ကူညီပေးမယ်။ ဒီသမင်သေရင် ကျွန်တော်ကျေနပ်တယ်။ မုဆိုးကြီးက ကူညီသတ်ဖြတ်ပေးပါ"

မုဆိုးကြီးဟာ မြင်းရဲ့ စကားကို သေချာစွာစဉ်းစားတယ်။ ခဏအကြာမှာတော့ သူက မြင်းကို ဒီလိုပြန်ပြောတယ်။

"ကောင်းပြီလေ ငါကူညီမယ်။ ဒါပေမယ့် အပေးအယူ သဘောမျိုးတော့ ရှိဖို့လိုတယ်။ တကယ်လို့ မင်းသာ မင်းရဲ့ မေးရိုးနှစ်ခုနဲ့ ပါးစပ်ကို ညှပ်ပြီး သံကွင်းတခု တပ်ဆင်ခွင့်ပြုမယ်ဆိုရင် မင်းတောင်းဆိုတဲ့အတိုင်း သမင်ကို ငါသတ်ပေးမယ်။ သဘောမတူဘူးဆိုရင်တော့ လာရာလမ်းအတိုင်း ပြန်ကြွပေတော့"

အဲဒီလို မုဆိုးကြီးရဲ့ စကားကိုကြားတဲ့အခါ မြင်းက အင်မတန် ပျော်ရွှင်သွားတယ်။ သူဟာ တဟီဟီ မြည်သံကိုပေးလိုက်ပြီး "ဒါလေးများဗျာ ပြောနေစရာမလိုပါဘူး။ လုပ်စရာရှိတာသာလုပ်" လို့ ပြန်ပြောလိုက်တယ်။

အဲဒီလိုနဲ့ မုဆိုးကြီးဟာ မြင်းကို ခိုင်မာတဲ့ ကြိုး၊ ကုန်းနှီးတွေနဲ့ သေချာစွာ ချည်နှောင်လိုက်တယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဒူးလေး၊ ကျည်ထောက်တို့ကို ယူပြီး မြင်းပေါ်ကို တက်ခွစီးလိုက်တယ်။ အဲဒီနောက်မှာတော့ မြင်းကို မောင်းနှင်ပြီး သမင်ဖိုရှိတဲ့နေရာကို လမ်းပြစေတယ်။

သမင်ဖိုကို တွေ့တဲ့အခါမှာလည်း မုဆိုးကြီးဟာ မြင်းရဲ့အကူအညီနဲ့ သမင်ဖိုကို သတ်ဖြတ်လိုက်တယ်။ အဲဒီအခါမှာတော့မြင်းက "မှတ်ပြီလား သမင်စုတ် သေတာတောင် နည်းသေတယ်။ အငြင်းသန်ပါဦးလား၊ ငါ့ကိုလှောင် ပါဦးလား" လို့ ဝမ်းသာအားရ အော်ဟစ်မြည်တမ်း ပြန်တယ်။

အဲဒီနောက်မှာတော့ မုဆိုးကြီးဟာ သမင်ကောင်ကို အိမ်ကို ယူဆောင် ချက်ပြုတ်စားသောက်ဖို့၊ သားရေထုတ်ယူဖို့အတွက် သမင်ကို မြင်းရဲ့ကျောပေါ်မှာ တင်ပြီး တုတ်နှောင်လိုက်တယ်။

အဲဒီအခါမှာတော့ မြင်းက "ဟေ့လူ။ ခင်ဗျားနဲ့ကျွန်တော် ပြောထားတဲ့ကိစ္စ ပြီးပြီလေဗျာ။ ကျွန်တော့်ကို တပ်ထားတဲ့ဟာတွေဖြုတ်ပေးတော့" လို့ ပြောလိုက်တယ်။

