အိမ်ရှင်မတွေအတွက် စဉ်းတီတုံးက နေ့စဉ်မဖြစ်မနေ လိုအပ်တဲ့အရာပါ။ စဉ်းတီတုံးမှာ ဘက်တီးရီးယားတွေ အများကြီးပျံ့နှံနေနိုင်ပါတယ်။

အဲဒါကြောင့် စဉ်းတီတုံးကို အရင်လိုတောက်ပလာအောင်၊ ဘက်တီးရီးယားတွေ ကင်းစင်အောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆားနဲ့ သံပုရာသီး

စဉ်းတီတုံးကို အလွယ်ဆုံးသန့်ရှင်းရေးလုပ်ဖို့ ကူညီပေးနိုင်တာက ဆားနဲ့သံပုရာသီးပါ။ သံပုရာသီးက စဉ်းတီတုံးပေါ်က ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပါတယ်။

စဉ်းတီတုံးပေါ်ကို ဆားဖြူးလိုက်ပါ။ ပြီးနောက် သံပုရာသီးတစ်လှံးကို ညှစ်ချလိုက်ပြီး သံပုရာခြမ်းနဲ့ စဉ်းတီတုံးကို ပွတ်တိုက်ပေးပါ။

အဲဒီအခါ စဉ်းတီးတုံးပေါ်မှာ ဘက်တီးရီးယားတွေ မရှိတော့ဘဲ အနံ့ဆိုးတွေလည်း ပျောက်သွားပါတယ်။ စဉ်းတီတုံးရဲ့အရောင်လည်း လှလာပါတယ်။

၂။ မုန့်ဖုတ်ဆော်ဒါနဲ့ သံပုရာသီး

စဉ်းတီတုံးမှာ အစွန်းတွေ ရှိနေရင် ဆပ်ပြာ၊ ရေတို့နဲ့ ဆေးချလည်း မပြောင်ပါဘူး။ ဒါပေမယ့် မုန့်ဖုတ်ဆော်ဒါကို သုံးရင်တော့ ပြောင်ပါတယ်။ အရမ်းကို လွယ်ကူပြီး စဉ်းတီတုံးပေါ်က မှိုတွေတောင် ကင်းစင်သွားပါတယ်။

မုန့်ဖုတ်ဆော်ဒါကို စဉ်းတီတုံးပေါ်ကို ဖြူးချလိုက်ပါ။ သံပုရာသီးတစ်ခြမ်းနဲ့ မုန့်ဖုတ်ဆော်ဒါပေါ်ကနေ ပွတ်တိုက်ပေးပါ။

၅ မိနစ်ခန့် ဒီတိုင်းထားလိုက်ပြီးနောက် ရေဆေးချလိုက်လို့ရပါပြီ။ စဉ်းတီတုံးပေါ်က အနံ့ဆိုးတွေနဲ့ ပြောင်စင်သွားပြီး မှိုတွေလည်း မရှိတော့ပါဘူး။

၃။ ရှာလကာရည်နဲ့ ရေနွေး

စဉ်းတီတုံးတွေကို များသောအားဖြင့် သစ်သား၊ ဝါးတို့နဲ့ ပြုလုပ်ထားတာကြောင့် အနံ့ဆိုးတွေက ကပ်လွယ်ပါတယ်။ အရောင်လည်း စွန်းလွယ်ပါတယ်။ ဒါတွေကို ဖယ်ရှားဖို့ ရှာလကာရည်က အထိရောက်ဆုံးပါ။

ရေနွေးတစ်ခွက်ထဲမှာ ရှာလကာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ရေစိုဝတ်နဲ့ စဉ်းတီတုံးကို ပွတ်တိုက်ပေးပါ။

ပြီးနောက် စဉ်းတီတုံးပေါ်ကို ရေနွေးလောင်းချပြီး ဆေးကြောလိုက်ပါ။ စဉ်းတီတုံးခြောက်သွေ့သွားတဲ့အခါ ပြန်လည်အသုံးပြုလို့ရပါပြီ။

Bonus

စဉ်းတီတုံးကို အမြဲပြောင်စင်နေစေဖို့၊ ဘက်တီးရီးယားတွေ ကင်းစင်ဖို့ အတွက် နှစ်ပတ် တစ်ခါ ဆီနဲ့ သုတ်လိမ်းပေးပါ။ နှစ်ပတ်တစ်ခါ စဉ်းတီတုံးကို ဆီနဲ့သုတ်လိမ်းပေးရင် စဉ်းတီတုံးအက်ကွဲတာကို ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

အနံ့ဆိုးတွေလည်း မထွက်တော့ပါဘူး။ ရေစိုပိတ်စထဲမှာ အုန်းဆီကို ထည့်ပြီး စဉ်းတီတုံးရဲ့နှစ်ဖက်လုံးကို သုတ်လိမ်းပေးပါ။ ခြောက်သွေ့သွားအောင်လို့ အနည်းဆုံး ၂ နာရီခန့် စောင့်ပြီးတဲ့အခါ အသုံးပြုလို့ရပါပြီ။

Zombie (lovemedia)