ဒေါသဖြစ်တာက စိတ်ရောကိုယ်ပါ နွမ်းလျစေပါတယ်။ တစ်ခါတရံမှာ ဒေါသထွက်ပြီး အိပ်ပျော်သွားတဲ့ အခိုက်အတန့်တွေကို သင် ကြုံဖူးနိုင်ပါတယ်။

ဒေါသထွက်ပြီး အိပ်ပျော်သွားတဲ့အခါ ခန္ဓာကိုယ်အတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်စေမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဒေါသက အိပ်ရေးပျက်စေပါတယ်။

စိတ်ဖိစီးမှုတွေ ရှိနေရင်တောင် ညဘက်မှာ အိပ်မပျော်နိုင်ဘဲ မကြာခဏ နိုးလာတတ်ပါတယ်။ ဒေါသထွက်ပြီး အိပ်ပျော်သွားရင် ခဏပဲ အိပ်ပျော်နိုင်ပြီး လန့်နိုးလာမှာပါ။

ဒေါသက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ရေးမဝတာကြောင့် စိတ်မကြည်လင်ဘဲ အတွေးတွေ စုစည်းမရဖြစ်လာမှာပါ။

၂။ ဒေါသက ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

ဒေါသက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတဲ့အရာပါ။ မကောင်းတဲ့စိတ်ခံစားချက်တွေကြောင့် စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပါတယ်။

ဒေါသကြီးတဲ့လူတွေဟာ ညပေါင်များစွာ အိပ်မရတာ၊ အိပ်မက်ဆိုးမက်တာ၊ စိတ်ဖိစီးမှုနဲ့ နှလုံးရောဂါကိုပါ ရရှိစေပါတယ်။

၃။ အိပ်ပျော်သွားပြီးနောက်မှာ မကောင်းတဲ့ခံစားချက်တွေကို မေ့ပျောက်ဖို့ ခက်ခဲလာပါတယ်။

အိပ်ပျော်သွားပေမယ့်လည်း ဦးနှောက်က အချက်အလက်အသစ်တွေကို စုဆောင်းတာ၊ ထိန်းသိမ်းတာတွေ ဆက်လုပ်နေဆဲပါ။ မအိပ်ခင်မှာ ဒေါသထွက်နေရင် မကောင်းတဲ့ ခံစားချက်တွေက ရေတိုမှတ်ဉာဏ်၊ ရေရှည်မှတ်ဉာဏ်အဖြစ် ကျန်ရှိနေတတ်ပါတယ်။

အဲဒီအခါ တော်တော်နဲ့ မေ့လို့မရဘဲ ပြန်တွေးတိုင်း ဒေါသထွက်နေမှာပါ။ စိတ်တည်တည်ငြိမ်ငြိမ်ဖြစ်မှသာ အိပ်စက်သင့်ပါတယ်။

၄။ ဒေါသက ရိုးသားမှုတွေကို ကွယ်ပျောက်သွားစေပါတယ်။

ဒေါသထွက်တဲ့အခါ မကောင်းတဲ့ခံစားချက်တွေ လွှမ်းမိုးပြီး အမှားအမှန်ကိုမခွဲခြားနိုင်တော့ပါဘူး။ အန္တရာယ်ရှိတဲ့အရာတွေကိုတောင် ဒေါသက စေခိုင်းနိုင်ပါတယ်။

ဒေါသကြောင့် မတွေးသင့်တဲ့အကြောင်းအရာ၊ မလုပ်သင့်တဲ့အရာတွေကို လုပ်မိသွားတတ်ပါတယ်။ အဲဒါကြောင့် ဒေါသထွက်တဲ့အခါ အရင်ဆုံး စိတ်ကို တည်ငြိမ်အောင် ကြိုးစားသင့်ပါတယ်။

၅။ ဒေါသက အခြားသူတွေကို ကူးစက်စေပါတယ်။

ဒေါသထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ အခြားသူတွေကိုလည်း ပြဿနာရှိမိသွားတတ်ပါတယ်။ မဆိုင်တဲ့သူတွေကို ဒေါသကြောင့် ပုံချမိတဲ့အခါ နောင်တရစရာတွေပဲ ဖြစ်ပေါ်လာမှာပါ။

ဒေါသကြောင့်ပဲ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ပြတ်တောက်သွားပြီး အပေါင်းအသင်းကောင်းတွေနဲ့လည်း ဝေးကွာသွားမှာပါ။

Zombie (lovemedia)

for zawgyi

ေဒါသထြက္ၿပီး အိပ္ေပ်ာ္သြားတဲ့အခါ မထင္ထားေလာက္ေအာင္ ရရွိလာမယ့္ဆိုးက်ိဳး (၅) ခု

ေဒါသျဖစ္တာက စိတ္ေရာကိုယ္ပါ ႏြမ္းလ်ေစပါတယ္။ တစ္ခါတရံမွာ ေဒါသထြက္ၿပီး အိပ္ေပ်ာ္သြားတဲ့ အခိုက္အတန႔္ေတြကို သင္ ႀကဳံဖူးႏိုင္ပါတယ္။