အဲဒီအခါမှာတော့ မုဆိုးကြီးက "မင်းကို ဘယ်အချိန်ရောက်ရင် ပြန်ဖြုတ်ပေးမယ် ဆိုတာ ငါပြောမိလို့လား။ ဒီအချိန်ကစပြီး မင်းက ငါ့ရဲ့ စီးတော်မြင်း ဖြစ်သွားပြီ။ အိမ်ရောက်ရင် မင်းရဲ့တင်ပါးကို မီးမြိုက်ထားတဲ့ သံပူနဲ့ တံဆိပ်ရိုက်ပေးမယ်" လို့ ပြန်ပြောလိုက်တယ်။ အဲဒီအချိန်က စပြီး မြင်းဟာ မုဆိုးကြီးရဲ့ စီးနင်းခြင်းကို တသက်တာလုံး ခံသွားရရှာတယ်။ ဖြိုးသုတ

for zawgyi

ျငင္းခုံျခင္း၏ ရလဒ္

တခါက ျမင္းတေကာင္ဟာ ဘဝင္ျမင့္ စိတ္ႀကီးဝင္ေနပါသတဲ့။ သူစိတ္ႀကီးဝင္ေနရတဲ့ အေၾကာင္းရင္းကေတာ့ ျမင္းေတြဟာ ကမာၻေပၚမွာ အလွပဆုံး သတၱဝါ ျဖစ္တယ္လို႔ သူ႔ကိုယ္သူ ထင္ေနတာပဲ ျဖစ္ပါတယ္။ တေန႔မွာေတာ့ ျမင္းဟာ ေတာေကာင္ေတြ ေရေသာက္ဆင္းေနတဲ့ ေနရာကို ေရာက္ရွိလာၿပီး

"ျမင္းမ်ားဟာ အဘယ္မွ် ခန႔္ထည္ေခ်ာေမာေၾကာင္း၊ ျမင္းေတြရဲ႕ လည္ဆံေမႊးေတြေလာက္ လွပတဲ့အရာ ေလာကမွာ မရွိေၾကာင္း၊ ျမင္းေတြရဲ႕ ကိုယ္ခႏၶာဟာလည္း အင္မတန္လွပတဲ့ ပန္းပု႐ုပ္လို အထစ္အရစ္နဲ႔တကြ လွပေက်ာ့ရွင္းေၾကာင္း" ႂကြားဝါ ေျပာဆိုေနပါသတဲ့။

အဲဒီလို ျမင္းဟာ အာေပါင္အာရင္းသံသံ ေျပာဆိုေနတုန္းမွာပဲ "ဟား ဟား ဟား ရယ္စရာႀကီးပါလားေဟ့" ဆိုတဲ့ သမင္ဖိုတေကာင္ရဲ႕ ေလွာင္ေျပာင္သံႀကီး ထြက္လာခဲ့တယ္။

ျမည္းဟာ ႂကြားဝါေနတုန္း အရွိန္ပ်က္သြားတာေၾကာင့္ သမင္ဖိုကို မၾကည္ၾကည့္ တခ်က္ ၾကည့္လိုက္တယ္။ အဲဒီအခါ သမင္ဖိုက ျမင္းကို ႏွိမ္ခ်တဲ့အၾကည့္နဲ႔ ျပန္လည္တုန႔္ျပန္လိုက္ၿပီး ဒီလိုေျပာခဲ့တယ္။

"ခင္ဗ်ားတို႔ ျမင္းေတြဟာ လူ႐ႊင္ေတာ္ လုပ္စားမယ္ဆို ေတာ္ေတာ္ေလး အလုပ္ျဖစ္ေလာက္တယ္။ လူ႐ႊင္ေတာ္ဆိုရင္ လူပ်က္၊ ျမင္း႐ႊင္ေတာ္ဆိုေတာ့ ျမင္းပ်က္ေပါ့ဗ်ာ ဟဲ ဟဲ။ ဒီမွာျမင္းပ်က္ ခင္ဗ်ားနားလည္ထားဖို႔က တေလာကလုံးမွာရွိတဲ့ တိရစာၦန္ေတြထဲမွာ သမင္ေတြကသာ အခန႔္ညားဆုံးပဲ။

သမင္ေတြမွာ အင္မတန္ လွပၿပီး အဖိုးထိုက္တန္တဲ့ ဦးခ်ိဳရွိတယ္။ လွပခန႔္ညားၿပီး သမင္မ်က္လုံးေလးလို႔ တင္စားရေလာက္တဲ့ မ်က္လုံးတစုံလည္း ရွိတယ္။ က်ေနာ္တို႔ရဲ႕ ဦးခ်ိဳကို လူသားေတြဟာ အျမတ္တႏိုးနဲ႔ ဧည့္သည္ ေစာင္သည္လာတဲ့ ဧည့္ခန္းလို ေနရာမ်ိဳးမွာ ခ်ိတ္ဆြဲ အလွဆင္ၾကတယ္။ ခင္ဗ်ားတို႔ျမင္းခြာကို ဘယ္လူသားကမွ အလွမဆင္ဘူး။ ျမင္းပ်က္၊ ျမင္းတုံး၊ ျမင္းအသုံးမက် ေသေသခ်ာခ်ာမွတ္ထား"

