တခါက ပန်းထိမ်ဆရာတဦး ကွယ်လွန်သွားပြီးနောက်မှာ သူရဲ့ မိသားစုဟာ စီးပွားရေး အခြေအနေ ကျဆင်းလာခဲ့ပြီး နေ့စဉ်စားဝတ်နေရေး ဖြေရှင်းဖို့ အတွက်တောင် ကျန်ခဲ့တဲ့ မိသားစုတွေဟာ ခက်ခက်ခဲခဲ ဖြေရှင်းနေရတယ်။

တနေ့မှာတော့ ပန်းထိမ်ဆရာရဲ့ဇနီးဟာ သူနှစ်ရှည်လများ သိမ်းထားတဲ့ နီလာလည်ဆွဲလေးတခုကို သိမ်းထားရာမှ ထုတ်လိုက်ပြီး သူ့ရဲ့ သားကို ပေးလိုက်တယ်။ "သားရေ ဒီလည်ဆွဲကို ယူပြီး မင်းဦးလေး ဆိုင်ကိုသွား လည်ဆွဲကိုပေးလိုက်။ လည်ဆွဲအတွက်တန်ဖိုးငွေကို သားပြန်ယူလာခဲ့ပါ" လို့ ပြောတယ်။

ကောင်လေးလည်း မိခင်ပြောတဲ့အတိုင်း လည်ဆွဲကိုယူပြီး သူ့ဦးလေးဆီ သွားပေးတယ်။ ဦးလေးဖြစ်သူက လည်ဆွဲကို ယူကြည့်ပြီး ကောင်လေးကို ပြောတယ်။

"သားရေ လည်ဆွဲကို မင်းအမေဆီ ပြန်ယူသွားလိုက်ဦး။ သူ့ကိုပြောလိုက် အခု ကျောက်မျက်ဈေးတွေ ကျနေတယ်။ နောက်တော့ ဈေးကောင်းတဲ့အခါမှ ရောင်းပါလို့ ပြော။ အခုတော့ မင်းအမေ ဈေးသုံးဖို့ ငွေအနည်းငယ် ပေးလိုက်မယ်။ သြော် ဒါနဲ့ မင်းအခု အလုပ်မရှိဘူး အားနေတယ် မဟုတ်လား။ မနက်ဖြန် ဦးလေးရဲ့ ကျောက်မျက်ဆိုင်မှာ အလုပ် လာလုပ်ကွာ။ ဦးလေးက မင်းကို လုပ်အားခပေးမှာပေါ့ကွာ" လို့ ပြောလိုက်တယ်။

ကောင်လေးလည်း သူ့ဦးလေး ပေးလိုက်တဲ့ ငွေအနည်းငယ်နဲ့ သူတို့မိသားစု ရေရှည် ရပ်တည်နိုင်မည် မဟုတ်ကြောင်း နားလည်လို့ မနက်ဖြန်ကစလို့ ဦးလေးဆိုင်မှာ အလုပ်ဆင်းမှ ဖြစ်မယ်လို့ စဉ်းစားမိတယ်။

နောက်နေ့ကစပြီး ကောင်လေးက သူ့ဦးလေးဆိုင်သွားပြီး အလုပ်ဆင်းတယ်။ ဒီလိုနဲ့ သူဟာ အလုပ်လုပ်နေရင်း အဖိုးတန်ကျောက်မျက်တို့ရဲ့ အကြောင်းကို လေ့လာသင်ယူခဲ့တယ်။ အချိန်ကြာလို့ လုပ်သက် ရင့်လာတာနဲ့ အမျှ ကျောက်မျက်အကြောင်းကို အတော်လေးလည်း စစ်ဆေး အကဲဖြတ် နိုင်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ ကျောက်မျက်ကို ကြည့်ရှုပြီး ဈေးဖြတ်နိုင်တဲ့ အဆင့်ထိ ကျွမ်းကျင်တတ်မြောက် လာခဲ့တာပေါ့။

တနေ့မှာ ဦးလေးက "လူလေးရေ မင်းအမေဆီ သွားလိုက်ဦး အခု ကျောက်မျက်ဈေးတွေ ကောင်းနေတယ်။ ဒီအချိန်ရောင်းရင်ဈေးကောင်းရမှာလို့ ပြောပြီး နီလာဘယက်ကို ယူလာခဲ့" လို့ ပြောလိုက်တယ်။ အဲဒါနဲ့ သူလည်း အိမ်ပြန်ရောက်ချိန်မှာ သူ့အမေဆီမှ နီလာလည်ဆွဲကို ယူပြီး စစ်ဆေးကြည့်တော့ လည်ဆွဲဟာ အစစ်မဟုတ် အတုဖြစ်ကြောင်း သိသွားတယ်။