ေဒါသထြက္ၿပီး အိပ္ေပ်ာ္သြားတဲ့အခါ ခႏၶာကိုယ္အတြက္ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္ေပၚေစမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ေဒါသက အိပ္ေရးပ်က္ေစပါတယ္။

စိတ္ဖိစီးမႈေတြ ရွိေနရင္ေတာင္ ညဘက္မွာ အိပ္မေပ်ာ္ႏိုင္ဘဲ မၾကာခဏ ႏိုးလာတတ္ပါတယ္။ ေဒါသထြက္ၿပီး အိပ္ေပ်ာ္သြားရင္ ခဏပဲ အိပ္ေပ်ာ္ႏိုင္ၿပီး လန႔္ႏိုးလာမွာပါ။

ေဒါသက အိပ္စက္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အိပ္ေရးမဝတာေၾကာင့္ စိတ္မၾကည္လင္ဘဲ အေတြးေတြ စုစည္းမရျဖစ္လာမွာပါ။

၂။ ေဒါသက က်န္းမာေရးအတြက္ အႏၲရာယ္ရွိပါတယ္။

ေဒါသက ခႏၶာကိုယ္တစ္ခုလုံးရဲ႕ က်န္းမာေရးကိုပါ ထိခိုက္ေစတဲ့အရာပါ။ မေကာင္းတဲ့စိတ္ခံစားခ်က္ေတြေၾကာင့္ စိတ္ဖိစီးမႈေဟာ္မုန္းေတြ ထြက္လာပါတယ္။

ေဒါသႀကီးတဲ့လူေတြဟာ ညေပါင္မ်ားစြာ အိပ္မရတာ၊ အိပ္မက္ဆိုးမက္တာ၊ စိတ္ဖိစီးမႈနဲ႔ ႏွလုံးေရာဂါကိုပါ ရရွိေစပါတယ္။

၃။ အိပ္ေပ်ာ္သြားၿပီးေနာက္မွာ မေကာင္းတဲ့ခံစားခ်က္ေတြကို ေမ့ေပ်ာက္ဖို႔ ခက္ခဲလာပါတယ္။

အိပ္ေပ်ာ္သြားေပမယ့္လည္း ဦးေႏွာက္က အခ်က္အလက္အသစ္ေတြကို စုေဆာင္းတာ၊ ထိန္းသိမ္းတာေတြ ဆက္လုပ္ေနဆဲပါ။ မအိပ္ခင္မွာ ေဒါသထြက္ေနရင္ မေကာင္းတဲ့ ခံစားခ်က္ေတြက ေရတိုမွတ္ဉာဏ္၊ ေရရွည္မွတ္ဉာဏ္အျဖစ္ က်န္ရွိေနတတ္ပါတယ္။

အဲဒီအခါ ေတာ္ေတာ္နဲ႔ ေမ့လို႔မရဘဲ ျပန္ေတြးတိုင္း ေဒါသထြက္ေနမွာပါ။ စိတ္တည္တည္ၿငိမ္ၿငိမ္ျဖစ္မွသာ အိပ္စက္သင့္ပါတယ္။

၄။ ေဒါသက ႐ိုးသားမႈေတြကို ကြယ္ေပ်ာက္သြားေစပါတယ္။

ေဒါသထြက္တဲ့အခါ မေကာင္းတဲ့ခံစားခ်က္ေတြ လႊမ္းမိုးၿပီး အမွားအမွန္ကိုမခြဲျခားႏိုင္ေတာ့ပါဘူး။ အႏၲရာယ္ရွိတဲ့အရာေတြကိုေတာင္ ေဒါသက ေစခိုင္းႏိုင္ပါတယ္။

ေဒါသေၾကာင့္ မေတြးသင့္တဲ့အေၾကာင္းအရာ၊ မလုပ္သင့္တဲ့အရာေတြကို လုပ္မိသြားတတ္ပါတယ္။ အဲဒါေၾကာင့္ ေဒါသထြက္တဲ့အခါ အရင္ဆုံး စိတ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစားသင့္ပါတယ္။

၅။ ေဒါသက အျခားသူေတြကို ကူးစက္ေစပါတယ္။

ေဒါသထြက္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ မထိန္းခ်ဳပ္ႏိုင္ဘဲ အျခားသူေတြကိုလည္း ျပႆနာရွိမိသြားတတ္ပါတယ္။ မဆိုင္တဲ့သူေတြကို ေဒါသေၾကာင့္ ပုံခ်မိတဲ့အခါ ေနာင္တရစရာေတြပဲ ျဖစ္ေပၚလာမွာပါ။

ေဒါသေၾကာင့္ပဲ ေကာင္းမြန္တဲ့ဆက္ဆံေရးေတြ ျပတ္ေတာက္သြားၿပီး အေပါင္းအသင္းေကာင္းေတြနဲ႔လည္း ေဝးကြာသြားမွာပါ။

Zombie (lovemedia)