အဲဒီလို သမင္ရဲ႕စကားကို ၾကားတဲ့အခါ ျမင္းက "ပုံမက် ပန္းမက် ဦးခ်ိဳကိုမ်ား ဂုဏ္ယူေနေသးတယ္။ ခင္ဗ်ားကသာ သမင္ငတုံး၊ လူေတြဟာ ခင္ဗ်ားတို႔ကို သတ္ျဖတ္စားေသာက္ဖို႔ပဲ အေလးထားတာ။ ကြၽန္ေတာ္တို႔ကိုေတာ့ အလွဆင္ၿပီး အိမ္မွာ တယုတယ ေမြးၾကရတယ္။ ရတနာ (၇) ပါး ထဲမွာေတာင္ ျမင္းရတနာဆိုတာ အထင္ကရ ပါတယ္။ အဲဒီမွာ သမင္ရတနာဆိုတာမရွိဘူး ငတုံးရဲ႕။ ျမင္းကမွ လွပေက်ာ့ ရွင္းျမင့္ျမတ္က်က္သေရရွိတာ။ သမင္ဆိုတာ အီးေပါေလာ အ႐ိုင္းအစိုင္းအဆင့္ပဲရွိတယ္" လို႔ ေျပာတယ္။

အဲဒီလိုနဲ႔ သမင္ဖိုနဲ႔ ျမင္းရဲ႕ျငင္းခုံမႈဟာ အရွိန္တက္လာတယ္။ "ျမင္းကသာ ခန႔္ညားတာ၊ သမင္ေတြက ငတုံးေတြ" "သမင္ကသာ တင့္တယ္တာ၊ ျမင္းက ငေပါ" စသည္ျဖင့္ ျမင္းနဲ႔သမင္ဟာ တေနကုန္ တေနခန္း ျငင္းခုန္ၾကတယ္။ ေနာက္ဆုံးေတာ့ အသီးသီး ေမာပန္းလာၾကၿပီး အိမ္ျပန္ခဲ့ၾကတယ္။

ျမင္းဟာ အျပန္လမ္းတေလွ်ာက္မွာ သမင္ဖိုရဲ႕ ေထာင့္မက်ိဳး မ်က္ႏွာကို ျပန္လည္ျမင္ေယာင္ၿပီး ေဒါသတလိတ္လိတ္ တက္လာခဲ့တယ္။ သူဟာ သမင္ဖိုကို ဒုကၡေရာက္ေစဖို႔ စတင္ႀကံစည္ခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ သူဟာ အႀကံတခုကိုရခဲ့တယ္။

ေနာက္တေန႔မနက္မွာေတာ့ ျမင္းဟာ သူ႔အႀကံကို အေကာင္အထည္ ေဖာ္ဖို႔အတြက္ ေတာစပ္မွာရွိတဲ့ မုဆိုးႀကီးတေယာက္ရဲ႕အိမ္ကို သြားၿပီး ဒီလိုေျပာဆိုတယ္။

"မုဆိုးႀကီး ေတာထဲမွာ အင္မတန္ ဝဖီးၿပီး ပိႆာခ်ိန္စီးတဲ့ သမင္ဖိုတေကာင္ရွိတယ္။ တကယ္လို႔ မုဆိုးႀကီးသာ သမင္ကို သတ္ျဖတ္မယ္ဆိုရင္ ကြၽန္ေတာ္ အစြမ္းကုန္ ကူညီေပးမယ္။ ဒီသမင္ေသရင္ ကြၽန္ေတာ္ေက်နပ္တယ္။ မုဆိုးႀကီးက ကူညီသတ္ျဖတ္ေပးပါ"

မုဆိုးႀကီးဟာ ျမင္းရဲ႕ စကားကို ေသခ်ာစြာစဥ္းစားတယ္။ ခဏအၾကာမွာေတာ့ သူက ျမင္းကို ဒီလိုျပန္ေျပာတယ္။