နောက်တနေ့မှာတော့ ကောင်လေးဟာ သူ့ဦးလေးဆိုင်ကို ပြန်လာခဲ့တယ်။ လည်ဆွဲကိုတော့ သူ မယူလာခဲ့တော့ဘူး။ ဦးလေးလုပ်သူက လည်ဆွဲ ဘာလို့ မယူလာကြောင်း မေးတော့မှ "လည်ဆွဲလား မယူခဲ့တော့ဘူးလေ။ ကျွန်တော် သေသေချာချာ စစ်ဆေးကြည့်ခဲ့ပြီးပြီ အဲ့ဒါအတုကြီးဗျ။ ဘာမှတန်ဖိုးမရှိပါဘူးဗျာ" လို့ ပြန်ပြောလိုက်တယ်။

ပြီးနောက် ကောင်လေးက ဦးလေးကို ပြန်မေးလိုက်တယ်။ "ဦးလေး အမေ့လည်ဆွဲဟာ အတုကြီးမှန်း ဦးလေးသိပြီး ဖြစ်ပေမယ့် ဘာဖြစ်လို့ ဈေးကောင်းရမှ ရောင်းပါဆိုပြီး သိမ်းခိုင်းထားရတာလဲခင်ဗျာ"

"ဒီမယ် လူကလေး မင်း လည်ဆွဲကို ယူလာခဲ့စဉ်တုန်းက လည်ဆွဲက အတုပါလို့ ငါပြောလိုက်ရင် မင်းတို့မိသားစု စိတ်ဓာတ်ပိုကျသွားမယ်။ နောက်ပြီး ငါက လိမ်ပြောတယ်လို့ မင်းတို့ ထင်ကြလိမ့်မယ်။ အခုဆို မင်းလည်း ကျောက်မျက်အကြောင်း သိနေပြီပဲ လည်ဆွဲက အတုဆိုတာကို မင်းကိုယ်တိုင် သိသွားရတာပေါ့"

အသိဉာဏ်မပါတဲ့ စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမြော်အမြင်ကြီးစွာ ဆောင်ရွက်သင့်လှ ပါတယ်။ crd

for zawgyi

အသိဉာဏ္ပါတဲ့ ကူညီေစာင့္ေရွာက္မႈ

တခါက ပန္းထိမ္ဆရာတဦး ကြယ္လြန္သြားၿပီးေနာက္မွာ သူရဲ႕ မိသားစုဟာ စီးပြားေရး အေျခအေန က်ဆင္းလာခဲ့ၿပီး ေန႔စဥ္စားဝတ္ေနေရး ေျဖရွင္းဖို႔ အတြက္ေတာင္ က်န္ခဲ့တဲ့ မိသားစုေတြဟာ ခက္ခက္ခဲခဲ ေျဖရွင္းေနရတယ္။

တေန႔မွာေတာ့ ပန္းထိမ္ဆရာရဲ႕ဇနီးဟာ သူႏွစ္ရွည္လမ်ား သိမ္းထားတဲ့ နီလာလည္ဆြဲေလးတခုကို သိမ္းထားရာမွ ထုတ္လိုက္ၿပီး သူ႔ရဲ႕ သားကို ေပးလိုက္တယ္။ "သားေရ ဒီလည္ဆြဲကို ယူၿပီး မင္းဦးေလး ဆိုင္ကိုသြား လည္ဆြဲကိုေပးလိုက္။ လည္ဆြဲအတြက္တန္ဖိုးေငြကို သားျပန္ယူလာခဲ့ပါ" လို႔ ေျပာတယ္။

ေကာင္ေလးလည္း မိခင္ေျပာတဲ့အတိုင္း လည္ဆြဲကိုယူၿပီး သူ႔ဦးေလးဆီ သြားေပးတယ္။ ဦးေလးျဖစ္သူက လည္ဆြဲကို ယူၾကည့္ၿပီး ေကာင္ေလးကို ေျပာတယ္။

"သားေရ လည္ဆြဲကို မင္းအေမဆီ ျပန္ယူသြားလိုက္ဦး။ သူ႔ကိုေျပာလိုက္ အခု ေက်ာက္မ်က္ေဈးေတြ က်ေနတယ္။ ေနာက္ေတာ့ ေဈးေကာင္းတဲ့အခါမွ ေရာင္းပါလို႔ ေျပာ။ အခုေတာ့ မင္းအေမ ေဈးသုံးဖို႔ ေငြအနည္းငယ္ ေပးလိုက္မယ္။ ေၾသာ္ ဒါနဲ႔ မင္းအခု အလုပ္မရွိဘူး အားေနတယ္ မဟုတ္လား။ မနက္ျဖန္ ဦးေလးရဲ႕ ေက်ာက္မ်က္ဆိုင္မွာ အလုပ္ လာလုပ္ကြာ။ ဦးေလးက မင္းကို လုပ္အားခေပးမွာေပါ့ကြာ" လို႔ ေျပာလိုက္တယ္။

