အချို့သော အစားအစာတွေကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားရင် ကောင်းမလား၊ မကောင်းဘူးလားဆိုတာကို ဝေခွဲမရဖြစ်နေတတ်ပါတယ်။ အစားအစာအချို့က ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားရင် အရသာမကောင်းတော့တာ၊ စားလို့မရတော့တာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် အောက်ပါအစားအစာတွေကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားရင် အရသာလည်း မပျက်သလို ကြာရှည်လည်း သိမ်းထားနိုင်ပါတယ်။

၁။ ဂျုံ

ဂျုံကို အေးပြီး မှောင်တဲ့နေရာမှာ သိမ်းထားလို့ရပါတယ်။ လေလုံတဲ့ဘူးထဲမှာ သိမ်းထားနိုင်ရင် ပိုကောင်းပါတယ်။ ရေခဲသေတ္တာထဲမှာ လေလုံအောက်၊ အစိုဓာတ်မဝင်အောင် သိမ်းထားရင် ၁၂ လအထိ အထားခံပါတယ်။

၂။ သစ်သီးခြောက်

သစ်သီးခြောက်တွေကို များသောအားဖြင့် အပြင်မှာပဲ သိမ်းထားတတ်ကြပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းထားရင်တော့ အချိန်အကြာကြီး အထားခံပါတယ်။ အထုပ်ကို မဖောက်ပဲ ရေခဲသေတ္တာထဲ ထားတဲ့အခါ ၆ အထိ သိမ်းထားနိုင်ပါတယ်။

၃။ မုန့်ဖုတ်ပစ္စည်းများ

အိမ်မှာလုပ်တဲ့ပေါင်မုန့်ကိုတော့ ရေခဲသေတ္တာထဲမှာ သိမ်းမထားသင့်ပါဘူး။ ပီဇာဒိုးနဲ့ ဘီစကစ်တို့ကိုတော့ အခန်းအပူချိန်မှာ ထားတာထက် ရေခဲသေတ္တာထဲမှာ သိမ်းထားသင့်ပါတယ်။

၄။ ပန်းသီး

ပန်းသီးကို ရေခဲသေတ္ထာထဲမှာ သိမ်းထားရင် တစ်လအထိ လတ်ဆတ်နေပါသေးတယ်။ ပန်းသီးကို ရေမဆေးဘဲ သိမ်းထားက ပိုကောင်းပါတယ်။

၅။ မြေပဲထောပတ်

မဖောက်ရသေးတဲ့မြေပဲထောပတ်ကို အခန်းအပူချိန်မှာ ထားရင် စားလို့မကောင်းတော့ပါဘူး။ မြေပဲထောပတ်ကို ဖောက်ပြီးရင် ရေခဲသေတ္တာထဲမှာ သိမ်းထားတာက အနည်းငယ် လတ်ဆတ်နေစေမှာပါ။

၆။ ချဉ်တဲ့အသီးများ

လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပုရာသီးတို့ကို ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ၃ ပတ်ခန့် အထားခံပါတယ်။ အခန်းအပူချိန်မှာထားရင်တော့ ၁၀ ရက်ခန့်သာ ခံပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းတဲ့အခါ ပလက်စတစ်အိတ်မပါဘဲ သိမ်းသင့်ပါတယ်။

၇။ Hummus

Hummus ကို အခန်းအပူချိန်မှာထားရင်တော့ ရက်အနည်းငယ်သာ ထားနိုင်မှာပါ။ မဖောက်ရသေးတဲ့ Hummusကို ရေခဲသေတ္ထာထဲမှာ သိမ်းထားတဲ့အခါ ၃ လကြာ ထားနိုင်ပါတယ်။ ဒါပေမယ့် Hummus ကို တစ်ပတ်အတွင်း ကုန်အောင်စားသင့်ပါတယ်။

၈။ အခွံမာသီး

အခွံမာသီးကို စားပြီးတာနဲ့ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။ အဲဒီအခါ အခွံမာသီးတွေက ကြာရှည်လတ်ဆတ်ပြီး ကြာကြာအထားခံပါတယ်။ ဆားမပါတဲ့အခွံမာသီးတွေက ဆားပါတဲ့အခွံမာသီးတွေထက် ပိုလတ်ဆတ်ပါတယ်။

၉။ တဆေး

တဆေးကို မဖောက်ရသေးရင် ၂ နှစ်အထိ သိမ်းထားလို့ရပါတယ်။ ဒါပေမယ့် ဖောက်ပြီးရင်တော့ မြန်မြန်သုံးသင့်ပါတယ်။ ဖောက်ပြီးတော့ လေလုံဘူးထဲ ထည့်ထားရင် ၄ လကြာ သိမ်းထားလို့ရပါတယ်။

၁၀။ ဝေဖာနဲ့ ပန်ကိတ်

အေးခဲထားတဲ့ ဝေဖာနဲ့ ပန်ကိတ်ကို အခန်းအပူချိန်မှာ မသိမ်းသင့်ပါဘူး။ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ၄ ရက်ကြာ ထားနိုင်ပြီး အအေးခန်းထဲမှာဆိုရင်တော့ ၂ လကြာ သိမ်းထားနိုင်ပါတယ်။ အိမ်လုပ်ပန်ကိတ်နဲ့ ဝေဖာတွေကိုတော့ လေလုံတဲ့ဘူးထဲမှဦ သိမ်းထားရင် ၂ ရက်ခန့် အထားခံပါတယ်။

Zombie (lovemedia)