ခွေးလေးတွေက တစ်ခါတရံမှာ လူသားတွေထက်တောင် မေတ္တာပိုကြီး နေတတ်ပါတယ်။ အဲဒီအကြောင်းကိုတော့ အိန္ဒိယနိုင်ငံက ခွေးမေမေကြီး တစ်ကောင်က သက်သေပြသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ Chhattisgarh ခရိုင်၊ Lormi ရွာက ရွာခံတွေဟာ ကလေးငိုသံကြားလို့ လိုက်ရှာကြည့်လိုက်တဲ့အခါ ကောက်ရိုးပုံထဲမှာ မွေးကင်းစ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ကောက်ရိုးပုံထဲမှာ ကလေးမွေးထားတဲ့ ခွေးမေမေတစ်ကောင်နဲ့ သူ့ကလေးတွေကိုလည်း တွေ့လိုက်ရပါတယ်။

မွေးကင်းစ ကလေးလေးက မိန်းကလေး ဖြစ်ပြီးတော့ ကောက်ရိုးပုံထဲမှာ လာပြီး စွန့်ပစ်သွားခဲ့တာပါ။ ဒါပေမယ့် ခွေးမေမေက လူသားကလေးလေးကို သူ့ကလေးတွေနဲ့ အတူတူ စောင့်ရှောက်ပေးနေတာပါ။

ကလေးလေးက မွေးကင်းစ ကလေးလေးဖြစ်တာကြောင့် ချက်ကြိုးတောင် မဖြတ်ရသေးပါဘူး။ အဝတ်အစားလည်း မပါလာပါဘူး။ ဒါပေမယ့် ခွေးမေမေက ကလေးလေးကို အန္တရာယ်မဖြစ်အောင် နွေးနွေးထွေးထွေး စောင့်ရှောက်ပေးထားပါတယ်။

" ဒီဇင်ဘာလဆိုတော့ ညဘက်မှာ ရာသီဥတုက ခိုက်ခိုက်တုန်အောင် အေးတယ်။ ခွေးလေးတွေရဲ့အနွေးဓါတ်နဲ့ ခွေးမကြီးရဲ့အနွေးဓါတ်ကြောင့် ကလေးလေးက အသက်ဆက်ရှင်နေတာပဲဖြစ်မယ်" လို့ ကလေးလေးကို စတင်တွေ့တဲ့ ရွာသားတစ်ယောက်က ပြောပါတယ်။

အခုတော့ ကလေးလေးကို ဆေးရုံကို ခေါ်သွားလိုက်ပါပြီ။ ကံကောင်းလို့ မသေခဲ့တဲ့ ကလေးလေးကို "Akanksha" လို့ နာမည်ပေးလိုက်ကြပါတယ်။ နာမည်ရဲ့အဓိပ္ပါယ်ကတော့ ပြင်းပြတဲ့ဆန္ဒ ပါ။

မွေးကင်းစကလေးတွေကို စွန့်ပစ်မှုဟာ ပိုပိုများလာကြောင်း၊ ဒီလို အဖြစ်တွေက ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရကြောင်း၊ ထိထိရောက်ရောက် အပြစ်ပေးသင့်ကြောင်း အိန္ဒိယရဲအရာရှိ Dipanshu Kabra က သူ့ရဲ့ Twitter မှာ တင်ထားခဲ့ပါတယ်။

Zombie (lovemedia)

for zawgyi

စြန႔္ပစ္ခံထားရတဲ့ ေမြးကင္းစကေလးကို သူ႔ကေလးေတြနဲ႔အတူ ေစာင့္ေရွာက္ထားတဲ့ ေခြးေမေမႀကီး

ေခြးေလးေတြက တစ္ခါတရံမွာ လူသားေတြထက္ေတာင္ ေမတၱာပိုႀကီး ေနတတ္ပါတယ္။ အဲဒီအေၾကာင္းကိုေတာ့ အိႏၵိယႏိုင္ငံက ေခြးေမေမႀကီး တစ္ေကာင္က သက္ေသျပသြားခဲ့ပါတယ္။

အိႏၵိယႏိုင္ငံ၊ Chhattisgarh ခ႐ိုင္၊ Lormi ႐ြာက ႐ြာခံေတြဟာ ကေလးငိုသံၾကားလို႔ လိုက္ရွာၾကည့္လိုက္တဲ့အခါ ေကာက္႐ိုးပုံထဲမွာ ေမြးကင္းစ ကေလးေလးတစ္ေယာက္ကို ေတြ႕လိုက္ရပါတယ္။ ေကာက္႐ိုးပုံထဲမွာ ကေလးေမြးထားတဲ့ ေခြးေမေမတစ္ေကာင္နဲ႔ သူ႔ကေလးေတြကိုလည္း ေတြ႕လိုက္ရပါတယ္။

ေမြးကင္းစ ကေလးေလးက မိန္းကေလး ျဖစ္ၿပီးေတာ့ ေကာက္႐ိုးပုံထဲမွာ လာၿပီး စြန႔္ပစ္သြားခဲ့တာပါ။ ဒါေပမယ့္ ေခြးေမေမက လူသားကေလးေလးကို သူ႔ကေလးေတြနဲ႔ အတူတူ ေစာင့္ေရွာက္ေပးေနတာပါ။

ကေလးေလးက ေမြးကင္းစ ကေလးေလးျဖစ္တာေၾကာင့္ ခ်က္ႀကိဳးေတာင္ မျဖတ္ရေသးပါဘူး။ အဝတ္အစားလည္း မပါလာပါဘူး။ ဒါေပမယ့္ ေခြးေမေမက ကေလးေလးကို အႏၲရာယ္မျဖစ္ေအာင္ ေႏြးေႏြးေထြးေထြး ေစာင့္ေရွာက္ေပးထားပါတယ္။

" ဒီဇင္ဘာလဆိုေတာ့ ညဘက္မွာ ရာသီဥတုက ခိုက္ခိုက္တုန္ေအာင္ ေအးတယ္။ ေခြးေလးေတြရဲ႕အေႏြးဓါတ္နဲ႔ ေခြးမႀကီးရဲ႕အေႏြးဓါတ္ေၾကာင့္ ကေလးေလးက အသက္ဆက္ရွင္ေနတာပဲျဖစ္မယ္" လို႔ ကေလးေလးကို စတင္ေတြ႕တဲ့ ႐ြာသားတစ္ေယာက္က ေျပာပါတယ္။

အခုေတာ့ ကေလးေလးကို ေဆး႐ုံကို ေခၚသြားလိုက္ပါၿပီ။ ကံေကာင္းလို႔ မေသခဲ့တဲ့ ကေလးေလးကို "Akanksha" လို႔ နာမည္ေပးလိုက္ၾကပါတယ္။ နာမည္ရဲ႕အဓိပၸါယ္ကေတာ့ ျပင္းျပတဲ့ဆႏၵ ပါ။

ေမြးကင္းစကေလးေတြကို စြန႔္ပစ္မႈဟာ ပိုပိုမ်ားလာေၾကာင္း၊ ဒီလို အျဖစ္ေတြက ဘယ္လိုမွ ခြင့္လႊတ္ေပးလို႔ မရေၾကာင္း၊ ထိထိေရာက္ေရာက္ အျပစ္ေပးသင့္ေၾကာင္း အိႏၵိယရဲအရာရွိ Dipanshu Kabra က သူ႔ရဲ႕ Twitter မွာ တင္ထားခဲ့ပါတယ္။

Zombie (lovemedia)