"ေကာင္းၿပီေလ ငါကူညီမယ္။ ဒါေပမယ့္ အေပးအယူ သေဘာမ်ိဳးေတာ့ ရွိဖို႔လိုတယ္။ တကယ္လို႔ မင္းသာ မင္းရဲ႕ ေမး႐ိုးႏွစ္ခုနဲ႔ ပါးစပ္ကို ညႇပ္ၿပီး သံကြင္းတခု တပ္ဆင္ခြင့္ျပဳမယ္ဆိုရင္ မင္းေတာင္းဆိုတဲ့အတိုင္း သမင္ကို ငါသတ္ေပးမယ္။ သေဘာမတူဘူးဆိုရင္ေတာ့ လာရာလမ္းအတိုင္း ျပန္ႂကြေပေတာ့"

အဲဒီလို မုဆိုးႀကီးရဲ႕ စကားကိုၾကားတဲ့အခါ ျမင္းက အင္မတန္ ေပ်ာ္႐ႊင္သြားတယ္။ သူဟာ တဟီဟီ ျမည္သံကိုေပးလိုက္ၿပီး "ဒါေလးမ်ားဗ်ာ ေျပာေနစရာမလိုပါဘူး။ လုပ္စရာရွိတာသာလုပ္" လို႔ ျပန္ေျပာလိုက္တယ္။

အဲဒီလိုနဲ႔ မုဆိုးႀကီးဟာ ျမင္းကို ခိုင္မာတဲ့ ႀကိဳး၊ ကုန္းႏွီးေတြနဲ႔ ေသခ်ာစြာ ခ်ည္ေႏွာင္လိုက္တယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕ ဒူးေလး၊ က်ည္ေထာက္တို႔ကို ယူၿပီး ျမင္းေပၚကို တက္ခြစီးလိုက္တယ္။ အဲဒီေနာက္မွာေတာ့ ျမင္းကို ေမာင္းႏွင္ၿပီး သမင္ဖိုရွိတဲ့ေနရာကို လမ္းျပေစတယ္။

သမင္ဖိုကို ေတြ႕တဲ့အခါမွာလည္း မုဆိုးႀကီးဟာ ျမင္းရဲ႕အကူအညီနဲ႔ သမင္ဖိုကို သတ္ျဖတ္လိုက္တယ္။ အဲဒီအခါမွာေတာ့ျမင္းက "မွတ္ၿပီလား သမင္စုတ္ ေသတာေတာင္ နည္းေသတယ္။ အျငင္းသန္ပါဦးလား၊ ငါ့ကိုေလွာင္ ပါဦးလား" လို႔ ဝမ္းသာအားရ ေအာ္ဟစ္ျမည္တမ္း ျပန္တယ္။

အဲဒီေနာက္မွာေတာ့ မုဆိုးႀကီးဟာ သမင္ေကာင္ကို အိမ္ကို ယူေဆာင္ ခ်က္ျပဳတ္စားေသာက္ဖို႔၊ သားေရထုတ္ယူဖို႔အတြက္ သမင္ကို ျမင္းရဲ႕ေက်ာေပၚမွာ တင္ၿပီး တုတ္ေႏွာင္လိုက္တယ္။

အဲဒီအခါမွာေတာ့ ျမင္းက "ေဟ့လူ။ ခင္ဗ်ားနဲ႔ကြၽန္ေတာ္ ေျပာထားတဲ့ကိစၥ ၿပီးၿပီေလဗ်ာ။ ကြၽန္ေတာ့္ကို တပ္ထားတဲ့ဟာေတြျဖဳတ္ေပးေတာ့" လို႔ ေျပာလိုက္တယ္။

အဲဒီအခါမွာေတာ့ မုဆိုးႀကီးက "မင္းကို ဘယ္အခ်ိန္ေရာက္ရင္ ျပန္ျဖဳတ္ေပးမယ္ ဆိုတာ ငါေျပာမိလို႔လား။ ဒီအခ်ိန္ကစၿပီး မင္းက ငါ့ရဲ႕ စီးေတာ္ျမင္း ျဖစ္သြားၿပီ။ အိမ္ေရာက္ရင္ မင္းရဲ႕တင္ပါးကို မီးၿမိဳက္ထားတဲ့ သံပူနဲ႔ တံဆိပ္႐ိုက္ေပးမယ္" လို႔ ျပန္ေျပာလိုက္တယ္။ အဲဒီအခ်ိန္က စၿပီး ျမင္းဟာ မုဆိုးႀကီးရဲ႕ စီးနင္းျခင္းကို တသက္တာလုံး ခံသြားရရွာတယ္။ ၿဖိဳးသုတ