ကျနော်တို့ရဲ့ အောင်မြင်မှုကို အကြီးမားဆုံး ပိတ်ဆို့ တားစီးထားတဲ့ အရာက ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်ပဲ ဖြစ်ပါတယ်။ လူအများစု အောင်မြင်မှုမရပဲ အခွင့်အလမ်းတွေနဲ့ လွဲချော်ရခြင်းရဲ့ အဓိက အားနည်းချက်က

သူတို့တွေဟာ အောင်မြင်မှုကြောင့်ရလာတဲ့ ပျော်ရွှင်ရမယ့် ခံစားချက်ထက် ရှုံးနိမ့်ပြီး ကြုံတွေ့ရမယ့် နာကျင်ခြင်း ခံစားချက်ကို ပိုပြီး ကြောက်နေကြလို့ပါပဲ။

ဆိုရိုးစကားတခွန်း ရှိပါတယ်။ "လူတွေက ကောင်းကင်ဘုံတော့ ရောက်ချင်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မသေချင်ကြဘူး" တဲ့။

အဲဒီလိုပါပဲ လူအများစုက ချမ်းသာဖို့ စိတ်ကူးယဉ်ကြပေမယ့် ဆုံးရှုံးမှာ ကိုတော့ သေမလောက် ကြောက်ကြတယ်။ အဲဒီအတွက်ကြောင့်ပဲ သူတို့ဟာ ကောင်းကင်ဘုံကို ဘယ်တော့မှ မတွေ့ကြတာပေါ့။

ကျနော့်ဘဝ တလျှောက်လုံးမှာလည်း ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့ပြီးမှ အောင်မြင်ခြင်းတွေ ရောက်ရှိလာလေ့ ရှိကြောင်းကို သတိထားမိ ပါတယ်။

ကျနော် စက်ဘီးမစီးတတ်ခင် အချိန်ထိ အကြိမ်ကြိမ် လဲကျခဲ့ဖူးတယ်။ ဂေါက်သီးတလုံးမှ မပျောက်ဖူးပဲ ဂေါက်ရိုက်တတ်သွားတဲ့သူ မရှိသလို တခါမှ ငွေကြေး မဆုံးရှုံးဖူးပဲ ချမ်းသာသွားတဲ့ သူဌေးတွေလည်း ကျနော် မတွေ့ဖူးသေးဘူး။

ကျနော်တို့ ဘဝမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ကျနော်တို့ရဲ့ ကြောက်ရွံ့မှု (Fear) တွေ ကျနော်တို့ရဲ့ စိတ်ခံစားချက် (Emotion) တွေကို ထိန်းချုပ်ပြီး ဘယ်အရာကို မဆို ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ပြီး ရဲရဲရင်ဆိုင်ဖို့ အရေးကြီးပါတယ်။ Crd

Zawgyi

ေၾကာက္တတ္တဲ့ဦးေႏွာက္မွာ အိမ္မက္ေတြမရွင္ႏိုင္ဘူး

က်ေနာ္တို႔ရဲ႕ ေအာင္ျမင္မႈကို အႀကီးမားဆုံး ပိတ္ဆို႔ တားစီးထားတဲ့ အရာက ရႈံးနိမ့္မွာကို ေၾကာက္တဲ့စိတ္ပဲ ျဖစ္ပါတယ္။ လူအမ်ားစု ေအာင္ျမင္မႈမရပဲ အခြင့္အလမ္းေတြနဲ႔ လြဲေခ်ာ္ရျခင္းရဲ႕ အဓိက အားနည္းခ်က္က

သူတို႔ေတြဟာ ေအာင္ျမင္မႈေၾကာင့္ရလာတဲ့ ေပ်ာ္႐ႊင္ရမယ့္ ခံစားခ်က္ထက္ ရႈံးနိမ့္ၿပီး ႀကဳံေတြ႕ရမယ့္ နာက်င္ျခင္း ခံစားခ်က္ကို ပိုၿပီး ေၾကာက္ေနၾကလို႔ပါပဲ။

ဆို႐ိုးစကားတခြန္း ရွိပါတယ္။ "လူေတြက ေကာင္းကင္ဘုံေတာ့ ေရာက္ခ်င္ၾကတယ္။ ဒါေပမယ့္ ဘယ္သူမွ မေသခ်င္ၾကဘူး" တဲ့။ အဲဒီလိုပါပဲ လူအမ်ားစုက ခ်မ္းသာဖို႔ စိတ္ကူးယဥ္ၾကေပမယ့္ ဆုံးရႈံးမွာ ကိုေတာ့ ေသမေလာက္ ေၾကာက္ၾကတယ္။ အဲဒီအတြက္ေၾကာင့္ပဲ သူတို႔ဟာ ေကာင္းကင္ဘုံကို ဘယ္ေတာ့မွ မေတြ႕ၾကတာေပါ့။

က်ေနာ့္ဘဝ တေလွ်ာက္လုံးမွာလည္း ရႈံးနိမ့္မႈေတြနဲ႔ ရင္ဆိုင္ ႀကဳံေတြ႕ၿပီးမွ ေအာင္ျမင္ျခင္းေတြ ေရာက္ရွိလာေလ့ ရွိေၾကာင္းကို သတိထားမိ ပါတယ္။

က်ေနာ္ စက္ဘီးမစီးတတ္ခင္ အခ်ိန္ထိ အႀကိမ္ႀကိမ္ လဲက်ခဲ့ဖူးတယ္။ ေဂါက္သီးတလုံးမွ မေပ်ာက္ဖူးပဲ ေဂါက္႐ိုက္တတ္သြားတဲ့သူ မရွိသလို တခါမွ ေငြေၾကး မဆုံးရႈံးဖူးပဲ ခ်မ္းသာသြားတဲ့ သူေဌးေတြလည္း က်ေနာ္ မေတြ႕ဖူးေသးဘူး။

က်ေနာ္တို႔ ဘဝမွာ ေအာင္ျမင္မႈေတြ ပိုင္ဆိုင္ခ်င္တယ္ ဆိုရင္ေတာ့ က်ေနာ္တို႔ရဲ႕ ေၾကာက္႐ြံ႕မႈ (Fear) ေတြ က်ေနာ္တို႔ရဲ႕ စိတ္ခံစားခ်က္ (Emotion) ေတြကို ထိန္းခ်ဳပ္ၿပီး ဘယ္အရာကို မဆို ဦးေႏွာက္နဲ႔ စဥ္းစားဆုံးျဖတ္ၿပီး ရဲရဲရင္ဆိုင္ဖို႔ အေရးႀကီးပါတယ္။ Crd