ေကာင္ေလးလည္း သူ႔ဦးေလး ေပးလိုက္တဲ့ ေငြအနည္းငယ္နဲ႔ သူတို႔မိသားစု ေရရွည္ ရပ္တည္ႏိုင္မည္ မဟုတ္ေၾကာင္း နားလည္လို႔ မနက္ျဖန္ကစလို႔ ဦးေလးဆိုင္မွာ အလုပ္ဆင္းမွ ျဖစ္မယ္လို႔ စဥ္းစားမိတယ္။

ေနာက္ေန႔ကစၿပီး ေကာင္ေလးက သူ႔ဦးေလးဆိုင္သြားၿပီး အလုပ္ဆင္းတယ္။ ဒီလိုနဲ႔ သူဟာ အလုပ္လုပ္ေနရင္း အဖိုးတန္ေက်ာက္မ်က္တို႔ရဲ႕ အေၾကာင္းကို ေလ့လာသင္ယူခဲ့တယ္။ အခ်ိန္ၾကာလို႔ လုပ္သက္ ရင့္လာတာနဲ႔ အမွ် ေက်ာက္မ်က္အေၾကာင္းကို အေတာ္ေလးလည္း စစ္ေဆး အကဲျဖတ္ ႏိုင္လာခဲ့တယ္။ ေနာက္ပိုင္းမွာေတာ့ ေက်ာက္မ်က္ကို ၾကည့္ရႈၿပီး ေဈးျဖတ္ႏိုင္တဲ့ အဆင့္ထိ ကြၽမ္းက်င္တတ္ေျမာက္ လာခဲ့တာေပါ့။

တေန႔မွာ ဦးေလးက "လူေလးေရ မင္းအေမဆီ သြားလိုက္ဦး အခု ေက်ာက္မ်က္ေဈးေတြ ေကာင္းေနတယ္။ ဒီအခ်ိန္ေရာင္းရင္ေဈးေကာင္းရမွာလို႔ ေျပာၿပီး နီလာဘယက္ကို ယူလာခဲ့" လို႔ ေျပာလိုက္တယ္။ အဲဒါနဲ႔ သူလည္း အိမ္ျပန္ေရာက္ခ်ိန္မွာ သူ႔အေမဆီမွ နီလာလည္ဆြဲကို ယူၿပီး စစ္ေဆးၾကည့္ေတာ့ လည္ဆြဲဟာ အစစ္မဟုတ္ အတုျဖစ္ေၾကာင္း သိသြားတယ္။

ေနာက္တေန႔မွာေတာ့ ေကာင္ေလးဟာ သူ႔ဦးေလးဆိုင္ကို ျပန္လာခဲ့တယ္။ လည္ဆြဲကိုေတာ့ သူ မယူလာခဲ့ေတာ့ဘူး။ ဦးေလးလုပ္သူက လည္ဆြဲ ဘာလို႔ မယူလာေၾကာင္း ေမးေတာ့မွ "လည္ဆြဲလား မယူခဲ့ေတာ့ဘူးေလ။ ကြၽန္ေတာ္ ေသေသခ်ာခ်ာ စစ္ေဆးၾကည့္ခဲ့ၿပီးၿပီ အဲ့ဒါအတုႀကီးဗ်။ ဘာမွတန္ဖိုးမရွိပါဘူးဗ်ာ" လို႔ ျပန္ေျပာလိုက္တယ္။

ၿပီးေနာက္ ေကာင္ေလးက ဦးေလးကို ျပန္ေမးလိုက္တယ္။ "ဦးေလး အေမ့လည္ဆြဲဟာ အတုႀကီးမွန္း ဦးေလးသိၿပီး ျဖစ္ေပမယ့္ ဘာျဖစ္လို႔ ေဈးေကာင္းရမွ ေရာင္းပါဆိုၿပီး သိမ္းခိုင္းထားရတာလဲခင္ဗ်ာ"

"ဒီမယ္ လူကေလး မင္း လည္ဆြဲကို ယူလာခဲ့စဥ္တုန္းက လည္ဆြဲက အတုပါလို႔ ငါေျပာလိုက္ရင္ မင္းတို႔မိသားစု စိတ္ဓာတ္ပိုက်သြားမယ္။ ေနာက္ၿပီး ငါက လိမ္ေျပာတယ္လို႔ မင္းတို႔ ထင္ၾကလိမ့္မယ္။ အခုဆို မင္းလည္း ေက်ာက္မ်က္အေၾကာင္း သိေနၿပီပဲ လည္ဆြဲက အတုဆိုတာကို မင္းကိုယ္တိုင္ သိသြားရတာေပါ့"

အသိဉာဏ္မပါတဲ့ ေစာင့္ေရွာက္ျခင္းဟာ အထင္လြဲျခင္းနဲ႔ ပ်က္စီးျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အေျမာ္အျမင္ႀကီးစြာ ေဆာင္႐ြက္သင့္လွ ပါတယ္။ crd