သင့်ကလေးက အင်္ဂလိပ်အက္ခရာ W ပုံစံထိုင်နေရင် ချက်ချင်းတားမြစ်သင့်ပါတယ်။ ဒီလိုပုံစံ ထိုင်တာက ကလေးရဲ့ ကျန်းမာရေးကို ဆိုးကျိုးများစွာ ဖြစ်ပေါ်စေတာကြောင့်ပါ။

ကလေးအများစုက အင်္ဂလိပ်အက္ခရာ W ပုံစံထိုင်ရတာကို ပိုသဘောကျပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့အတွက် သက်တောင့်သက်သာဖြစ်တဲ့အပြင် အရုပ်တွေနဲ့ဆော့ရတာ ပိုအဆင်ပြေတာကြောင့်ပါ။

အရုပ်တွေကို ကိုင်ဆော့တဲ့အခါမှာလည်း ပြုတ်မကျတော့ပါဘူး။ ဒါပေမယ့် W ပုံစံထိုင်တာက အချိန်ကြာလာလေ ကလေးရဲ့တင်ပါးနဲ့ ခြေထောက်ကြွက်သားတွေ အန္တရာယ်ပိုများလာလေပါ။

W ပုံစံထိုင်တာက ခြေထောက်ကြွက်သားတွေ တိုပြီး တင်းကြပ်လာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သွားလာလှုပ်ရှားရတာ အဆင်မပြေဖြစ်လာပါတယ်။ ဒါ့အပြင် တင်ပါးပုံစံမမှန်တော့ဘဲ တင်ပါးနဲ့ပတ်သက်တဲ့ရောဂါတွေ ခံစားလာရပါတယ်။

W ပုံစံထိုင်တာက ခြေထောက်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ လက်ကြွက်သားကိုပါ ထိခိုက်စေပါတယ်။ ကျောင်းတက်တဲ့အခါ ထိုင်ခုံနဲ့ထိုင်ရင်လည်း အဆင်မပြေဖြစ်လာပါတယ်။

ကလေးတွေ W ပုံစံထိုင်စံထိုင်တာကို မြင်တဲ့အခါ အဲဒီထိုင်နည်းကို ချက်ချင်းပြင်ပေးသင့်ပါတယ်။ ကလေးရဲ့ ဒူးနဲ့ ခြေထောက်ကို ကိုင်ထားပြီး လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ပေးနိုင်ပါတယ်။

ကလေးက W ပုံစံထိုင်တာကို အကျင့်ပါသွားပြီး ခြေထောက်ကြွက်သားပြဿနာတွေ ခံစားရတဲ့အခါ ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။

Zombie (lovemedia)

for zawgyi

သင့္ကေလးက အဂၤလိပ္အကၡရာ W ပုံစံထိုင္ေနရင္ ခ်က္ခ်င္းတားျမစ္သင့္တဲ့အေၾကာင္းအရင္းမ်ား

သင့္ကေလးက အဂၤလိပ္အကၡရာ W ပုံစံထိုင္ေနရင္ ခ်က္ခ်င္းတားျမစ္သင့္ပါတယ္။ ဒီလိုပုံစံ ထိုင္တာက ကေလးရဲ႕ က်န္းမာေရးကို ဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚေစတာေၾကာင့္ပါ။

ကေလးအမ်ားစုက အဂၤလိပ္အကၡရာ W ပုံစံထိုင္ရတာကို ပိုသေဘာက်ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူတို႔အတြက္ သက္ေတာင့္သက္သာျဖစ္တဲ့အျပင္ အ႐ုပ္ေတြနဲ႔ေဆာ့ရတာ ပိုအဆင္ေျပတာေၾကာင့္ပါ။

အ႐ုပ္ေတြကို ကိုင္ေဆာ့တဲ့အခါမွာလည္း ျပဳတ္မက်ေတာ့ပါဘူး။ ဒါေပမယ့္ W ပုံစံထိုင္တာက အခ်ိန္ၾကာလာေလ ကေလးရဲ႕တင္ပါးနဲ႔ ေျခေထာက္ႂကြက္သားေတြ အႏၲရာယ္ပိုမ်ားလာေလပါ။

W ပုံစံထိုင္တာက ေျခေထာက္ႂကြက္သားေတြ တိုၿပီး တင္းၾကပ္လာပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ် သြားလာလႈပ္ရွားရတာ အဆင္မေျပျဖစ္လာပါတယ္။ ဒါ့အျပင္ တင္ပါးပုံစံမမွန္ေတာ့ဘဲ တင္ပါးနဲ႔ပတ္သက္တဲ့ေရာဂါေတြ ခံစားလာရပါတယ္။

W ပုံစံထိုင္တာက ေျခေထာက္ကိုပဲ ထိခိုက္ေစတာ မဟုတ္ပါဘူး။ လက္ႂကြက္သားကိုပါ ထိခိုက္ေစပါတယ္။ ေက်ာင္းတက္တဲ့အခါ ထိုင္ခုံနဲ႔ထိုင္ရင္လည္း အဆင္မေျပျဖစ္လာပါတယ္။

ကေလးေတြ W ပုံစံထိုင္စံထိုင္တာကို ျမင္တဲ့အခါ အဲဒီထိုင္နည္းကို ခ်က္ခ်င္းျပင္ေပးသင့္ပါတယ္။ ကေလးရဲ႕ ဒူးနဲ႔ ေျခေထာက္ကို ကိုင္ထားၿပီး ေလ့က်င့္ခန္းေတြလည္း ျပဳလုပ္ေပးႏိုင္ပါတယ္။

ကေလးက W ပုံစံထိုင္တာကို အက်င့္ပါသြားၿပီး ေျခေထာက္ႂကြက္သားျပႆနာေတြ ခံစားရတဲ့အခါ ဆရာဝန္နဲ႔ ျမန္ျမန္ျပသသင့္ပါတယ္။

Zombie (lovemedia)